< ၂ ရာဇဝင်ချုပ် 34 >

1 ယောရှိ သည် အသက် ရှစ် နှစ်ရှိသော်နန်း ထိုင်၍ ယေရုရှလင် မြို့၌ သုံးဆယ် တ နှစ် စိုးစံ လေ၏။
Nyolc éves volt Jósijáhú, mikor király lett és harmincegy évig uralkodott Jeruzsálemben.
2 ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကိုပြု ၍ ၊ လက်ျာ ဘက်လက်ဝဲ ဘက်သို့ မ လွှဲ ၊ အဘ ဒါဝိဒ် လိုက်သောလမ်း သို့ လိုက် လေ၏။
És tette azt, ami helyes az Örökkévaló szemeiben; járt ősének, Dávidnak útjaiban s nem tért el se jobbra, se balra.
3 အသက် တော်ငယ်စဉ် ၊ နန်းစံ ရှစ် နှစ် တွင် ၊ အဘ ဒါဝိဒ် ၏ ဘုရားသခင် ကို ဆည်းကပ် စ ပြု၏။ တဆယ် နှစ် နှစ် တွင် ယုဒ ပြည်၊ ယေရုရှလင် မြို့၌ ရှိသောကုန်း ၊ အာရှရ ပင်၊ ထု သောရုပ်တု၊ သွန်း သောရုပ်တုတို့ကို သုတ်သင် ပယ်ရှင်းစ ပြု၏။
S uralkodása nyolcadik évében, midőn ő még ifjú volt, kezdte keresni ősének, Dávidnak Istenét s a tizenkettedik évben kezdette megtisztítani Jehúdát meg Jeruzsálemet a magaslatoktól, az aséráktól, meg a faragott és öntött képektől.
4 ဗာလ ဘုရားတို့ ယဇ် ပလ္လင်များကို ရှေ့ တော်၌ ဖြိုချ ၍ ၊ ယဇ်ပလ္လင်ပေါ်တွင် အမြင့်တင်ထားသော ရုပ်တု တို့ကို ခုတ်လှဲ ကြ၏။ အာရှရ ပင်များနှင့် ထု သောရုပ်တု၊ သွန်း သောရုပ်တုများကိုချိုးဖဲ့ ၍ ညက်ညက် ချေပြီးလျှင် ၊ ယဇ် ပူဇော်သောသူတို့၏ သင်္ချိုင်း ပေါ် မှာ ဖြန့်ဖြူး တော်မူ ၏။
S lerombolták jelenlétében a Báalok oltárait a naposzlopokat pedig, amelyek azokon fölül voltak, kivágta; s az asérákat, meg a faragott s öntött képeket összezúzta és porrá törte s elhintette azoknak sírja fölé, akik azoknak áldoztak.
5 ယဇ်ပုရောဟိတ် တို့အရိုး ကို ထိုယဇ် ပလ္လင်တည်ရာအပေါ် မှာ မီးရှို့ ၍ ၊ ယုဒ ပြည်နှင့် ယေရုရှလင် မြို့ကို စင်ကြယ် စေတော်မူ၏။
S a papok csontjait elégette oltáraikon; így megtisztította Jehúdát és Jeruzsálemet.
6 ထိုအတူ မနာရှေ ခရိုင် ၊ ဧဖရိမ် ခရိုင်၊ ရှိမောင် ခရိုင်၊ နဿလိ ခရိုင် တိုင်အောင် ၊ အရပ်ရပ် မြို့များတို့၌ ပေါက်တူး နှင့်လုပ်လျက်၊
Továbbá Menasse meg Efraim és Simeón városaiban egészen Naftáliig, azok romjaiban köröskörül –
7 ယဇ် ပလ္လင်နှင့် အာရှရ ပင်တို့ကို ချိုးဖဲ့ ၍ ၊ ဣသရေလ ပြည် တလျှောက်လုံး ၌ ရှိသမျှ သောရုပ်တု ဆင်းတုတို့ကို ခုတ်လှဲ ၍ ညက်ညက် ချေပြီးမှ ယေရုရှလင် မြို့သို့ ပြန် တော်မူ၏။
lerombolta az oltárakat, és az asérákat meg a faragott képeket porrá zúzta, mind a naposzlopokat pedig kivágta Izrael egész országában; erre visszatért Jeruzsálembe.
