< ၂ ရာဇဝင်ချုပ် 5 >
1 ၁ ထိုသို့ ရှောလမုန် သည် ထာဝရဘုရား ၏ အိမ် တော်အဘို့ ပြု လုပ်စီရင် သမျှ အလုံးစုံ တို့ကို လက်စသတ် ပြီးမှ ၊ ခမည်းတော် ဒါဝိဒ် လှူ သော ရွှေ ငွေ တန်ဆာ များကိုဆောင် ခဲ့၍ ဘုရားသခင် ၏အိမ် တော်ဘဏ္ဍာ စုထဲ မှာသွင်း ထားလေ၏။
၁ရှောလမုန်မင်းသည်ဗိမာန်တော်တည်ဆောက် မှုလုပ်ငန်းရှိသမျှကိုဆောင်ရွက်ပြီးသောအခါ ထာဝရဘုရားအားခမည်းတော်ဒါဝိဒ်မင်း ဆက်ကပ်လှူဒါန်းခဲ့သောရွှေ၊ ငွေနှင့်အခြား ပစ္စည်းအသုံးအဆောင်များကိုဗိမာန်တော် သိုလှောင်ခန်းများတွင်ထားတော်မူ၏။
2 ၂ ထိုအခါ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို၊ ဇိအုန် မည်သော ဒါဝိဒ် မြို့ မှာ ဆောင် ခဲ့လိုသောငှါ ၊ ရှောလမုန် သည် ဣသရေလ အသက် ကြီးသူ အပေါင်း တို့နှင့် ဣသရေလ အဆွေအမျိုး အသီးအသီးကို အုပ်သောခေါင်း မင်း အပေါင်းတို့ကို၊ ယေရုရှလင် မြို့သို့ ခေါ် တော်မူသည်အတိုင်း၊
၂ထိုနောက်ရှောလမုန်မင်းသည်ပဋိညာဉ်သေတ္တာ တော်ကို ဇိအုန်မည်သောဒါဝိဒ်မြို့မှပင့်ဆောင် ရန်အတွက် ဣသရေလအနွယ်များနှင့်သား ချင်းစုခေါင်းဆောင်အပေါင်းတို့ကို ယေရု ရှလင်မြို့တွင်စုရုံးရန်ဆင့်ခေါ်တော်မူ၏။-
3 ၃ ဣသရေလ လူ အပေါင်း တို့သည်၊ သတ္တမ လ ၌ လုပ်သော ပွဲ အတွင်းတွင် ၊ ရှင်ဘုရင် ထံ တော်သို့ စုဝေး ရောက်လာကြ၏။
၃သူတို့အားလုံးသည်သစ်ခက်တဲနေပွဲတော် အခါ၌လာရောက်စုရုံးကြလေသည်။-
4 ၄ ဣသရေလ အမျိုး အသက်ကြီး သူအပေါင်း တို့ သည် လာ ၍ လေဝိ သားတို့သည်လည်း ထာဝရဘုရား၏ သေတ္တာ တော်ကိုထမ်း လျက်၊
၄ခေါင်းဆောင်အပေါင်းတို့စုရုံးမိကြသော အခါ လေဝိအနွယ်ဝင်တို့သည်ပဋိညာဉ် သေတ္တာတော်ကိုချီပင့်၍-
5 ၅ ပရိသတ်စည်းဝေး ရာတဲ တော်၊ တဲ တော်နှင့် ဆိုင် ၍ ၊ သန့်ရှင်း သော တန်ဆာ အလုံးစုံ တို့ကို ယဇ် ပုရောဟိတ်များနှင့် လေဝိ သားများတို့သည် ဆောင် ခဲ့ကြ၏။
၅ဗိမာန်တော်သို့ပင့်ဆောင်ကြ၏။ ယဇ်ပုရော ဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည်ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်ကိုလည်း သက်ဆိုင်ရာပစ္စည်းတန်ဆာရှိသမျှတို့နှင့် တကွဗိမာန်တော်သို့ပြောင်းရွှေ့ကြ၏။-
