< ၂ ရာဇဝင်ချုပ် 35 >
1 ၁ တဖန် ယောရှိ မင်းသည် ယေရုရှလင် မြို့၌ ထာဝရဘုရား အဘို့ ပသခါ ပွဲကို ခံ တော်မူ၍ ပဌမ လ တဆယ် လေး ရက်နေ့တွင် ၊ ပသခါ သိုးသငယ်ကိုသတ် ကြ၏။
Then Josiah celebrated the Passover to the LORD in Jerusalem, and the Passover lamb was slaughtered on the fourteenth day of the first month.
2 ၂ ယဇ် ပုရောဟိတ်တို့ကို မိမိ တို့အရာ ၌ ခန့်ထား ၍ ၊ ဗိမာန် တော်အမှု ကို စောင့်စေခြင်းငှါနှိုးဆော် တော်မူ၏။
He appointed the priests to their duties and encouraged them in the service of the house of the LORD.
3 ၃ ဣသရေလ အမျိုးရှိသမျှ ကို သွန်သင် ၍ ၊ ထာဝရဘုရား အဘို့ သန့်ရှင်း သောလေဝိ သားတို့ကိုခေါ်၍၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ် သား ရှောလမုန် တည်ဆောက် သော အိမ် ၌ သန့်ရှင်း သော သေတ္တာ တော်ကို သွင်း ထား ကြလော့။ နောက်တဖန် သေတ္တာတော်ကို မ ထမ်း ဘဲ၊ သင် တို့၏ ဘုရားသခင် ထာဝရ ဘုရား၏အမှု၊ ဘုရားသခင် ၏လူ ဣသရေလ အမျိုး၏ အမှု ကို ထမ်းကြလော့။
To the Levites who taught all Israel and were holy to the LORD, Josiah said: “Put the holy ark in the temple built by Solomon son of David king of Israel. It is not to be carried around on your shoulders. Now serve the LORD your God and His people Israel.
4 ၄ ဣသရေလ ရှင်ဘုရင် ဒါဝိဒ် မှတ်စာ ၊ သား တော် ရှောလမုန် မှတ်စာ နှင့်အညီ သင်းဖွဲ့ သည်အတိုင်း ၊ အဆွေအမျိုး အလိုက် ကိုယ်ကိုပြင်ဆင် ၍၊
Prepare yourselves by families in your divisions, according to the instructions written by David king of Israel and Solomon his son.
5 ၅ ပြည်သူ ပြည်သားဖြစ်သော သင် တို့ညီအစ်ကို အဘ တို့ အဆွေအမျိုး နှင့် လေဝိ သား အဆွေအမျိုး အသီးအသီးနေရာ ရှိသည်အတိုင်း ၊ သန့်ရှင်း ရာဌာနတော်၌ ရပ် နေကြလော့။
Moreover, stand in the Holy Place by the divisions of the families of your kinsmen the lay people, and by the divisions of the families of the Levites.
6 ၆ ထိုသို့ ပသခါ သိုးသငယ်ကိုသတ် ၍ ကိုယ်ကိုသန့်ရှင်း စေကြလော့။ သင် တို့ညီအစ်ကို တို့သည် မောရှေ အားဖြင့် ထာဝရဘုရား မှာထား တော်မူသည် အတိုင်း ပြု စေခြင်းငှါ ၊ သူတို့ကိုလည်း ပြင်ဆင် ကြလော့ဟု မိန့်တော်မူ၏။
Slaughter the Passover lambs, consecrate yourselves, and make preparations for your fellow countrymen to carry out the word of the LORD given by Moses.”
7 ၇ စည်းဝေးသောသူအပေါင်း တို့သည် ပသခါ ပွဲခံ စရာဘို့၊ ယောရှိ မင်းသည် မိမိဥစ္စာ၊ သိုးသငယ်၊ ဆိတ် သငယ်သုံး သောင်းနှင့် နွား သုံး ထောင် ကိုပေး တော်မူ၏။
From his own flocks and herds Josiah contributed 30,000 lambs and goats plus 3,000 bulls for the Passover offerings for all the people who were present.
