< ၂ ရာဇဝင်ချုပ် 5 >

1 ထိုသို့ ရှောလမုန် သည် ထာဝရဘုရား ၏ အိမ် တော်အဘို့ ပြု လုပ်စီရင် သမျှ အလုံးစုံ တို့ကို လက်စသတ် ပြီးမှ ၊ ခမည်းတော် ဒါဝိဒ် လှူ သော ရွှေ ငွေ တန်ဆာ များကိုဆောင် ခဲ့၍ ဘုရားသခင် ၏အိမ် တော်ဘဏ္ဍာ စုထဲ မှာသွင်း ထားလေ၏။
Hivyo Solomoni alipomaliza kazi ya Hekalu la Bwana, akaviingiza ndani vile vitu ambavyo Daudi baba yake alikuwa ameviweka wakfu: yaani, fedha, dhahabu na samani; kisha akaviweka katika hazina za Hekalu la Mungu.
2 ထိုအခါ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို၊ ဇိအုန် မည်သော ဒါဝိဒ် မြို့ မှာ ဆောင် ခဲ့လိုသောငှါ ၊ ရှောလမုန် သည် ဣသရေလ အသက် ကြီးသူ အပေါင်း တို့နှင့် ဣသရေလ အဆွေအမျိုး အသီးအသီးကို အုပ်သောခေါင်း မင်း အပေါင်းတို့ကို၊ ယေရုရှလင် မြို့သို့ ခေါ် တော်မူသည်အတိုင်း၊
Kisha Solomoni akawaita huko Yerusalemu wazee wa Israeli, viongozi wote wa makabila na wakuu wa jamaa za Waisraeli, ili walilete Sanduku la Agano la Bwana kutoka Sayuni, Mji wa Daudi.
3 ဣသရေလ လူ အပေါင်း တို့သည်၊ သတ္တမ လ ၌ လုပ်သော ပွဲ အတွင်းတွင် ၊ ရှင်ဘုရင် ထံ တော်သို့ စုဝေး ရောက်လာကြ၏။
Nao wanaume wote wa Israeli wakakusanyika kwa mfalme wakati wa sikukuu mwezi wa saba.
4 ဣသရေလ အမျိုး အသက်ကြီး သူအပေါင်း တို့ သည် လာ ၍ လေဝိ သားတို့သည်လည်း ထာဝရဘုရား၏ သေတ္တာ တော်ကိုထမ်း လျက်၊
Wazee wote wa Israeli walipofika, Walawi wakajitwika Sanduku la Agano,
5 ပရိသတ်စည်းဝေး ရာတဲ တော်၊ တဲ တော်နှင့် ဆိုင် ၍ ၊ သန့်ရှင်း သော တန်ဆာ အလုံးစုံ တို့ကို ယဇ် ပုရောဟိတ်များနှင့် လေဝိ သားများတို့သည် ဆောင် ခဲ့ကြ၏။
nao wakalipandisha Sanduku na Hema la Kukutania pamoja na vyombo vyote vitakatifu vilivyokuwa ndani yake. Makuhani, waliokuwa Walawi, walivibeba vitu hivyo,
6 ရှောလမုန် မင်းကြီး မှစ၍ သေတ္တာ တော်ရှေ့ မှာ စည်းဝေး သော ဣသရေလ ပရိသတ် အပေါင်း တို့သည် မ ရေတွက် နိုင်၊ အတိုင်းမသိ များစွာ သော သိုး နွား တို့ကို ယဇ် ပူဇော်ကြ၏။
naye Mfalme Solomoni na kusanyiko lote la Israeli waliokusanyika kumzunguka walikuwa mbele ya hilo Sanduku, nao wakatoa dhabihu nyingi za kondoo na ngʼombe ambao idadi yao haikuwezekana kuandikwa au kuhesabiwa.
7 ယဇ် ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို အိမ်တော်အတွင်းသို့သွင်း ၍ အလွန် သန့်ရှင်းရာဌာန တည်းဟူသောဗျာဒိတ် ဌာနတော် ထဲမှာ ၊ ခေရုဗိမ် အတောင် တို့အောက် ၊ သူ့ နေရာ ၌ ထားကြ ၏။
Makuhani wakalileta Sanduku la Agano la Bwana hadi mahali pake ndani ya sehemu takatifu ndani ya Hekalu, yaani Patakatifu pa Patakatifu, na kuliweka chini ya mabawa ya makerubi.
8 ခေရုဗိမ် တို့သည် မိမိအတောင် ကို သေတ္တာ တော် နေရာ အပေါ် မှာ ဖြန့် ၍ ၊ သေတ္တာ တော်နှင့် ထမ်းဘိုး တို့ကို လွှမ်းမိုး လျက် ရှိ ကြ၏။
Makerubi yalitandaza mabawa yao juu ya mahali pa Sanduku la Agano na kufunika Sanduku na mipiko yake ya kubebea.
