< ၂ ရာဇဝင်ချုပ် 34 >
1 ၁ ယောရှိ သည် အသက် ရှစ် နှစ်ရှိသော်နန်း ထိုင်၍ ယေရုရှလင် မြို့၌ သုံးဆယ် တ နှစ် စိုးစံ လေ၏။
၁ယောရှိသည်အသက်ရှစ်နှစ်ရှိသောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့တွင်သုံးဆယ့်တစ်နှစ်နန်းစံရ လေသည်။-
2 ၂ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကိုပြု ၍ ၊ လက်ျာ ဘက်လက်ဝဲ ဘက်သို့ မ လွှဲ ၊ အဘ ဒါဝိဒ် လိုက်သောလမ်း သို့ လိုက် လေ၏။
၂သူသည်ထာဝရဘုရားနှစ်သက်တော်မူသော အမှုတို့ကိုပြု၏။ မိမိ၏ဘေးတော်ဒါဝိဒ် မင်း၏စံနမူနာကိုယူ၍ဘုရားသခင်၏ တရားတော်ရှိသမျှကိုတိကျစွာလိုက် နာကျင့်သုံး၏။
3 ၃ အသက် တော်ငယ်စဉ် ၊ နန်းစံ ရှစ် နှစ် တွင် ၊ အဘ ဒါဝိဒ် ၏ ဘုရားသခင် ကို ဆည်းကပ် စ ပြု၏။ တဆယ် နှစ် နှစ် တွင် ယုဒ ပြည်၊ ယေရုရှလင် မြို့၌ ရှိသောကုန်း ၊ အာရှရ ပင်၊ ထု သောရုပ်တု၊ သွန်း သောရုပ်တုတို့ကို သုတ်သင် ပယ်ရှင်းစ ပြု၏။
၃ယောရှိသည်နန်းစံရှစ်နှစ်မြောက်၌အသက် အရွယ်အလွန်နုနယ်လျက်ပင်ရှိနေသေးစဉ် အခါ မိမိ၏ဘေးတော်ဒါဝိဒ်မင်း၏ဘုရားသခင်ကိုစတင်ဆည်းကပ်လေသည်။ နောက် လေးနှစ်မျှကြာသောအခါသူသည်ရုပ်တု ကိုးကွယ်ရာဌာနများ၊ အာရှရဘုရားမ ၏တံခွန်တိုင်များနှင့်အခြားရုပ်တုရှိ သမျှတို့ကိုဖျက်ဆီးလေသည်။-
4 ၄ ဗာလ ဘုရားတို့ ယဇ် ပလ္လင်များကို ရှေ့ တော်၌ ဖြိုချ ၍ ၊ ယဇ်ပလ္လင်ပေါ်တွင် အမြင့်တင်ထားသော ရုပ်တု တို့ကို ခုတ်လှဲ ကြ၏။ အာရှရ ပင်များနှင့် ထု သောရုပ်တု၊ သွန်း သောရုပ်တုများကိုချိုးဖဲ့ ၍ ညက်ညက် ချေပြီးလျှင် ၊ ယဇ် ပူဇော်သောသူတို့၏ သင်္ချိုင်း ပေါ် မှာ ဖြန့်ဖြူး တော်မူ ၏။
၄သူ၏ညွှန်ကြားချက်အရမင်းချင်းတို့သည် ဗာလဘုရားအားဝတ်ပြုကိုးကွယ်ရာယဇ် ပလ္လင်များကိုချိုးဖဲ့ချေမှုန်းပြီးလျှင် ထို ယဇ်ပလ္လင်များတွင်ယဇ်ပူဇော်ခဲ့ကြသူ တို့၏သင်္ချိုင်းများအပေါ်တွင်ကြဲဖြန့် ကြ၏။-
5 ၅ ယဇ်ပုရောဟိတ် တို့အရိုး ကို ထိုယဇ် ပလ္လင်တည်ရာအပေါ် မှာ မီးရှို့ ၍ ၊ ယုဒ ပြည်နှင့် ယေရုရှလင် မြို့ကို စင်ကြယ် စေတော်မူ၏။
