< ၂ ကောရိန္သု 2 >
1 ၁ ထိုမှတစ်ပါး၊ ဝမ်းနည်း ခြင်းနှင့်တကွ သင် တို့ဆီသို့ နောက် တဖန် ငါ မ လာ ဟု ငါစိတ်ပြဋ္ဌာန်း ခဲ့ပြီ။
But I determined this with myself, that I would not come again to you in heaviness.
2 ၂ အကြောင်းမူကား ၊ ငါ သည်သင် တို့ကို ဝမ်းနည်း စေလျှင် ၊ ထိုသို့ ဝမ်းနည်း စေသောသူ ကိုမှတပါး အဘယ်သူ သည် ငါ့ ကိုဝမ်းမြောက် စေမည်နည်း။
For if I make you sorry, who is he then that maketh me glad, but the same who is made sorry by me?
3 ၃ ငါ ဝမ်းမြောက် ခြင်း၏ အကြောင်းသည် သင် တို့ ရှိသမျှ ၏ ဝမ်းမြောက် ခြင်းအကြောင်း ဖြစ် သည်ကို ငါသဘောကျသည်ဖြစ်၍၊ ငါရောက် သောအခါ ငါ့ကို ဝမ်းမြောက်စေအပ်သောသူတို့သည် ဝမ်းနည်းခြင်းအကြောင်းကို မပြုစေခြင်းငှာ၊ အထက်စာကို ငါရေး ၍ ပေးလိုက်၏။
And I wrote this same to you, lest, when I came, I should have sorrow from them by whom I ought to rejoice; having confidence in you all, that my joy is the joy of you all.
4 ၄ အလွန် ညှိုးငယ် ပူပန် သောစိတ် နှင့် မျက်ရည် အများ ကျလျက်၊ သင် တို့အား ငါရေး ၍ပေးလိုက်၏။ သင်တို့ကိုစိတ်နာ စေခြင်းငှာ ငါရေးသည်မ ဟုတ်။ ငါ သည် သင် တို့အား အလွန် ချစ် သောမေတ္တာစိတ်ကို သင်တို့ သိ စေခြင်းငှာ ငါရေး၏။
For out of much affliction and anguish of heart I wrote to you with many tears; not that ye should be grieved, but that ye might know the love which I have more abundantly to you.
5 ၅ တစ်စုံတစ်ယောက် သောသူသည် ဝမ်းနည်း ခြင်းအကြောင်းကို ပြုသည်မှန်လျှင် ၊ သင်တို့တွင် အချို့သော သူတို့အားဖြင့်သာ ငါ့ ကို ဝမ်းနည်း စေ၏။ သင် တို့ရှိသမျှ ကို ကျပ်တည်း စွာမ စီရင်လို။
But if any hath caused grief, he hath not grieved me, but in part: that I may not burden you all.
6 ၆ အများ သောသူတို့စီရင်သော ဒဏ် သည်ထိုသူ ၏ အပြစ်နှင့် တန် ပြီ။
Sufficient to such a man is this punishment, which was inflicted by many.
7 ၇ သို့ဖြစ်၍ ထိုသို့သော သူသည် ဝမ်းနည်း ခြင်းအားကြီး လျက်၊ မိန်းမောတွေဝေခြင်း မရှိစေခြင်းငှာ၊ သင် တို့သည်ခြားနား သော အားဖြင့်သူ၏အပြစ် ကို လွှတ်၍ သူ့ကိုနှစ်သိမ့် စေခြင်းငှာပြုသင့်၏။
So that on the contrary ye ought rather to forgive him, and comfort him, lest perhaps such an one should be swallowed up with too much sorrow.
8 ၈ ထိုကြောင့် သင် တို့သည် သူ့ ကိုအမှန်ချစ် ကြသည်ကို ထင်ရှားစွာပြ မည်အကြောင်း ငါတောင်းပန် ၏။
Therefore I beseech you that ye would confirm your love toward him.
9 ၉ ထိုမှတပါး၊ သင်သည်အရာရာ ၌ နားထောင် သည်၊ နားမထောင်သည်ကို ငါသိ လို၍၊ သင် တို့ကို စုံစမ်း သောအားဖြင့် အထက်က ရေး ၏။
For to this end also I wrote, that I might know the proof of you, whether ye are obedient in all things.
