< ၂ ရာဇဝင်ချုပ် 6 >
1 ၁ ရှောလမုန် ကလည်း၊ ထာဝရဘုရား သည်၊ ထူထပ် သော မှောင်မိုက်ထဲမှာ နေ တော်မူသည်ဟု စကား တော်ရှိ၏။
Then said Solomon, The LORD hath said that he would dwell in the thick darkness.
2 ၂ သို့ရာတွင် ကိုယ်တော် ကျိန်းဝပ် တော်မူရာအိမ် ၊ အစဉ်အမြဲ နေ တော်မူရာ ဌာန တော်ကို အကျွန်ုပ် တည်ဆောက် ပါပြီဟု မြွက်ဆို ၏။
But I have built a house of habitation for thee, and a place for thy dwelling for ever.
3 ၃ တဖန်ရှင် ဘုရင်သည် လှည့် ကြည့်၍ ဣသရေလ အမျိုးပရိသတ် အပေါင်း ကို ကောင်းကြီး ပေးတော်မူ၏။ ဣသရေလ အမျိုးပရိသတ် အပေါင်း တို့သည် မတ်တတ် နေကြ၏။
And the king turned his face, and blessed the whole congregation of Israel: and all the congregation of Israel stood.
4 ၄ ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ် တော်စကားဟူမူကား၊ ငါ ၏လူ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော နေ့ က စ၍၊ ငါ့ နာမ တည် ရာ အိမ် ကို ဆောက် စေခြင်းငှါ ၊
And he said, Blessed [be] the LORD God of Israel, who hath with his hands fulfilled [that] which he spoke with his mouth to my father David, saying,
5 ၅ ဣသရေလ ခရိုင် များတို့တွင် မြို့ တစုံတမြို့ကို ငါမ ရွေး ၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုး ရသောသူကိုလည်း ငါမ ရွေး သေး။
Since the day that I brought forth my people from the land of Egypt I chose no city among all the tribes of Israel to build a house in, that my name might be there; neither chose I any man to be a ruler over my people Israel:
6 ၆ ယခုမူကား၊ ငါ့ နာမ တည် ရာ ယေရုရှလင် မြို့ကို ၎င်း၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုး စေခြင်းငှါ ဒါဝိဒ် ကို ၎င်း၊ ငါရွေး ပြီဟု ငါ့ ခမည်းတော် ဒါဝိဒ် အား ဗျာဒိတ် တော်ရှိသည်အတိုင်း၊ ပြုတော်မူသောဣသရေလ အမျိုး ၏ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေ သတည်း။
But I have chosen Jerusalem, that my name might be there; and have chosen David to be over my people Israel.
7 ၇ ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ၏နာမတော် အဘို့ အိမ် တော်ကို တည်ဆောက် ခြင်းငှါ ၊ ငါ့ ခမည်းတော် ဒါဝိဒ် သည် အကြံ ရှိ သောအခါ၊
Now it was in the heart of David my father to build a house for the name of the LORD God of Israel:
8 ၈ ထာဝရဘုရား က၊ သင် သည် ငါ့ နာမ အဘို့ အိမ် ကို တည်ဆောက် ခြင်းငှါ အကြံ ရှိ သောကြောင့် ၊ ကောင်း သောအမှုကိုပြုပြီ။
But the LORD said to David my father, Forasmuch as it was in thy heart to build a house for my name, thou didst well in that it was in thy heart;
9 ၉ သို့သော်လည်း သင် သည် အိမ် တော်ကို မ ဆောက် ရ။ သင် ၏သားရင်း သည် ငါ့ နာမ အဘို့ အိမ် တော်ကို ဆောက် ရမည်ဟု ငါ့ ခမည်းတော် ဒါဝိဒ် အား မိန့် တော်မူ၏။
Notwithstanding thou shalt not build the house; but thy son who shall come forth out of thy loins, he shall build the house for my name.
