< ၂ ကောရိန္သု 3 >

1 ငါတို့သည် တဖန် ကိုယ်ကိုကိုယ် ချီးမွမ်း ကြ သလော။ သို့မဟုတ် ချီးမွမ်း သောစာ ကို သင် တို့ထံသို့ သူတစ်ပါးပေးစေခြင်းငှာ၎င်း၊ သင် တို့သည်သူတစ်ပါးထံသို့ ပေးစေခြင်းငှာ၎င်း၊ ငါတို့သည်အချို့ သောသူကဲ့သို့ အလိုရှိကြ သလော။
Vai tad mēs atkal iesākam paši sevi ieteikt? Jeb vai mums arīdzan tā kā citiem vajag ieteikšanas grāmatas uz jums, vai teikšanas grāmatas no jums?
2 သင် တို့သည် ငါ တို့စိတ် နှလုံးပေါ်၌ ရေး ထားသောစာ၊ လူ အပေါင်း တို့သိ ၍ ဖတ် တတ်သောငါ တို့ စာ ပင်ဖြစ် ကြသတည်း။
Jūs esat mūsu grāmata, rakstīta mūsu sirdīs, zināma un lasāma visiem cilvēkiem.
3 အဘယ်သို့နည်းဟူမူကား ၊ သင်တို့သည် မှင် နှင့် ရေး ထားသော စာမ ဟုတ်။ အသက် ရှင်တော်မူသော ဘုရားသခင် ၏ ဝိညာဉ် တော်နှင့်ရေး၍ ၎င်း၊ ကျောက် ပြား ပေါ်၌ မ ရေးဘဲ အသား နှင့်ပြည့်စုံသော နှလုံး ပြား ပေါ်၌ ရေး၍ ၎င်း၊ ငါ တို့ပြုစု သော ခရစ်တော် ၏စာ ထင်ရှား စွာဖြစ် ကြ၏။
Jo jūs esat zināmi, ka esat Kristus grāmata, sataisīta caur mūsu amatu, rakstīta ne ar tinti, bet ar tā dzīvā Dieva Garu, ne uz akmeņu galdiem, bet uz sirds miesīgiem galdiem.
4 ငါတို့သည် ခရစ်တော် အားဖြင့် ဘုရားသခင့် ရှေ့ တော်၌ ထိုသို့သော ယုံမှတ် စွဲလမ်းခြင်းရှိ ၏။
Un tāda uzticība mums ir caur Kristu uz Dievu:
5 သို့ရာတွင် ငါ တို့သည်ကိုယ် တန်ခိုး ကိုအမှီပြု ၍၊ ကိုယ်အလိုအလျောက် တစ်စုံတစ်ခု ကိုကြံစည် ခြင်းငှာတတ်နိုင်သည်မ ဟုတ်။ ဘုရားသခင် ကိုအမှီပြု ၍သာ တတ်နိုင်သည်နှင့်အညီ၊
Ne ka mēs no sevis pašiem esam derīgi, ko laba domāt tā kā no sevis pašiem; bet ka esam derīgi, tas ir no Dieva;
6 ပဋိညာဉ် တရားသစ် ၏ ဆရာ ဖြစ်နိုင် သော အစွမ်းသတ္တိကို ဘုရားသခင် သည် ငါ တို့အားပေးတော်မူ၏။ ထိုသို့ဆိုသော်ကျမ်းဟောင်းတရား ကိုမ ဆိုလို၊ ဝိညာဉ် တော်တရားကိုဆိုလို၏။ ကျမ်းဟောင်းတရား သည် အသက်ကိုသတ် တတ်၏။ ဝိညာဉ် တော်တရားမူကား ရှင် စေတတ်၏။
Tas mūs arī ir darījis derīgus, kalpot jaunai derībai, ne raksta zīmei, bet Garam; jo raksta zīme nokauj, bet Gars dara dzīvu.
7 ထိုမှတစ်ပါး ပျောက် တတ်သော ရောင်ခြည်တည်းဟူသောမောရှေ ၏မျက်နှာ မှ ထွက်သောရောင်ခြည် ကြောင့် ၊ ဣသရေလ အမျိုးသား တို့သည် သူ ၏မျက်နှာ ကိုစေ့စေ့ မ ကြည့်ရှုနိုင် သည်တိုင်အောင် ၊ ကျောက် ပြားပေါ်၌ အက္ခရာတင် ၍ ရေး ထားသောသေခြင်း ၏တရား သည် ဘုန်း အာနုဘော်နှင့် ပြည့်စုံ သည်မှန်လျှင် ၊
Un ja tam nāves amatam, kas iezīmēts raksta zīmēs un akmeņos, bijis spožums, tā ka Israēla bērni nevarēja uzskatīt Mozus vaigu viņa vaiga spožuma dēļ kam bija jāzūd:
8 ထိုမျှမက ဝိညာဉ် တော်တရား သည် ဘုန်း အာနုဘော်နှင့် အလွန် ပြည့်စုံရ လိမ့်မည်မ ဟုတ်လော။
Kā lai nebūtu jo vairāk spožuma tam Gara amatam?
