< ၂ ရာဇဝင်ချုပ် 9 >
1 ၁ ရှေဘ ပြည်ကိုအစိုးရသောမိဖုရား သည် ရှောလမုန် ၏ သိတင်း ကိုကြား လျှင် ၊ နက်နဲ ခက်ခဲသော ပြဿနာအားဖြင့် သူ့ကိုစုံစမ်း ခြင်းငှါ ၊ နံ့သာမျိုး နှင့် များစွာ သောရွှေ ၊ အဘိုး ထိုက်သောကျောက် တို့ကို ဆောင် သောကုလားအုပ် များ၊ လိုက်သောသူများနှင့်တကွ ယေရုရှလင် မြို့သို့ လာ ၏။
၁ရှေဘပြည်ဘုရင်မသည်ရှောလမုန်၏ဂုဏ် သတင်းကိုကြားသိရသဖြင့် ခက်ခဲသောပုစ္ဆာ များဖြင့်မင်းကြီးအားပညာစမ်းရန်ယေရု ရှလင်မြို့သို့ကြွလာတော်မူ၏။ ဘုရင်မ သည်များစွာသောအခြွေအရံလိုက်ပါ လျက်နံ့သာမျိုးများ၊ ကျောက်မျက်ရတနာ များ၊ ရွှေအမြောက်အမြားတင်ဆောင်သည့် ကုလားအုတ်များနှင့်ရောက်ရှိလာလေသည်။ သူသည်မင်းကြီး၏ရှေ့တော်သို့ရောက်ရှိ လာသောအခါမိမိစဉ်းစားရသမျှသော ပုစ္ဆာတို့ကိုမေးတော်မူ၏။-
2 ၂ ရှောလမုန် မင်းကြီးထံ တော်သို့ ရောက် သောအခါ ၊ မိမိ အလို ဆန္ဒရှိသမျှ ကို ဆွေးနွှေး မေးမြန်းလေ၏။ သူ မေးမြန်း သော ပြဿနာရှိသမျှ တို့ကို ရှောလမုန် သည် ဖြေ လေ၏။ နားမလည် ၍ မ ဖြေ နိုင်သော အရာတစုံတခုမျှ မရှိ။
၂မင်းကြီးသည်တစ်ခုမကျန်ဖြေကြားတော်မူ သည်။ မင်းကြီးမဖြေရှင်းနိုင်သောပုစ္ဆာဟူ၍ မရှိ။-
3 ၃ ရှေဘ မိဖုရား သည် ရှောလမုန် ၏ ပညာ ကို၎င်း ၊ တည်ဆောက် သော အိမ် တော်ကို၎င်း၊
၃ရှေဘပြည်ဘုရင်မသည်ရှောလမုန်ထံမှ ဉာဏ်ပညာနှင့်ယှဉ်သောစကားများကိုကြား ၍ သူဆောက်လုပ်ထားသည့်နန်းတော်ကိုမြင် တော်မူ၏။-
4 ၄ စားပွဲ တော်တန်ဆာ ကို၎င်း ၊ အမှု တော်စောင့်တို့နေရာ ထိုင်ရာကို၎င်း ၊ လုလင် တို့ခစား သည် အခြင်းအရာကို၎င်း ၊ သူ တို့ဝတ်သော အဝတ် တန်ဆာကို၎င်း ၊ ဝန်စာရေး များ နှင့် သူ တို့ဝတ်သောအဝတ် တန်ဆာကို၎င်း ၊ ထာဝရဘုရား ၏ အိမ် တော်၌မီးရှို့ရာ ယဇ်ပူဇော်ခြင်းကို၎င်းမြင်သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊
၄ဘုရင်မသည်မင်းကြီးပွဲတော်တည်သော အစားအစာများ၊ မှူးမတ်တို့၏နေအိမ် များ၊ နန်းတော်အမှုထမ်းအရာထမ်းများ အားဖွဲ့စည်းပုံနှင့်သူတို့ဝတ်ဆင်ကြသည့် ဆင်တူဝတ်စုံများ၊ ပွဲလမ်းသဘင်အခါတွင် မင်းကြီးအားခစားရသူအစေခံများနှင့် သူတို့၏ဝတ်စုံများ၊ ဗိမာန်တော်တွင်မင်း ကြီးပူဇော်သည့်ယဇ်များကိုတွေ့မြင်သော အခါလွန်စွာအံ့သြလေသည်။