10 ၁၀ ထာဝရဘုရား သည် အမိန့် တော်ရှိသည်အတိုင်း ပြု တော်မူသဖြင့် ၊ ငါသည် ငါ့ ခမည်းတော် ဒါဝိဒ် ၏ အရိပ် အရာကိုခံရ၍ ၊ ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် လျက် ၊ ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် လေပြီ။
The LORD therefore hath performed his word that he hath spoken; for I am raised up in the room of David my father, and am set on the throne of Israel, as the LORD promised, and have built the house for the name of the LORD God of Israel.
11 ၁၁ ဣသရေလ အမျိုးသား တို့နှင့် ထာဝရဘုရား ဖွဲ့ တော်မူသော ပဋိညာဉ် ကျောက်စာပါသော သေတ္တာ တော်ကို ထို အိမ်တော်၌ တင် ထားလေပြီဟု မြွက်ဆို၏။
And in it have I put the ark, in which [is] the covenant of the LORD, that he made with the children of Israel.
12 ၁၂ ထိုအခါ ရှောလမုန် သည် အလျား ငါး တောင် ၊ အနံ ငါး တောင်၊
And he stood before the altar of the LORD in the presence of all the congregation of Israel, and spread forth his hands:
13 ၁၃ အမြင့် သုံး တောင် ရှိသောပလ္လင်ကိုလုပ် ၍၊ တန်တိုင်း အလယ် ၌ ထား နှင့် သော ထိုပလ္လင် ပေါ် သို့ တက် ပြီးလျှင် ၊ ထာဝရဘုရား ၏ယဇ် ပလ္လင်ရှေ့ ၊ ဣသရေလ အမျိုးပရိသတ် အပေါင်း တို့ အလယ် မှာဒူး ထောက် ၍ ၊ လက်ဝါး တို့ကို ကောင်းကင် သို့ ဖြန့် လျက်၊
(For Solomon had made a brazen scaffold, of five cubits long, and five cubits broad, and three cubits high, and had set it in the midst of the court: and upon it he stood, and kneeled upon his knees before all the congregation of Israel, and spread forth his hands towards heaven, )
14 ၁၄ အိုဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၊ ကောင်းကင် ပေါ် မြေကြီး ပေါ် မှာကိုယ်တော် နှင့် တူသောဘုရား တဆူမျှ မရှိပါ။ ရှေ့ တော်၌ စိတ်နှလုံး အကြွင်းမဲ့ ကျင့် သောကိုယ်တော် ၏ ကျွန် တို့အဘို့ ပဋိညာဉ် တရားနှင့် ကရုဏာ တရားကို စောင့်ရှောက် တော်မူပြီ။
And said, O LORD God of Israel, [there is] no God like thee in the heaven, nor on the earth; who keepest covenant, and [showest] mercy to thy servants, that walk before thee with all their hearts:
15 ၁၅ အကျွန်ုပ် အဘ ဒါဝိဒ် ၌ ထား တော်မူသော ဂတိတော် ကိုမဖျက်၊ မိန့်တော်မူသည်အတိုင်း ယနေ့ ပြု တော်မူပြီ။
Thou who hast kept with thy servant David my father that which thou hast promised him; and hast spoken with thy mouth, and hast fulfilled [it] with thy hand, as [it is] this day.
16 ၁၆ အိုဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်က၊ သင်သည်ငါ့ ရှေ့ မှာ ကျင့် သကဲ့သို့ သင် ၏ သား မြေးတို့သည်ငါ့ တရား ကို ကျင့် လိုသောငှါ ၊ မိမိ တို့ သွားရာလမ်း ကို သတိပြု လျှင် ၊ ငါ့ မျက်မှောက် ၌ ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် ရသောသင် ၏ အမျိုး မင်းရိုးမ ပြတ် ရဟု ကိုယ်တော် ကျွန် အကျွန်ုပ် အဘ ဒါဝိဒ် ၌ ထား တော်မူသောဂတိတော်ကို ယခု စောင့် တော်မူပါ။
Now therefore, O LORD God of Israel, keep with thy servant David my father that which thou hast promised him, saying, There shall not fail thee a man in my sight to sit upon the throne of Israel; provided thy children take heed to their way to walk in my law, as thou hast walked before me.