8 ၈ မှူးမတ် တို့သည်လည်း ၊ စေတနာ စိတ်ရှိ၍ လူ များ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့အား ပေး ကြ၏။ ဗိမာန် တော်မှူး ဟိလခိ ၊ ဇာခရိ ၊ ယေဟေလ သည်လည်း ၊ ပသခါ ပွဲခံစရာဘို့ သိုးဆိတ်နှစ်ထောင် ခြောက်ရာနှင့် နွား သုံး ရာကို ယဇ်ပုရောဟိတ် တို့အား ပေး ကြ၏။
His officials also contributed willingly to the people and priests and Levites. Hilkiah, Zechariah, and Jehiel, the administrators of the house of God, gave the priests 2,600 Passover offerings and 300 bulls.
9 ၉ လေဝိ သားအကြီးအကဲ ၊ ကောနနိ ၊ ရှေမာယ ၊ ဟာရှဘိ ၊ ယေယေလ ၊ ယောဇဗဒ် ၊ နာသနေလ နှင့် သူ ၏ညီ များတို့သည်လည်း ၊ ပသခါ ပွဲခံစရာဘို့ သိုးဆိတ် ငါး ထောင်နှင့် နွား ငါး ရာကိုလေဝိ သားတို့အား ပေး ကြ၏။
Additionally, Conaniah and his brothers Shemaiah and Nethanel, as well as Hashabiah, Jeiel, and Jozabad, officers of the Levites, donated to the Levites 5,000 Passover offerings and 500 bulls.
10 ၁၀ ထိုသို့ ရှင်ဘုရင် အမိန့် တော်အတိုင်း ၊ ဝတ်ပြုစရာ ပြင်ဆင်၍ ယဇ် ပုရောဟိတ်တို့သည် မိမိ တို့နေရာ ၌ ရပ် ၍ ၊ လေဝိ သားတို့သည် မိမိ တို့ အမှု ကို ဆောင်ရွက် ကြ၏။
So the service was prepared; the priests stood in their places and the Levites in their divisions according to the king’s command.
11 ၁၁ ပသခါ သိုးသငယ်ကိုသတ် ၍ ၊ ယဇ် ပုရောဟိတ်တို့ သည် အသွေးကို လက် နှင့် ဖြန်း လျက် ၊ လေဝိ သားတို့သည် အရေ ကိုခွာလျက် ပြုကြ၏။
And they slaughtered the Passover lambs, while the priests sprinkled the blood handed to them and the Levites skinned the animals.
12 ၁၂ မောရှေ ကျမ်းစာ ၌ ရေး ထားသည်အတိုင်း ၊ ထာဝရဘုရား အား ပူဇော် စရာဘို့ လူ များအဆွေအမျိုး အလိုက် အသီးအသီး တို့အား ပေး ဝေခြင်းငှါ ၊ မီးရှို့ ရာယဇ်များ နှင့် နွား များကို ခွဲ ထားကြ၏။
They set aside the burnt offerings to be given to the divisions of the families of the people to offer to the LORD, as is written in the Book of Moses; and they did the same with the bulls.
13 ၁၃ ထုံးဖွဲ့ တော်မူသည်အတိုင်း ၊ ပသခါ သိုးသငယ်ကို မီး နှင့် ကင် ကြ၏။ သန့်ရှင်း သော ပူဇော်သက္ကာအခြား တို့ကို မြေအိုး၊ သံအိုး၊ သံကရား ၌ ပြုတ် ၍ လူ အပေါင်း တို့အား အလျင်အမြန် ဝေဖန်ကြ၏။
They roasted the Passover animals on the fire according to the regulation, and they boiled the other holy offerings in pots, kettles, and bowls and quickly brought them to all the people.
14 ၁၄ ထိုနောက်မှ ကိုယ် အဘို့ နှင့် ယဇ်ပုရောဟိတ် အဘို့ ကို ပြင်ဆင် ကြ၏။ အာရုန် သား ယဇ် ပုရောဟိတ်တို့ သည် ညဦး တိုင်အောင် မီးရှို့ ရာယဇ်နှင့် ဆီဥ ကိုပူဇော် လျက် နေရသောကြောင့် ၊ လေဝိ သားတို့သည် ကိုယ် အဘို့ ကို၎င်း ၊ အာရုန် သား ယဇ်ပုရောဟိတ် အဘို့ ကို၎င်း ပြင်ဆင် ကြ၏။
Afterward, they made preparations for themselves and for the priests, since the priests, the descendants of Aaron, were offering up burnt offerings and fat until nightfall. So the Levites made preparations for themselves and for the priests, the descendants of Aaron.