၅မင်းကြီးသည်ရုပ်တုကိုးကွယ်သူယဇ် ပုရောဟိတ်တို့၏အရိုးများကိုသူတို့၏ ယဇ်ပလ္လင်များပေါ်တင်၍မီးရှို့စေ၏။ ဤ သို့ပြုခြင်းအားဖြင့်ယုဒပြည်နှင့်ယေရု ရှလင်မြို့တို့ကိုဘာသာရေးထုံးနည်း အရသန့်စင်မှုကိုပြန်လည်ရရှိစေ တော်မူ၏။-
6 ၆ ထိုအတူ မနာရှေ ခရိုင် ၊ ဧဖရိမ် ခရိုင်၊ ရှိမောင် ခရိုင်၊ နဿလိ ခရိုင် တိုင်အောင် ၊ အရပ်ရပ် မြို့များတို့၌ ပေါက်တူး နှင့်လုပ်လျက်၊
၆သူသည်မနာရှေနယ်မြေ၊ ဧဖရိမ်နယ်မြေ၊ ရှိမောင်နယ်မြေနှင့်မြောက်ဘက်ရှိနဿလိ နယ်မြေတိုင်အောင်အရပ်ရပ်ရှိမြို့များနှင့် ပျက်စီးသောအရပ်များ၌လည်းဤနည်း အတိုင်းပြုတော်မူ၏။-
7 ၇ ယဇ် ပလ္လင်နှင့် အာရှရ ပင်တို့ကို ချိုးဖဲ့ ၍ ၊ ဣသရေလ ပြည် တလျှောက်လုံး ၌ ရှိသမျှ သောရုပ်တု ဆင်းတုတို့ကို ခုတ်လှဲ ၍ ညက်ညက် ချေပြီးမှ ယေရုရှလင် မြို့သို့ ပြန် တော်မူ၏။
၇မြောက်ဘက်နိုင်ငံတစ်လျှောက်လုံး၌ယဇ်ပလ္လင် များနှင့်တံခွန်တိုင်များကိုဖြိုဖျက်တော် မူ၏။ ရုပ်တုများကိုညက်ညက်ချေ၍နံ့သာ ပေါင်းမီးရှို့ရာယဇ်များကိုလည်းအပိုင်း ပိုင်းချိုးဖဲ့ပြီးမှယေရုရှလင်မြို့သို့ပြန် တော်မူ၏။
8 ၈ နန်းစံ ဆယ် ရှစ် နှစ် တွင် ၊ နိုင်ငံ တော်နှင့် ဗိမာန် တော်ကို စင်ကြယ် စေပြီးမှ ၊ မိမိ ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်ကို ပြုပြင် လိုသောငှါ ၊ အာဇလိ ၏ သား ရှာဖန် ၊ မြို့ဝန် မာသေယ ၊ ယောခတ် သား အတွင်းဝန် ယောအာ တို့ကို စေလွှတ် တော်မူ၏။
၈ယောရှိသည်မိမိနန်းစံတစ်ဆယ့်ရှစ်နှစ် မြောက်၌တိုင်းပြည်နှင့် ဗိမာန်တော်ကိုရုပ်တု ကိုးကွယ်ဝတ်ပြုမှုနှင့်ကင်းရှင်းသန့်စင် အောင်ပြုပြီးနောက်အာဇလိ၏သားရှာဖန်၊ ယေရုရှလင်ဘုရင်ခံမာသေယနှင့်ယော ခတ်၏သားအတွင်းဝန်ယောအာတို့အား ထာဝရအရှင်ဘုရားသခင်၏ဗိမာန် တော်ကိုမွမ်းမံပြင်ဆင်ရန်အတွက်စေ လွှတ်တော်မူ၏။-
9 ၉ ထိုသူတို့သည် ယဇ် ပုရောဟိတ်မင်း ဟိလခိ ထံ သို့ သွား ၍ ၊ ဗိမာန် တော်သို့ လူများဆောင်ခဲ့သောငွေ၊ မနာရှေ အမျိုးသား၊ ဧဖရိမ် အမျိုးသား၊ ကျန်ကြွင်း သော ဣသရေလ အမျိုးသားရှိသမျှ ၊ ယုဒ အမျိုးသား၊ ဗင်္ယာမိန် အမျိုးသား၊ ယေရုရှလင် မြို့သူမြို့သားအပေါင်း တို့လက် မှ တံခါး စောင့် လေဝိ သားတို့ခံ သော ငွေ ကိုယူ ၍၊
