< ၂ ကောရိန္သု 3 >
1 ၁ ငါတို့သည် တဖန် ကိုယ်ကိုကိုယ် ချီးမွမ်း ကြ သလော။ သို့မဟုတ် ချီးမွမ်း သောစာ ကို သင် တို့ထံသို့ သူတစ်ပါးပေးစေခြင်းငှာ၎င်း၊ သင် တို့သည်သူတစ်ပါးထံသို့ ပေးစေခြင်းငှာ၎င်း၊ ငါတို့သည်အချို့ သောသူကဲ့သို့ အလိုရှိကြ သလော။
Are we beginning again to commend ourselves? We do not need, as do some, letters of commendation to you or from you, do we?
2 ၂ သင် တို့သည် ငါ တို့စိတ် နှလုံးပေါ်၌ ရေး ထားသောစာ၊ လူ အပေါင်း တို့သိ ၍ ဖတ် တတ်သောငါ တို့ စာ ပင်ဖြစ် ကြသတည်း။
You are our letter, written in our hearts, known and read by everyone;
3 ၃ အဘယ်သို့နည်းဟူမူကား ၊ သင်တို့သည် မှင် နှင့် ရေး ထားသော စာမ ဟုတ်။ အသက် ရှင်တော်မူသော ဘုရားသခင် ၏ ဝိညာဉ် တော်နှင့်ရေး၍ ၎င်း၊ ကျောက် ပြား ပေါ်၌ မ ရေးဘဲ အသား နှင့်ပြည့်စုံသော နှလုံး ပြား ပေါ်၌ ရေး၍ ၎င်း၊ ငါ တို့ပြုစု သော ခရစ်တော် ၏စာ ထင်ရှား စွာဖြစ် ကြ၏။
being revealed that you are a letter of Christ, served by us, written not with ink, but with the Spirit of the living God; not in tablets of stone, but in tablets that are hearts of flesh.
4 ၄ ငါတို့သည် ခရစ်တော် အားဖြင့် ဘုရားသခင့် ရှေ့ တော်၌ ထိုသို့သော ယုံမှတ် စွဲလမ်းခြင်းရှိ ၏။
Such confidence we have through Christ toward God;
5 ၅ သို့ရာတွင် ငါ တို့သည်ကိုယ် တန်ခိုး ကိုအမှီပြု ၍၊ ကိုယ်အလိုအလျောက် တစ်စုံတစ်ခု ကိုကြံစည် ခြင်းငှာတတ်နိုင်သည်မ ဟုတ်။ ဘုရားသခင် ကိုအမှီပြု ၍သာ တတ်နိုင်သည်နှင့်အညီ၊
not that we are sufficient of ourselves, to account anything as from ourselves; but our sufficiency is from God;
6 ၆ ပဋိညာဉ် တရားသစ် ၏ ဆရာ ဖြစ်နိုင် သော အစွမ်းသတ္တိကို ဘုရားသခင် သည် ငါ တို့အားပေးတော်မူ၏။ ထိုသို့ဆိုသော်ကျမ်းဟောင်းတရား ကိုမ ဆိုလို၊ ဝိညာဉ် တော်တရားကိုဆိုလို၏။ ကျမ်းဟောင်းတရား သည် အသက်ကိုသတ် တတ်၏။ ဝိညာဉ် တော်တရားမူကား ရှင် စေတတ်၏။
who also made us sufficient as servants of a new covenant; not of the letter, but of the Spirit. For the letter kills, but the Spirit gives life.
7 ၇ ထိုမှတစ်ပါး ပျောက် တတ်သော ရောင်ခြည်တည်းဟူသောမောရှေ ၏မျက်နှာ မှ ထွက်သောရောင်ခြည် ကြောင့် ၊ ဣသရေလ အမျိုးသား တို့သည် သူ ၏မျက်နှာ ကိုစေ့စေ့ မ ကြည့်ရှုနိုင် သည်တိုင်အောင် ၊ ကျောက် ပြားပေါ်၌ အက္ခရာတင် ၍ ရေး ထားသောသေခြင်း ၏တရား သည် ဘုန်း အာနုဘော်နှင့် ပြည့်စုံ သည်မှန်လျှင် ၊
But if the service of death, written engraved on stones, came with glory, so that the children of Israel could not look steadfastly on the face of Moses for the glory of his face; which was passing away:
8 ၈ ထိုမျှမက ဝိညာဉ် တော်တရား သည် ဘုန်း အာနုဘော်နှင့် အလွန် ပြည့်စုံရ လိမ့်မည်မ ဟုတ်လော။
won't service of the Spirit be with much more glory?
