< ၄ ဓမ္မရာဇဝင် 1 >
1 ၁ အာဟပ် မင်း သေ သောနောက် ၊ မောဘ ပြည် သည် ဣသရေလ ရှင်ဘုရင်ကို ပုန်ကန် လေ၏
2 ၂ အာခဇိ မင်းသည် ရှမာရိ မြို့၌ အထက် အခန်း ပြတင်းပေါက် မှ ကျ ၍ နာ နေသောကြောင့် ၊ ငါသည် ဤ အနာ မှာ ထမြောက် မည်လောဟု ဧကြုန် မြို့၏ ဘုရား ဗာလဇေဗုပ် သို့ သွား ၍ မေးမြန်း ကြဟု မှာ ထား၍ သံတမန် တို့ကို စေလွှတ် လေ၏
3 ၃ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် တိရှဘိ မြို့သား ဧလိယ အားလည်း ၊ ရှမာရိ ရှင်ဘုရင် စေလွှတ်သော သံတမန် တို့ကို ကြိုဆို ခြင်းငှါ ထ သွား လော့။ ဣသရေလ ပြည်၌ ဘုရား သခင်မ ရှိသောကြောင့် ၊ ဧကြုန် မြို့၏ဘုရား ဗာလဇေဗုပ် သို့ သွား ၍ မေးမြန်း ရသလော။
4 ၄ ထိုကြောင့်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ယခု တက် သောသာလွန် ပေါ်က နောက်တဖန် မ ဆင်း ရ။ စင်စစ် သေ ရမည်ဟု သူတို့အားဆင့်ဆိုရမည် အကြောင်းမိန့်တော်မူသည်အတိုင်း ၊ ဧလိယ သွား လေ၏
5 ၅ သံတမန် တို့သည် ပြန် လာသောအခါ ရှင်ဘုရင်က၊ အဘယ် ကြောင့်ယခု ပြန် လာကြသနည်းဟုမေး လျှင်၊ “
6 ၆ သူတို့က၊ လူ တယောက်သည် ကျွန်တော် တို့ကို ကြိုဆို ခြင်းငှါ လာ ၍ သင် တို့ကိုစေလွှတ် သော ရှင်ဘုရင် ထံသို့ ပြန် ကြ။ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရလ ပြည်၌ ဘုရား သခင်မ ရှိသောကြောင့် ၊ ဧကြုန် မြို့၏ ဘုရား ဗာလဇေဗုပ် သို့ သွား ၍ မေးမြန်း ရသလော။ ထိုကြောင့်သင်သည်ယခုတတ်” သော သာလွန် ပေါ်က နောက်တဖန်မ ဆင်း ရ။ စင်စစ် သေ ရမည်ဟု ပြော ရမည် အကြောင်း မှာထားပါသည်ဟု လျှောက်ကြ၏
7 ၇ ရှင်ဘုရင်ကလည်း၊ သင် တို့ကိုကြိုဆို ခြင်းငှါ လာ ၍ ဤသို့ ပြော သောသူကား အဘယ်သို့သော သူ နည်းဟုမေး လျှင်၊ “
8 ၈ သူတို့က၊ ထိုသူ သည် ကိုယ်၌အမွေး များ၍ သားရေ ခါးပန်း ကို စည်း သောသူဖြစ် ပါသည်ဟု လျှောက် ကြသော် ၊ ထိုသူသည် တိရှဘိ မြို့သားဧလိယ ဖြစ်လိမ့်မည်ဟု ရှင်ဘုရင်ဆို လျက်၊ “
9 ၉ လူငါး ကျိပ်အုပ်သော တပ်မှူး ကိုစေလွှတ် ၍ ၊ တပ်မှူးသည် တောင် ပေါ် မှာထိုင် သော ဧလိယ ထံ သို့ရောက် ပြီးလျှင် ၊ အိုဘုရား သခင်၏လူ ၊ သင်သည် ဆင်း ရမည် အကြောင်း ၊ ရှင်ဘုရင် အမိန့် တော်ရှိသည်ဟုဆို ၏
