< ၂ ကောရိန္သု 8 >
1 ၁ ညီအစ်ကို တို့၊ ဘုရားသခင် သည် မာကေဒေါနိ ပြည်၌ ရှိ သော အသင်းတော် များတို့အားပြု တော်မူသော ကျေးဇူး တော်အကြောင်းကို ငါတို့သည်သင် တို့အား ကြားပြော ကြ၏။
Now we make known to you, brethren, the grace of God conferred on the churches of Macedonia:
2 ၂ ထိုအသင်းတော် တို့သည် ညှဉ်းဆဲ ခြင်းအားဖြင့် များစွာ သောစုံစမ်း ခြင်းကို ခံရသော်လည်း ၊ အလွန်ကြီး သော ဝမ်းမြောက် ခြင်းနှင့် ၊ ဥစ္စာပြုန်းတီး သော ဆင်းရဲ ခြင်းအကြောင်းသည်၊ သူ တို့၏စွန့်ကြဲ ပေးကမ်းခြင်း စည်းစိမ် ကို ဖြစ်စေ၍ ကြွယ်ဝ ပြည့်စုံ၏။
how in a great trial of affliction, their abundant chearfulness and their deep poverty, hath munificently shewn the riches of their bounty.
3 ၃ အကြောင်းမူကား ၊ သူတို့သည်တတ်နိုင် သမျှ ထက်မက၊ အလိုအလျောက် စွန့်ကြဲ ချင်သော စေတနာ စိတ်ရှိကြသည်ဟု ငါသည်သက်သေခံ ၏။
For to their power, I bear them witness, yea and beyond their power, they contributed of their own accord:
4 ၄ သူတို့အလှူဒါန ကို ငါတို့သည်ယူ၍ သူ တို့နှင့် ကူညီလျက်၊ သန့်ရှင်း သူတို့အား လုပ်ကျွေးခြင်း အမှုကို ဆောင်ရွက် မည်အကြောင်း၊ သူတို့သည် တိုက်တွန်း သွေးဆောင်သော စကားများ အားဖြင့် ငါ တို့ကို တောင်းပန် ကြ၏။
intreating us with much importunity, that we would convey the gift, and so take upon us a part of the ministration to the saints.
5 ၅ ထိုသို့ပြုကြသော်၊ ငါတို့မြော်လင့် သည်အတိုင်း ထက်မကပြု၍ ၊ ဘုရားသခင် ၏ အလို တော်နှင့်အညီရှေးဦးစွာ သခင်ဘုရား ၌၎င်း ၊ ငါ တို့၌၎င်း၊ မိမိ တို့ကိုမိမိတို့ လှူ ကြ၏။
And this they did not merely as we hoped, but first gave themselves unto the Lord, and to us by the will of God.
6 ၆ ထိုကြောင့် တိတု သည်သင် တို့၌ အဦး ပြုနှင့်သကဲ့သို့ ထို အလှူ ကျေးဇူးကို ပြီးစီး စေမည်အကြောင်း ၊ ငါ တို့သည်သူ့ကိုတောင်းပန် ကြ၏။
Insomuch that we desired Titus, that as he had already begun, so he would also complete this grace among you.
7 ၇ ထိုသို့နှင့်အညီ သင် တို့သည် ယုံကြည် ခြင်း၊ တရား ဟောခြင်း၊ ဉာဏ် ရှိခြင်း၊ အမျိုးမျိုး သောသတိ နှင့်ပြည့်စုံခြင်း၊ ငါ တို့ကိုချစ် ခြင်းမှစသော အလုံးစုံ တို့နှင့် ကြွယ်ဝ ပြည့်စုံသည်ဖြစ်၍ထို ကျေးဇူး နှင့်လည်း ကြွယ်ဝ ပြည်စုံခြင်းဖြစ်စေသတည်း။
And as ye abound in every other grace, in faith, and utterance, and knowledge, and in all diligence, and in your love to us, that ye may abound in this grace also.
