< ၂ ရာဇဝင်ချုပ် 4 >

1 အလျား အတောင် နှစ်ဆယ် ၊ အနံ အတောင် နှစ်ဆယ် ၊ အမြင့် ဆယ် တောင် ရှိသောကြေးဝါ ယဇ် ပလ္လင် ကိုလည်း လုပ် လေ၏။
And he made a brazen altar: its length was twenty cubits, and its breadth twenty cubits, and its height ten cubits.
2 အချင်း ဆယ် တောင် ၊ အဝန်း အတောင် သုံးဆယ် ၊ အစောက် ငါး တောင် ရှိသောကြေးဝါရေကန် ကိုလည်း လုပ် လေ၏။
And he made the sea, molten, ten cubits from brim to brim, round all about; and its height was five cubits; and a line of thirty cubits encompassed it round about.
3 ရေကန် အနားပတ်အောက်ပတ်လည် ၌ ဘူးသီးရုပ်များ၊ အတောင်တထောင်တွင် ဆယ်လုံးစီစေ့အောင်၊ ဘူးသီးရုပ်နှစ်ပတ်ကို ရေကန်နှင့်တစပ်တည်းသွန်း လေ ၏။
And under it was the similitude of oxen, encompassing it round about, ten in a cubit enclosing the sea round about, two rows of oxen, cast when it was cast.
4 နွား တဆယ် နှစ်ခု ပေါ် မှာ တည် လျက်ရှိ၏။ နွားတို့သည် အတွင်းသို့ နောက်ခိုင်း၍ အရှေ့အနောက်တောင်မြောက်အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံးခုစီမျက်နှာပြု ကြ၏။
It stood upon twelve oxen, three looking toward the north, and three looking toward the west, and three looking toward the south, and three looking toward the east; and the sea was above upon them, and all their hinder parts were inward.
5 ရေကန်သည် ဒု လက်တဝါး ရှိ၏။ အပေါ်အနား ပတ်လည်ဖလား အနား ပတ်ကဲ့သို့ ကြာပွင့် အပြောက် နှင့်ပြည့်စုံ ၏။ ရေဗတ် သုံး ထောင် ဝင် နိုင်၏။
And its thickness was a hand-breadth, and its brim like the work of the brim of a cup, with lily-blossoms; in capacity it held three thousand baths.
6 မီးရှို့ ရာယဇ်နှင့်ဆိုင်သော အရာ တို့ကို ဆေး စရာ ဘို့ အင်တုံဆယ် လုံးကိုလည်း လုပ် ၍၊ လက်ျာ ဘက်၌ အင်တုံ ငါး လုံး၊ လက်ဝဲ ဘက်၌ ငါး လုံးကို ထား လေ၏။ ရေကန် မူကား ယဇ်ပုရောဟိတ် ရေချိုး စရာဘို့ ဖြစ်သတည်း။
And he made ten lavers, and put five on the right and five on the left, to wash in them: they rinsed in them what they prepared for the burnt-offering; and the sea was for the priests to wash in.
7 ရွှေ မီးခုံ ဆယ် ခုကိုလည်း အရင် ပုံနှင့်အညီ လုပ် ၍ ဗိမာန် တော်အတွင်း လက်ျာ ဘက်၌ ငါး ခု၊ လက်ဝဲ ဘက်၌ ငါး ခုကိုထား လေ၏။
And he made ten candlesticks of gold according to the ordinance respecting them, and set them in the temple, five on the right hand and five on the left.
8 စားပွဲ ဆယ်ခု ကိုလည်း လုပ် ၍ ဗိမာန် တော် အတွင်း လက်ျာ ဘက်၌ ငါး ခု၊ လက်ဝဲ ဘက်၌ ငါး ခုကို ထား လေ၏။ ရွှေ ဖလား တရာ ကိုလည်း လုပ် လေ၏။
And he made ten tables, and placed them in the temple, five on the right hand and five on the left. And he made a hundred golden bowls.
9 ယဇ်ပုရောဟိတ် တန်တိုင်း ၊ ပြင်တန်တိုင်း ကြီး ၊ တန်တိုင်း တံခါးရွက် များကိုလည်း လုပ် ၍ တံခါးရွက် တို့ကို ကြေးဝါ ဖြင့် ဖုံးအုပ် လေ၏။
And he made the court of the priests, and the great court, and doors for the court, and overlaid the doors thereof with bronze.
10 ၁၀ ရေကန် ကိုလည်း အိမ်တော်လက်ျာ ဘက် အရှေ့ တောင် ထောင့် ၌ နေရာ ချ၏။
And he set the sea on the right side eastward, over against the south.