၉(ဧဖရိမ်၊ မနာရှေနှင့်အခြားမြောက်ဘက် နိုင်ငံသားများထံမှလည်းကောင်း၊ ယုဒ နိုင်ငံသားများ၊ ဗင်္ယာမိန်အနွယ်ဝင်များ နှင့်ယေရုရှလင်မြို့သူမြို့သားများထံမှ လည်းကောင်း) ဗိမာန်တော်တွင်လေဝိအနွယ် ဝင်တံခါးစောင့်များကောက်ခံရရှိသော ငွေကိုယဇ်ပုရောဟိတ်မင်းဟိလခိအား ပေးအပ်ကြ၏။-
10 ၁၀ ဗိမာန် တော်ကို ကြည့်ရှု ပြုစုသောသူတို့ ၌ အပ် သဖြင့် ၊ သူတို့သည် ဗိမာန် တော်ကို ပြုပြင် ခြင်းငှါ လုပ်ဆောင် သောသူ၊
၁၀ထိုနောက်ထိုငွေကိုဗိမာန်တော်မွမ်းမံပြင် ဆင်မှုကြီးကြပ်သူသုံးဦးတို့လက်သို့ ပေးအပ်ကြ၏။-
11 ၁၁ ဗိသုကာနှင့် လက်သမား လုပ် သည့်အတွက် ၊ ယုဒ ရှင်ဘုရင် ဖျက်ဆီး သော အဆောင် တို့ကို ပြင်စရာ ဘို့ ဆစ်သောကျောက်များနှင့် ထုပ်လျောက်ရနယ်များကို ဝယ် သည်အတွက် ပေး ကြ၏။
၁၁သူတို့သည်ထိုငွေဖြင့်လက်သမားနှင့် ဗိသုကာတို့လက်သို့ပေးအပ်ရာသူတို့ ကတစ်ဖန်ယုဒဘုရင်များလျစ်လူရှု သဖြင့် ယိုယွင်းပျက်စီးလျက်နေသော အဆောက်အအုံများကိုပြင်ဆင်ရန် ကျောက်များနှင့်သစ်သားများဝယ်ယူ ကြလေသည်။-
12 ၁၂ လုပ်ဆောင် သူ တို့သည် သစ္စာ စောင့် ကြ၏။ လေဝိ အမျိုး၊ မေရာရိ အနွယ် ၊ ယာဟတ် နှင့် ဩဗဒိ ၊ ကောဟတ် အနွှယ် ၊ ဇာခရိ နှင့် မေရှုလံ အစ ရှိသော တူရိယာ မျိုးကို တီးမှုတ်လျက် ၊ သီချင်းဆိုတတ်သော လေဝိ သားအပေါင်း တို့သည် ကြည့်ရှု နှိုးဆော်ကြ၏။
၁၂ဤအလုပ်ကိုလုပ်ဆောင်သူတို့သည်လုံးဝ စိတ်ချယုံကြည်ရသူများဖြစ်၏။ ထိုသူတို့ အားလေဝိအနွယ်ဝင်မေရာရိသားချင်းစု မှယာဟပ်နှင့်သြဗဒိ၊ လေဝိအနွယ်ဝင် ကောဟပ်သားချင်းစုမှဇာခရိနှင့်မေရှုလံ တို့ကြီးကြပ်အုပ်ချုပ်ရကြ၏။ (လေဝိ အနွယ်ဝင်အပေါင်းတို့သည်ဂီတပညာ တွင်ကျွမ်းကျင်သူများဖြစ်သတည်း။-)
13 ၁၃ ထိုသူတို့သည် ဝန်ထမ်း သောသူမှစ၍ ၊ အလုပ် မျိုးကို လုပ်ဆောင် သော သူအပေါင်း တို့ကို ကြည့်ရှုအုပ်ချုပ် ကြ၏။ လေဝိ သားအချို့တို့သည်လည်း စာရေး ၊ တရားသူကြီး ၊ တံခါးစောင့် လုပ် ကြ၏။