17 ၁၇ အိုဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ကျွန် အကျွန်ုပ်အဘ ဒါဝိဒ် အား မိန့် တော်မူသော စကား တော်ကို ယခု ပြည့်စုံ စေတော်မူပါ။
Now then, O LORD God of Israel, let thy word be verified, which thou hast spoken to thy servant David.
18 ၁၈ သို့ရာတွင် ဘုရားသခင် သည် မြေကြီး ပေါ် မှာ လူ တို့တွင် ဧကန် အမှန်ကျိန်းဝပ် တော်မူမည်လော။ကောင်းကင် နှင့် ကောင်းကင် တကာတို့၏အထွဋ်၊ အမြင့်ဆုံး သော ကောင်းကင်သည်ကိုယ်တော် ကို မ ဆံ့ မခံနိုင်သည်ဖြစ်၍၊ အကျွန်ုပ်တည်ဆောက် သော ဤ အိမ် ကို အဘယ် ဆိုဘွယ်ရာရှိပါသနည်း။
But will God in very deed dwell with men on the earth? behold, heaven and the heaven of heavens cannot contain thee; how much less this house which I have built!
19 ၁၉ သို့သော်လည်း အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ကျွန် သည် ရှေ့ တော်၌ ယနေ့ကြွေးကြော် လျက် ပဌနာ ပြု၍ တောင်းလျှောက် သော စကားကို နားခံ နာယူ တော်မူပါ။
Have respect therefore to the prayer of thy servant, and to his supplication, O LORD my God, to hearken to the cry and the prayer which thy servant prayeth before thee:
20 ၂၀ ဤမည်သောအရပ်၌ ငါ့နာမတည်ရမည်ဟု မိန့် တော်မူသည်အတိုင်း၊ ဤအရပ် ဌာနနှင့် ဤ အိမ် တော်ကို နေ့ ညဉ့်မပြတ်ကြည့်ရှု ၍ ကိုယ်တော် ကျွန် သည် ဤ အရပ် ဌာန၌ ဆုတောင်း သော စကား ကို နားထောင် တော်မူပါ။
That thy eyes may be open upon this house day and night, upon the place of which thou hast said, that thou wouldst put thy name there; to hearken to the prayer which thy servant prayeth towards this place.
21 ၂၁ ကိုယ်တော် ကျွန် မှစ၍ကိုယ်တော် ၏ လူ ဣသရေလ အမျိုးသားတို့သည် ဤ အရပ် ဌာန၌ ဆုတောင်း ပဌနာပြုကြသောအခါ ၊ ကျိန်းဝပ် တော်မူရာကောင်းကင် ဘုံ၌ နားထောင် ၍ အပြစ် မှလွှတ်တော်မူပါ။
Hearken therefore to the supplications of thy servant, and of thy people Israel, which they shall make towards this place: hear thou from thy dwelling-place, [even] from heaven; and when thou hearest, forgive.
22 ၂၂ လူ သည်မိမိ အိမ်နီးချင်း ကို ပြစ်မှား သောကြောင့် ၊ အကျိန် ခံရမည်ဟုအိမ်နီးချင်းဆိုလျက်၊ ဤ အိမ် တော်၌ ကိုယ်တော် ၏ ယဇ် ပလ္လင်ရှေ့ မှာ အကျိန်တိုက်လျှင်၊
If a man shall sin against his neighbor, and an oath be laid upon him to make him swear, and the oath shall come before thy altar in this house;
23 ၂၃ ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။ မ တရားသောသူသည် မိမိအပြစ်နှင့်အလျောက်ရှုံးစေခြင်းငှါ၎င်း၊ ဖြောင့်မတ်သောသူသည် မိမိ ဖြောင့်မတ် ခြင်း နှင့် အလျောက်အကျိုးကိုခံရ ၍ အပြစ် မှ လွတ်စေခြင်းငှါ ၎င်း ၊ ကိုယ်တော် ကျွန် တို့ကို တရား စီရင်တော်မူပါ။
Then hear thou from heaven, and do, and judge thy servants, by requiting the wicked, by recompensing his way upon his own head; and by justifying the righteous, by giving him according to his righteousness.
