< ၂ ရာဇဝင်ချုပ် 4 >
1 ၁ အလျား အတောင် နှစ်ဆယ် ၊ အနံ အတောင် နှစ်ဆယ် ၊ အမြင့် ဆယ် တောင် ရှိသောကြေးဝါ ယဇ် ပလ္လင် ကိုလည်း လုပ် လေ၏။
Then he made an altar of bronze, twenty cubits long, twenty cubits wide, and ten cubits high.
2 ၂ အချင်း ဆယ် တောင် ၊ အဝန်း အတောင် သုံးဆယ် ၊ အစောက် ငါး တောင် ရှိသောကြေးဝါရေကန် ကိုလည်း လုပ် လေ၏။
Also he made the molten sea of ten cubits from brim to brim. It was round, five cubits high, and thirty cubits in circumference.
3 ၃ ရေကန် အနားပတ်အောက်ပတ်လည် ၌ ဘူးသီးရုပ်များ၊ အတောင်တထောင်တွင် ဆယ်လုံးစီစေ့အောင်၊ ဘူးသီးရုပ်နှစ်ပတ်ကို ရေကန်နှင့်တစပ်တည်းသွန်း လေ ၏။
Under it was the likeness of oxen, which encircled it, for ten cubits, encircling the sea. The oxen were in two rows, cast when it was cast.
4 ၄ နွား တဆယ် နှစ်ခု ပေါ် မှာ တည် လျက်ရှိ၏။ နွားတို့သည် အတွင်းသို့ နောက်ခိုင်း၍ အရှေ့အနောက်တောင်မြောက်အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံးခုစီမျက်နှာပြု ကြ၏။
It stood on twelve oxen, three looking toward the north, three looking toward the west, three looking toward the south, and three looking toward the east; and the sea was set on them above, and all their hindquarters were inward.
5 ၅ ရေကန်သည် ဒု လက်တဝါး ရှိ၏။ အပေါ်အနား ပတ်လည်ဖလား အနား ပတ်ကဲ့သို့ ကြာပွင့် အပြောက် နှင့်ပြည့်စုံ ၏။ ရေဗတ် သုံး ထောင် ဝင် နိုင်၏။
It was a handbreadth thick. Its brim was made like the brim of a cup, like the flower of a lily. It received and held three thousand baths.
6 ၆ မီးရှို့ ရာယဇ်နှင့်ဆိုင်သော အရာ တို့ကို ဆေး စရာ ဘို့ အင်တုံဆယ် လုံးကိုလည်း လုပ် ၍၊ လက်ျာ ဘက်၌ အင်တုံ ငါး လုံး၊ လက်ဝဲ ဘက်၌ ငါး လုံးကို ထား လေ၏။ ရေကန် မူကား ယဇ်ပုရောဟိတ် ရေချိုး စရာဘို့ ဖြစ်သတည်း။
He also made ten basins, and put five on the right hand and five on the left, to wash in them. The things that belonged to the burnt offering were washed in them, but the sea was for the priests to wash in.
7 ၇ ရွှေ မီးခုံ ဆယ် ခုကိုလည်း အရင် ပုံနှင့်အညီ လုပ် ၍ ဗိမာန် တော်အတွင်း လက်ျာ ဘက်၌ ငါး ခု၊ လက်ဝဲ ဘက်၌ ငါး ခုကိုထား လေ၏။
He made the ten lamp stands of gold according to the ordinance concerning them; and he set them in the temple, five on the right hand and five on the left.
8 ၈ စားပွဲ ဆယ်ခု ကိုလည်း လုပ် ၍ ဗိမာန် တော် အတွင်း လက်ျာ ဘက်၌ ငါး ခု၊ လက်ဝဲ ဘက်၌ ငါး ခုကို ထား လေ၏။ ရွှေ ဖလား တရာ ကိုလည်း လုပ် လေ၏။
He made also ten tables, and placed them in the temple, five on the right side and five on the left. He made one hundred basins of gold.
9 ၉ ယဇ်ပုရောဟိတ် တန်တိုင်း ၊ ပြင်တန်တိုင်း ကြီး ၊ တန်တိုင်း တံခါးရွက် များကိုလည်း လုပ် ၍ တံခါးရွက် တို့ကို ကြေးဝါ ဖြင့် ဖုံးအုပ် လေ၏။
Furthermore he made the court of the priests, the great court, and doors for the court, and overlaid their doors with bronze.
10 ၁၀ ရေကန် ကိုလည်း အိမ်တော်လက်ျာ ဘက် အရှေ့ တောင် ထောင့် ၌ နေရာ ချ၏။
He set the sea on the right side of the house eastward, toward the south.