5 ၅ ကိုယ်တော် ၏ အခြင်း အရာနှင့် ကိုယ်တော် ၏ ပညာ ကို အကျွန်ုပ် သည် ကိုယ်ပြည် ၌ ကြား ရသော သိတင်းစကား မှန် ပါ၏။
၅ဘုရင်မကမင်းကြီးအား``အကျွန်ုပ်သည် ကျွန်ုပ်၏တိုင်းပြည်တွင်ရှိစဉ်အခါကအဆွေ တော်နှင့်အဆွေတော်၏ဉာဏ်ပညာအကြောင်း ကိုကြားသိခဲ့ရသည့်သတင်းသည်မှန်ပါ သည်တကား။-
6 ၆ သို့သော်လည်း ကိုယ်တိုင်ရောက် ၍ မ မြင် မှီ ထို စကား ကို မ ယုံ။ယခုမူကား၊ ကိုယ်တော် ပညာ ကျယ် ခြင်း အရာမှာ၊ အရင်ကြားရသောစကား သည် တဝက် ကိုမျှမ မှီ။ အကျွန်ုပ် ကြား ရသော သိတင်း ကို ကိုယ်တော်လွန်ကဲ ပါ၏။
၆ကိုယ်တိုင်မျက်မြင်ဒိဌမတွေ့မမြင်ရမီ အခါကထိုသတင်းကိုကျွန်ုပ်မယုံပါ။ အဆွေ တော်သည်လူတို့ပြောဆိုနေကြသည်ထက်ပင် ပို၍ဉာဏ်ပညာရှိတော်မူပါ၏။-
7 ၇ ရှေ့ တော်၌အစဉ် နေ ၍ ပညာ တော်ကို ကြား ရသော ကိုယ်တော် ၏လူ နှင့် ကိုယ်တော် ၏ကျွန် တို့သည် မင်္ဂလာ ရှိကြပါ၏။
၇အဆွေတော်၏အပါးတော်တွင်အစဉ်ခစား လျက် အဆွေတော်ထံမှဉာဏ်ပညာနှင့်ယှဉ် သောစကားများကိုကြားရသူတို့သည် အလွန်မင်္ဂလာရှိကြပါသည်တကား။-
8 ၈ ကိုယ်တော် ကို နှစ်သက် ၍ ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား ကိုယ်စားတော်ရှင်ဘုရင် အရာနှင့် ရာဇ ပလ္လင် တော်ပေါ် မှာ တင် တော်မူသောကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေ သတည်း။ ကိုယ်တော် ၏ဘုရားသခင် သည် ဣသရေလ အမျိုးကို ချစ် ၍ အစဉ်အမြဲ တည်စေချင်သောကြောင့်၊ ဖြောင့်မတ် စွာ တရား စီရင်စေခြင်းငှါ ကိုယ်တော် ကို ဣသရေလရှင်ဘုရင် အရာ ၌ ခန့်ထား တော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၍၊
၈အဆွေတော်၏ဘုရားသခင်ထာဝရဘုရား အားထောမနာပြုကြပါစေသတည်း။ ကိုယ် တော်သည်အဆွေတော်ကိုလွန်စွာနှစ်သက် မြတ်နိုးတော်မူသည်ဖြစ်၍ မိမိ၏ကိုယ်စား အုပ်စိုးနိုင်ရန်ဣသရေလဘုရင်အဖြစ်ချီး မြှောက်တော်မူပြီ။ ကိုယ်တော်သည်မိမိလူမျိုး တော်ဣသရေလအမျိုးသားတို့အားချစ် တော်မူ၍ထာဝစဉ်စောင့်ရှောက်တော်မူလို သဖြင့်တရားဥပဒေစိုးမိုးမှုနှင့်တရား မျှတမှုရှိနိုင်စေရန်အဆွေတော်အား သူတို့၏ဘုရင်အဖြစ်ဖြင့်ချီးမြှောက် တော်မူပြီ'' ဟုပြော၏။