6 ၆ ရှောလမုန် မင်းကြီး မှစ၍ သေတ္တာ တော်ရှေ့ မှာ စည်းဝေး သော ဣသရေလ ပရိသတ် အပေါင်း တို့သည် မ ရေတွက် နိုင်၊ အတိုင်းမသိ များစွာ သော သိုး နွား တို့ကို ယဇ် ပူဇော်ကြ၏။
၆ရှောလမုန်မင်းနှင့်ဣသရေလပြည်သူအပေါင်း တို့သည် ပဋိညာဉ်သေတ္တာတော်ရှေ့တွင်စုဝေး ၍မရေမတွက်နိုင်အောင်များသောသိုးနွား တို့ကိုယဇ်ပူဇော်ကြ၏။-
7 ၇ ယဇ် ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို အိမ်တော်အတွင်းသို့သွင်း ၍ အလွန် သန့်ရှင်းရာဌာန တည်းဟူသောဗျာဒိတ် ဌာနတော် ထဲမှာ ၊ ခေရုဗိမ် အတောင် တို့အောက် ၊ သူ့ နေရာ ၌ ထားကြ ၏။
၇ထိုနောက်ယဇ်ပုရောဟိတ်တို့သည်ပဋိညာဉ် သေတ္တာတော်ကိုဗိမာန်တော်ထဲသို့ပင့်ဆောင် လာပြီးလျှင် အလွန်သန့်ရှင်းရာဌာနတော် ၌ခေရုဗိမ်များ၏အကြားတွင်ထားကြ၏။-
8 ၈ ခေရုဗိမ် တို့သည် မိမိအတောင် ကို သေတ္တာ တော် နေရာ အပေါ် မှာ ဖြန့် ၍ ၊ သေတ္တာ တော်နှင့် ထမ်းဘိုး တို့ကို လွှမ်းမိုး လျက် ရှိ ကြ၏။
၈ခေရုဗိမ်တို့၏အတောင်များသည်သေတ္တာတော် နှင့်ထမ်းပိုးများကိုလွှမ်းမိုးထားလေသည်။-
9 ၉ ထမ်းဘိုး တို့ကို ဆွဲ ထားသဖြင့် ၊ ထမ်းဘိုး ဖျား တို့ သည် ပြင်ခန်း ၌ မ ထင် ၊ သေတ္တာ တော်ရှေ့ ဗျာဒိတ် ဌာန တော်၌ သာ ထင် ၍ ယနေ့ တိုင်အောင် ရှိ ကြ၏။
၉ထမ်းပိုးအဖျားများကိုသန့်ရှင်းရာဌာနတော် အဝင်ဝတစ်နေရာမှတွေ့မြင်နိုင်သော်လည်း အခြားမည်သည့်နေရာကမျှမတွေ့မမြင် နိုင်။ ထိုထမ်းပိုးများသည်ယနေ့တိုင်အောင်ထို နေရာတွင်ရှိပေသေး၏။-
10 ၁၀ ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည်မှ ထွက် ၍ ၊ ထာဝရဘုရား သည် သူ တို့နှင့် ပဋိညာဉ် ဖွဲ့တော်မူသောအခါ၊ မောရှေ သည် ဟောရပ် အရပ်၌ ရှိစဉ် သွင်း ထားသော ကျောက် ပြားနှစ် ပြားမှတပါး သေတ္တာ တော်ထဲ ၌အဘယ် အရာမရှိ။
၁၀ပဋိညာဉ်သေတ္တာတော်အတွင်း၌ပညတ်တော် ကျောက်ပြားနှစ်ချပ်မှတစ်ပါးအခြားအဘယ် အရာမျှမရှိ။ အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့ထွက်ခွာလာချိန်၌ သူတို့နှင့်ထာဝရ ဘုရားပဋိညာဉ်ပြုတော်မူစဉ်အခါက မောရှေ သည်ထိုကျောက်ပြားများကိုပဋိညာဉ်သေတ္တာ တော်တွင်ထားခဲ့သတည်း။
