< ၂ ရာဇဝင်ချုပ် 33 >

1 မနာရှေ သည် အသက် တဆယ် နှစ် နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ ငါးဆယ် ငါး နှစ် စိုးစံ လေ၏။
Manasseh was twelve when he became king, and he reigned in for Jerusalem fifty-five years.
2 ထိုမင်းသည် ဣသရေလ အမျိုးသား ရှေ့ မှာ၊ ထာဝရဘုရား နှင်ထုတ် တော်မူသော တပါးအမျိုးသား ရွံရှာဘွယ် ထုံးစံအတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။
He did evil in the Lord's sight by following the disgusting religious practices of the nations that the Lord had driven out before the Israelites.
3 ခမည်းတော် ဟေဇကိ ဖျက်ဆီး သော ကုန်း တို့ကို ပြုပြင် ၍ ၊ ဗာလ ဘုရားတို့အဘို့ ယဇ် ပလ္လင်တို့ကို တည် ၏။ အာရှရ ပင်တို့ကိုလည်း ပြုစု ၏။ မိုဃ်း ကောင်းကင်တန်ဆာ များကိုလည်း ဝတ်ပြု ကိုးကွယ်၏။
He rebuilt the high places that his father Hezekiah had destroyed, and he made altars for the Baals and set up Asherah poles. He worshiped the sun, moon, and stars and served them.
4 ယေရုရှလင် မြို့၌ ငါ့ နာမ ကိုအစဉ် ငါတည် စေမည် ဟု ထာဝရဘုရား မိန့် တော်မူသော မြို့၊ ဗိမာန် တော်၌ ယဇ် ပလ္လင်တည်းဟူသော၊
He built altars in the Lord's Temple, about which the Lord had said, “I shall be honored in Jerusalem forever.”
5 ဗိမာန် တော်တန်တိုင်း နှစ် ရပ်တွင် ၊ မိုဃ်း ကောင်းကင်တန်ဆာ များ အဘို့ ယဇ် ပလ္လင်တို့ကိုတည် ၏။
He built these altars to worship the sun, moon, and stars in both courtyards of the Lord's Temple.
6 မိမိ သား တို့ကို ဟိန္နုံ သားချိုင့်၌ မီး ဖြင့် ပူဇော် ၏။ ကာလ ဗေဒင်ကို ကြည့်တတ်၏။ ပြုစား သောအတတ်၊ နတ် ဝိဇ္ဇာအတတ်ကို သုံးဆောင်၍ ၊ စုန်း နှင့် နတ်ဝင် တို့ကိုလည်း အခွင့် ပေး၏။ ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်ခြင်းငှါ ရှေ့ တော်၌များစွာ သော ဒုစရိုက် ကို ပြု ၏။
He sacrificed his children by burning them to death in the Valley of Ben-hinnom. He practiced sorcery, divination, and witchcraft, and visited mediums and spiritists. He did a great deal of evil in the Lord's sight, making him angry.
7 ဤ ဗိမာန် ၌ ၎င်း ၊ ဣသရေလ ခရိုင် များတို့တွင် ငါရွေးကောက် သော ယေရုရှလင် မြို့၌ ၎င်း၊ ငါ့ နာမ ကို အစဉ်အမြဲ ငါ တည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ် နှင့် သား တော် ရှောလမုန် အား မိန့် တော်မူရာ၌၊ ရည်ဆောင်သောဗိမာန် တော်ထဲမှာ ၊ မိမိပြုစုသော ရုပ်တုနှင့် တူအောင်လုပ် သော ရုပ်တုတခုကိုတင် ထား၏။
He took a pagan idol he had made and set it up in God's Temple, about which God had told David and his son Solomon, “I will be honored forever in this Temple and in Jerusalem, which I have chosen from all the tribes of Israel.
8 ငါမှာထား သမျှ အတိုင်း ၊ မောရှ အားဖြင့် စီရင် ထုံးဖွဲ့ သမျှ သောတရား အတိုင်း ၊ ဣသရေလအမျိုးသားတို့ သည် ကျင့်ခြင်းငှါစောင့်ရှောက်လျှင်၊ သူတို့ ဘိုးဘေးတို့ အား ငါပေးသောပြည်မှ၊ သူတို့ကို နောက်တဖန် ငါမရွေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း၊
If the Israelites are careful to follow everything I have instructed them to do—all the laws, commandments, and regulations, given through Moses—then I will not make them leave the land I granted your forefathers.”
