< ၂ ရာဇဝင်ချုပ် 36 >
1 ၁ ပြည်သူ ပြည်သားတို့သည် ယောရှိ သား ယောခတ် ကို ယူ ၍ ၊ ယေရုရှလင် မြို့မှာ ခမည်းတော် အရာ ၌ နန်း တင်ကြ၏။
A LAILA, lawe na kanaka o ka aina ia Iehoaza, ke keiki a Iosia, a hoolilo ia ia i alii ma Ierusalema mahope o kona makuakane.
2 ၂ ယောခတ် သည် အသက် နှစ်ဆယ် သုံး နှစ်ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ သုံး လ စိုးစံ လေ၏။
He iwakalua na makahiki a me kumamakolu o Iehoaza i kona wa i alii ai, a noho alii iho la ia ma Ierusalema ekolu malama.
3 ၃ ထိုမင်း ကို အဲဂုတ္တု ရှင် ဘုရင်သည် ယေရုရှလင် မြို့မှာ နန်း ချ၍ ၊ ယုဒပြည်၌ ငွေ အခွက် တထောင် နှင့် ရွှေ အခွက် တဆယ်ကို အခွန် တောင်းလေ၏။
A hoopau ke alii o Aigupita i kona noho alii ana ma Ierusalema, a auhau oia i ka aina i hookahi haneri talena kala, a hookahi talena gula.
4 ၄ အဲဂုတ္တု ရှင်ဘုရင် နေခေါ သည်လည်း ၊ ယောခတ် ၏နောင်တော် ဧလျာကိမ် ကို ယုဒ ပြည်ယေရုရှလင် မြို့ နန်းတော် ပေါ်မှာ တင်၍။ယောယကိမ် အမည် သစ်ကိုပေး ပြီးလျှင် ၊ ညီတော်ယောခတ်ကို အဲဂုတ္တု ပြည်သို့ ယူ သွား၏။
A hoolilo ke alii o Aigupita ia Eliakima kona kaikuaana i alii maluna o ka Iuda a me Ierusalema, a hoololi i kona inoa o Iehoiakima: a lalau iho o Neko ia Iehoaza i kona kaikaina a lawe aku ia ia i Aigupita.
5 ၅ ယောယကိမ် သည် အသက် နှစ်ဆယ် ငါး နှစ် ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် တနှစ် စိုးစံ လေ၏။ ထိုမင်းသည် မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။
He iwakaluakumamalima makahiki o Iehoiakima i kona wa i alii ai, a noho alii iho la ia ma Ierusalema he umikumamakahi mau makahiki; a hana ino ia imua o Iehova kona Akua.
6 ၆ ထိုကြောင့် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ချီ လာ၍ ၊ ဗာဗုလုန် မြို့သို့ ယူသွား ခြင်းငှါ ၊ သံကြိုး ဖြင့် ချည်နှောင် လေ၏။
Alaila, pii mai la o Nebukaneza ke alii o Babulona, a hana paa ia ia i na kupee keleawe, a lawe aku ia ia i Babulona.
7 ၇ ဗိမာန် တော်တန်ဆာ အချို့တို့ကိုလည်း ယူ သွား ၍ ၊ ဗာဗုလုန် မြို့ ဗိမာန် ၌ ထား လေ၏။
Ua lawe aku o Nebukaneza i kekahi o na kiaha o ka hale o Iehova i Babulona, a waiho ia mau mea iloko o kona luakini ma Babulona.
8 ၈ ယောယကိမ် ပြုမူသော အမှု အရာ ကြွင်း လေ သမျှတို့နှင့် ပြု မိသော ရွံရှာ ဘွယ်အမှု၊ ထင်ရှား သောစိတ် သဘောသည်၊ ဣသရေလ ရာဇဝင်နှင့် ယုဒ ရာဇဝင် ၌ ရေး ထားလျက်ရှိ၏။ သား တော်ယေခေါနိ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
A o na mea i koe a Iehoiakima i hana'i, a me na mea hoopailuaia ana i hana'i, a me ka mea i loaa iloko ona, aia hoi, ua kakauia ia mau mea iloko o ka buke no na'lii o Iseraela a me Iuda; a noho alii iho la o Iehoiakina kana keiki ma kona hakahaka.
9 ၉ ယေခေါနိ သည် အသက်တဆယ်ရှစ်နှစ်ရှိသော်နန်း ထိုင်၍ ယေရုရှလင် မြို့၌ သုံး လ နှင့် ဆယ် ရက် စိုးစံ လေ၏။ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။
Ewalu makahiki ko Iehoia kina i kona wa i alii ai; a noho alii iho la ia ekolu malama a me na la he umi ma Ierusalema; a hana ino ia imua o Iehova.