9 ထမ်းဘိုး တို့ကို ဆွဲ ထားသဖြင့် ၊ ထမ်းဘိုး ဖျား တို့ သည် ပြင်ခန်း ၌ မ ထင် ၊ သေတ္တာ တော်ရှေ့ ဗျာဒိတ် ဌာန တော်၌ သာ ထင် ၍ ယနေ့ တိုင်အောင် ရှိ ကြ၏။
Mipiko hiyo ilikuwa mirefu sana kiasi kwamba ncha zake zilizojitokeza kutoka kwenye Sanduku, nazo zilionekana ukiwa mbele ya Patakatifu pa Patakatifu, lakini sio nje ya Mahali Patakatifu. Hiyo mipiko ipo hata leo.
10 ၁၀ ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည်မှ ထွက် ၍ ၊ ထာဝရဘုရား သည် သူ တို့နှင့် ပဋိညာဉ် ဖွဲ့တော်မူသောအခါ၊ မောရှေ သည် ဟောရပ် အရပ်၌ ရှိစဉ် သွင်း ထားသော ကျောက် ပြားနှစ် ပြားမှတပါး သေတ္တာ တော်ထဲ ၌အဘယ် အရာမရှိ။
Ndani ya Sanduku hapakuwepo kitu kingine chochote isipokuwa zile mbao mbili ambazo Mose alikuwa ameziweka ndani yake huko Horebu, mahali ambapo Bwana alifanya Agano na Waisraeli baada ya kutoka Misri.
11 ၁၁ ထိုအခါ စည်းဝေးသော ယဇ် ပုရောဟိတ်တို့သည် အလှည့်သင့်သည်အတိုင်း အမှုတော်ကို မ စောင့် ၊ ရှိသမျှ တို့ သည် သန့်ရှင်း သည်ဖြစ်၍သန့်ရှင်း ရာဌာနထဲက ထွက် ပြီးလျှင်၊
Basi makuhani wakaondoka hapo Mahali Patakatifu. Makuhani wote waliokuwa huko walikuwa wamejiweka wakfu, bila kujali migawanyo yao.
12 ၁၂ သီချင်း ဆိုသော လေဝိသား အာသပ် တပည့်၊ ဟေမန် တပည့်၊ ယေဒုသုန် တပည့်အပေါင်း တို့သည် အမျိုးသား ချင်းများနှင့်တကွ ပိတ်ဖြူ ကို ဝတ်ဆင် ၍၊ ခွက်ကွင်း စောင်း တယော ကို ကိုင်လျက် ယဇ် ပလ္လင်အရှေ့ ဘက်၌ ရပ် နေကြ၏။ တံပိုး မှုတ်သော ယဇ်ပုရောဟိတ် တရာ နှစ်ဆယ် တို့သည်လည်း၊
Walawi wote waliokuwa waimbaji, yaani, Asafu, Hemani, Yeduthuni, wana wa ndugu zao, walisimama upande wa mashariki wa madhabahu, wakiwa wamevaa kitani safi huku wakipiga matoazi, vinubi na zeze. Walikuwa pamoja na makuhani 120 wakipiga tarumbeta.
13 ၁၃ သီချင်း ဆိုသောသူတို့နှင့် ဝိုင်း လျှင် ၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ၍ ထောမနာပြုခြင်းငှါ ၊ တညီတညွတ် တည်းအသံ ပြိုင်လျက်၊ ကောင်းမြတ် တော်မူ သည်။ ကရုဏာ တော်အစဉ်အမြဲ တည်သည်ဟု တံပိုး ခွက်ကွင်း အစ ရှိသောတုရိယာ မျိုးနှင့်တကွ ၊ အသံ ကိုလွှင့် ၍ ထာဝရဘုရား ၏ ဂုဏ်တော်ကို ချီးမွမ်း ကြသောအခါ ၊ ထာဝရဘုရား ၏အိမ် တော်သည် မိုဃ်းတိမ် နှင့်ပြည့် ၏။
Wapiga tarumbeta na waimbaji wakaungana katika sauti linganifu, ikawa kama vile ni sauti moja, wakimsifu na kumshukuru Bwana, nao alipoinua sauti zao pamoja na tarumbeta na matoazi na vyombo vingine vya uimbaji, wakamsifu Bwana wakisema: “Yeye ni mwema; upendo wake unadumu milele.” Ndipo Hekalu la Bwana likajazwa na wingu,
14 ၁၄ ထိုသို့ ဘုရားသခင် ၏ အိမ် တော်သည် ထာဝရဘုရား ၏ ဘုန်း တော်နှင့်ပြည့် လျက်၊ မိုဃ်းတိမ် တော် ကြောင့် ယဇ် ပုရောဟိတ်တို့သည် အမှု တော်ကို ဆောင်ရွက် လျက် ရပ် ၍ မ နေနိုင် ကြ။
nao makuhani hawakuweza kufanya huduma yao kwa sababu ya lile wingu, kwa kuwa utukufu wa Bwana ulijaza Hekalu la Mungu.

< ၂ ရာဇဝင်ချုပ် 5 >