၁၃လေဝိအနွယ်ဝင်အချို့တို့သည်ဆောက်လုပ် ရေးပစ္စည်းများသယ်ယူပို့ဆောင်မှုကိုလည်း ကောင်း၊ အချို့တို့ကလုပ်ငန်းခွင်အသီးသီး ရှိအလုပ်သမားတို့အားကြီးကြပ်အုပ် ချုပ်မှုကိုလည်းကောင်း၊ အချို့မှာစာရင်း ထိန်းများသို့မဟုတ်တံခါးစောင့်များအဖြစ် ဖြင့်လည်းကောင်းအမှုထမ်းရကြလေသည်။
14 ၁၄ ဗိမာန် တော်သို့ ဆောင် ခဲ့သောငွေ ကို ထုတ် သောအခါ ၊ ယဇ်ပုရောဟိတ် ဟိလခိ သည် မောရှေ ရေးထားသော ထာဝရဘုရား ၏ ပညတ္တိ ကျမ်းစာစောင် ကို တွေ့ ၍၊
၁၄ပစ္စည်းသိုလှောင်ခန်းမှငွေကိုထုတ်ယူနေစဉ် ဟိလခိသည်မောရှေအား ဘုရားသခင်ပေး အပ်တော်မူခဲ့သည့်ပညတ်တရားတည်းဟူ သော ထာဝရဘုရား၏ပညတ်ကျမ်းကို တွေ့ရှိရ၏။-
15 ၁၅ တွေ့ ကြောင်းကို စာရေး တော်ရှာဖန် အား ပြော လျက် ထိုကျမ်းစာကို အပ် ပေး၏။
၁၅သို့ဖြစ်၍ယင်းသို့တွေ့ရှိသည့်အကြောင်းကို ရှာဖန်အား ပြောပြပြီးလျှင်ထိုကျမ်းကိုပေး အပ်လိုက်၏။-
16 ၁၆ ရှာဖန် သည် ရှင်ဘုရင် ထံသို့ ယူသွား ၍ ၊ ကိုယ်တော် ကျွန် တို့သည် မှာ ထားတော်မူသမျှ အတိုင်း ပြု ကြ ပါ၏။
၁၆ရှာဖန်သည်လည်းမင်းကြီးထံသို့ယူသွား ကာ``အကျွန်ုပ်တို့သည်အရှင်စေခိုင်းသမျှ သောအမှုတို့ကိုဆောင်ရွက်ပြီးပါပြီ။-
17 ၁၇ ဗိမာန် တော်၌ တွေ့ သောငွေ ကို မှုတ် ၍ ၊ အုပ်ချုပ် သောသူနှင့် လုပ်ဆောင် သောသူတို့၌ အပ် ပါပြီဟူ၍၎င်း၊
၁၇ဗိမာန်တော်တွင်ထားရှိသည့်ငွေကိုလည်းယူ၍ အလုပ်သမားများနှင့်သူတို့အားကြီးကြပ် အုပ်ချုပ်သူတို့၏လက်သို့ ပေးအပ်လိုက်ပါ ပြီ'' ဟုအစီရင်ခံပြီးနောက်၊-
18 ၁၈ ယဇ်ပုရောဟိတ် ဟိလခိ သည် ကျွန်တော် ၌ စာစောင် ကို အပ် ပါပြီဟူ၍၎င်း ကြားလျှောက် လျက် ၊ ရှင်ဘုရင် ရှေ့ တော်၌ ဘတ်ရွတ် လေ၏။
၁၈``ဤကျမ်းကိုအကျွှန်ုပ်အားပရောဟိတ်မင်း ဟိလခိကပေးအပ်လိုက်ပါသည်'' ဟုလျှောက် ပြီးလျှင်ကျမ်းကိုကျယ်စွာဖတ်ပြလေ၏။
19 ၁၉ ရှင် ဘုရင်သည် တရား စကား ကိုကြား လျှင် ၊ မိမိ အဝတ် ကိုဆုတ် ၍၊
၁၉ယင်းသို့ဖတ်ပြသည်ကိုမင်းကြီးကြားသော အခါ မိမိ၏အဝတ်များကိုဆုတ်လေသည်။-