24 ၂၄ ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော် ကို ပြစ်မှား သောအပြစ်ကြောင့် ၊ ရန်သူ ရှေ့ မှာ ရှုံး ရသောအခါ ၊ ကိုယ်တော် ထံ သို့ပြန်လာ ၍ နာမ တော်ကို ဝန်ခံ လျက် ၊ ဤ အိမ် တော်ကို မှီခို လျက်၊ ဆုတောင်း ပဌနာ ပြုလျှင်၊
And if thy people Israel shall be put to the worse before the enemy, because they have sinned against thee; and shall return and confess thy name, and pray and make supplication before thee in this house;
25 ၂၅ ကောင်းကင် ဘုံ၌ နားထောင် ၍ ၊ ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့ကို အပြစ် မှလွှတ် တော်မူပါ။ ဘိုးဘေး တို့အား ပေး သနားတော်မူသောပြည်သို့ တဖန် ပို့ဆောင် တော်မူပါ။
Then hear thou from the heavens, and forgive the sin of thy people Israel, and bring them again to the land which thou gavest to them and to their fathers.
26 ၂၆ ကိုယ်တော် ကို ပြစ်မှား သောအပြစ်ကြောင့် မိုဃ်း မ ရွာ၊ မိုဃ်းခေါင် သဖြင့် ၊ ကိုယ်တော်သည် ဆုံးမ တော်မူသောအခါ၊ သူတို့သည် ဤ အရပ် ဌာနတော်ကို မှီခိုလျက် ဆုတောင်း ၍ ၊ နာမ တော်ကို ဝန်ခံ လျက် မိမိ ဒုစရိုက် ကို စွန့်ပယ်လျှင်၊
When the heaven is shut, and there is no rain, because they have sinned against thee; [yet] if they pray towards this place, and confess thy name, and turn from their sin, when thou dost afflict them;
27 ၂၇ ကောင်းကင် ဘုံ၌နားထောင် ၍ ကိုယ်တော် ၏ ကျွန် ၊ ကိုယ်တော် ၏လူ ဣသရေလ အမျိုးတို့ကို အပြစ် မှ လွှတ် တော်မူပါ။ သူ တို့လိုက် ရသောလမ်း ကောင်း ကို ပြညွှန် ၍ ၊ ကိုယ်တော် ၏ လူ တို့အား အမွေ ပေးသော မြေ ပေါ် မှာ မိုဃ်းရွာ စေတော်မူပါ။
Then hear thou from heaven, and forgive the sin of thy servants, and of thy people Israel, when thou hast taught them the good way in which they should walk; and send rain upon thy land, which thou hast given to thy people for an inheritance.
28 ၂၈ ပြည် တော်၌ အစာအာဟာရ ခေါင်းပါး သော်၎င်း၊ လေ ထိ၍ အပင်သေသော်၎င်း၊ အရည် ယို၍သေ သော်၎င်း၊ အရာဘကျိုင်း ၊ ခါသိလကျိုင်း ကိုက်စားသော်၎င်း၊ ရန်သူ တိုက်လာ၍ မြို့ ကိုဝိုင်း ထားသော်၎င်း၊ ဘေးဥပဒ် အနာရောဂါတစုံတခု ရောက် သောခါ၊
If there shall be dearth in the land, if there be pestilence, if there be blasting, or mildew, locusts, or caterpillars; if their enemies shall besiege them in the cities of their land; whatever calamity, or whatever sickness [there be]:
29 ၂၉ ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားအချို့ တို့ သည် အသီးအသီး ခံရသောဘေးဒဏ် ကိုသိ လျက်၊ ဤ အိမ် တော်သို့ မိမိ တို့လက်ဝါး ကို ဖြန့် ၍ တစုံ တခုသောပဌနာ စကားအားဖြင့်ဆုတောင်း လျှင်၊
[Then] whatever prayer, [or] whatever supplication shall be made by any man, or by all the people of Israel, when every one shall know his own calamity, and his own grief, and shall spread forth his hands in this house:
Then hear thou from heaven thy dwelling-place, and forgive, and render to every man according to all his ways, whose heart thou knowest (for thou only knowest the hearts of the children of men: )
31 ၃၁ ကျိန်းဝပ် တော်မူရာ ကောင်းကင်ဘုံ ၌ ၊ နားထောင် တော်မူပါ။ ဘိုးဘေး တို့အား ပေးသနား တော်မူသော ပြည် ၌ သူ တို့သည် အသက်ရှင် သော ကာလ ပတ်လုံး ကိုယ်တော်ကိုကြောက်ရွံ့ ၍၊ တရားတော်လမ်း သို့လိုက်ပါ မည်အကြောင်း ၊ ကိုယ်တော် သာလျှင် လူသတ္တဝါ အပေါင်းတို့၏စိတ်နှလုံး သဘောကိုသိ တော်မူသည်ဖြစ်၍၊ ဆုတောင်းသောသူတို့၏စိတ်နှလုံး သဘောကိုသိ လျက် သူတို့အပြစ်ကိုလွှတ် တော်မူပါ။ အသီးအသီး ပြုကြသည်အတိုင်း စီရင် တော်မူပါ။
That they may fear thee, to walk in thy ways, so long as they live in the land which thou gavest to our fathers.