9 အပြစ်စီရင်တတ် သောတရား သည် ဘုန်းအာနုဘော် ရှိလျှင် ၊ ထိုမျှမက ဖြောင့်မတ် စေတတ်သော တရား သည် ဘုန်းအာနုဘော် နှင့် သာ၍ ကြွယ်ဝပြည့်စုံ လိမ့်မည်။
Jo ja tam pazudināšanas amatam bijis spožums, tad jo vairāk spožuma ir tam taisnošanas amatam pārpārim.
10 ၁၀ နောက်ဖြစ်သောဘုန်း သည် အလွန် မြတ် သောကြောင့် ၊ ဘုန်း ရှိဘူးသော အရာ သည် ဘုန်း ကွယ် လျက် ရှိ၏။
Šo uzlūkojot ir tā kā bez spožuma tas, kam spožums bijis, tā jo pārlieku lielā spožuma dēļ.
11 ၁၁ ပယ်ရှင်း ရသောအရာ သည် ဘုန်း ရှိလျှင် ၊ တည်နေ သောအရာ သည်သာ၍ ဘုန်း ရှိလိမ့်မည်။
Jo ja tam, kam bija zust, bijis spožums, tad jo vairāk spožuma ir tam, kas pastāv.
12 ၁၂ ထိုသို့သော ယုံကြည်မြော်လင့် ခြင်းရှိ သည်ဖြစ်၍ ငါတို့သည် ထိမ်ဝှက် ခြင်း အလျှင်းမရှိ။ အတည့်အလင်း ဟောပြော ကြ၏။
Tāpēc ka mums ir tāda cerība, tad runājam ar lielu drošību.
13 ၁၃ ပယ်ရှင်း သောအရာ ၏အဆုံး ကို ဣသရေလ အမျိုးသား တို့သည် စေ့စေ့ မ ကြည့်ရှုစေခြင်းငှာ မောရှ သည် မိမိ မျက်နှာ ကို ဖုံးအုပ် သကဲ့သို့ ငါတို့သည်မ ပြု ကြ။
Un ne tā, kā Mozus, kas apsegu lika uz savu vaigu, lai Israēla bērni nemanītu, uz ko zīmējās tas (spožums, ) kam bija zust.
14 ၁၄ သူ တို့စိတ်နှလုံး သည် မိုက်မဲ လျက်ရှိ၍ ၊ ယခု တိုင်အောင် ဓမ္မကျမ်းစာ ကို ဖတ် ကြသောအခါ အနက် အဓိပ္ပါယ်သည် ဖုံးအုပ် လျက်ရှိ၏။ အကြောင်းမူကား ၊ ခရစ်တော် အားဖြင့် သာ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်း ရ၏။
Bet viņu sirdis ir apcietinātas; jo līdz šai dienai viņiem veco derību lasot tas pats apsegs paliek un netop atsegts, jo tas zūd caur Kristu.
15 ၁၅ ယခု တိုင်အောင် လည်း ၊ မောရှ ၏ကျမ်းစာကို ဖတ် ကြသောအခါ ၊ သူ တို့စိတ် နှလုံးသည် ဖုံးအုပ် လျက် ရှိ သေး၏။
Bet līdz šai dienai, kad Mozus top lasīts, apsegs karājās priekš viņu sirdīm.
16 ၁၆ သို့သော်လည်း သခင် ဘုရားထံတော်သို့ ပြောင်းလဲ သောအခါ ၊ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်း လိမ့်မည်။
Tomēr kad viņi atgriežas pie Tā Kunga, tad tas apsegs top noņemts.
17 ၁၇ သခင် ဘုရားဟုဆိုသော်ဝိညာဉ် တော်တရားကို ဆိုလို သတည်း။ သခင် ဘုရား၏ ဝိညာဉ် တော်တရားသည် လွှတ် ခြင်းချမ်းသာကို ပေးတတ်၏။
Bet Tas Kungs ir Tas Gars. Kur nu Tā Kunga Gars, tur ir svabadība.
18 ၁၈ ငါ တို့ရှိသမျှ သည် မျက်နှာ ဖုံးကိုဖွင့် လျက် မှန် ကို ကြည့်သကဲ့သို့ ၊ သခင် ဘုရား၏ ဘုန်း အသရေတော်ကို ကြည့်မြင်၍၊ ဝိညာဉ်တော်တရား ၏ အရှင် သည် ရောင်ခြည် တော်ကို လွှတ်တော်မူသည့်အတိုင်း ၊ ငါတို့သည် ဘုန်း အသရေ တိုးပွား၍ ပုံ သဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲ ခြင်း ရှိရကြ၏။
Bet nu mēs visi atsegtā vaigā skatīdami Tā Kunga spožumu kā spieģelī, topam pārvērsti tai pašā ģīmī no spožuma uz spožumu, tā kā no Tā Kunga Gara.

< ၂ ကောရိန္သု 3 >