< ၂ ကောရိန္သု 13 >
1 ၁ ဤ တတိယ အကြိမ်တွင် သင် တို့ဆီသို့ ငါလာ မည်ဖြစ်၍၊ သက်သေခံ နှစ် ဦးသုံး ဦးအားဖြင့် စကား ရှိသမျှ တို့သည် တည် ရလိမ့်မည်။
É esta a terceira vez que vou ter convosco. Na boca de duas ou três testemunhas será confirmada toda a palavra.
2 ၂ တဖန် ငါရောက်လာ လျှင် သင်တို့ကိုမ သနား ရဟု ပြစ်မှားသော သူမှစ၍ ကြွင်း သောသူ အပေါင်း တို့အား အထက် က ငါပြောသည်သာမက၊ ယခုပင် သင်တို့နှင့်အတူမ ရှိသော်လည်း ၊ တဖန်ရှိ ဘိသကဲ့သို့ ငါပြော နှင့်၏။
Já anteriormente o disse: e segunda vez o digo como se estivesse presente; agora pois, estando ausente, o digo aos que de antes pecaram e a todos os mais, que, se outra vez for, não lhes perdoarei;
3 ၃ သင် တို့တွင် အားနည်း တော်မ မူ၊ အားကြီး တော်မူသော ခရစ်တော် သည် ငါ ၌ ဗျာဒိတ် ပြတော်မူခြင်းသက်သေ ကို သင်တို့သည် ရှာ သောကြောင့်၊ ငါရောက်လာသောအခါ မသနားရ။
Visto que buscais uma prova de Cristo que fala em mim, o qual não é fraco para convosco, antes é poderoso entre vós.
4 ၄ အကြောင်းမူကား ၊ ထိုခရစ်တော်သည် အားနည်း ခြင်းနှင့် လက်ဝါးကပ်တိုင် မှာ အသေခံသော်လည်း၊ ဘုရားသခင် ၏တန်ခိုး တော်နှင့် အသက် ရှင်တော်မူ၏။ ငါ တို့သည်လည်း ခရစ်တော် ၏နည်းတူ အားနည်း သော်လည်း၊ သင် တို့တွင် ပြသော ဘုရားသခင် ၏ တန်ခိုး တော်အားဖြင့် ခရစ်တော် နှင့်အတူ အသက် ရှင်ခြင်း ရှိကြလိမ့်မည်။
Porque, ainda que foi crucificado por fraqueza, todavia vive pelo poder de Deus. Porque nós também somos fracos nele, porém viveremos com ele pelo poder de Deus em vós.
5 ၅ သင်တို့သည်ယုံကြည် ခြင်း၌ တည် သလော၊ မတည်လောဟု ကိုယ်ကိုကိုယ် စစ်ကြော ကြလော့။ ကိုယ်ကိုကိုယ် စုံစမ်း ကြလော့။ အစစ် မခံနိုင်သော သူမမှန် လျှင် ၊ ယေရှု ခရစ် သည် သင် တို့၌ တည်တော်မူသည်ဟု ကိုယ် အကြောင်းကိုယ်မ သိ ကြလော။
Examinai-vos a vós mesmos, se permaneceis na fé; provai-vos a vós mesmos. Ou não vos conheceis a vós mesmos, que Jesus Cristo está em vós? Se não é que já estais reprovados.
6 ၆ ငါ တို့သည် အစစ် ခံနိုင်သောသူဖြစ် သည်ကိုသင်တို့သိ ကြလိမ့်မည်ဟု ငါထင်မှတ် မြော်လင့်ခြင်းရှိ၏။
Mas espero que entendereis que nós não somos reprovados.