11 ၁၁ ဟိရံ သည်အိုး များ၊ ရေမှုတ် များ၊ အင်တုံ ငယ်များ ကိုလည်း လုပ် သဖြင့် ၊ ရှောလမုန် မင်းကြီး အဘို့ ဘုရားသခင် ၏အိမ် တော်၌ လက်စသတ် သော အရာ များဟူမူကား၊
Huram made the pots, the shovels, and the basins. So Huram finished doing the work that he did for King Solomon in God’s house:
12 ၁၂ တိုင် နှစ် တိုင်၊ တိုင် ထိပ် နှင့် တိုင် ထိပ်အထွဋ်နှစ်ခု ၊ တိုင် ထိပ် အထွဋ် ကို ဖုံးလွှမ်း စရာကွန်ရွက် နှစ် ရွက်၊
the two pillars, the bowls, the two capitals which were on the top of the pillars, the two networks to cover the two bowls of the capitals that were on the top of the pillars,
13 ၁၃ ထိုကွန်ရွက် အပေါ်မှာ သလဲသီး နှစ် တန်း စီ၊ သလဲသီး ပေါင်းလေး ရာ၊
and the four hundred pomegranates for the two networks—two rows of pomegranates for each network, to cover the two bowls of the capitals that were on the pillars.
14 ၁၄ ခုံ များ၊ ခုံ ပေါ် မှာတင် ထားသောအင်တုံ များ၊
He also made the bases, and he made the basins on the bases—
15 ၁၅ ရေကန် တ ကန်၊ ရေကန် ကိုထောက် သော နွား တဆယ် နှစ်ခု ၊ အိုး များ၊ ရေမှုတ် များ၊ အမဲ ချိတ်များတည်း။
one sea, and the twelve oxen under it.
16 ၁၆ ရှောလမုန် မင်းကြီး အဘို့ ဟိရံ လုပ် သမျှ သောထာဝရဘုရား ၏အိမ် တော်တန်ဆာ တို့သည် ပြောင်ပြောင်တောက်သော ကြေးဝါ ဖြင့် ပြီး ကြ၏။
Huram-abi also made the pots, the shovels, the forks, and all its vessels for King Solomon, for the LORD’s house, of bright bronze.
17 ၁၇ ယော်ဒန် ချိုင့် ၊ သုကုတ် မြို့နှင့် ဇာသန် မြို့စပ်ကြား တွင်၊ သရွတ်လုပ်စရာကောင်းသော မြေ ၌ ရှင်ဘုရင် သွန်း လေ ၏။
The king cast them in the plain of the Jordan, in the clay ground between Succoth and Zeredah.
18 ၁၈ ရှောလမုန် သည် ထို တန်ဆာ တို့ကို များစွာ လုပ် သောကြောင့် ၊ ကြေးဝါ အချိန် ကို အဘယ်သူ မျှမသိ။
Thus Solomon made all these vessels in great abundance, so that the weight of the bronze could not be determined.
19 ၁၉ ရှောလမုန် သည်လည်း ၊ ဘုရားသခင် ၏ အိမ် တော်နှင့် ဆိုင်သမျှ သော တန်ဆာ များတည်းဟူသောရွှေ ယဇ် ပလ္လင်၊ ရှေ့ တော်မုန့် တင် စရာစားပွဲ၊
Solomon made all the vessels that were in God’s house: the golden altar, the tables with the show bread on them,
20 ၂၀ တရား တော်အတိုင်း ဗျာဒိတ် ဌာနတော်ရှေ့ မှာ ထွန်း စရာဘို့ ရွှေစင် မီးခုံ နှင့် မီးခွက် များ၊
and the lamp stands with their lamps to burn according to the ordinance before the inner sanctuary, of pure gold;
21 ၂၁ ရွှေစင် ဖြင့်ပြီး သောပန်းပွင့် ၊ မီးခွက် ၊ မီး ကိုင် တန်ဆာများ၊
and the flowers, the lamps, and the tongs of gold that was purest gold;
22 ၂၂ ရွှေစင် ဖြင့်ပြီးသောမီးညှပ် ၊ လင်ပန်း ၊ ဇွန်း ၊ ပြာခံစရာအိုး များ၊ အိမ် တော်ထဲမှာ အလွန်သန့်ရှင်း ရာ ဌာနတော်အတွင်း ခန်းတံခါးရွက် နှင့် ဗိမာန် တော် ပြင်ခန်းတံခါးရွက် တို့ကိုလည်း ရွှေ ဖြင့် ပြီးစေ၏။
and the snuffers, the basins, the spoons, and the fire pans of pure gold. As for the entry of the house, its inner doors for the most holy place and the doors of the main hall of the temple were of gold.