9 ၉ အပြစ်စီရင်တတ် သောတရား သည် ဘုန်းအာနုဘော် ရှိလျှင် ၊ ထိုမျှမက ဖြောင့်မတ် စေတတ်သော တရား သည် ဘုန်းအာနုဘော် နှင့် သာ၍ ကြွယ်ဝပြည့်စုံ လိမ့်မည်။
For if the service of condemnation has glory, the service of righteousness exceeds much more in glory.
10 ၁၀ နောက်ဖြစ်သောဘုန်း သည် အလွန် မြတ် သောကြောင့် ၊ ဘုန်း ရှိဘူးသော အရာ သည် ဘုန်း ကွယ် လျက် ရှိ၏။
For truly that which has been made glorious has not been made glorious in this respect, by reason of the glory that surpasses.
11 ၁၁ ပယ်ရှင်း ရသောအရာ သည် ဘုန်း ရှိလျှင် ၊ တည်နေ သောအရာ သည်သာ၍ ဘုန်း ရှိလိမ့်မည်။
For if that which passes away was with glory, much more that which remains is in glory.
12 ၁၂ ထိုသို့သော ယုံကြည်မြော်လင့် ခြင်းရှိ သည်ဖြစ်၍ ငါတို့သည် ထိမ်ဝှက် ခြင်း အလျှင်းမရှိ။ အတည့်အလင်း ဟောပြော ကြ၏။
Having therefore such a hope, we use great boldness of speech,
13 ၁၃ ပယ်ရှင်း သောအရာ ၏အဆုံး ကို ဣသရေလ အမျိုးသား တို့သည် စေ့စေ့ မ ကြည့်ရှုစေခြင်းငှာ မောရှ သည် မိမိ မျက်နှာ ကို ဖုံးအုပ် သကဲ့သို့ ငါတို့သည်မ ပြု ကြ။
and not as Moses, who put a veil on his face, that the children of Israel would not look steadfastly on the end of that which was passing away.
14 ၁၄ သူ တို့စိတ်နှလုံး သည် မိုက်မဲ လျက်ရှိ၍ ၊ ယခု တိုင်အောင် ဓမ္မကျမ်းစာ ကို ဖတ် ကြသောအခါ အနက် အဓိပ္ပါယ်သည် ဖုံးအုပ် လျက်ရှိ၏။ အကြောင်းမူကား ၊ ခရစ်တော် အားဖြင့် သာ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်း ရ၏။
But their minds were hardened, for until this very day at the reading of the old covenant the same veil remains, because in Christ it passes away.
15 ၁၅ ယခု တိုင်အောင် လည်း ၊ မောရှ ၏ကျမ်းစာကို ဖတ် ကြသောအခါ ၊ သူ တို့စိတ် နှလုံးသည် ဖုံးအုပ် လျက် ရှိ သေး၏။
But to this day, when Moses is read, a veil lies on their heart.
16 ၁၆ သို့သော်လည်း သခင် ဘုရားထံတော်သို့ ပြောင်းလဲ သောအခါ ၊ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်း လိမ့်မည်။
But whenever one turns to the Lord, the veil is taken away.
17 ၁၇ သခင် ဘုရားဟုဆိုသော်ဝိညာဉ် တော်တရားကို ဆိုလို သတည်း။ သခင် ဘုရား၏ ဝိညာဉ် တော်တရားသည် လွှတ် ခြင်းချမ်းသာကို ပေးတတ်၏။
Now the Lord is the Spirit and where the Spirit of the Lord is, there is liberty.
18 ၁၈ ငါ တို့ရှိသမျှ သည် မျက်နှာ ဖုံးကိုဖွင့် လျက် မှန် ကို ကြည့်သကဲ့သို့ ၊ သခင် ဘုရား၏ ဘုန်း အသရေတော်ကို ကြည့်မြင်၍၊ ဝိညာဉ်တော်တရား ၏ အရှင် သည် ရောင်ခြည် တော်ကို လွှတ်တော်မူသည့်အတိုင်း ၊ ငါတို့သည် ဘုန်း အသရေ တိုးပွား၍ ပုံ သဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲ ခြင်း ရှိရကြ၏။
But we all, with unveiled face looking as in a mirror the glory of the Lord, are transformed into the same image from glory to glory, even as from the Lord, the Spirit.