< ၂ ကောရိန္သု 11 >

1 ငါ မိုက်မဲ သောအပြစ်ကို သင်တို့သည် ခဏ သည်းခံ စေခြင်းငှာငါအလိုရှိ ၏။ ခဏသည်းခံ ကြပါလော့။
I hope you can put up with a little more foolishness from me—well you already do put up with me!
2 အကြောင်းမူကား ၊ ငါသည်သင် တို့ကို သီလ နှင့် ပြည့်စုံသောသတို့သမီး ကညာကဲ့သို့ခရစ်တော် အား ဆက် အံ့သောငှာ၊ သင် တို့ကို လင် တစ်ဦး နှင့် ထိမ်းမြား ဆောင်နှင်းပြီးသောကြောင့် ဘုရားသခင် ၏ အလိုတော် အတိုင်း စိုးရိမ် သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။
I agonize over you with a divine kind of jealousy, for I promised you to a single husband—Christ—so that I could present you as a pure virgin to him.
3 မြွေ သည် မိမိ ပရိယာယ် အားဖြင့် ဧဝ ကိုလှည့်စား သကဲ့သို့ ၊ သင် တို့သည် စိတ် ဆွေးမြေ့ ယိုယွင်း၍၊ ခရစ်တော် ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။
I worry that in some way, just as the serpent deceived Eve with his devious cunning, that you might be led astray in your thinking from your sincere and pure commitment to Christ.
4 သင်တို့ရှိရာသို့ ရောက်လာ သောသူ သည် ငါတို့ မ ဟော မပြောသေးသော ယေရှု တပါး ကို ဟောပြော သော်၎င်း၊ သင်တို့သည်မ ခံရ သေးသော ဝိညာဉ် တော်တစ်ပါး ကို ခံရ သော်၎င်း၊ နားမ ထောင်သေးသော ဧဝံဂေလိ တရားစကားကိုနားထောင်သော်၎င်း၊ ထိုသူကို သည်းခံ ကောင်း ၏။
If anyone comes and tells you about a different Jesus to the one we shared with you, you easily go along with them, accepting a different spirit to the one you received, and a different kind of good news to the one you believed.
5 ငါသည်အကြီးဆုံး သောတမန်တော် အောက် အလျှင်းမ ယုတ်သည်ကို ငါသဘော ရှိ၏။
I don't believe I'm inferior to these “super-apostles.”
6 စကား အားဖြင့်လူရိုင်း ဟုတ်သော်လည်း ၊ ပညာ အားဖြင့်လူရိုင်း မဟုတ်။ သင် တို့တွင် အရာရာ ၌ ငါတို့ သည်အစဉ် ကိုယ်ကိုကိုယ်ထင်ရှား စွာပြကြပြီ။
Even though I may not be skilled in giving speeches, I do know what I'm talking about. We have made this absolutely clear to you in every way.
7 သင် တို့ကိုချီးမြှောက် ခြင်းငှာ ၊ ကိုယ်ကိုကိုယ် နှိမ့်ချ လျက်၊ ကျေးဇူးဆပ် ခြင်းကိုမခံဘဲ၊ သင် တို့အား ဘုရားသခင် ၏ဧဝံဂေလိ တရားကို ဟောပြော သည့်အရာမှာ ငါသည် အပြစ် ရှိ သလော။
Was it wrong of me to humble myself so you could be elevated, since I shared the good news with you at no charge?
8 သင် တို့အမှု ကိုဆောင်ရွက်မည်အကြောင်း၊ အခြား သောအသင်းတော် များပေးသောစရိတ် ကို ငါခံ ၍၊ သူတို့ကို လုယူ ရာသို့ရောက်လေပြီတကား။
I robbed as it were other churches, taking pay from them so I could work for you.