9 မနာရှေ သည် ယုဒ ပြည်သူ ယေရုရှလင် မြို့သား တို့ကို လမ်းလွဲ စေ၏။ ဣသရေလ အမျိုးသား တို့ရှေ့ မှ ၊ ထာဝရဘုရား ဖျက်ဆီး တော်မူသော လူမျိုး တို့ပြုသည် ထက် ၊ သာ၍ဆိုး သောအမှုကိုပြု စေ၏။
But Manasseh seduced Judah and the people of Jerusalem, leading them to commit even worse sins than the nations the Lord had destroyed before Israelites.
10 ၁၀ ထာဝရဘုရား သည် မနာရှေ နှင့် သူ ၏ လူ တို့အား မိန့် တော်မူသော်လည်း ၊ သူတို့သည်နား မ ထောင်ဘဲ နေသောကြောင့်၊
The Lord warned Manasseh and his people, but they ignored him.
11 ၁၁ အာရှုရိ ရှင်ဘုရင် ၏ ဗိုလ် မင်း များကို စစ်ချီစေတော်မူသဖြင့်၊ သူတို့သည် မနာရှေ ကို ဆူးတော ၌ ဘမ်းမိ ၍ ၊ သံကြိုး နှင့် ချည်နှောင် ပြီးမှ ၊ ဗာဗုလုန် မြို့သို့ ဆောင် သွားကြ၏။
So the Lord sent the armies of Assyria with their commanders to attack them. The Assyrians captured Manasseh, put a hook through his nose, put bronze shackles on him, and took him away to Babylon.
12 ၁၂ ထိုသို့မနာရှေ သည် ဆင်းရဲ ဒုက္ခကို ခံရသောအခါ၊ မိမိ ဘုရားသခင် ထာဝရဘုရား ကို တောင်းပန် ၍ ၊ ဘိုးဘေး တို့၏ ဘုရားသခင့် ရှေ့ မှာ ကိုယ်ကိုအလွန် နှိမ့်ချ လျက်၊
In his misery, asked the Lord God for help, repenting for his arrogance before the God of his forefathers.
13 ၁၃ ဆုတောင်း ပဌနာပြုသောစကားကို ဘုရားသခင်နားထောင် နာယူ၍၊ မနာရှေအုပ်စိုးရင်းပြည်၊ ယေရုရှလင် မြို့သို့ တဖန်ပို့ဆောင် တော်မူ၏။ ထိုအခါ ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူကြောင်းကို မနာရှေ သိ ရ၏။
He prayed and prayed, and the Lord listened to his pleadings, so the Lord brought Manasseh back to Jerusalem and to his kingdom. Then Manasseh was convinced that the Lord is God.
14 ၁၄ ထိုနောက် ၊ ဒါဝိဒ် မြို့ ပြင် ၊ ဂိဟုန် မြို့ အနောက် ဘက်၊ ချိုင့် ထဲမှာ ငါး တံခါးဝ တိုင်အောင် ၎င်း ၊ ဩဖေလ ရဲတိုက်ပတ်လည် ၌ ၎င်း ၊ အလွန် မြင့် သော မြို့ရိုး ကို တည် ၏။ ယုဒ ပြည်တွင် ခိုင်ခံ့ သောမြို့ ရှိသမျှ တို့၌ တပ်မှူး တို့ကို ခန့်ထား ၏။
After this, Manasseh rebuilt the outer wall of the City of David from west of Gihon in the valley to the Fish Gate, and around the hill of Ophel, and made it much higher. He also assigned army commanders to all the fortified towns of Judah.
15 ၁၅ တပါး အမျိုးတို့၏ ဘုရား များနှင့် အရင်လုပ် သောရုပ်တု ကို၊ ဗိမာန် တော်ထဲက ထုတ် ၍ ၊ ဗိမာန် တော် တောင် ပေါ် ၊ ယေရုရှလင် မြို့ထဲမှာ အရင်တည် သော ယဇ် ပလ္လင်တို့ကိုလည်း မြို့ ပြင် သို့ ထုတ် ပစ်လေ၏။
He disposed of the foreign gods and the idol from the Lord's Temple, together with all the altars he had built on the Temple hill and in Jerusalem, throwing all of them outside the city.