10 ၁၀ နှစ် လည် သောအခါ ၊ နေဗုခဒ်နေဇာ မင်းကြီး သည် စစ်ချီ စေ၍ ၊ ထိုမင်းနှင့်တကွကောင်းမွန် သော ဗိမာန် တော်တန်ဆာ တို့ကို ဗာဗုလုန် မြို့သို့ ယူ သွား၍ ၊ ဘထွေး တော် ဇေဒကိ ကို၊ ယုဒ ပြည် ယေရုရှလင် မြို့ နန်းတော် ပေါ်မှာ တင်လေ၏။
A i ka pau ana o ka makahiki, hoouna mai ke alii o Nebukaneza, a lawe aku ia ia i Babulona me na ipu maikai o ka hale o Iehova, a hoolilo oia ia Zedekia kona hoahanau i alii maluna o ka Iuda a me Ierusalema.
11 ၁၁ ဇေဒကိ သည် အသက် နှစ်ဆယ် တနှစ် ရှိသော် ၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ တဆယ် တနှစ် စိုးစံ လေ၏။
He iwakaluakumamakahi makahiki o Zedekia i kona wa i noho alii ai, a noho alii iho la ia ma Ierusalema i na makahiki he umikumamakahi.
12 ၁၂ ထိုမင်းသည်လည်း၊ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ပြု ၏။ ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုသော ပရောဖက် ယေရမိ ရှေ့ မှာ ကိုယ်ကိုမ နှိမ့်ချ ။
A hana ino ia imua o Iehova kona Akua, aole ia i hoohaahaa ia ia iho imua o Ieremia ke kaula i kana olelo ana, mai ka waha o Iehova mai.
13 ၁၃ ဘုရားသခင် အကျိန် တိုက်ပြီးသော နေဗုခဒ်နေဇာ မင်းကြီး ကို ပုန်ကန် လေ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ မပြန် မည် အကြောင်း ၊ မိမိ လည်ပင်း ကို၎င်း ၊ မိမိ နှလုံး ကို၎င်း ခိုင်မာ စေ၏။
Kipi no hoi ia i ke alii ia Nebukaneza, ka mea nana i kena mai ia ia e hoohiki i ke Akua; hooolea ia i kona a-i, a hoopaakiki ia i kona naau i huli ole ai ia Iehova, ke Akua o ka Iseraela.
14 ၁၄ ထိုမှတပါး ၊ ယဇ်ပုရောဟိတ် အကြီး များနှင့် ပြည်သူ ပြည်သားရှိသမျှ တို့သည်၊ တပါးအမျိုးသား ရွံရှာဘွယ် ပြုသည်အတိုင်း ၊ အလွန် ပြစ်မှား ကြ၏။ ယေရုရှလင် မြို့၌ ထာဝရဘုရား သန့်ရှင်း စေတော်မူသော ဗိမာန် တော်ကို ညစ်ညူး စေကြ၏။
A o na luna a pau o na kahuna, a me na kanaka, hoonui lakou i ka lakou hana hewa ana e like me na mea ino a pau o na lahuikanaka; a hoohaumia lakou i ka hale o Iehova ka mea ana i hoano ai ma Ierusalema.
15 ၁၅ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိမိ လူမျိုး နှင့် မိမိ နေ တော်မူရာအရပ်ကို သနား သောကြောင့် ၊ စောစော ထ၍ အထပ်ထပ်စေလွှတ် သော တမန် တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊
A hoouna o Iehova ke Akua o ko lakou poe kupuna io lakou la ma kana poe elele, e ala ana i ke kakahiaka nui, a e hoouna ana, no ka mea, miuamina ia i kona poe kanaka, a me kona wahi i noho ai.
16 ၁၆ ဘုရားသခင် ၏ တမန် တို့ကို ပြက်ယယ် ပြု၍ အမိန့် တော်ကို နား မထောင်၊ ပရောဖက် တို့ကို ညှဉ်းဆဲသောကြောင့်၊ ထာဝရဘုရား ၏အမျက် တော် မ ငြိမ်း နိုင်အောင်၊ မိမိ လူမျိုး ကို ထွက် သဖြင့်၊
Aka, ua akaaka lakou i ka poe elele a ke Akua, hoowahawaha i ka lakou mau olelo, a hana ino aku i kana poe kaula, a aia mai la ka huhu o Iehova i kona poe kanaka, aole hoi mea e ola'i.
17 ၁၇ ခါလဒဲ ရှင် ဘုရင်ကို စစ်ချီ စေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်း ရာဌာန အိမ် တော်၌ လူပျို တို့ ကို ထား နှင့် သတ် ၏။ ယောက်ျား ပျို၊ မိန်းမ ပျို၊ လူအို ၊ အသက်ကြီး၍ ကျောကုန်းသောသူတို့ ကိုပင် မ သနား ၊ ရှိသမျှ တို့ကို ထိုရှင် ဘုရင် လက် သို့ အပ် တော်မူ၏။
No ia mea, hoouna mai la oia io lakou la i ke alii o ko Kaledea, a penehi ia i ko lakou poe kanaka ui i ka pahikaua iloko o ko lakou hale hoano; aole i aloha oia i ke kanaka ui, aole hoi i ke kaikamahine, aole i ka elemakule a me ke kolopupu; haawi oia ia lakou a pau loa iloko o kona lima.
