< ၂ ရာဇဝင်ချုပ် 1 >
1 ၁ ဒါဝိဒ် ၏သား တော်ရှောလမုန် သည်၊ မိမိ ဘုရားသခင် ထာဝရဘုရား မစတော်မူခြင်း၊ အလွန်ချီးမြှောက် တော်မူခြင်းကျေးဇူးကြောင့်၊ မိမိအာဏာတော် တည်ကြည် မြဲမြံသောအခါ၊
Or Salomon, fils de David, se fortifia dans son règne; et l'Eternel son Dieu fut avec lui, et l'éleva extraordinairement.
2 ၂ လူတထောင် အုပ်၊ တရာ အုပ်၊ တရားသူကြီး ၊ ဣသရေလ မင်း အပေါင်း တို့နှင့် အဆွေအမျိုးသူကြီး အစ ရှိသောဣသရေလ အမျိုးသားအပေါင်း တို့ကို ခေါ် ၍၊
Et Salomon parla à tout Israël, [savoir] aux Chefs de milliers et de centaines, aux Juges, et à tous les principaux de tout Israël, Chefs des pères.
3 ၃ တော ၌ ထာဝရဘုရား ၏ကျွန် မောရှေ လုပ် ခဲ့ သော ဘုရားသခင် ၏ပရိသတ် စည်းဝေးရာ တဲ တော်သည် ဂိဗောင် မြို့တွင် မြင့် သောအရပ်၌ ရှိသည်ဖြစ်၍ထို အရပ် သို့ ပရိသတ် အပေါင်း တို့နှင့်အတူ သွား တော်မူ၏။
Et Salomon et toute l'assemblée qui était avec lui, allèrent au haut lieu qui était à Gabaon; car là était le Tabernacle d'assignation de Dieu, que Moïse, serviteur de l'Eternel, avait fait au désert.
4 ၄ ဘုရားသခင် ၏ သေတ္တာ တော်ကို ကား ဒါဝိဒ် ပြင်ဆင် သောအရပ်၊ ယေရုရှလင် မြို့၌ ဆောက် နှင့် သောတဲ သို့ ကိရယတ်ယာရိမ် မြို့မှ ဆောင် ခဲ့သော်လည်း၊
(Mais David avait amené l'Arche de Dieu de Kirjath-jéharim dans le lieu qu'il avait préparé; car il lui avait tendu un Tabernacle à Jérusalem.)
5 ၅ ဟုရ သား ဖြစ်သော ဥရိ ၏သား ဗေဇလေလ လုပ် ခဲ့သော ကြေးဝါ ယဇ် ပလ္လင်ကို ထာဝရဘုရား ၏ တဲ တော်ရှေ့ မှာထား သောကြောင့်၊ ရှောလမုန် နှင့် ပရိသတ် တို့သည် ထိုယဇ်ပလ္လင်သို့ သွားကြ၏။
Et l'autel d'airain, que Betsaléël, le fils d'Uri, fils de Hur, avait fait, était à [Gabaon], devant le pavillon de l'Eternel, lequel fut aussi recherché par Salomon et par l'assemblée.
6 ၆ ထိုသို့ ပရိသတ်စည်းဝေး ရာတဲ တော်ရှေ့ ၊ ထာဝရဘုရား ရှေ့ တော်၌ရှိသောကြေးဝါ ယဇ် ပလ္လင်သို့ ရှောလမုန် ရောက် ၍ ထိုပလ္လင် ပေါ် မှာ မီးရှို့ ရာယဇ်တထောင် ကို ပူဇော် လေ၏။
Et Salomon offrit là devant l'Eternel mille holocaustes sur l'autel d'airain qui était devant le Tabernacle.
7 ၇ ထို ညဉ့် တွင် ဘုရားသခင် သည် ရှောလမုန် အား ထင်ရှား လျက် ၊ ငါပေး ရမည့်ဆုကို တောင်း လော့ဟု မိန့် တော်မူ၏။
Cette même nuit Dieu apparut à Salomon, et lui dit: Demande ce que [tu voudras que] je te donne.
8 ၈ ရှောလမုန် ကလည်း ၊ ကိုယ်တော် သည် အကျွန်ုပ် အဘ ဒါဝိဒ် ၌ များစွာ သော ကျေးဇူး ကိုပြု တော်မူပြီ။ အဘ အရာ ၌လည်း အကျွန်ုပ် ကို နန်းထိုင် စေတော်မူပြီ။
Et Salomon répondit à Dieu: Tu as usé d'une grande gratuité envers David mon père, et tu m'as établi Roi en sa place.
9 ၉ ယခု မှာ အိုထာဝရ အရှင်ဘုရားသခင် ၊ မြေမှုန့် များသကဲ့သို့ အရေအတွက်အားဖြင့်များပြား သော လူ တို့၏ ရှင် ဘုရင်အရာ၌ အကျွန်ုပ် ကို ချီးမြှောက်တော်မူသောကြောင့် အဘ ဒါဝိဒ် ၌ ထားသော ဂတိတော် ကို တည် စေတော်မူပါ။
Maintenant [donc], ô Eternel Dieu! que la parole [que tu as donnée] à David mon père soit ferme, car tu m'as établi Roi sur un peuple nombreux, comme la poudre de la terre.