16 ၁၆ ထာဝရဘုရား ၏ ယဇ် ပလ္လင်ကိုပြုပြင် ၍ ၊ မိဿဟာယ ယဇ် နှင့် ကျေးဇူး တော်ဝန်ခံရာ ယဇ် တို့ကိုပူဇော်၏။ ယုဒ ပြည်သားတို့သည်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ကို ဝတ်ပြု မည်အကြောင်း မှာ ထား၏။
Then he restored the altar of the Lord, and sacrificed friendship offerings and thank offerings on it, and he instructed Judah to worship the Lord, the God of Israel.
17 ၁၇ သို့ရာတွင် ပြည်သား တို့သည် မြင့် သောအရပ် ပေါ် မှာ ယဇ် ပူဇော်လျက်ပင်၊ မိမိ တို့ဘုရားသခင် ထာဝရဘုရား ကိုသာ ကိုးကွယ်ကြ၏။
But the people still sacrificed on the high places, but only to the Lord their God.
18 ၁၈ မနာရှေ ပြုမူသောအမှုအရာ ကြွင်း လေသမျှတို့ နှင့် မိမိ ဘုရားသခင် ကို ဆုတောင်း ခြင်းအရာ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အခွင့် နှင့် သူ့ အား ပရောဖက် တို့ ဟောပြော သောစကား သည်၊ ဣသရေလ ရာဇဝင် ၌ ရေးထားလျက်ရှိ၏။
The rest of what Manasseh did, along with his prayer to his God and what he was told by the seers who spoke on the Lord's behalf are recorded in the Book of the Kings of Israel.
19 ၁၉ သူ ဆုတောင်း ခြင်း၊ ဘုရားသခင်နားထောင်တော်မူခြင်း၊ အမှုမရောက်မှီ ပြစ်မှားလွန်ကျူးခြင်း၊ မြင့် သောအရပ် တို့ကို တည် ခြင်း၊ အာရှရ ပင်နှင့် ရုပ်တု ဆင်းတုတို့ကို တည်ထောင် ခြင်းအရာတို့သည်၊ ဟောဇဲ ၏ ကျမ်းစကား တွင် ရေးထား လျက်ရှိ၏။
His prayer and how God answered him, as well as all his sins and unfaithfulness, and where he built high places and set up Asherah poles and idols before he admitted he was wrong, are recorded in the Records of the Seers.
20 ၂၀ မနာရှေ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ မိမိ အိမ် ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာမုန် သည်ခမည်းတော် အရာ ၌နန်း ထိုင်၏။
Manasseh died and was buried at his palace. His son Amon took over as king.
21 ၂၁ အာမုန် သည်အသက် နှစ်ဆယ် နှစ် နှစ်ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ နှစ် နှစ် စိုးစံ လေ၏။
Amon was twenty-two when he became king, and he reigned in Jerusalem for two years.
22 ၂၂ ထိုမင်းသည် ခမည်းတော် မနာရှေ ပြု သကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။ ခမည်းတော်လုပ် သော ရုပ်တု ဆင်းတုရှိသမျှ တို့အား ယဇ် ပူဇော်၍ ဝတ်ပြု ၏။
He did evil in the Lord's sight just as his father Manasseh had. Amon worshiped and sacrificed to all the idols his father Manasseh had made.
23 ၂၃ ခမည်းတော် သည် ထာဝရဘုရား ရှေ့ တော်၌ ကိုယ်ကိုနှိမ့်ချ သကဲ့သို့ မ နှိမ့်ချ ဘဲအထူးသဖြင့် ပြစ်မှား ၏။
However, he did not admit his pride before the Lord as his father Manasseh had done—in fact Amon made his guilt even worse.
24 ၂၄ မိမိ ကျွန် တို့သည် သင်းဖွဲ့ ၍ နန်းတော် ၌ လုပ်ကြံ ကြ၏။
Then Amon's officials plotted against him and killed him in his palace.
25 ၂၅ အာမုန် မင်းကြီး တစ်ဘက် ၌သင်းဖွဲ့ သောသူ အပေါင်း တို့ကို၊ ပြည်သူ ပြည်သားတို့သည် ကွပ်မျက် ၍ ၊ သား တော်ယောရှိ ကို ခမည်းတော် အရာ ၌နန်း တင်ကြ၏။
But the people of the land killed everyone who had plotted against King Amon, and they made his son Josiah king.

< ၂ ရာဇဝင်ချုပ် 33 >