9 ၉ ရွှေ အခွက် တရာ နှစ်ဆယ် ၊ နံ့သာမျိုး အများ၊ ကျောက်မြတ် တို့ကို ဆက် လေ၏။ ရှေဘ မိဖုရား သည် ရှောလမုန် မင်းကြီး အား ဆက် သော နံ့သာမျိုး နှင့် တူသော နံ့သာမျိုးသည် မ ရှိ။
၉ဘုရင်မသည်ရှောလမုန်မင်းအားရွှေချိန် ငါးတန်၊ နံ့သာမျိုးနှင့်ကျောက်မျက်ရတနာ အမြောက်အမြားကိုလက်ဆောင်အဖြစ်ပေး ဆက်တော်မူ၏။ ရှောလမုန်မင်းအားရှေဘ ပြည်ဘုရင်မပေးဆက်သည့်နံ့သာမျိုး ကဲ့သို့ကောင်းသည့်နံ့သာမျိုးကိုနောင် အဘယ်အခါ၌မျှမတွေ့ရတော့ချေ။
10 ၁၀ ဩဖိရ မြို့မှ ရွှေ ကိုဆောင် ခဲ့သော ဟိရံ ကျွန်နှင့် ရှောလမုန် ကျွန် တို့သည်၊ အာလဂုံ သစ်သား များ၊ ကျောက် မြတ် များတို့ကိုလည်း ဆောင် ခဲ့ကြ၏။
၁၀(သြဖိရမြို့မှရွှေကိုယူဆောင်လာသော ဟိရံမင်းနှင့်ရှောလမုန်မင်း၏လူတို့သည် ထင်းရှူးသားနှင့်ကျောက်မျက်ရတနာများ ကိုလည်းယူဆောင်လာကြ၏။-
11 ၁၁ ထိုအာလဂုံ သစ်သား ဖြင့် ရှင် ဘုရင်သည် ဗိမာန် တော် ပွတ်လုံးတန်း နှင့် နန်းတော် ပွတ်လုံးတန်းကို၎င်း၊ သီချင်း ဆိုသောသူဘို့ စောင်း နှင့် တယော တို့ကို၎င်း၊ လုပ် လေ၏။ ထိုသို့သော အာလဂုံသစ်သားသည် ယုဒ ပြည် ၌ တခါမျှ မပေါ် လာ။
၁၁ရှောလမုန်သည်ထင်းရှူးသားကိုဗိမာန်တော်နှင့် မိမိ၏နန်းတော်လှေကားများပြုလုပ်ရာတွင် လည်းကောင်း၊ ဂီတဆရာများအတွက်စောင်း ကြီးစောင်းငယ်များပြုလုပ်ရာတွင်လည်း ကောင်းအသုံးပြုတော်မူ၏။ ထိုမျှကောင်း သောထင်းရှူးသားမျိုးကို ယခင်အဘယ်အခါ ကမျှယုဒပြည်တွင်မတွေ့မမြင်ဘူးကြ။)
12 ၁၂ ရှောလမုန် မင်းကြီး သည် ရှေဘ မိဖုရား ဆက် သည်အတွက် ပြန်ပေးသောလက်ဆောင်မှတပါး၊ မိဖုရား ၏ အလို ဆန္ဒပြည့်စုံစေခြင်းငှါ သူတောင်း သမျှ ကိုလည်း ပေး တော်မူ၏။ ထိုနောက်မှမိဖုရားသည် မိမိ ကျွန် တို့နှင့်တကွ မိမိ ပြည် သို့ ပြန် သွားလေ၏။
၁၂ရှောလမုန်မင်းသည်ဘုရင်မထံမှရရှိသည့် လက်ဆောင်များအတွက် မိမိပြန်လည်ပေးသည့် လက်ဆောင်များအပြင်ဘုရင်မအလိုရှိ သမျှသောအရာများကိုပေးတော်မူ၏။ ထို နောက်ဘုရင်မနှင့်အခြွေအရံတို့သည် ရှေဘပြည်သို့ပြန်သွားကြ၏။
13 ၁၃ ရှောလမုန် ထံသို့ တနှစ် တနှစ်လျှင် ရောက် သော ရွှေ ချိန် ကား အခွက် ခြောက် ရာ ခြောက်ဆယ် ခြောက် ပိဿာဖြစ် သတည်း။