15 ၁၅ ဒါဝိဒ် နှင့် ရှင်ဘုရင် ၏ ပရောဖက် အာသပ် ၊ ဟေမန် ၊ ယေဒုသုန် တို့စီရင် သည်အတိုင်း ၊ အာသပ် အမျိုးသား သီချင်းသည် တို့သည် မိမိ တို့နေရာ ၌ ရှိကြ၏။ တံခါး စောင့် တို့သည် မိမိ တို့အမှု ကို မ ရှောင် ၊ တံခါး ရှိသမျှတို့ ကိုစောင့်ကြ၏။ သူ တို့ညီအစ်ကို လေဝိ သားတို့သည် သူ တို့အဘို့ ပြင်ဆင် ကြ၏။
The singers, the descendants of Asaph, were at their stations according to the command of David, Asaph, Heman, and Jeduthun the king’s seer. And the gatekeepers at each gate did not need to leave their position, because their fellow Levites made preparations for them.
16 ၁၆ ထိုသို့ ယောရှိ မင်းကြီး မိန့် တော်မူသည်အတိုင်း ပသခါ ပွဲကိုခံ ၍ ထာဝရဘုရား ၏ယဇ် ပလ္လင်ပေါ် မှာ မီးရှို့ ရာယဇ်တို့ကို ပူဇော် ခြင်းငှါ၊ ထာဝရ ဘုရားအား ပြု ရ သော ဝတ်အလုံးစုံ ကို၊ ထို နေ့ ခြင်းတွင် ပြင်ဆင် ကြ၏။
So on that day the entire service of the LORD was carried out for celebrating the Passover and offering burnt offerings on the altar of the LORD, according to the command of King Josiah.
17 ၁၇ စည်းဝေး သောဣသရေလ အမျိုးသား တို့သည်၊ ထိုအခါ ပသခါ ပွဲကို၎င်း၊ အဇုမ ပွဲ ကို၎င်း ၊ ခုနစ် ရက် ပတ်လုံးခံ ကြ၏။
The Israelites who were present also observed the Passover at that time, as well as the Feast of Unleavened Bread for seven days.
18 ၁၈ ယောရှိ မင်းနှင့် ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ စည်းဝေးသောယုဒ ပြည်၊ ဣသရေလ ပြည်သား၊ ယေရုရှလင် မြို့သား အပေါင်းတို့ခံ သော ထို ပသခါ ပွဲကဲ့သို့ သော ပွဲကို ပရောဖက် ရှမွေလ လက်ထက် မှစ၍ ဣသရေလ နိုင်ငံ၌ မ ခံ။ထိုသို့သော ပသခါ ပွဲကို ဣသရေလ ရှင်ဘုရင် တယောက် မျှ မ ခံ။
No such Passover had been observed in Israel since the days of Samuel the prophet. None of the kings of Israel ever observed a Passover like the one that Josiah observed with the priests, the Levites, all Judah, the Israelites who were present, and the people of Jerusalem.
19 ၁၉ ယောရှိ မင်းနန်းစံ ဆယ် ရှစ် နှစ် တွင် ၊ ထို ပသခါ ပွဲကိုခံ ကြ၏။
In the eighteenth year of Josiah’s reign, this Passover was observed.
20 ၂၀ ထိုနောက်မှ ၊ ယောရှိ သည် ဗိမာန် တော်ကို ပြင်ဆင် ပြီးမှ ၊ အဲဂုတ္တု ရှင်ဘုရင် နေခေါ သည် ဥဖရတ် မြစ်နား ၊ ခါခေမိတ် မြို့သို့ စစ်ချီ သည်တွင် ၊ ယောရှိ မင်းသည် ဆီးတား ခြင်းငှါ ထွက် လေ၏။
After all this, when Josiah had set the temple in order, Neco king of Egypt marched up to fight at Carchemish by the Euphrates, and Josiah went out to confront him.