32 ၃၂ ကိုယ်တော် ၏လူ ဣသရေလ အမျိုးမ ဟုတ်၊ တပါး အမျိုးသားတို့ သည်ကြီးမြတ် သောနာမ တော်နှင့် တန်ခိုး ကြီး၍ ဆန့် တော်မူသောလက်ရုံး တော်ကိုထောက် သဖြင့်၊ ဝေး သောပြည် မှ ရောက် လာ၍ ဤ အိမ် တော်ကို မှီခိုလျက်ဆုတောင်း လျှင်၊
Moreover concerning the stranger, who is not of thy people Israel, but hath come from a distant country for thy great name's sake, and thy mighty hand, and thy out-stretched arm; if they come and pray in this house;
33 ၃၃ ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။ ကိုယ်တော် ၏ လူ ဣသရေလ အမျိုးသားတို့သည်ကိုယ်တော် ကို ကြောက်ရွံ့ သကဲ့သို့၊ မြေကြီး သား အပေါင်း တို့သည် ကြောက်ရွံ့လျက် နာမ တော် ကို သိ စေခြင်းငှါ၎င်း၊ အကျွန်ုပ်တည်ဆောက် သော ဤ အိမ် တော်ကို နာမ တော်ဖြင့် သမုတ် ကြောင်းကို သိ စေခြင်းငှါ ၎င်း၊ ထို တပါး အမျိုးသားတို့သည် ဆုတောင်း သမျှ အတိုင်း ကျေးဇူးပြု တော်မူပါ။
Then hear thou from the heavens, [even] from thy dwelling-place, and do according to all that the stranger calleth to thee for; that all people of the earth may know thy name, and fear thee, as [do] thy people Israel, and may know that this house which I have built is called by thy name.
34 ၃၄ ကိုယ်တော်စေခိုင်း တော်မူသည်အတိုင်း ၊ ကိုယ်တော် ၏လူ တို့သည် ရန်သူ တို့ရှိရာသို့ စစ်ချီ သောအခါ ရွေး တော်မူသော မြို့ ၊ နာမ တော်အဘို့ အကျွန်ုပ် တည်ဆောက် သော အိမ် တော်ကို မှီခိုလျက် ကိုယ်တော် အား ဆုတောင်း ကြလျှင်၊
If thy people go out to war against their enemies by the way that thou shalt send them, and they pray to thee towards this city which thou hast chosen, and the house which I have built for thy name;
35 ၃၅ သူ တို့ ဆုတောင်း ပဌနာ ပြုသော စကားကို ကောင်းကင် ဘုံ၌ နားထောင် ၍ သူ တို့အမှု ကို စောင့် တော်မူပါ။
Then hear thou from the heavens their prayer and their supplication, and maintain their cause.