၁၃ကုန်သည်တို့ပေးသွင်းသည့်အခွန်တော်များ အပြင်နှစ်စဉ်နှစ်တိုင်းရှောလမုန်မင်းထံဆက် သွင်းရသောရွှေချိန်မှာနှစ်ဆယ့်ငါးတန်ကျော် ကျော်ဖြစ်၏။ အာရပ်ဘုရင်များနှင့်ဣသရေလ နယ်မြေဘုရင်ခံများကလည်းမင်းကြီးထံ ရွှေ၊ နှင့်ငွေများကိုဆက်သွင်းရကြသည်။-
14 ၁၄ ထိုမှတပါး၊ ကုန်သည် များ၊ လှည်းသမားများ၊ အာရပ် မင်းကြီး ရှိသမျှ ၊ မြို့ဝန် များဆက် သော ရွှေ ရှိသေး ၏။
၁၄
15 ၁၅ ရှောလမုန် မင်းကြီး သည် ရွှေ ခြောက် ပိဿာ စီဖြင့် ဒိုင်းကြီး နှစ်ရာ၊
၁၅ရှောလမုန်သည်တစ်ဆယ့်ငါးပေါင်နီးပါး စီရှိသည့်ရွှေပြားများဖြင့်မွမ်းမံထားသည့် ဒိုင်းကြီးနှစ်ရာ၊-
16 ၁၆ သုံး ပိဿာ စီဖြင့် ဒိုင်း ငယ်သုံး ရာ တို့ကို ထု လုပ်၍၊ လေဗနုန် တော သစ်သားနှင့် တည်ဆောက်သော နန်းတော် ၌ ထား တော်မူ၏။
၁၆ရှစ်ပေါင်နီးပါးစီရှိသည့်ရွှေပြားများဖြင့် မွမ်းမံထားသောဒိုင်းငယ်သုံးရာကိုပြုလုပ် တော်မူသည်။ သူသည်ထိုဒိုင်းအားလုံးကို လေဗနုန်တောခန်းမဆောင်တွင်ထားရှိ စေ၏။
17 ၁၇ ရှင် ဘုရင်သည်လည်း ဆင်စွယ် ရာဇ ပလ္လင်ကြီး ကို လုပ် ၍ ရွှေ စင် နှင့် မွမ်းမံ လေ၏။
၁၇မင်းကြီးသည်တစ်ပိုင်းကိုဆင်စွယ်ဖြင့်လည်း ကောင်း၊ ကျန်တစ်ပိုင်းကိုရွှေစင်ဖြင့်လည်း ကောင်းမွမ်းမံထားသောရာဇပလ္လင်ကြီး ကိုပြုလုပ်စေတော်မူ၏။-
18 ၁၈ လှေကား ခြောက် ထစ်နှင့် ရွှေ ဘိနပ် သည် ရာဇ ပလ္လင် တော်နှင့် တဆက် တည်းရှိ၏။ ထိုင် ရာတဘက် တချက်၌ မှီစရာလက်ရုံးတန်း နှင့် ပြည့်စုံ၍၊ လက်ရုံးတန်း အနား မှာ ခြင်္သေ့ နှစ် ကောင်ရပ် နေ၏။
၁၈ထိုရာဇပလ္လင်သို့တတ်ရန်လှေကားခြောက် ထစ်ရှိလေသည်။ ရာဇပလ္လင်နှင့်တစ်စပ်တည်း ရွှေဖြင့်မွမ်းမံထားသောခြေတော်တင်ခုံရှိ၏။ ရာဇပလ္လင်၏တစ်ဖက်တစ်ချက်တွင်လက်ရုံး တန်းတစ်ခုစီရှိ၍ယင်းတို့၏နံဘေးတွင် ရပ်လျက်နေသောခြင်္သေ့ရုပ်တစ်ကောင်စီ ရှိ၏။-
19 ၁၉ လှေကား ခြောက် ထစ်အပေါ် တွင်၊ တဘက်တချက် ၌လည်း ခြင်္သေ့ တဆယ် နှစ် ကောင်ရပ် နေ၏။ ထိုသို့ သော ရာဇပလ္လင်သည် အဘယ် တိုင်း နိုင်ငံ၌မျှမ ရှိ။
၁၉လှေကားထစ်များ၏အစွန်းတစ်ဖက်တစ်ချက် စီတွင်ခြင်္သေ့ရုပ်တစ်ကောင်စီဖြင့်ခြင်္သေ့ရုပ်တစ် ဆယ့်နှစ်ကောင်ရှိလေသည်။ အခြားအဘယ် တိုင်းပြည်တွင်မျှဤကဲ့သို့သောရာဇပလ္လင် မျိုးမရှိခဲ့ဘူးချေ။