8 နန်းစံ ဆယ် ရှစ် နှစ် တွင် ၊ နိုင်ငံ တော်နှင့် ဗိမာန် တော်ကို စင်ကြယ် စေပြီးမှ ၊ မိမိ ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်ကို ပြုပြင် လိုသောငှါ ၊ အာဇလိ ၏ သား ရှာဖန် ၊ မြို့ဝန် မာသေယ ၊ ယောခတ် သား အတွင်းဝန် ယောအာ တို့ကို စေလွှတ် တော်မူ၏။
És uralkodása tizennyolcadik évében, tisztítván az országot s a házat, küldte Sáfánt, Acaljáhú fiát, s Máaszéjáhút, a város nagyját s Jóáchot, Jóácház fiát, a kancellárt, hogy kijavítsák az Örökkévaló, az ő Istene házát.
9 ထိုသူတို့သည် ယဇ် ပုရောဟိတ်မင်း ဟိလခိ ထံ သို့ သွား ၍ ၊ ဗိမာန် တော်သို့ လူများဆောင်ခဲ့သောငွေ၊ မနာရှေ အမျိုးသား၊ ဧဖရိမ် အမျိုးသား၊ ကျန်ကြွင်း သော ဣသရေလ အမျိုးသားရှိသမျှ ၊ ယုဒ အမျိုးသား၊ ဗင်္ယာမိန် အမျိုးသား၊ ယေရုရှလင် မြို့သူမြို့သားအပေါင်း တို့လက် မှ တံခါး စောင့် လေဝိ သားတို့ခံ သော ငွေ ကိုယူ ၍၊
És elmentek Chilkijáhúhoz, a főpaphoz s adták a pénzt, amelyet hoztak volt az Isten házába, amelyet gyűjtöttek volt a leviták, a küszöbőrök, Menasséből, meg Efráimból s Izrael minden maradékából s egész Jehúdából, meg Benjáminból, s visszatértek Jeruzsálembe.
10 ၁၀ ဗိမာန် တော်ကို ကြည့်ရှု ပြုစုသောသူတို့ ၌ အပ် သဖြင့် ၊ သူတို့သည် ဗိမာန် တော်ကို ပြုပြင် ခြင်းငှါ လုပ်ဆောင် သောသူ၊
És adták a munka vezetőknek kezébe, kik rendelve voltak az Örökkévaló házára, s adták azon munkavezetőknek, kik az Örökkévaló házában dolgoztak, a háznak javítása és kiigazítása végett;
11 ၁၁ ဗိသုကာနှင့် လက်သမား လုပ် သည့်အတွက် ၊ ယုဒ ရှင်ဘုရင် ဖျက်ဆီး သော အဆောင် တို့ကို ပြင်စရာ ဘို့ ဆစ်သောကျောက်များနှင့် ထုပ်လျောက်ရနယ်များကို ဝယ် သည်အတွက် ပေး ကြ၏။
s átadták a faműveseknek s az építőknek, hogy faragott köveket vegyenek, meg fát kapcsokra s hogy gerendázzák a házakat, amelyeket elrontottak Jehúda királyai.
12 ၁၂ လုပ်ဆောင် သူ တို့သည် သစ္စာ စောင့် ကြ၏။ လေဝိ အမျိုး၊ မေရာရိ အနွယ် ၊ ယာဟတ် နှင့် ဩဗဒိ ၊ ကောဟတ် အနွှယ် ၊ ဇာခရိ နှင့် မေရှုလံ အစ ရှိသော တူရိယာ မျိုးကို တီးမှုတ်လျက် ၊ သီချင်းဆိုတတ်သော လေဝိ သားအပေါင်း တို့သည် ကြည့်ရှု နှိုးဆော်ကြ၏။
És a férfiak hűséggel jártak el a munkában s feléjük kirendelve voltak: Jáchat meg Óbadjáhú, a leviták, Merári fiai közül és Zekharja s Mesullám, a kehatiák fiai közül felügyeletre, és a leviták közül mindenki, aki hozzáértett a hangszerekhez.
13 ၁၃ ထိုသူတို့သည် ဝန်ထမ်း သောသူမှစ၍ ၊ အလုပ် မျိုးကို လုပ်ဆောင် သော သူအပေါင်း တို့ကို ကြည့်ရှုအုပ်ချုပ် ကြ၏။ လေဝိ သားအချို့တို့သည်လည်း စာရေး ၊ တရားသူကြီး ၊ တံခါးစောင့် လုပ် ကြ၏။
És a teherhordók fölé és felügyelőkül minden munkás fölé mindenféle szolgálatnál; és a leviták közül voltak írók, felügyelők és kapuőrök.