8 ၈ ထိုသို့ဆိုသော်၊ ပညတ် အားဖြင့် ငါ ဆိုသည်မ ဟုတ်။ အခြား သောသူ တို့၏ ကြိုးစားအားထုတ်ခြင်း ကို အစွဲပြု ၍ ၊ သင် တို့၏မေတ္တာ သည် မှန် သည်မမှန်သည်ကို စုံစမ်း သောအားဖြင့်ဆိုသတည်း။
I speak not by way of command, but to prove the sincerity of your love also, by means of the forwardness of others.
9 ၉ အကြောင်းမူကား ၊ ငါ တို့သခင် ယေရှု ခရစ် သည် စည်းစိမ် ရှိ သော်လည်း၊ ဆင်းရဲတော်မူခြင်း အားဖြင့်သင် တို့သည်စည်းစိမ် ရှိစေခြင်းငှာ ၊ သင် တို့အတွက် ကြောင့် ဆင်းရဲ ခြင်းကိုခံတော်မူသော ကျေးဇူး တော်ကို သင်တို့ သိ ကြ၏။
For ye know the grace of our Lord Jesus Christ, that though He was rich, yet for your sakes He became poor, that ye by his poverty might be rich.
10 ၁၀ ဤ အမှု၌ ငါသည် ကိုယ်သဘော ကိုပြ၏ ။ မနှစ် ကပင် အဦး ပြု သည်သာမက ၊ စေတနာစိတ်နှင့် ပြည့်စုံသောသင် တို့သည် ဤအမှု ကိုပြီး စေလျှင် သာ၍ကောင်း လိမ့်မည်။
And herein I give my opinion: for this is to your advantage, who not only began to act, but also to be forward to it above a year ago.
11 ၁၁ သို့ဖြစ်၍ ၊ အထက်ကစေတနာ ရှိသည်နှင့်အညီ ၊ ယခု တွင်သင်တို့သည် တတ်နိုင် သည်အတိုင်း ပြု ၍ ဤ အမှုကို ပြီးစီး စေကြလော့။
Now therefore perfect also the doing it; that as there was a readiness of will, so there may be also a performance according to your ability.
12 ၁၂ အကြောင်းမူကား ၊ စေတနာစိတ် သည် အသင့် ရှိလျှင် ၊ မ တတ်နိုင် သောအမှုကိုမ ထောက် ဘဲ၊ တတ်နိုင်သောအမှုကိုထောက် ၍ နှစ်သက်တော်မူဘွယ် ဖြစ် ၏။
For if there be first a willing mind, any me is accepted according to what he hath, not according to what he hath not.
13 ၁၃ ဤအမှုအရာ၌ အခြား သောသူတို့သည် ချမ်းသာ ရ၍ သင် တို့သည်ဆင်းရဲ စေခြင်းငှာ ငါအကြံရှိသည် မ ဟုတ်။
For I do not mean that others should have relief, and you be burdened:
14 ၁၄ များများ ရသောသူ မ ပို ။ နည်းနည်း ရသော သူ မ လို ဟူသော ကျမ်း စကားနှင့်အညီ ၊
but by an equality, that your abundance may at this time be a supply to their want; and their abundance may be the like to your want, if need be: that there may be an equality:
15 ၁၅ မျှ ခြင်းတရားကိုထောက်၍ ၊ ယခု ၌ သင် တို့၏ စည်းစိမ် သည် သူ တို့၏ဆင်းရဲ ကို မစသဖြင့် ၎င်း၊ နောင်၌ သူ တို့၏စည်းစိမ် သည် သင် တို့၏ဆင်းရဲ ကိုမစ သဖြင့် ၎င်း၊ အညီအမျှ ဖြစ်စေ ခြင်းငှာ ငါအကြံရှိ၏။
as it is written, "He that gathered much had nothing over, and he that gathered little had no lack."
16 ၁၆ ထိုသို့ သင် တို့၏ အကျိုးကိုပြုစု ချင် သော စေတနာစိတ် ကို ဘုရားသခင် သည် တိတု အားလည်း ပေး တော်မူသော ကျေးဇူး တော်ကြီးလှပေ၏။
But thanks be to God, who put the same concern for you into the heart of Titus:
17 ၁၇ ထိုသူသည် ငါတိုက်တွန်း သောစကားကို နားထောင် သည်သာမက ၊ အလွန် စေတနာစိတ် အားကြီး၍ သင် တို့ဆီသို့ အလိုအလျောက် သွား ၏။
for he not only complied with the exhortation, but being more forward he went to you of his own accord.