10 ၁၀ အကျွန်ုပ် သည် ဤ လူ တို့ရှေ့ မှာထွက် ဝင်နိုင် မည်အကြောင်း ဉာဏ် ပညာ ကို ပေး သနားတော်မူပါ။ ဤ မျှလောက်များစွာ သော ကိုယ်တော် ၏ လူ တို့ကို အဘယ်သူ သည် ကိုယ်အလိုအလျောက်တရား စီရင်နိုင်ပါမည်နည်းဟု တောင်း လျှောက်၏။
Et donne-moi maintenant de la sagesse et de la connaissance, afin que je sorte et que j'entre devant ce peuple; car qui pourrait juger ton peuple, qui est si grand?
11 ၁၁ ဘုရားသခင် ကလည်း ၊ သင်သည် ထိုသို့အောက်မေ့ ၍ စည်းစိမ် ဥစ္စာ ဂုဏ် အသရေကို မတောင်း၊ ရန်သူ တို့ ၏ အသက် ကိုလည်း မ တောင်း ၊ တာရှည် သော အသက် ကိုလည်း မ တောင်း ၊ ငါခန့်ထား၍ သင်အစိုး ရသောငါ ၏ လူမျိုး ကို တရားစီရင်ခြင်းငှါတတ်နိုင်သော ဉာဏ် ပညာ ကိုသာ ကိုယ် အဘို့ တောင်း သောကြောင့် ၊ ဉာဏ် ပညာကို ငါပေး ၏။
Et Dieu dit à Salomon: Parce que tu as désiré ces avantages, et que tu n'as point demandé des richesses, ni des biens, ni de la gloire, ni la mort de ceux qui te haïssent, et que tu n'as pas même demandé de vivre longtemps, mais que tu as demandé pour toi de la sagesse et de la connaissance, afin de pouvoir juger mon peuple, sur lequel je t'ai établi Roi;
12 ၁၂ ထိုမှတပါး သင့် ရှေ့ မှာဖြစ် ဘူးသော ရှင်ဘုရင်နှင့် သင့် နောက် ၌ ဖြစ် လတံ့ သော ရှင်ဘုရင် တယောက်မျှ မမှီနိုင်မည်အကြောင်း၊ စည်းစိမ် ဥစ္စာ ၊ ဂုဏ် အသရေကိုလည်း ငါပေး မည်ဟု မိန့်တော်မူ၏။
La sagesse et la connaissance te sont données; je te donnerai aussi des richesses, des biens, et de la gloire; ce qui n'est point ainsi arrivé aux Rois qui ont été avant toi, et ce qui n'arrivera [plus] ainsi après toi.
13 ၁၃ ထိုအခါ ရှောလမုန် သည် ဂိဗောင် မြို့တွင် မြင့် သောအရပ်၌ ရှိသောပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ မှ သည် ယေရုရှလင် မြို့သို့ ပြန် သွား၍ ၊ ဣသရေလ ပြည်ကို အုပ်စိုး လျက်နေတော်မူ၏။
Après cela Salomon s'en retourna à Jérusalem du haut lieu qui était à Gabaon, de devant le Tabernacle d'assignation, et il régna sur Israël.
14 ၁၄ ထိုနောက် ရှောလမုန် သည် ရထား များ၊ မြင်းစီး သူရဲများကို ဆည်းဖူး ၍ ၊ ရထား တထောင် နှင့် လေး ရာ ၊ မြင်းစီး သူရဲတသောင်း နှစ် ထောင်ရှိ ၏။ ရထား ထိန်းမြို့ တို့ ၌ ၎င်း၊ ယေရုရှလင် မြို့ အထံတော်၌ ၎င်း ထား ၏။
Et il fit amas de chariots et de gens de cheval, tellement qu'il avait mille et quatre cents chariots, et douze mille hommes de cheval; et il les mit dans les villes où il tenait ses chariots; il y en eut aussi auprès du Roi à Jérusalem.
15 ၁၅ ရှင် ဘုရင်သည် ယေရုရှလင် မြို့၌ ရွှေ ငွေ ကို ကျောက်ခဲ ကဲ့သို့ ၎င်း ၊ အာရဇ် ပင်တို့ကို လွင်ပြင် ၌ ပေါက် သော သဖန်း ပင်ကဲ့သို့ ၎င်း၊ များပြား စေ ၏။
Et le Roi fit que l'argent et l'or n'étaient non plus prisé dans Jérusalem, que les pierres; et les cèdres, que les figuiers sauvages qui [sont] dans les plaines, tant il y en avait.
16 ၁၆ ရှောလမုန် ထံသို့ မြင်း များကို အဲဂုတ္တု ပြည်၊ ကော မြို့မှ ဆောင် ခဲ့ရ၏။ ရှင်ဘုရင် ကုန်သည် တို့သည် အဘိုး ပေးလျက် ၊ ကော မြို့၌ ခံယူ ရကြ၏။
Or quant au péage qui appartenait à Salomon de la traite des chevaux qu'on tirait d'Egypte, et du fil, les fermiers du Roi se payaient en fil.
17 ၁၇ အဲဂုတ္တု ပြည်မှ ရထား တခုကိုငွေ ခြောက် ပိဿာ နှင့် ၎င်း၊ မြင်း တစီးကို တပိဿာ ငါးဆယ် နှင့် ၎င်း ရောင်းမြဲရှိ၏။ ထိုသို့ ဟိတ္တိ မင်းကြီး နှင့် ၊ ရှုရိ မင်းကြီး အပေါင်း တို့သည် အဲဂုတ္တု ရထားနှင့် မြင်းတို့ကိုရတတ်ကြ၏။
Mais on faisait monter et sortir d'Egypte chaque chariot pour six cents [pièces] d'argent, et chaque cheval pour cent cinquante; et ainsi on en tirait par le moyen de ces [fermiers] pour tous les Rois des Héthiens, et pour les Rois de Syrie.