20 ၂၀ ယဇ်ပုရောဟိတ်ဟိလခိ ၊ ရှာဖန် သား အဟိကံ ၊ မိက္ခါ သား အာဗဒုန် ၊ စာရေး တော်ရှာဖန် ၊ မိမိကျွန် အာသာယ ကို ခေါ် ၍၊
၂၀သူသည်ဟိလခိ၊ ရှာဖန်၏သားအဟိကံ၊ မိက္ခာ ၏သားအာဗဒုန်၊ စာရေးတော်ရှာဖန်နှင့်သက်တော်စောင့် အာသာယတို့ကိုခေါ်၍၊-
21 ၂၁ ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့ အတွက် ဣသရေလ ပြည်နှင့် ယုဒ ပြည်၌ ကျန်ကြွင်း သေးသောသူတို့ အတွက် ထာဝရဘုရား ၌ မေးလျှောက် ကြပါ။ ဘိုးဘေး တို့သည် ထာဝရဘုရား ၏ အမိန့် တော်ကို နား မ ထောင်၊ ဤ ကျမ်းစာ ၌ ရေးထား သမျှ အတိုင်း မကျင့် ဘဲ နေသောကြောင့်၊ ထာဝရဘုရား သည် ငါ တို့၌ ပြင်းစွာ အမျက် ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
၂၁``သင်တို့သည်ထာဝရဘုရားထံတော်သို့သွား ၍ဤကျမ်းတွင်ပါရှိသည့်သွန်သင်ချက် အကြောင်းကို ငါ့အတွက်နှင့်ယုဒပြည်နှင့် ဣသရေလပြည်တွင်ကျန်ရှိနေသေးသော သူတို့အတွက်မေးမြန်းကြလော့။ ငါတို့ ၏ဘိုးဘေးများသည်ထာဝရဘုရား၏ စကားတော်ကိုနားမထောင်ခဲ့ကြ။ ကျမ်း စောင်တွင်ပါရှိသည့်ပြဋ္ဌာန်းချက်များ ကိုမလိုက်နာခဲ့ကြသဖြင့် ထာဝရဘုရားသည်ငါတို့အားအမျက်ထွက် တော်မူပြီ'' ဟုမိန့်တော်မူ၏။
22 ၂၂ ထိုကာလတွင်၊ ဟရဟတ် သား ဖြစ်သော တိကဝ ၏သား အချုပ်ဝန်ရှလ္လုံ ၏မယား ၊ ပရောဖက်မ ဟုလဒ သည် ယေရုရှလင် မြို့၌ နေ သည်ဖြစ်၍၊ ဟိလခိ နှင့် ရှင်ဘုရင် ၏လူ တို့သည် ထိုမိန်းမ ထံသို့ သွား၍ ပြောဆို ကြ၏။
၂၂မင်းကြီး၏အမိန့်အရဟိလခိနှင့်အချို့ သောသူတို့သည် ယေရုရှလင်မြို့သစ်ပိုင်းတွင် နေထိုင်သူ၊ ဟုလဒအမည်ရှိအမျိုးသမီး ပရောဖက်ထံသို့သွား၍စုံစမ်းမေးမြန်း ကြ၏။ (ထိုအမျိုးသမီး၏ခင်ပွန်း၊ ဟရဟတ် ၏မြေး၊ တိကဝ၏သား၊ ရှလ္လုံသည်ဗိမာန် တော်ဆိုင်ရာဝတ်လုံများကိုထိန်းသိမ်းရ သူဖြစ်သတည်း။) သူတို့သည်ထိုအမျိုး သမီးအားဖြစ်ပျက်သည့်အမှုအရာများ ကိုပြောပြကြ၏။-
23 ၂၃ မိန်းမကလည်း၊ ငါ့ ထံသို့ စေလွှတ် သော သူ ထံသို့ သင် တို့ပြန်၍ ဆင့်ဆို ရသော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရ ဘုရား၏ အမိန့် တော်ဟူမူကား၊