9 သင် တို့နှင့်အတူ ရှိ နေ၍ တစ်စုံတစ်ခုကိုလို သောအခါ အဘယ်သူ ကိုမျှ ငါမ နှောင့်ရှက် ။ အကြောင်းမူကား ၊ မာကေဒေါနိ ပြည်က လာ သော ညီအစ်ကို တို့သည် ငါ လို သမျှကိုပေး ကြ၏။ သင် တို့ကို အလျှင်းမ နှောင့်ယှက်ဘဲ သတိ နှင့်နေခဲ့ပြီ။ နောင် ၌လည်း သတိ နှင့်နေဦးမည်။
When I was there with you and needed something, I wasn't a burden to anyone because the believers who came from Macedonia took care of my needs. I was determined never to be a burden to you and I never shall.
10 ၁၀ ခရစ်တော် ၏သစ္စာ တရားသည် ငါ ၌ ရှိ သည် ဖြစ်၍ ၊ အခါယ ပြည် များတို့၌ ဤသို့ ငါ ဝါကြွား သည်အမှု ကို အဘယ်သူ မျှမဆီးတား ရ။
This is as certain as the truth of Christ that is in me: nobody in all Achaia will stop me boasting about this!
11 ၁၁ အဘယ်ကြောင့် နည်း၊ သင် တို့ကိုငါမ ချစ် သလော။ ဘုရားသခင် သိ တော်မူ၏။
And why? Because I don't love you? God knows that I do!
12 ၁၂ အခွင့် ရလို သောသူ တို့သည် အခွင့် မ ရစေခြင်းငှာ ၎င်း၊ ဝါကြွား ခြင်းအရာ၌ သူတို့သည် ငါ ကဲ့သို့ ထင်ရှားစွာဖြစ် စေခြင်းငှာ ၎င်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြု ဦးမည်။
I'll continue to do what I've always done, so as to remove any opportunity for those who want to boast that their work is the same as ours.
13 ၁၃ အကြောင်းမူကား ၊ ထိုသူ တို့သည် မိစ္ဆာ တမန်တော်ဖြစ်ကြ၏။ ခရစ်တော် ၏ တမန် ဖြစ်ယောင်ဆောင် လှည့်ဖြား တတ်သော အမှု စောင့်ဖြစ်ကြ၏။
These people are false apostles, dishonest workers, who pretend to be apostles of Christ.
14 ၁၄ ဤအမှုသည် အံ့ဩဖွယ် ဖြစ်သည်မ ဟုတ်။ စာတန် ပင်လျှင် လင်း သောကောင်းကင်တမန် ဖြစ် ယောင်ဆောင် တတ်၏။
Don't be surprised at this for even Satan himself pretends to be an angel of light.
15 ၁၅ သို့ဖြစ်၍ သူ၏ဆရာ တို့သည်လည်း ဖြောင့်မတ် ခြင်းတရား ကို ဟောသောဆရာဖြစ်ယောင်ဆောင် လျှင်၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူ တို့သည် ကိုယ်ကျင့်သောအကျင့် အတိုင်း နောက်ဆုံး ၌အကျိုးအပြစ်ကို ခံရ ကြ လတံ့။
So it's no wonder then if those who serve him pretend to be agents of good. But their final end will be in accordance with what they've done.
16 ၁၆ တဖန် ငါဆို သည်ကား၊ ငါ့ ကိုသူရူး ဖြစ် သည်ဟု အဘယ်သူ မျှ မ ထင် စေနှင့်။ သို့မဟုတ် ငါဝါကြွား စရာ အခွင့်အနည်းငယ် ရှိစေခြင်းငှာ ငါ့ ကိုသူရူး ကဲ့သို့ မှတ်၍ သည်းခံ ကြလော့။
Let me say it again: please don't think I'm being foolish. However, even if you do, accept me as someone who is foolish, and let me also boast a little.
17 ၁၇ ဤသို့ငါပြော သောစကားမှာ သခင် ဘုရား၏ နည်းတူ ငါပြော သည်မ ဟုတ်။ သူရူး ကဲ့သို့ ရဲရင့် စွာဝါကြွား လျက်ပြောဆို၏။
What I'm saying is not as the Lord would say it—all this foolish boasting.