10 ၁၀ အကြင်သူ ၏အပြစ်ကို သင်တို့သည် လွှတ် ၏၊ ထိုသူ ၏အပြစ်ကို ငါသည်လည်း လွှတ်၏၊၊ အကြောင်းမူကား ၊ ငါ သည်တစ်စုံတစ်ယောက်သောသူ၏ အပြစ်ကို လွှတ်ဘူးလျှင် ၊ သင် တို့ကိုထောက် ၍ခရစ်တော် ၏ အခွင့်နှင့် လွှတ်ဘူး၏။
To whom ye forgive any thing, I forgive also: for if I forgave any thing, to whom I forgave it, for your sakes I forgave it in the person of Christ;
11 ၁၁ သို့မ ဟုတ်လျှင် ၊ စာတန် သည် ငါတို့ကိုနိုင် မည်ဟု စိုးရိမ်စရာရှိ၏။ သူ ၏အကြံအစည် များကို ငါတို့သိ ကြ၏။
Lest Satan should get an advantage of us: for we are not ignorant of his devices.
12 ၁၂ ထိုမှတစ်ပါး ၊ ခရစ်တော် ၏ ဧဝံဂေလိ တရားကို ဟောခြင်းငှာ တရော မြို့သို့ ငါရောက် ၍၊ သခင် ဘုရား သည် ငါ့ အားတံခါး ကို ဖွင့် တော်မူသောအခါ၊
Furthermore, when I came to Troas to preach the gospel of Christ, and a door was opened to me by the Lord,
13 ၁၃ ငါ့ ညီ တိတု ကို ငါ မ တွေ့ သောကြောင့် စိတ် မ သက်သာ သဖြင့် ၊ ထိုသူ တို့ကိုအခွင့်ပန် ပြီးမှမာကေဒေါနိ ပြည်သို့ ထွက်သွား လေ၏။
I had no rest in my spirit, because I found not Titus my brother: but taking my leave of them, I went from there into Macedonia.
14 ၁၄ ငါ တို့သည် ခရစ်တော် နှင့်အတူ အောင်ပွဲ ကိုအစဉ် ခံစေခြင်းငှာ၎င်း၊ ထိုသခင် ကို သိ ခြင်း၏ အမွှေးအကြိုင် သည် ငါ တို့အားဖြင့် အရပ်ရပ် တို့၌ နှံ့ပြား စေခြင်းငှာ၎င်း၊ ပြုတော်မူသောဘုရားသခင် ၏ ကျေးဇူး တော်ကို ချီးမွမ်းခြင်းရှိစေသတည်း။
Now thanks be to God, who always causeth us to triumph in Christ, and maketh manifest the savour of his knowledge by us in every place.
15 ၁၅ အဘယ်သို့ နည်းဟူမူကား၊ ငါတို့သည် ကယ်တင် သောသူ တို့၌ ၎င်း ၊ ဆုံးရှုံး သောသူ တို့၌ ၎င်း၊ ဘုရားသခင် အား ခရစ်တော် ၏ အမွှေးအကြိုင် ဖြစ် ကြ၏။
For we are to God a sweet savour of Christ, in them that are saved, and in them that perish:
16 ၁၆ ဆုံးရှုံးသောသူ တို့၌ ကား၊ သေ ခြင်းတိုင်အောင် သေခြင်း ၏အမွှေးအကြိုင် ဖြစ်ကြ၏။ ကယ်တင်သော သူတို့၌ကား၊ အသက် ရှင်ခြင်းတိုင်အောင် အသက် ရှင်ခြင်း၏ အမွှေးအကြိုင် ဖြစ်ကြ၏။ သို့ဖြစ်၍ ဤ အမှုအရာ တို့နှင့် အဘယ်သူ ထိုက်တန် သနည်း။
To the one we are the savour of death to death; and to the other the savour of life to life. And who is sufficient for these things?
17 ၁၇ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို မှောက်လှန် သောသူများ တို့နှင့် ငါတို့သည်မ တူ ဘဲ ကြည်ဖြူ သောစိတ်ရှိ၍ ဘုရားသခင် ၏ အလိုတော်နှင့်အညီ ၊ ဘုရားသခင် ရှေ့ တော်၌ ခရစ်တော် ၏တရားကို ဟောပြော ကြ၏။
For we are not as many, who corrupt the word of God: but as from sincerity, but as from God, in the sight of God we speak in Christ.