20 ၂၀ ရှောလမုန် မင်းကြီး သောက် သော ဖလား တော် ရှိသမျှ နှင့် လေဗနုန် နန်းတော် ၌ သုံးသောဖလားတော် ရှိသမျှတို့သည် ငွေဖလားမဟုတ်၊ ရွှေဖလားသက်သက်ဖြစ်၏။ ရှောလမုန် လက်ထက် ၌ ငွေ ကို အလျှင်းပမာဏ မပြုတတ်ကြ။
၂၀ရှောလမုန်မင်း၏သောက်တော်ရေဖလားမှန် သမျှသည်ရွှေဖြင့်ပြီး၍ လေဗနုန်တောခန်း မဆောင်တွင်ရှိသမျှသောခွက်ယောက်အသုံး အဆောင်များသည်လည်းရွှေစင်ဖြင့်ပြီး သတည်း။ ရှောလမုန်၏ခေတ်၌ငွေကိုတန် ဖိုးမထားကြ။-
21 ၂၁ ရှင်ဘုရင် ၏သင်္ဘော သည် ဟိရံ မင်းကျွန် တို့နှင့် တာရှု မြို့သို့ သွား တတ်သဖြင့်၊ သုံး နှစ် တခါ တာရှု သင်္ဘော သည် ပြန်လာ ၍ ရွှေ ၊ ငွေ ၊ ဆင်စွယ် ၊ မျောက် များ၊ ဒေါင်း များကို ဆောင် ခဲ့၏။
၂၁မင်းကြီး၌ဟိရံမင်း၏သင်္ဘောစုနှင့်အတူပင် လယ်သွားသင်္ဘောများရှိ၏။ သူ၏သင်္ဘောတို့ သည် ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များကို တင်ဆောင်၍သုံးနှစ်တစ်ကြိမ်ပြန်လည်ရောက် ရှိလေသည်။-
22 ၂၂ ထိုသို့ ရှောလမုန် သည် မြေကြီး ပေါ်မှာရှိသမျှ သော ရှင် ဘုရင်တို့ထက် ပညာ နှင့် စည်းစိမ် အားဖြင့် လွန်ကဲ ၏။
၂၂ရှောလမုန်မင်းသည်ကမ္ဘာပေါ်ရှိဘုရင်တကာ တို့ထက်ချမ်းသာကြွယ်ဝ၍ဉာဏ်ပညာရှိ တော်မူ၏။-
23 ၂၃ ရှောလမုန် ၏ နှလုံး ၌ ဘုရားသခင် သွင်းပေး တော်မူသော ပညာ ကို အတိုင်းတိုင်း အပြည်ပြည်ရှင် ဘုရင်တို့သည် ကြား ရအံ့သောငှါ ၊ မျက်နှာ တော်ကို ဖူး လာကြ၏။
၂၃သူတို့သည်ရှောလမုန်အားထာဝရဘုရား ပေးတော်မူသောဉာဏ်ပညာတော်နှင့် ယှဉ် သည့်စကားများကြားနာရန်သူ့ထံသို့ လာရောက်ကြ၏။-
24 ၂၄ လာ သောသူအသီးအသီး တို့သည် ရွှေ ဖလား ၊ ငွေ ဖလား ၊ အဝတ် တန်ဆာ၊ စစ်တိုက် လက်နက်၊ နံ့သာမျိုး ၊ မြင်းလား တို့ကို နှစ် တိုင်းအခွန် ဆက်ရကြ၏။
၂၄ထိုသူအသီးသီးတို့သည်ရွှေထည်၊ ငွေထည်၊ အဝတ်ထည်၊ လက်နက်၊ နံ့သာမျိုး၊ မြင်းနှင့် လားတို့ကိုလက်ဆောင်အဖြစ်ဖြင့်ရှောလမုန် ထံနှစ်စဉ်ဆက်သကြလေသည်။
25 ၂၅ ရှောလမုန် သည်လည်း ၊ ရထား တော်များနှင့် ထိုင်သောမြင်း တင်းကုပ် လေး ထောင် ၊ မြင်း စီးသူရဲ တသောင်း နှစ်ထောင်ရှိ ၏။ ရထား ထိန်းမြို့ တို့၌ ၎င်း၊ ယေရုရှလင် မြို့ အထံတော်၌ ၎င်း ထား ၏။