18 ၁၈ လူ များတို့သည် လောကီ အခြင်းအရာ၌ ဝါကြွား သောကြောင့် ငါ သည်လည်းဝါကြွား ရ၏။
But since many others are boasting in the way the world does, let me boast too.
19 ၁၉ သင်တို့သည်လိမ္မာ သောသူဖြစ် သောကြောင့်၊ သူရူး တို့ကို စေတနာ စိတ်နှင့် သည်းခံ ကြ၏။
(You're happy to put up with fools, since you are so wise!)
20 ၂၀ သူတစ်ပါးသည် သင် တို့ကို ကျွန် ခံစေခြင်း၊ ရောင်း ၍စားခြင်း၊ ဥစ္စာကိုလုယူ ခြင်း၊ ရန်တွေ့ခြင်း၊ ပါးပုတ် ခြင်းကိုပြုလျှင် သင်တို့သည် သည်းခံ ကြ၏။
You put up with people who make you slaves, who take what you have, who exploit you, who arrogantly put you down, who hit you in the face.
21 ၂၁ ငါတို့သည်အစွမ်းသတ္တိမရှိဟုကဲ့ရဲ့ခြင်းကို အမှတ်ပြု၍ ငါပြော၏။ အကြင်အရာကို သူတစ်ပါး မှီဝဲ၍ ရဲရင့်၏။ ထိုအရာကိုငါမှီဝဲ၍ ရဲရင့် ခြင်းရှိ၏ဟု သူရူး ကဲ့သို့ငါဆို ၏။
I'm so sorry that we were too weak to do anything like that! But whatever people dare to boast about, I dare to do too. (Here I'm talking like a fool again.)
22 ၂၂ သူတို့သည် ဟေဗြဲ လူဖြစ် ကြသလော။ ငါ သည်လည်းဖြစ်၏။ သူတို့သည် ဣသရေလ လူဖြစ် ကြသလော။ ငါ သည်လည်းဖြစ်၏။ သူတို့သည်အာဗြဟံ အမျိုး ဖြစ် ကြသလော။ ငါ သည်လည်းဖြစ်၏။
Are they Hebrews? Me too. Are they Israelites? Me too. Are they descendants of Abraham? Me too.
23 ၂၃ သူတို့သည်ခရစ်တော် ၏ ဓမ္မဆရာ ဖြစ် ကြသလော။ငါ သည် အထူးသဖြင့် ဖြစ်၏ဟု သူရူး ကဲ့သို့ဆို ရ၏။ ပင်ပန်းစွာအမှုကို အထူးသဖြင့်ဆောင်ရွက် သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင် ထဲ၌ လှောင်ထားခြင်းကို အထူးသဖြင့် ခံရသောသူ၊ သေ ဘေး နှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူဖြစ်၏။
Are they servants of Christ? (I know I'll sound like I'm crazy, talking like this.) But I have done so much more. I've worked harder, been imprisoned more often, whipped more times than I can count, faced death time and again.
24 ၂၄ ငါးကြိမ် မြောက်အောင် ယုဒ လူတို့လက်တွင် ဒဏ်ချက်လေးဆယ် တစ်ခု ယုတ်ငါခံ ခဲ့ရပြီ။
Five times I received from the Jews the forty lashes less one.
25 ၂၅ သုံး ကြိမ်မြောက်အောင်ကြိမ်လုံး နှင့် ရိုက်ခြင်းကို၎င်း၊ တစ် ကြိမ်ခဲ နှင့်ပစ်ခြင်းကို၎င်း ငါခံရပြီ။ သုံး ကြိမ်မြောက်အောင် သင်္ဘော ပျက်ခြင်းကို ခံရပြီ။ တစ် နေ့နှင့် တညဉ့်ပတ်လုံးပင်လယ် ထဲမှာ နေ ရပြီ။
Three times I was beaten with rods, once I was stoned, three times I was shipwrecked. Once I spent twenty-four hours adrift on the ocean.
