< ၂ ကောရိန္သု 2 >

1 ထိုမှတစ်ပါး၊ ဝမ်းနည်း ခြင်းနှင့်တကွ သင် တို့ဆီသို့ နောက် တဖန် ငါ မ လာ ဟု ငါစိတ်ပြဋ္ဌာန်း ခဲ့ပြီ။
Azt tettem pedig fel magamban, hogy nem megyek hozzátok ismét szomorúsággal.
2 အကြောင်းမူကား ၊ ငါ သည်သင် တို့ကို ဝမ်းနည်း စေလျှင် ၊ ထိုသို့ ဝမ်းနည်း စေသောသူ ကိုမှတပါး အဘယ်သူ သည် ငါ့ ကိုဝမ်းမြောက် စေမည်နည်း။
Mert ha én megszomorítlak titeket, ugyan ki az, aki megvidámít engem, hacsak nem az, a kit én megszomorítok?
3 ငါ ဝမ်းမြောက် ခြင်း၏ အကြောင်းသည် သင် တို့ ရှိသမျှ ၏ ဝမ်းမြောက် ခြင်းအကြောင်း ဖြစ် သည်ကို ငါသဘောကျသည်ဖြစ်၍၊ ငါရောက် သောအခါ ငါ့ကို ဝမ်းမြောက်စေအပ်သောသူတို့သည် ဝမ်းနည်းခြင်းအကြောင်းကို မပြုစေခြင်းငှာ၊ အထက်စာကို ငါရေး ၍ ပေးလိုက်၏။
És azért írtam nektek éppen azt, hogy amikor odamegyek, ne szomorodjak meg azok miatt, akiknek örülnöm kellene, mert meg vagyok győződve arról, hogy az én örömöm mindnyájatoké.
4 အလွန် ညှိုးငယ် ပူပန် သောစိတ် နှင့် မျက်ရည် အများ ကျလျက်၊ သင် တို့အား ငါရေး ၍ပေးလိုက်၏။ သင်တို့ကိုစိတ်နာ စေခြင်းငှာ ငါရေးသည်မ ဟုတ်။ ငါ သည် သင် တို့အား အလွန် ချစ် သောမေတ္တာစိတ်ကို သင်တို့ သိ စေခြင်းငှာ ငါရေး၏။
Mert sok szorongattatás és szívbeli háborgás között írtam nektek, sok könnyhullatással, de nem azért, hogy megszomorodjatok, hanem hogy megismerjétek azt a szeretetet, amelyet kiváltképpen irántatok érzek.
5 တစ်စုံတစ်ယောက် သောသူသည် ဝမ်းနည်း ခြင်းအကြောင်းကို ပြုသည်မှန်လျှင် ၊ သင်တို့တွင် အချို့သော သူတို့အားဖြင့်သာ ငါ့ ကို ဝမ်းနည်း စေ၏။ သင် တို့ရှိသမျှ ကို ကျပ်တည်း စွာမ စီရင်လို။
Ha pedig valaki megszomorított, nem engem szomorított meg, hanem részben, hogy azt ne terheljem, titeket, mindnyájatokat.
6 အများ သောသူတို့စီရင်သော ဒဏ် သည်ထိုသူ ၏ အပြစ်နှင့် တန် ပြီ။
Elég ilyennek a többség részéről való megbüntetése.
7 သို့ဖြစ်၍ ထိုသို့သော သူသည် ဝမ်းနည်း ခြင်းအားကြီး လျက်၊ မိန်းမောတွေဝေခြင်း မရှိစေခြင်းငှာ၊ သင် တို့သည်ခြားနား သော အားဖြင့်သူ၏အပြစ် ကို လွှတ်၍ သူ့ကိုနှစ်သိမ့် စေခြင်းငှာပြုသင့်၏။
Most már inkább ti is bocsássatok meg neki és vigasztaljátok, hogy a felettébb való bánat meg ne eméssze.
8 ထိုကြောင့် သင် တို့သည် သူ့ ကိုအမှန်ချစ် ကြသည်ကို ထင်ရှားစွာပြ မည်အကြောင်း ငါတောင်းပန် ၏။
Azért kérlek titeket, tanúsítsatok iránta szeretetet.
9 ထိုမှတပါး၊ သင်သည်အရာရာ ၌ နားထောင် သည်၊ နားမထောင်သည်ကို ငါသိ လို၍၊ သင် တို့ကို စုံစမ်း သောအားဖြင့် အထက်က ရေး ၏။
Mert azért is írtam, hogy bizonyosan megtudjam, hogy mindenben engedelmesek vagytok-e.