၂၅ရှောလမုန်မင်းတွင်စစ်ရထားများနှင့်မြင်းများ အတွက်မြင်းစောင်းလေးထောင်ရှိ၍တိုက်မြင်း တစ်သောင်းနှစ်ထောင်လည်းရှိလေသည်။ ထိုမြင်း အချို့တို့ကိုယေရုရှလင်မြို့၌လည်းကောင်း၊ အချို့တို့ကိုအခြားမြို့များ၌လည်းကောင်း ထားရှိတော်မူ၏။-
26 ၂၆ မြစ် ကြီးမှစ၍ ဖိလိတ္တိ ပြည် နှင့် အဲဂုတ္တု ပြည်စွန်း တိုင်အောင် ရှိ သောရှင်ဘုရင် အပေါင်း တို့ကို အစိုးရ ၏။
၂၆ရှောလမုန်သည်ဥဖရတ်မြစ်မှသည်ဖိလိတ္တိ ပြည်နှင့်အီဂျစ်ပြည်နယ်စပ်တိုင်အောင် အရပ် ရပ်ရှိဘုရင်တို့ကိုအုပ်စိုးရ၏။-
27 ၂၇ ရှင် ဘုရင်သည် ယေရုရှလင် မြို့၌ ငွေ ကို ကျောက်ခဲ ကဲ့သို့ ၎င်း၊ အာရဇ် ပင်တို့ကို လွင်ပြင် ၌ ပေါက်သော သဖန်း ပင်ကဲ့သို့ ၎င်း များပြား စေ ၏။
၂၇သူ၏လက်တော်၌ယေရုရှလင်မြို့တွင်ငွေသည် ကျောက်ခဲကဲ့သို့လည်းကောင်း၊ သစ်ကတိုးသား သည်ယုဒတောင်ခြေတွင်အလေ့ကျပေါက် သောသဖန်းပင်ကဲ့သို့လည်းကောင်းပေါများ လေသည်။-
28 ၂၈ ရှောလမုန် ထံသို့ မြင်း များကို အဲဂုတ္တ ပြည်အစ ရှိသောခပ်သိမ်း သော ပြည် မှ ဆောင် ခဲ့ကြ၏။
၂၈ရှောလမုန်သည်မြင်းများကိုမုသရိ ခေါ်အီဂျစ်နှင့်အခြားတိုင်းပြည်များမှ တင်သွင်းခဲ့သည်။
29 ၂၉ ရှောလမုန် ပြုမူသော အမှု အရာကြွင်းလေသမျှ အစ ဆုံး တို့သည်၊ ပရောဖက် နာသန် ၏ကျမ်း ၊ ရှိလော မြို့သားအဟိယ ၏အနာဂတ္တိ ကျမ်း၊ နေဗတ် သား ယေရောဗောင် တဘက် ၌ ပရောဖက် ဣဒ္ဒေါ ၏ ဗျာဒိတ် ကျမ်း၌ ရေးထား လျက်ရှိ၏။
၂၉ကြွင်းကျန်သောရှောလမုန်၏အကြောင်းကို အစမှအဆုံးတိုင်အောင်ပရောဖက်နာသန် ၏ကျမ်း၊ ရှိလောမြို့သားအဟိယ၏ပရောဖက် ကျမ်း၊ ဣသရေလဘုရင်ယေရောဗောင်၏နန်း ဆက်အကြောင်းကိုလည်းဖော်ပြပါရှိသည့် ပရောဖက်ဣဒ္ဒေါ၏ဗျာဒိတ်ရူပါရုံကျမ်းများ တွင်မှတ်တမ်းတင်ထားသတည်း။-
30 ၃၀ ရှောလမုန် သည် ယေရုရှလင် မြို့၌ နေ၍ ဣသရေလ နိုင်ငံလုံး ကို အနှစ် လေးဆယ် စိုးစံ ပြီးမှ၊
၃၀ရှောလမုန်သည်ယေရုရှလင်မြို့တွင်နန်းစံ တော်မူ၍ဣသရေလတစ်နိုင်ငံလုံးကို အနှစ်လေးဆယ်အုပ်စိုးတော်မူ၏။-
31 ၃၁ ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ခမည်းတော် ဒါဝိဒ် မြို့ ၌ သင်္ဂြိုလ် ခြင်းကိုခံ လေ၏။ သား တော် ရောဗောင် သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။
၃၁သူကွယ်လွန်သောအခါသားတော်ရောဗောင် သည်ခမည်းတော်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။