21 ၂၁ အဲဂုတ္တုရှင်ဘုရင်က၊ အိုယုဒ ရှင်ဘုရင် ၊ သင် သည် ငါ နှင့် အဘယ်သို့ ဆိုင်သနည်း။ သင့် ကို ယနေ့ ငါ စစ်ချီ သည်မ ဟုတ်။ ငါနှင့်စစ်တိုက်ဘက် ဖြစ်သော အမျိုးကိုစစ်ချီ၏။ ငါ အလျင် အမြန်ပြ မည်အကြောင်း ဘုရားသခင် မှာထားတော်မူပြီ။ ငါ့ ဘက်၌ ရှိသောဘုရားသခင် ကို ဆန့်ကျင်ဘက်မပြုဘဲနေလော့။ သို့မဟုတ် သင့် ကိုဖျက်ဆီး တော်မူမည်ဟု သံတမန် ကို စေလွှတ် ၍ မှာ လိုက်လေ၏။
But Neco sent messengers to him, saying, “What is the issue between you and me, O king of Judah? I have not come against you today, but I am fighting another dynasty. God told me to hurry; so stop opposing God, who is with me, or He will destroy you!”
22 ၂၂ သို့ရာတွင် ယောရှိ သည် မ လွှဲ မရှောင်၊ နေခေါ ဆင့်ဆို သော ဘုရားသခင် ၏ အမိန့် တော်ကို နား မ ထောင်၊ စစ်တိုက် ခြင်းငှါ ခြားနားသော အယောင် ကို ဆောင်လျက် ၊ မေဂိဒ္ဒေါ ချိုင့် ၌ စစ် ပွဲထဲသို့ ဝင် လေ၏။
Josiah, however, did not turn away from him; instead, in order to engage him in battle, he disguised himself. He did not listen to Neco’s words from the mouth of God, but went to fight him on the Plain of Megiddo.
23 ၂၃ လေးသူရဲတို့သည် ယောရှိ မင်းကြီး ကိုပစ်၍ မှန် သဖြင့်၊ မင်းကြီး က ငါ့ ကိုဆောင် သွားလော့။ ပြင်းစွာ အထိအခိုက် ခံရသည်ဟု ကျွန် တို့အား ဆို လျှင်၊
There the archers shot King Josiah, who said to his servants, “Take me away, for I am badly wounded!”
24 ၂၄ ကျွန် တို့သည် ရထား တော်ပေါ်က ချ ၍၊ ဒုတိယ ရထား တော်ပေါ် ၌ တင် ပြီးလျှင် ၊ ယေရုရှလင် မြို့သို့ ဆောင်သွား သောအခါ ၊ အနိစ္စ ရောက်၍ ဘိုးဘေး တို့ သင်္ချိုင်း ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားအပေါင်း တို့သည်၊ ယောရှိ မင်းအနိစ္စ ရောက်သောကြောင့် ငိုကြွေး မြည်တမ်းခြင်းကို ပြုကြ၏။
So his servants took him out of his chariot, put him in his second chariot, and brought him to Jerusalem, where he died. And Josiah was buried in the tomb of his fathers, and all Judah and Jerusalem mourned for him.
25 ၂၅ ယေရမိ သည်လည်း မြည်တမ်း သောစကားကို စီရင်၍ သီချင်း သည်ယောက်ျားမိန်းမ ရှိသမျှ တို့သည်၊ ယနေ့ တိုင်အောင် ယောရှိ မင်းကို အောက်မေ့ လျက် ၊ ထိုမြည်တမ်းသောစကားကို သုံးဆောင်သဖြင့်၊ ဣသရေလ ထုံးစံ ဖြစ်လေ၏။ ထိုစကားသည် မြည်တမ်း စာ၌ ရေး ထားလျက်ရှိသတည်း။
Then Jeremiah lamented over Josiah, and to this day all the choirs of men and women sing laments over Josiah. They established them as a statute for Israel, and indeed they are written in the Book of Laments.
26 ၂၆ ယောရှိ ပြုမူသော အမှုအရာ ကြွင်း လေသမျှ တို့နှင့် ထာဝရဘုရား ၏ ပညတ္တိ ကျမ်း၌ ရေး ထားသည် အတိုင်း ကျေးဇူး ပြုခြင်း၊
As for the rest of the acts of Josiah, along with his deeds of loving devotion according to what is written in the Law of the LORD—
27 ၂၇ အကျင့်ကျင့်ခြင်းအရာအစ အဆုံး တို့သည်၊ ဣသရေလ ရာဇဝင်နှင့် ယုဒ ရာဇဝင် ၌ ရေး ထားလျက် ရှိ၏။
his acts from beginning to end—they are indeed written in the Book of the Kings of Israel and Judah.