11 ၁၁ ဟိရံ သည်အိုး များ၊ ရေမှုတ် များ၊ အင်တုံ ငယ်များ ကိုလည်း လုပ် သဖြင့် ၊ ရှောလမုန် မင်းကြီး အဘို့ ဘုရားသခင် ၏အိမ် တော်၌ လက်စသတ် သော အရာ များဟူမူကား၊
And Huram made the pots and the shovels and the bowls. So Huram ended doing the work that he made for king Solomon in the house of God:
12 ၁၂ တိုင် နှစ် တိုင်၊ တိုင် ထိပ် နှင့် တိုင် ထိပ်အထွဋ်နှစ်ခု ၊ တိုင် ထိပ် အထွဋ် ကို ဖုံးလွှမ်း စရာကွန်ရွက် နှစ် ရွက်၊
two pillars, and the globes and the capitals on the top of the pillars, two; and the two networks, to cover the two globes of the capitals which were on the top of the pillars;
13 ၁၃ ထိုကွန်ရွက် အပေါ်မှာ သလဲသီး နှစ် တန်း စီ၊ သလဲသီး ပေါင်းလေး ရာ၊
and the four hundred pomegranates for the two networks, two rows of pomegranates for one network, to cover the two globes of the capitals which were upon the pillars.
14 ၁၄ ခုံ များ၊ ခုံ ပေါ် မှာတင် ထားသောအင်တုံ များ၊
And he made the bases, and he made the lavers on the bases;
15 ၁၅ ရေကန် တ ကန်၊ ရေကန် ကိုထောက် သော နွား တဆယ် နှစ်ခု ၊ အိုး များ၊ ရေမှုတ် များ၊ အမဲ ချိတ်များတည်း။
one sea, and the twelve oxen under it.
16 ၁၆ ရှောလမုန် မင်းကြီး အဘို့ ဟိရံ လုပ် သမျှ သောထာဝရဘုရား ၏အိမ် တော်တန်ဆာ တို့သည် ပြောင်ပြောင်တောက်သော ကြေးဝါ ဖြင့် ပြီး ကြ၏။
And the pots, and the shovels, and the forks, and all their instruments did Huram Abiv make king Solomon for the house of Jehovah, of bright brass.
17 ၁၇ ယော်ဒန် ချိုင့် ၊ သုကုတ် မြို့နှင့် ဇာသန် မြို့စပ်ကြား တွင်၊ သရွတ်လုပ်စရာကောင်းသော မြေ ၌ ရှင်ဘုရင် သွန်း လေ ၏။
In the plain of the Jordan did the king cast them, in the clay-ground between Succoth and Zeredathah.
18 ၁၈ ရှောလမုန် သည် ထို တန်ဆာ တို့ကို များစွာ လုပ် သောကြောင့် ၊ ကြေးဝါ အချိန် ကို အဘယ်သူ မျှမသိ။
And Solomon made all these vessels in great number; for the weight of the brass was not ascertained.
19 ၁၉ ရှောလမုန် သည်လည်း ၊ ဘုရားသခင် ၏ အိမ် တော်နှင့် ဆိုင်သမျှ သော တန်ဆာ များတည်းဟူသောရွှေ ယဇ် ပလ္လင်၊ ရှေ့ တော်မုန့် တင် စရာစားပွဲ၊
And Solomon made all the vessels that were [in] the house of God: the golden altar; and the tables whereon was the shewbread;
20 ၂၀ တရား တော်အတိုင်း ဗျာဒိတ် ဌာနတော်ရှေ့ မှာ ထွန်း စရာဘို့ ရွှေစင် မီးခုံ နှင့် မီးခွက် များ၊
and the candlesticks with their lamps to burn according to the ordinance before the oracle, of pure gold;
21 ၂၁ ရွှေစင် ဖြင့်ပြီး သောပန်းပွင့် ၊ မီးခွက် ၊ မီး ကိုင် တန်ဆာများ၊
and the flowers, and the lamps, and the tongs, of gold (it was perfect gold);
22 ၂၂ ရွှေစင် ဖြင့်ပြီးသောမီးညှပ် ၊ လင်ပန်း ၊ ဇွန်း ၊ ပြာခံစရာအိုး များ၊ အိမ် တော်ထဲမှာ အလွန်သန့်ရှင်း ရာ ဌာနတော်အတွင်း ခန်းတံခါးရွက် နှင့် ဗိမာန် တော် ပြင်ခန်းတံခါးရွက် တို့ကိုလည်း ရွှေ ဖြင့် ပြီးစေ၏။
and the knives, and the bowls, and the cups, and the censers, of pure gold; and the entrance of the house, the inner folding-doors thereof for the most holy place, and the doors of the house, of the temple, of gold.

< ၂ ရာဇဝင်ချုပ် 4 >