11 ၁၁ ထိုအခါ စည်းဝေးသော ယဇ် ပုရောဟိတ်တို့သည် အလှည့်သင့်သည်အတိုင်း အမှုတော်ကို မ စောင့် ၊ ရှိသမျှ တို့ သည် သန့်ရှင်း သည်ဖြစ်၍သန့်ရှင်း ရာဌာနထဲက ထွက် ပြီးလျှင်၊
၁၁ယဇ်ပုရောဟိတ်အပေါင်းတို့သည်မည်သည့် အဖွဲ့တွင်ပါဝင်သည်မဆို မိမိတို့ကိုယ် ကိုဆက်ကပ်ပြီးဖြစ်ကြ၏။ လေဝိအနွယ် ဝင်ဂီတဆရာများဖြစ်ကြသောအာသပ်၊ ဟေမန်၊ ယေဒုသုန်နှင့်သူတို့၏တပည့်အပေါင်း တို့သည်ပိတ်ချောထည်ကိုဝတ်ဆင်၍လင်း ကွင်းများ၊ စောင်းများကိုကိုင်လျက်တံပိုး ခရာမှုတ်သူယဇ်ပုရောဟိတ်ပေါင်းတစ်ရာ့ နှစ်ဆယ်တို့သည်သူတို့နှင့်အတူယဇ်ပလ္လင် ၏အရှေ့ဘက်တွင်ရပ်နေကြလေသည်။ သီ ဆိုသူတို့သည်တံပိုးခရာသံ၊ လင်းကွင်း သံနှင့်အခြားတူရိယာသံများနှင့်စည်း လိုက်ဝါးလိုက်ညီညာစွာထာဝရဘုရား အားသီဆိုထောမနာပြုကြကုန်၏။ သူတို့က ``ထာဝရဘုရားသည်ကောင်းမြတ်တော်မူ သည်ဖြစ်၍ကိုယ်တော်အားထောမနာပြု ကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ်တည် သတည်း'' ဟုသီဆိုကြလေသည်။ ယဇ်ပုရောဟိတ်တို့သည်ဗိမာန်တော်မှထွက်လာ စဉ်ဗိမာန်တော်သည်ရုတ်တရက်မိုးတိမ်ဖြင့် ပြည့်လာပြီးလျှင် ထာဝရဘုရား၏ဘုန်းအသ ရေတော်ထွန်းတောက်သည်ဖြစ်၍သူတို့သည်ဝတ် ပြုကိုးကွယ်ခြင်းကိုဆက်လက်၍မပြုနိုင်ကြ ချေ။
12 ၁၂ သီချင်း ဆိုသော လေဝိသား အာသပ် တပည့်၊ ဟေမန် တပည့်၊ ယေဒုသုန် တပည့်အပေါင်း တို့သည် အမျိုးသား ချင်းများနှင့်တကွ ပိတ်ဖြူ ကို ဝတ်ဆင် ၍၊ ခွက်ကွင်း စောင်း တယော ကို ကိုင်လျက် ယဇ် ပလ္လင်အရှေ့ ဘက်၌ ရပ် နေကြ၏။ တံပိုး မှုတ်သော ယဇ်ပုရောဟိတ် တရာ နှစ်ဆယ် တို့သည်လည်း၊
၁၂
13 ၁၃ သီချင်း ဆိုသောသူတို့နှင့် ဝိုင်း လျှင် ၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ၍ ထောမနာပြုခြင်းငှါ ၊ တညီတညွတ် တည်းအသံ ပြိုင်လျက်၊ ကောင်းမြတ် တော်မူ သည်။ ကရုဏာ တော်အစဉ်အမြဲ တည်သည်ဟု တံပိုး ခွက်ကွင်း အစ ရှိသောတုရိယာ မျိုးနှင့်တကွ ၊ အသံ ကိုလွှင့် ၍ ထာဝရဘုရား ၏ ဂုဏ်တော်ကို ချီးမွမ်း ကြသောအခါ ၊ ထာဝရဘုရား ၏အိမ် တော်သည် မိုဃ်းတိမ် နှင့်ပြည့် ၏။
၁၃
14 ၁၄ ထိုသို့ ဘုရားသခင် ၏ အိမ် တော်သည် ထာဝရဘုရား ၏ ဘုန်း တော်နှင့်ပြည့် လျက်၊ မိုဃ်းတိမ် တော် ကြောင့် ယဇ် ပုရောဟိတ်တို့သည် အမှု တော်ကို ဆောင်ရွက် လျက် ရပ် ၍ မ နေနိုင် ကြ။
၁၄