26 ၂၆ အကြိမ်ကြိမ် ဒေသစာရီ လှည့်လည်ပြီး။ မြစ် ကို ကူးသောဘေး ၊ ဓါးပြ တိုက်သောဘေး ၊ အမျိုးသား ချင်းပြုသောဘေး ၊ တစ်ပါး အမျိုးသားပြုသောဘေး ၊ မြို့ ရွာ၌ ရောက်သောဘေး ၊ တော ၌ ရောက်သောဘေး ၊ ပင်လယ် ဘေး ၊ ညီအစ်ကို ဖြစ်ယောင်ဆောင်သော သူတို့ပြုသော ဘေး ၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။
During my many journeys I have faced the dangers of crossing rivers, robber gangs, attacks from my own countrymen, as well as from foreigners. I have faced danger in cities, in the deserts, and on the sea. I have faced the danger of people who pretend to be Christians.
27 ၂၇ ပင်ပန်း စွာအမှု ဆောင်ရွက်ခြင်း၊ အကြိမ် များစွာမအိပ်ဘဲစောင့် နေခြင်း၊ မွတ်သိပ် ခြင်း၊ ရေငတ် ခြင်း၊ အကြိမ်ကြိမ် အစာရှောင် ခြင်း၊ အချမ်းအအေး ခံရခြင်း၊ အဝတ် အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံ ခဲ့ပြီ။
I have faced hard labor and struggles, many sleepless nights, hungry and thirsty, often going without food, cold, without enough clothing to keep warm.
28 ၂၈ ထိုအပမှုမှတပါး၊ အသင်းတော် အပေါင်း တို့ကို စိုးရိမ်သောစိတ်နှင့် ကြည့်ရှု ပြုစု၍ နေ့တိုင်း အစဉ် နှောင့်ရှက်ခြင်းကို ငါခံခဲ့ရ၏။
Besides all this, I face the daily concerns of dealing with all the churches.
29 ၂၉ ငါမ နွမ်းရိ ဘဲအဘယ်သူ နွမ်းရိ သနည်း။ ငါ သည် စိတ် မ ပူပန်ဘဲ အဘယ်သူ ဖောက်ပြန် သနည်း။
Who is weak, and I don't feel weak too? Who is led into sin, and I don't burn up?
30 ၃၀ ငါသည်မဝါကြွား ဘဲမနေရသည်မှန်လျှင် ၊ ကိုယ် နွမ်းရိ သောအဖြစ်ကိုသာ အကြောင်းပြု၍ ဝါကြွား မည်။
If I have to boast, I will boast about how weak I am.
31 ၃၁ ငါသည်မုသာ မ ပြောသည်ကို ထာဝရ မင်္ဂလာ ရှိ တော်မူသော ငါတို့သခင် ယေရှု ခရစ်၏ခမည်းတော် ဘုရားသခင် သိ တော်မူ၏။ (aiōn g165)
The God and Father of the Lord Jesus—may he be praised forever—knows I am not lying. (aiōn g165)
32 ၃၂ ဒမာသက် မြို့၌ အရေတ မင်းကြီး ခန့်ထားသောမြို့ဝန် သည် ငါ့ ကို ဖမ်းဆီး ခြင်းငှာအလိုရှိ၍၊ ဒမာသက် မြို့ ကိုစောင့် စဉ်တွင်၊
While I was in Damascus, the governor under King Aretas had the city guarded in order to capture me.
33 ၃၃ တပည့်တော်တို့သည် ငါ့ကိုတောင်း ၌ ထည့်ပြီးလျှင် ၊ ပြတင်းပေါက် မှထုတ်၍ မြို့ရိုး ပေါ်က လျှော့ချ သဖြင့် ထိုမြို့ဝန်လက် မှ ငါပြေး၍လွတ် ရ၏။
But I was lowered in a basket from a window in the city wall, and so I escaped from him.

< ၂ ကောရိန္သု 11 >