7 ၇ ငါ တို့သည် အစစ် ခံနိုင်ကြောင်း ကို ထင်ရှား စေခြင်းငှာငါအလိုရှိသည်မ ဟုတ်။ အစစ် မခံနိုင်သော သူကဲ့သို့ ထင် သော်လည်း၊ သင် တို့သည် ကောင်းမွန် စွာ ကျင့် စေခြင်းငှာ ၊ မကောင်း သောအကျင့်တစ်စုံတစ်ခု ကိုမျှ မ ကျင့် မည်အကြောင်း၊ ငါသည် ဘုရားသခင် ကို ဆုတောင်း ပဌနာပြု၏။
Ora eu rogo a Deus que não façais mal algum, não para que sejamos achados aprovados, mas para que vós façais o bem, embora nós sejamos como reprovados.
8 ၈ ငါတို့သည်သမ္မာတရား ကို ဆီးတား ခြင်းငှာ အလျှင်း မ တတ်နိုင် ကြ။
Porque nada podemos contra a verdade, senão pela verdade.
9 ၉ သမ္မာတရား ဘက်၌နေ၍သာ တတ်နိုင်ကြ၏။ ငါ တို့သည်အားနည်း ၍ သင် တို့သည်အားကြီး သောအခါ ၊ ငါတို့သည် ဝမ်းမြောက် ခြင်းရှိ ကြ၏။ သင် တို့သည် စုံလင် မည်အကြောင်းကိုသာ အလိုရှိကြ၏။
Porque nos regozijamos de estar fracos, quando vós estais fortes; e o que desejamos é a vossa perfeição.
10 ၁၀ ထိုကြောင့် ပယ်ရှင်း ဖျက်ဆီးခြင်းအလိုငှာ မ ဟုတ်၊ တည်ဆောက် ခြင်းအလိုငှာ သခင် ဘုရားသည် ငါ ၌ အပ်ပေး တော်မူသောတန်ခိုး ရှိသည်အတိုင်း ငါသည် ရောက်လာ သောအခါ ပြင်းစွာ သောဒဏ်ကို မ ပေး လို၍၊ ယခုသင်တို့နှင့် ကွာဝေး သေးသည်ကာလ ဤသို့ ငါရေး လိုက်၏။
Portanto, escrevo estas coisas estando ausente, para que, estando presente, não use de rigor, segundo o poder que o Senhor me deu para edificação, e não para destruição.
11 ၁၁ ကြွင်း သေးသောစကားဟူမူကား၊ ညီအစ်ကို တို့၊ သင်တို့၌ မင်္ဂလာရှိပါစေသော။ စုံလင် ခြင်း၊ သက်သာ ဝမ်းမြောက် ခြင်းရှိကြလော့။ စိတ် တညီတညွတ် တည်းဖြစ်၍၊ အချင်းချင်းအသင့်အတင့် နေကြလော့။ သို့ဖြစ်၍ မေတ္တာ ကို၎င်း ၊ အသင့်အတင့် နေခြင်း ချမ်းသာကို၎င်း ပေးတော်မူသော ဘုရားသခင် သည် သင် တို့နှင့်အတူ ရှိ တော်မူလတံ့။
Quanto ao mais, irmãos, regozijai-vos, sede perfeitos, sede consolados, sede de um mesmo parecer, vivei em paz; e o Deus do amor e da paz será convosco.
12 ၁၂ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်း သော နမ်း ခြင်းနှင့် နှုတ်ဆက် ကြလော့။
Saudai-vos uns aos outros com ósculo santo.
13 ၁၃ သန့်ရှင်း သူအပေါင်း တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။
Todos os santos vos saudam.
14 ၁၄ သခင် ယေရှု ခရစ် ၏ ကျေးဇူး တော်၎င်း ၊ ဘုရားသခင် ၏ မေတ္တာ တော်၎င်း၊ သန့်ရှင်း သော ဝိညာဉ် တော်၏ မိဿဟာယ တော်၎င်း၊ သင် တို့အပေါင်း ၌ ရှိစေသတည်း။ အာမင်။
A graça do Senhor Jesus Cristo, e o amor de Deus, e a comunhão do Espírito Santo seja com vós todos. Amém.