36 ၃၆ မ ပြစ်မှား တတ်သော သူ တယောက် မျှမရှိသည် ဖြစ်၍ ၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော် ကို ပြစ်မှား သောကြောင့် ၊ အမျက် တော်ထွက်၍ ရန်သူ လက်သို့ အပ် တော်မူသဖြင့် ၊ ရန်သူတို့သည် ဝေး သောပြည် ၊ နီး သောပြည်၊ အခြားတပါးသော ပြည်သို့သိမ်းသွား လျှင် ၎င်း၊
If they sin against thee, (for [there is] no man who sinneth not, ) and thou be angry with them, and deliver them over before [their] enemies, and they carry them away captives to a land far off or near;
37 ၃၇ ထိုပြည် ၌ အချုပ် ခံစဉ်၊ သူတို့သည် သတိရ ၍ အကျွန်ုပ်တို့သည် ပြစ်မှား ပါပြီ။ မ ဖြောင့်သောအမှု၊ ဆိုးညစ် သောအမှုကို ပြုမိပါပြီဟု စိတ် ပြောင်းလဲ ၍ တောင်းပန် သဖြင့်၊
Yet [if] they bethink themselves in the land whither they are carried captive, and turn and pray to thee in the land of their captivity, saying, We have sinned, we have done amiss, and have dealt wickedly;
38 ၃၈ သိမ်းသွား သော ရန်သူတို့၏ ပြည် ၌ နေစဉ်၊ စိတ် နှလုံးအကြွင်းမဲ့ အထံ တော်သို့ ပြန်လာ ၍၊ ဘိုးဘေး တို့ အား ပေး တော်မူသော ပြည် ၊ ရွေး တော်မူသော မြို့ ၊ နာမ တော် အဘို့ အကျွန်ုပ်တည်ဆောက် သော အိမ် တော်ကို မှီခိုလျက် ဆုတောင်း လျှင် ၎င်း၊
If they return to thee with all their heart and with all their soul in the land of their captivity, whither they have carried them captives, and pray towards their land which thou gavest to their fathers, and [towards] the city which thou hast chosen, and towards the house which I have built for thy name:
39 ၃၉ သူ တို့ဆုတောင်း ပဌနာ ပြုသောစကားကို ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် ၍ သူ တို့ အမှု ကို စောင့် တော်မူပါ။ ကိုယ်တော် ကို ပြစ်မှား သော ကိုယ်တော် လူ တို့၏အပြစ် ကို ဖြေရှင်းတော်မူပါ။
Then hear thou from the heavens, [even] from thy dwelling-place, their prayer and their supplications, and maintain their cause, and forgive thy people who have sinned against thee.
40 ၄၀ အိုအကျွန်ုပ် ဘုရားသခင် ကြည့်ရှု တော်မူပါ။ ဤ အရပ် ဌာန၌ ဆုတောင်း သော စကားကို နားထောင် တော်မူပါ။
Now, my God, let, I beseech thee, thy eyes be open, and [let] thy ears [be] attentive to the prayer [that is made] in this place.
41 ၄၁ အိုထာဝရ အရှင် ဘုရားသခင် ၊ ကျိန်းဝပ် တော်မူရာသို့ တန်ခိုး တော်နှင့်ယှဉ်သော ဓမ္မသေတ္တာ နှင့်တကွ တက် တော်မူပါ။ အိုထာဝရ အရှင်ဘုရားသခင် ၊ ကိုယ်တော် ၏ ယဇ် ပုရောဟိတ်တို့သည် ကယ်တင် ခြင်းတန်ဆာ ကို ဆင်၍ ၊ ကိုယ်တော် ၏ သန့်ရှင်း သူတို့သည် ကျေးဇူး တော်၌ ဝမ်းမြောက် ကြပါစေသော၊
Now therefore arise, O LORD God, into thy resting-place, thou, and the ark of thy strength: let thy priests, O LORD God, be clothed with salvation, and let thy saints rejoice in goodness.
42 ၄၂ အိုထာဝရ အရှင်ဘုရားသခင် ၊ ဘိသိက် ပေး တော်မူသောသူ ၏မျက်နှာ ကို လွှဲ စေတော်မ မူပါနှင့်။ ကိုယ်တော် ကျွန် ဒါဝိဒ် ခံရသောကျေးဇူး တော်ကို အောက်မေ့ တော်မူပါဟု ပဌနာပြုလေ၏။
O LORD God, turn not away the face of thy anointed: remember the mercies of David thy servant.