10 ၁၀ ဧလိယ ကလည်း ၊ ငါ သည် ဘုရား သခင်၏လူ မှန်လျှင် ၊ ကောင်းကင် က မီး ကျ ၍ သင် နှင့် သင် ၏လူ ငါးကျိပ် တို့ကို လောင် ပါစေဟု လူငါးကျိပ် အုပ်သော တပ်မှူး အား ဆို သည်အတိုင်း ၊ ကောင်းကင် က မီး ကျ ၍ သူ နှင့် သူ ၌ ပါသောလူငါးကျိပ် တို့ကို လောင် လေ၏
11 ၁၁ တဖန် လူငါး ကျိပ်အုပ်သော တပ်မှူး တယောက်ကို ရှင် ဘုရင်စေလွှတ် ၍ ၊ ထို တပ်မှူးက၊ အိုဘုရား သခင်၏ လူ ၊ သင်သည် အလျင် အမြန်ဆင်း ရမည်အကြောင်း ရှင်ဘုရင် အမိန့် တော်ရှိသည်ဟုဆို ၏
12 ၁၂ ဧလိယ ကလည်း ၊ ငါ သည်ဘုရား သခင်၏ လူ မှန်လျှင် ကောင်းကင် က မီး ကျ ၍ သင် နှင့် သင် ၏လူငါးကျိပ် တို့ကို လောင် ပါစေဟု သူ တို့အား ဆို သည်အတိုင်း ၊ ဘုရား သခင်၏မီး သည် ကောင်းကင် က ကျ ၍ သူ နှင့် သူ ၌ ပါသောလူငါးကျိပ် တို့ကို လောင် လေ၏
13 ၁၃ တဖန် လူငါးကျိပ် အုပ်သော တတိယ တပ်မှူး ကို ရှင်ဘုရင်စေလွှတ် သဖြင့် ၊ ထိုတပ်မှူး သည် တက် ၍ ဧလိယ ရှေ့ မှာ ဒူး ထောက် လျက် ၊ အိုဘုရား သခင်၏လူ ၊ ကျွန်တော် အသက် နှင့် ကိုယ်တော် ကျွန် ဤ လူငါးကျိပ် တို့၏ အသက် ကို နှမြော တော်မူပါ
14 ၁၄ ကောင်းကင် က မီး ကျ ၍ အခြားသော တပ်မှူး နှစ် ယောက်နှင့် သူတို့၌ ပါသောလူတရာကို လောင် သော်လည်း ၊ ကျွန်တော် အသက် ကို နှမြော တော်မူပါဟု တောင်းပန် လေ၏
15 ၁၅ ထာဝရဘုရား ၏ ကောင်းကင် တမန်ကလည်း ၊ သူ နှင့်အတူ ဆင်း သွားလော့။ သူ့ကို မ ကြောက် နှင့်ဟု ဧလိယ အား ဆို သည်အတိုင်း ၊ ဧလိယသည်ထ ၍ ရှင်ဘုရင် ထံသို့ ရောက် လျှင်၊”
16 ၁၆ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ဧကြုန် မြို့၏ ဘုရား ဗာလဇေဗုပ် ၌ မေးမြန်း ခြင်းငှါ အဘယ်ကြောင့်သံတမန် တို့ကိုစေလွှတ် သနည်း။ မေးမြန်း စရာဘို့ ဣသရေလ ပြည်၌ ဘုရား သခင်မ ရှိ သောကြောင့် ထိုသို့ပြုသလော။ သို့ဖြစ်၍သင်သည် ယခုတက်” သော သာလွန် ပေါ်က နောက်တဖန်မ ဆင်း ရ။ စင်စစ် သေ ရ မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို၏
17 ၁၇ ဧလိယ ဆင့်ဆို သောထာဝရဘုရား ၏ စကား တော်အတိုင်း ရှင်ဘုရင်သေ ၍ ၊ သား တော်မ ရှိ သောကြောင့် ညီတော်ယောရံ သည် ယုဒ ရှင်ဘုရင် ယောရှဖတ် သား ယဟောရံ နန်းစံနှစ် နှစ် တွင် နန်း ထိုင်လေ၏
18 ၁၈ အာဇခိ ပြု မူသော အမှု အရာကြွင်း လေသမျှတို့သည်၊ ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