10 ၁၀ အကြင်သူ ၏အပြစ်ကို သင်တို့သည် လွှတ် ၏၊ ထိုသူ ၏အပြစ်ကို ငါသည်လည်း လွှတ်၏၊၊ အကြောင်းမူကား ၊ ငါ သည်တစ်စုံတစ်ယောက်သောသူ၏ အပြစ်ကို လွှတ်ဘူးလျှင် ၊ သင် တို့ကိုထောက် ၍ခရစ်တော် ၏ အခွင့်နှင့် လွှတ်ဘူး၏။
Akinek pedig megbocsáttok valamit, annak én is megbocsátok. Mert ha volt mit megbocsátanom, én megbocsátottam. Tiértetek cselekedtem ezt a Krisztus színe előtt, hogy meg ne csaljon minket a sátán,
11 ၁၁ သို့မ ဟုတ်လျှင် ၊ စာတန် သည် ငါတို့ကိုနိုင် မည်ဟု စိုးရိမ်စရာရှိ၏။ သူ ၏အကြံအစည် များကို ငါတို့သိ ကြ၏။
mert jól ismerjük az ő szándékait.
12 ၁၂ ထိုမှတစ်ပါး ၊ ခရစ်တော် ၏ ဧဝံဂေလိ တရားကို ဟောခြင်းငှာ တရော မြို့သို့ ငါရောက် ၍၊ သခင် ဘုရား သည် ငါ့ အားတံခါး ကို ဖွင့် တော်မူသောအခါ၊
Amikor pedig Tróászba mentem a Krisztus evangéliuma ügyében, és kapu nyílt előttem az Úrban, nem volt a lelkemnek nyugalma, mivel nem találtam Tituszt, az én atyámfiát,
13 ၁၃ ငါ့ ညီ တိတု ကို ငါ မ တွေ့ သောကြောင့် စိတ် မ သက်သာ သဖြင့် ၊ ထိုသူ တို့ကိုအခွင့်ပန် ပြီးမှမာကေဒေါနိ ပြည်သို့ ထွက်သွား လေ၏။
elbúcsúztam tehát tőlük és elmentem Macedóniába.
14 ၁၄ ငါ တို့သည် ခရစ်တော် နှင့်အတူ အောင်ပွဲ ကိုအစဉ် ခံစေခြင်းငှာ၎င်း၊ ထိုသခင် ကို သိ ခြင်း၏ အမွှေးအကြိုင် သည် ငါ တို့အားဖြင့် အရပ်ရပ် တို့၌ နှံ့ပြား စေခြင်းငှာ၎င်း၊ ပြုတော်မူသောဘုရားသခင် ၏ ကျေးဇူး တော်ကို ချီးမွမ်းခြင်းရှိစေသတည်း။
De legyen hála az Istennek, aki mindenkor diadalra vezet minket a Krisztusban, és az ő ismeretének illatát terjeszti általunk.
15 ၁၅ အဘယ်သို့ နည်းဟူမူကား၊ ငါတို့သည် ကယ်တင် သောသူ တို့၌ ၎င်း ၊ ဆုံးရှုံး သောသူ တို့၌ ၎င်း၊ ဘုရားသခင် အား ခရစ်တော် ၏ အမွှေးအကြိုင် ဖြစ် ကြ၏။
Mert Krisztus jó illata vagyunk Isten számára, mind az üdvözülők, mind az elkárhozók között.
16 ၁၆ ဆုံးရှုံးသောသူ တို့၌ ကား၊ သေ ခြင်းတိုင်အောင် သေခြင်း ၏အမွှေးအကြိုင် ဖြစ်ကြ၏။ ကယ်တင်သော သူတို့၌ကား၊ အသက် ရှင်ခြင်းတိုင်အောင် အသက် ရှင်ခြင်း၏ အမွှေးအကြိုင် ဖြစ်ကြ၏။ သို့ဖြစ်၍ ဤ အမှုအရာ တို့နှင့် အဘယ်သူ ထိုက်တန် သနည်း။
Ezeknek a halál illata halálra, azoknak pedig az élet illata életre. És ki alkalmas erre?
17 ၁၇ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို မှောက်လှန် သောသူများ တို့နှင့် ငါတို့သည်မ တူ ဘဲ ကြည်ဖြူ သောစိတ်ရှိ၍ ဘုရားသခင် ၏ အလိုတော်နှင့်အညီ ၊ ဘုရားသခင် ရှေ့ တော်၌ ခရစ်တော် ၏တရားကို ဟောပြော ကြ၏။
Mert nem olyanok vagyunk, mint sokan, akik meghamisítják az Isten igéjét, hanem tisztán, sőt szinte Istenből szólunk Isten előtt a Krisztusban.

< ၂ ကောရိန္သု 2 >