၂၃ထိုအခါအမျိုးသမီးသည်သူတို့အားမင်း ကြီးထံသို့၊-
24 ၂၄ ယုဒ ရှင်ဘုရင် ရှေ့ မှာ ဘတ် ရသော ကျမ်းစာ ၌ ရေးထား သမျှ သောအကျိန် စကားပြည့်စုံစေခြင်းငှါ၊ ငါသည်ဤ အရပ် ၌ ၎င်း ၊ ဤ အရပ် သားတို့၌ ၎င်း ဘေး ရောက် စေမည်။
၂၄ထာဝရဘုရားထံမှဗျာဒိတ်တော်ကိုပြန် ကြားစေ၏။ ဗျာဒိတ်တော်မှာ``မင်းကြီးအား ဖတ်ပြသည့်ကျမ်းတွင်ရေးသားပါရှိသည့် ကျိန်စာများအတိုင်း ယေရုရှလင်မြို့နှင့် တကွမြို့သူမြို့သားအပေါင်းကိုငါ သုတ်သင်ဖျက်ဆီးတော်မူမည်။-
25 ၂၅ အကြောင်း မူကား၊ သူတို့သည် ငါ့ ကိုစွန့် ကြပြီ။ မိမိ လုပ် သော အရာတို့ဖြင့် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ ၊ အခြား တပါးသော ဘုရား တို့ရှေ့ မှာ နံ့သာပေါင်း ကို မီးရှို့ကြပြီ။ ထိုကြောင့်ဤ အရပ် ၌ ငါ့ အမျက် မီးသည် မ ငြိမ်း ဘဲလောင် ရလိမ့်မည်ဟု မိန့်တော်မူ၏။
၂၅သူတို့သည်ငါ့ကိုပစ်ပယ်၍အခြားဘုရား များအားယဇ်ပူဇော်ကြလေပြီ။ သို့ဖြစ်၍ သူတို့သည်မိမိတို့ပြုသမျှသောအမှု များအားဖြင့် ငါ၏အမျက်တော်ကိုလှုံ့ဆော် ပေးကြ၏။ ငါသည်ယေရုရှလင်မြို့ကို အမျက်ထွက်လျက်နေပြီဖြစ်၍ ထိုအမျက် ကိုငြိမ်းသတ်ရမည်မဟုတ်။-
26 ၂၆ ထာဝရဘုရား ကို မေးလျှောက် စေခြင်းငှါ ၊ သင် တို့ကိုစေလွှတ် သော ယုဒ ရှင်ဘုရင် ကြား သော ကျမ်းစကား ကို ရည်ဆောင် ၍ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူကြောင်း ကို ထိုရှင်ဘုရင်အား တဖန်ပြန်လျှောက်ရမည်ကား၊
၂၆မင်းကြီးအားဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားက `သင်သည် ပညတ်ကျမ်းတွင်ဖော်ပြပါရှိသည့်အတိုင်း လိုက်နာပေသည်။-
27 ၂၇ ဤ အရပ် ကို ၎င်း ၊ ဤအရပ်သားတို့ကို၎င်း၊ ငါခြိမ်းချောက်သော စကား ကို သင် သည်ကြား သောအခါ ၊ နူးညံ့ သောစိတ်ရှိ၍ ၊ ဘုရားသခင့်ရှေ့ တော်၌ ကိုယ်ကိုနှိမ့်ချ ခြင်း၊ ကိုယ် အဝတ် ကိုဆုတ် ခြင်း၊ ငါ့ ရှေ့ မှာ ငိုကြွေး ခြင်းကိုပြုသောကြောင့် ၊ သင့်စကား ကို ငါ နားထောင် ၏။