14 ၁၄ ဗိမာန် တော်သို့ ဆောင် ခဲ့သောငွေ ကို ထုတ် သောအခါ ၊ ယဇ်ပုရောဟိတ် ဟိလခိ သည် မောရှေ ရေးထားသော ထာဝရဘုရား ၏ ပညတ္တိ ကျမ်းစာစောင် ကို တွေ့ ၍၊
És midőn kivették az Örökkévaló házába hozott pénzt, megtalálta Chilkijáhú pap, az Örökkévaló tanának Mózes által adott könyvét.
15 ၁၅ တွေ့ ကြောင်းကို စာရေး တော်ရှာဖန် အား ပြော လျက် ထိုကျမ်းစာကို အပ် ပေး၏။
És megszólalt Chilkijáhú és szólt Sáfánhoz az íróhoz: A tannak könyvét találtam az Örökkévaló házában. S átadta Chilkijáhú a könyvet Sáfánnak.
16 ၁၆ ရှာဖန် သည် ရှင်ဘုရင် ထံသို့ ယူသွား ၍ ၊ ကိုယ်တော် ကျွန် တို့သည် မှာ ထားတော်မူသမျှ အတိုင်း ပြု ကြ ပါ၏။
És elvitte Sáfán a könyvet a királyhoz s még jelentést is vitt a királynak, mondván: Mindaz, ami átadatott a te szolgáid kezébe, feldolgozzák ők;
17 ၁၇ ဗိမာန် တော်၌ တွေ့ သောငွေ ကို မှုတ် ၍ ၊ အုပ်ချုပ် သောသူနှင့် လုပ်ဆောင် သောသူတို့၌ အပ် ပါပြီဟူ၍၎င်း၊
s kiöntötték a pénzt, mely az Örökkévaló házában találtatott s adták azt a kirendeltek kezébe s a munkavezetők kezébe.
18 ၁၈ ယဇ်ပုရောဟိတ် ဟိလခိ သည် ကျွန်တော် ၌ စာစောင် ကို အပ် ပါပြီဟူ၍၎င်း ကြားလျှောက် လျက် ၊ ရှင်ဘုရင် ရှေ့ တော်၌ ဘတ်ရွတ် လေ၏။
És jelentette Sáfán az író a királynak, mondván: Egy könyvet adott nekem Chilkijáhú pap. S felolvasott belőle Sáfán a király előtt.
19 ၁၉ ရှင် ဘုရင်သည် တရား စကား ကိုကြား လျှင် ၊ မိမိ အဝတ် ကိုဆုတ် ၍၊
És volt, amint hallotta a király a tannak szavait, megszaggatta ruháit.
20 ၂၀ ယဇ်ပုရောဟိတ်ဟိလခိ ၊ ရှာဖန် သား အဟိကံ ၊ မိက္ခါ သား အာဗဒုန် ၊ စာရေး တော်ရှာဖန် ၊ မိမိကျွန် အာသာယ ကို ခေါ် ၍၊
És parancsolta a király Chilkijáhúnak, meg Achíkámnak, Sáfán fiának, meg Abdónnak, Míkha fiának, meg Sáfánnak az írónak és Aszájának, a király szolgájának, mondván;
21 ၂၁ ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့ အတွက် ဣသရေလ ပြည်နှင့် ယုဒ ပြည်၌ ကျန်ကြွင်း သေးသောသူတို့ အတွက် ထာဝရဘုရား ၌ မေးလျှောက် ကြပါ။ ဘိုးဘေး တို့သည် ထာဝရဘုရား ၏ အမိန့် တော်ကို နား မ ထောင်၊ ဤ ကျမ်းစာ ၌ ရေးထား သမျှ အတိုင်း မကျင့် ဘဲ နေသောကြောင့်၊ ထာဝရဘုရား သည် ငါ တို့၌ ပြင်းစွာ အမျက် ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
Menjetek, kérdezzétek meg az Örökkévalót értem s az Izraelben meg Jehúdában megmaradt részért a megtalált könyv szavai felől, mert nagy az Örökkévalónak haragja, amely miránk kiomlott, mivelhogy nem őrizték meg őseink az Örökkévaló igéjét, hogy cselekedtek volna mind aszerint, amint írva van ebben a könyvben.