18 ၁၈ ဧဝံဂေလိ တရားကိုဟောပြော၍ အသင်းတော် အပေါင်း တို့၌ ချီးမွမ်း ခြင်းကိုခံရသောညီ ကိုလည်း တိတု နှင့်အတူ ငါတို့စေလွှတ် ကြ၏။
And we have sent along with him the brother, whose praise in the gospel is spread through all the churches:
19 ၁၉ ထိုညီမူကား၊ သခင် ဘုရား၏ ဂုဏ် အသရေတော်ကို၎င်း ၊ ကိုယ် စေတနာစိတ် ကို၎င်း၊ ငါ တို့သည် ထင်ရှားစေ၍၊ အသင်းတော် များ၏အလှူ ကျေးဇူးကို ပြုစု သည့်အမှုမှာ ငါ တို့နှင့်အတူ သွား စေခြင်းငှာ၊ အသင်းတော်တို့သည် ရွေးကောက်၍ ခန့်ထား သောသူ ဖြစ်သတည်း။
(and not only so, but he was also chosen by the churches to accompany us with this grace, which is administered by us for the glory of the same Lord, and to shew your readiness of mind: )
20 ၂၀ ငါ တို့သည် ထို များစွာ သော အလှူကျေးဇူးကို ပြုစု ရာတွင် အပြစ်တင် စရာအကြောင်း အလျှင်းမ ရှိစေခြင်းငှာသတိပြုကြ၏။
hereby taking care that no one might blame us in the disposal of this large sum which is administered by us:
21 ၂၁ သခင် ရှေ့ တော်၌သာမက ၊ လူတို့ ရှေ့ ၌ တင့်တယ် လျောက်ပတ်သော အကျင့်ကိုကြံစည် ကြ၏။
looking to things that are right not only in the sight of the Lord, but also in the sight of men.
22 ၂၂ ထိုသူ နှစ်ယောက်နှင့်အတူအခြားသောညီ ကိုလည်း စေလွှတ် ကြ၏။ ထိုညီ မူကား၊ ငါ တို့သည်အရာရာ ၌ အဖန်ဖန် စုံစမ်း ၍သိသည်အတိုင်းလုံ့လ ပြုသောသူဖြစ် ၏။ယခု ၌သင် တို့ကိုအလွန် ယုံ သောကြောင့်သာ၍ လုံ့လ ပြု၏။
And we have sent with them another brother of ours, whom we have often proved diligent in many things, and now I doubt not much more on account of his great confidence in you.
23 ၂၃ တိတု သည်အဘယ်သို့သောသူနည်းဟု တစ်စုံတစ်ယောက်မေးလျှင်ငါ ၏အပေါင်းအဘော် ဖြစ်၏။ သင် တို့ အမှုကိုငါနှင့်အတူဆောင်ရွက်သောသူလည်း ဖြစ်၏။ အခြားသော ညီအစ်ကို တို့မူကား၊ အဘယ်သို့သောသူ နည်းဟုမေးလျှင်၊ အသင်းတော် များ၏ တမန် ဖြစ်ကြ၏။ ခရစ်တော် ၏ဘုန်း အသရေလည်း ဖြစ်ကြ၏။
If then there be any inquiry about Titus, he is my collegue and fellow-laborer among you: and if our brethren be inquired after, they are the messengers of the churches, and the glory of Christ.
24 ၂၄ ထိုကြောင့် ၊ သင် တို့၏ချစ် ခြင်းမေတ္တာကို၎င်း ၊ ငါ တို့သည်သင် တို့ကြောင့် ကြွားဝါ ခြင်းအကြောင်း ကို၎င်း၊ အသင်းတော် များမျက်မှောက် ၌ ထိုသူ တို့အား ထင်ရှား စွာပြ ကြလော့။
Therefore shew to them, and before the churches, the proof of your love, and the justness of our boasting concerning you.