18 ၁၈ ဗိမာန် တော်တန်ဆာ အကြီး အငယ် ရှိသမျှ တို့ကို၎င်း ၊ ဗိမာန် တော်ဘဏ္ဍာ ၊ နန်းတော် ဘဏ္ဍာ ၊ မှူးမတ် ဘဏ္ဍာရှိသမျှ တို့ကို၎င်း ၊ ဗာဗုလုန် မြို့သို့ ယူ သွား၏။
A me na kiaha o ka hale o ke Akua, na mea nui a me na mea liilii. a me na waihona mea laa o ka hale o Iehova, a me ka waihona waiwai o ke alii a me na kaukaualii ona; lawe ia i keia mau mea a pau loa i Babulona.
19 ၁၉ ဗိမာန် တော်ကိုလည်း မီးရှို့ ၍ ယေရုရှလင် မြို့ရိုး ကို ဖြိုဖျက် ကြ၏။ မင်း အိမ် ရှိသမျှ တို့ကိုလည်း မီးရှို့ ၍ မြို့တန်ဆာ အကောင်း အမြတ်ရှိသမျှ တို့ကို ဖျက်ဆီး ကြ၏။
A puhi lakou i ka hale o ke Akua, a wawahi lakou i ka pa o Ierusalema, a puhi lakou i na hale alii malaila a pau i ke ahi, a wawahi i ko laila mau kiaha maikai a pau.
20 ၂၀ ထား ဘေးနှင့် လွတ် သောသူတို့ကို၊ ဗာဗုလုန် မြို့ သို့ သိမ်း သွား၍ ၊ သူတို့သည် ပေရသိ နိုင်ငံ မ တည် မှီ တိုင်အောင်ရှင်ဘုရင်ထံ၊ သား တော်မြေးတော်ထံ ၌ ကျွန် ခံလျက် နေ ရကြ၏။
A o ke koena, ka poe i pakele i ka pahikaua, lawe aku la oia ia lakou i Babulona; a lilo lakou i poe kauwa nana, a na kana poe keiki a hiki i ka lanakila ana o ke aupuni o Peresia;
21 ၂၁ ထိုသို့ ဣသရေလမြေသည် ဥပုသ်နေ့တို့ကို မွေ့လျော်စေခြင်းငှါ၊ ယေရမိ ဆင့်ဆို သော ထာဝရဘုရား ၏ အမိန့် တော်သည် ပြည့်စုံ ရ၏။ ထိုပြည် သည် လူဆိတ်ညံလျက်နေသောကာလ၊ အနှစ် ခုနစ်ဆယ် စေ့ အောင် ဥပုသ် နေ့ တို့ကို စောင့်သောအခွင့်ရှိသတည်း။
I hookoia ka olelo a Iehova ma ka waha o Ieremia, a hiki i ka wa i hoomaha ai ka aina i kona mau Sabati; no ka mea, i kona wa i mehameha ai, hoomaha no ia, a lawa no na makahiki he kanahiku.
22 ၂၂ ယေရမိ ဆင့်ဆို သော ထာဝရဘုရား ၏အမိန့် တော်ကိုပြည့်စုံ စေခြင်းငှါ ၊ ပေရသိ ရှင်ဘုရင် ကုရု နန်းစံပဌမ နှစ် တွင် ၊ ထာဝရဘုရား နှိုးဆော် တော်မူသောအားဖြင့်၊ ထိုရှင်ဘုရင်သည်အမိန့် တော်စာ ကို ထုတ်ပြီးလျှင်၊ ပေရသိ နိုင်ငံ အရပ်ရပ် တို့၌ကြော်ငြာ စေ၍
I ka makahiki mua o Kuro ke alii o Peresia, i hookoia'i ka olelo a Iehova ma ka waha o Ieremia, hoala ae o Iehova i ka naau o Kuro, ke alii o Peresia, a kena aku oia e kukala ma kona aupuni a pau, a ma ka palapala hoi i aku la,
23 ၂၃ ပေရသိ ရှင်ဘုရင် ကုရု မင်းမိန့် တော်မူသည်ကား၊ ကောင်းကင် ဘုံ၏အရှင်ဘုရားသခင် ထာဝရဘုရား သည်မြေကြီး ပေါ်မှာတိုင်း နိုင်ငံရှိသမျှ ကိုငါ အား ပေး တော်မူသည်ဖြစ်၍၊ ယုဒ ပြည်ယေရုရှလင် မြို့၌ အိမ် တော်ကို ငါ တည်ဆောက် ရမည်အကြောင်း မှာ ထားတော်မူပြီ။
Peneia i olelo ai o Kuro ke alii o Peresia, Ua haawi mai o Iehova ke Akua o ka lani ia'u i na aupuni a pau o ka honua, a ua kauoha mai no hoi oia ia'u e hana i hale nona ma Ierusalema, ma Iuda. Owai la ka mea mawaena o oukou no kona poe kanaka a pau? e pii ae oia, a, o Iehova kona Akua kekahi pu me ia.