22 ၂၂ ထိုကာလတွင်၊ ဟရဟတ် သား ဖြစ်သော တိကဝ ၏သား အချုပ်ဝန်ရှလ္လုံ ၏မယား ၊ ပရောဖက်မ ဟုလဒ သည် ယေရုရှလင် မြို့၌ နေ သည်ဖြစ်၍၊ ဟိလခိ နှင့် ရှင်ဘုရင် ၏လူ တို့သည် ထိုမိန်းမ ထံသို့ သွား၍ ပြောဆို ကြ၏။
Ekkor elment Chilkijáhú s akiket a király küldött Chulda prófétanőhöz, feleségéhez Sallúmnak, Tokehat, Chaszra fia fiának, a ruhaőrnek; ő lakott Jeruzsálemben, a második városrészben s beszéltek hozzá ilyeténképpen.
23 ၂၃ မိန်းမကလည်း၊ ငါ့ ထံသို့ စေလွှတ် သော သူ ထံသို့ သင် တို့ပြန်၍ ဆင့်ဆို ရသော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရ ဘုရား၏ အမိန့် တော်ဟူမူကား၊
Erre mondta nekik: Így szól az Örökkévaló, Izrael Istene; mondjátok meg a férfiúnak, ki titeket hozzám küldött,
24 ၂၄ ယုဒ ရှင်ဘုရင် ရှေ့ မှာ ဘတ် ရသော ကျမ်းစာ ၌ ရေးထား သမျှ သောအကျိန် စကားပြည့်စုံစေခြင်းငှါ၊ ငါသည်ဤ အရပ် ၌ ၎င်း ၊ ဤ အရပ် သားတို့၌ ၎င်း ဘေး ရောက် စေမည်။
így szól az Örökkévaló: íme én hozok veszedelmet e helyre s lakóira, mind amaz átkokat, amelyek írva vannak abban a könyvben, melyet felolvastak Jehúda királya előtt.
25 ၂၅ အကြောင်း မူကား၊ သူတို့သည် ငါ့ ကိုစွန့် ကြပြီ။ မိမိ လုပ် သော အရာတို့ဖြင့် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ ၊ အခြား တပါးသော ဘုရား တို့ရှေ့ မှာ နံ့သာပေါင်း ကို မီးရှို့ကြပြီ။ ထိုကြောင့်ဤ အရပ် ၌ ငါ့ အမျက် မီးသည် မ ငြိမ်း ဘဲလောင် ရလိမ့်မည်ဟု မိန့်တော်မူ၏။
Azért mivel elhagytak engem s füstölögtettek más isteneknek, hogy bosszantsanak engem kezeik minden művével, úgy hogy kiomlik haragom e helyre s nem alszik ki.
26 ၂၆ ထာဝရဘုရား ကို မေးလျှောက် စေခြင်းငှါ ၊ သင် တို့ကိုစေလွှတ် သော ယုဒ ရှင်ဘုရင် ကြား သော ကျမ်းစကား ကို ရည်ဆောင် ၍ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူကြောင်း ကို ထိုရှင်ဘုရင်အား တဖန်ပြန်လျှောက်ရမည်ကား၊
Jehúda királyához pedig, aki küldött bennetek megkérdezni az Örökkévalót, így szóljatok hozzá: így szól az Örökkévaló, Izrael Istene a szavak felől, melyeket hallottál:
27 ၂၇ ဤ အရပ် ကို ၎င်း ၊ ဤအရပ်သားတို့ကို၎င်း၊ ငါခြိမ်းချောက်သော စကား ကို သင် သည်ကြား သောအခါ ၊ နူးညံ့ သောစိတ်ရှိ၍ ၊ ဘုရားသခင့်ရှေ့ တော်၌ ကိုယ်ကိုနှိမ့်ချ ခြင်း၊ ကိုယ် အဝတ် ကိုဆုတ် ခြင်း၊ ငါ့ ရှေ့ မှာ ငိုကြွေး ခြင်းကိုပြုသောကြောင့် ၊ သင့်စကား ကို ငါ နားထောင် ၏။
Mivelhogy meglágyult a szíved s megalázkodtál az Isten előtt, midőn hallottad szavait eme helyről és lakóiról, s megalázkodtál előttem és megszaggattad ruháidat és sírtál előttem, én is hallgattam rá, úgymond az Örökkévaló.