၂၇ယေရုရှလင်မြို့သူမြို့သားတို့အားအပြစ် ဒဏ်ခတ်ရန် ငါကြုံးဝါးသည်ကိုကြားသိရ သောအခါ သင်သည်ငိုယိုကာမိမိ၏အဝတ် များကိုဆုတ်ပြီးလျှင်နောင်တရလျက်ငါ၏ ရှေ့တော်တွင်စိတ်နှလုံးနှိမ့်ချလျက်နေ၏။ သို့ရာတွင်ငါသည်သင်၏ဆုတောင်းပတ္ထနာ ကိုကြားတော်မူပြီဖြစ်၍၊-
28 ၂၈ ငါ သည် သင် ကို ဘိုးဘေး စုဝေး ရာသို့ ပို့ဆောင်၍၊ သင် သည် ငြိမ်ဝပ် စွာ သင်္ချိုင်း သို့ရောက် ရလိမ့်မည်။ ဤ အရပ် ၌ ၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ငါ ရောက် စေအံ့သော ဘေး ကို သင့် ကိုယ်တိုင် မ တွေ့ မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း၊ သူတို့သည် ရှင်ဘုရင် အား ပြန် လျှောက် ကြ၏။
၂၈ယေရုရှလင်မြို့အားပေးမည့်အပြစ်ဒဏ် ကိုသင်၏လက်ထက်တွင်တွေ့မြင်ရမည် မဟုတ်။ ငါသည်သင့်အားငြိမ်းချမ်းစွာ စုတေခွင့်ကိုပေးတော်မူမည်' ဟုမိန့်တော် မူသည်'' ဟူ၍ဖြစ်၏။ သူတို့သည်ဗျာဒိတ် တော်ကိုပြန်ကြားရန်မင်းကြီးထံသို့ ပြန်သွားကြ၏။
29 ၂၉ ထိုအခါ ရှင် ဘုရင်သည် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားအသက်ကြီး သူအပေါင်း တို့ကို ခေါ် ၍၊
၂၉ယောရှိမင်းသည်ယုဒပြည်နှင့်ယေရုရှလင် မြို့ရှိခေါင်းဆောင်များကိုဆင့်ခေါ်ပြီးလျှင်၊-
30 ၃၀ ယုဒ ပြည်သူ ယေရုရှလင် မြို့သား ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ လူ အကြီး အငယ် အပေါင်း တို့နှင့်တကွ ၊ ဗိမာန် တော်သို့ တက် ၍ ဗိမာန် တော်၌တွေ့ သော ပဋိညာဉ် ကျမ်းစာ ရှိသမျှ ကို သူ တို့ရှေ့ မှာ ဘတ် တော်မူ၏။
၃၀ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ မှစ၍ဆင်းရဲသူချမ်းသာသူအပါအဝင် ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့နှင့် အတူဗိမာန်တော်သို့ကြွတော်မူ၏။ မင်းကြီး သည်ထိုသူအပေါင်းတို့အားဗိမာန်တော်ထဲ ၌တွေ့ရှိရသောပဋိညာဉ်ကျမ်းစောင်ကို အစအဆုံးဖတ်ပြတော်မူ၏။-