28 ၂၈ ငါ သည် သင် ကို ဘိုးဘေး စုဝေး ရာသို့ ပို့ဆောင်၍၊ သင် သည် ငြိမ်ဝပ် စွာ သင်္ချိုင်း သို့ရောက် ရလိမ့်မည်။ ဤ အရပ် ၌ ၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ငါ ရောက် စေအံ့သော ဘေး ကို သင့် ကိုယ်တိုင် မ တွေ့ မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း၊ သူတို့သည် ရှင်ဘုရင် အား ပြန် လျှောက် ကြ၏။
Íme én engedlek betérni őseidhez s betakaríttatsz sírodba békében, úgy hogy nem látják meg szemeid mind a veszedelmet, melyet hozni akarok e helyre s lakóira. S vittek a királynak választ.
29 ၂၉ ထိုအခါ ရှင် ဘုရင်သည် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားအသက်ကြီး သူအပေါင်း တို့ကို ခေါ် ၍၊
Erre küldött a király s összegyűjtötte Jehúda és Jeruzsálem véneit mind.
30 ၃၀ ယုဒ ပြည်သူ ယေရုရှလင် မြို့သား ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ လူ အကြီး အငယ် အပေါင်း တို့နှင့်တကွ ၊ ဗိမာန် တော်သို့ တက် ၍ ဗိမာန် တော်၌တွေ့ သော ပဋိညာဉ် ကျမ်းစာ ရှိသမျှ ကို သူ တို့ရှေ့ မှာ ဘတ် တော်မူ၏။
Fölment a király az Örökkévaló házába, meg mind a Jehúda emberei s Jeruzsálem lakói és a papok és leviták és az egész nép nagyjától aprajáig; s felolvasta fülük hallatára minden szavait a szövetség könyvének, mely találtatott az Örökkévaló házában.
31 ၃၁ ရှင်ဘုရင် ကလည်း ၊ ထာဝရဘုရား ကို ဆည်းကပ် ပါမည်။ စီရင် ထုံးဖွဲ့ချက်ပညတ် တရားကို စိတ်နှလုံး အကြွင်းမဲ့စောင့်ရှောက် ပါမည်။ ဤ ကျမ်းစာ ၌ ပါ သောပဋိညာဉ် စကား အတိုင်း ကျင့် ပါမည်ဟု မိမိ နေရာ ၌ ရပ် ၍ အဓိဋ္ဌာန် ပြု ၏။
Erre felállt a király a helyére s megkötötte a szövetséget az Örökkévaló színe előtt, hogy jár az Örökkévaló után s hogy megőrzi parancsolatait, bizonyságait meg törvényeit egész szívével s egész lelkével, megtéve a szövetség szavait, amelyek írva vannak ebben a könyvben.
32 ၃၂ စည်းဝေးသော ယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုးသား အပေါင်း တို့သည်၊ ထိုအဓိဋ္ဌာန်ကို ဝန်ခံရမည် အကြောင်းစီရင်တော်မူ၏။ ယေရုရှလင် မြို့သား တို့ သည်လည်း ၊ ဘိုးဘေး တို့ကိုးကွယ်သော ဘုရားသခင် ၏ ပဋိညာဉ် တရားအတိုင်း ကျင့် ကြ၏။
És erre kötelezett mindenkit, aki találtatott Jeruzsálemben s Benjáminban; és cselekedtek Jeruzsálem lakói Istennek, őseik Istenének szövetsége szerint.
33 ၃၃ ယောရှိ မင်းသည်လည်း ၊ ရွံရှာ ဘွယ်သောအရာရှိသမျှ တို့ ကို ဣသရေလ အမျိုးသား ပိုင်သော ပြည်အရပ်ရပ် တို့မှ ပယ်ရှား၍၊ ဣသရေလအမျိုးသားပိုင်သော ပြည်အရပ်ရပ်တို့မှ ပယ်ရှား၍၊ ဣသရေလပြည်၌ နေသောသူအပေါင်းတို့သည်၊ မိမိ တို့ဘုရားသခင် ထာဝရဘုရား ကို ဝတ်ပြု ရမည်အကြောင်း ၊ စီရင်တော်မူသဖြင့်၊ လက်ထက် တော်ကာလပတ်လုံး သူတို့သည် မ ဖောက်ပြန် ၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား နောက်တော်သို့ လိုက်လျက်နေကြ၏။
És eltávolította Jósijáhú mind az utálatosságokat Izrael fiainak minden országából s ráhajtott mindenkit, aki találtatott Izraelben, hogy szolgálja az Örökkévalót, Istenüket; egész életében nem távolodtak el az Örökkévalótól, őseik Istenétől.

< ၂ ရာဇဝင်ချုပ် 34 >