31 ၃၁ ရှင်ဘုရင် ကလည်း ၊ ထာဝရဘုရား ကို ဆည်းကပ် ပါမည်။ စီရင် ထုံးဖွဲ့ချက်ပညတ် တရားကို စိတ်နှလုံး အကြွင်းမဲ့စောင့်ရှောက် ပါမည်။ ဤ ကျမ်းစာ ၌ ပါ သောပဋိညာဉ် စကား အတိုင်း ကျင့် ပါမည်ဟု မိမိ နေရာ ၌ ရပ် ၍ အဓိဋ္ဌာန် ပြု ၏။
၃၁သူသည်ဘုရင့်ကျောက်တိုင် အနီးတွင်ရပ်လျက်``အကျွန်ုပ်သည်ကိုယ်တော် ၏စကားတော်ကိုနားထောင်ပါမည်။ ကိုယ် တော်၏တရားတော်နှင့်ပညတ်တော်တို့ကို စိတ်ရောကိုယ်ပါစောင့်ထိန်းပါမည်။ ကျမ်း စောင်တော်တွင်ရေးထားသည့်အတိုင်းပဋိ ညာဉ်တော်ဆိုင်ရာပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးပါမည်'' ဟုထာဝရ ဘုရားနှင့်ပဋိညာဉ်ပြုတော်မူ၏။-
32 ၃၂ စည်းဝေးသော ယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုးသား အပေါင်း တို့သည်၊ ထိုအဓိဋ္ဌာန်ကို ဝန်ခံရမည် အကြောင်းစီရင်တော်မူ၏။ ယေရုရှလင် မြို့သား တို့ သည်လည်း ၊ ဘိုးဘေး တို့ကိုးကွယ်သော ဘုရားသခင် ၏ ပဋိညာဉ် တရားအတိုင်း ကျင့် ကြ၏။
၃၂မင်းကြီးသည်ဗင်္ယာမိန်အနွယ်ဝင်များနှင့် ယေရုရှလင်မြို့တွင်ရှိသမျှသောသူတို့ အားလည်း ပဋိညာဉ်တော်ကိုစောင့်ထိန်းရန် ကတိပြုစေတော်မူ၏။ သို့ဖြစ်၍ယေရု ရှလင်မြို့သူမြို့သားတို့သည်ဘိုးဘေး များ၏ဘုရားသခင်နှင့်မိမိတို့ပြုသည့် ပဋိညာဉ်တော်ပါပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးကြလေသည်။-
33 ၃၃ ယောရှိ မင်းသည်လည်း ၊ ရွံရှာ ဘွယ်သောအရာရှိသမျှ တို့ ကို ဣသရေလ အမျိုးသား ပိုင်သော ပြည်အရပ်ရပ် တို့မှ ပယ်ရှား၍၊ ဣသရေလအမျိုးသားပိုင်သော ပြည်အရပ်ရပ်တို့မှ ပယ်ရှား၍၊ ဣသရေလပြည်၌ နေသောသူအပေါင်းတို့သည်၊ မိမိ တို့ဘုရားသခင် ထာဝရဘုရား ကို ဝတ်ပြု ရမည်အကြောင်း ၊ စီရင်တော်မူသဖြင့်၊ လက်ထက် တော်ကာလပတ်လုံး သူတို့သည် မ ဖောက်ပြန် ၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား နောက်တော်သို့ လိုက်လျက်နေကြ၏။
၃၃ယောရှိမင်းသည်ဣသရေလအမျိုးသား တို့ပိုင်သည့်နယ်မြေမှစက်ဆုပ်ရွံရှာဖွယ် ကောင်းသည့်ရုပ်တုရှိသမျှကိုဖျက်ဆီး၍ မိမိအသက်ရှင်သမျှကာလပတ်လုံး ပြည်သူတို့အားဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ်စေ တော်မူ၏။