< ၂ ရာဇဝင်ချုပ် 32 >

1 ထိုအမှုများတို့ကို လက်စသတ်သည်နောက်၊ အာရှုရိ ရှင်ဘုရင် သနာခရိပ် သည်၊ ယုဒ ပြည်သို့ စစ်ချီ ၍ ခိုင်ခံ့ သောမြို့ တို့ကို ဝိုင်း ထားလျက် တိုက်ယူခြင်းငှါ အားထုတ်လေ၏။
After these things, and this faithfulness, Sennacherib king of Assyria came, and entered into Judah, and camped against the fortified cities, and thought to win them for himself.
2 ထိုသို့ သနာခရိပ် သည်လာ ၍ ၊ ယေရုရှလင် မြို့ကို တိုက် မည့်အကြံရှိကြောင်းကို ၊ ဟေဇကိ သည်သိမြင် လျှင်၊
When Hezekiah saw that Sennacherib had come, and that he intended to fight against Jerusalem,
3 မြို့ ပြင် ၌ ရှိသော စမ်း ရေ ကိုဖြတ် ခြင်းငှါ မှူးမတ် ၊ စစ်သူကြီး တို့နှင့် တိုင်ပင် ၍။သူ တို့သည် ဝိုင်း လုပ်ကြ၏။
he took counsel with his princes and his mighty men to stop the waters of the springs which were outside of the city; and they helped him.
4 အာရှုရိ ရှင် ဘုရင်တို့သည် လာ ၍ ၊ များစွာ သော ရေ ကို အဘယ်ကြောင့် တွေ့ ရမည်နည်းဟု လူများတို့သည် ဆိုလျက်၊ စုဝေး ၍ စမ်းရေ တွင်းရှိသမျှ ကို ပိတ် ကြ၏။ ပြည် အလယ် ၌ စီး သောချောင်း ရေကိုလည်း ဖြတ်ကြ၏။
So many people gathered together, and they stopped all the springs, and the brook that flowed through the midst of the land, saying, "Why should the kings of Assyria come, and find much water?"
5 ဟေဇကိသည်လည်း ကိုယ်ကို ခိုင်ခံ့ စေ၏။ ပြို သောမြို့ရိုး ရှိသမျှ ကို ပြုပြင် ၍ ၊ ရဲတိုက် တို့နှင့် တညီတည်း တည်၏။ ပြင် မြို့ရိုး ကိုလည်း တည် ၏။ ဒါဝိဒ် မြို့ ၌ မိလ္လော ရဲတိုက်ကိုလည်း ပြုပြင်၍၊ များစွာ သော လှံလက်နက်ဒိုင်း လွှားတို့ကိုလည်း လုပ်လေ၏။
He took courage, and built up all the wall that was broken down, and raised towers upon it, and the other wall outside, and strengthened Millo in the City of David, and made weapons and shields in abundance.
6 လူ များတို့တွင် တပ်မှူး တို့ကိုခန့်ထား ၍ ၊ မြို့ လမ်းမ ၌ စုဝေး စေသဖြင့် ၊ အားပေးသော စကားကို ပြောလျက်၊
He set captains of war over the people, and gathered them together to him in the broad place at the gate of the city, and spoke comfortably to them, saying,
7 ခွန်အား ယူ၍ ရဲရင့် ခြင်းရှိကြလော့။ အာရှုရိ ရှင်ဘုရင် နှင့် သူ ၌ ပါသော အလုံး အရင်း အပေါင်း တို့ ကြောင့် မ ကြောက် ကြနှင့်။ စိတ် မ ပျက်ကြနှင့်။ ငါ တို့ ဘက် ၌နေသောသူတို့ သည်၊ သူ့ဘက်၌ နေသောသူ တို့ထက် သာ၍များ ကြ၏။
"Be strong and courageous, do not be afraid nor dismayed for the king of Assyria, nor for all the multitude who is with him; for there is a greater with us than with him.
8 သူ့ ဘက် ၌ လူ လက်ရုံး ရှိ၏။ ငါ တို့ဘက် ၌ ထောက်မ ၍ ၊ စစ် ကူတော်မူသောငါ တို့၏ဘုရားသခင် ထာဝရဘုရား ရှိတော်မူသည်ဟု မိန့်တော်မူ၏။ လူ များတို့ သည် ယုဒ ရှင်ဘုရင် ဟေဇကိ ၏ စကား ကို ကိုးစား ကြ၏။
With him is an arm of flesh; but with us is YHWH our God to help us, and to fight our battles." The people rested themselves on the words of Hezekiah king of Judah.
9 ထိုနောက် အာရှုရိ ရှင်ဘုရင် သနာခရိပ် သည် ဗိုလ်ခြေ အပေါင်း တို့နှင့်တကွ ၊ လာခိရှ မြို့ကို ဝိုင်းထားစဉ်တွင်၊ မိမိ ကျွန် အချို့ကို ယေရုရှလင် မြို့၊ ယုဒ ရှင်ဘုရင် ဟေဇကိ ထံ သို့၎င်း၊ ယေရုရှလင် မြို့၌ ရှိသော ယုဒ လူအပေါင်း တို့ရှိရာသို့ ၎င်း စေလွှတ် ၍၊
After this, Sennacherib king of Assyria sent his servants to Jerusalem, (now he was before Lachish, and all his power with him), to Hezekiah king of Judah, and to all Judah who were at Jerusalem, saying,
10 ၁၀ အာရှုရိ ရှင်ဘုရင် သနာခရိပ် မိန့် တော်မူသည် ကား ၊ သင် တို့သည် ယေရုရှလင် မြို့၌ ဝိုင်း ထားခြင်းကိုခံ ခြင်းငှါ၊ အဘယ်သို့ ခိုလှုံ ကြသနည်း။
Thus says Sennacherib king of Assyria, "In whom do you trust, that you remain under siege in Jerusalem?
11 ၁၁ ဟေဇကိ က၊ ငါ တို့၏ဘုရားသခင် ထာဝရဘုရား သည် ငါ တို့ကို အာရှုရိ ရှင်ဘုရင် လက် မှ ကယ်လွှတ် တော်မူမည်ဟုဆို လျက် ၊ မွတ်သိပ် ခြင်း၊ ရေငတ် ခြင်း အားဖြင့် အသေ ခံရသည်တိုင်အောင် ၊ ကိုယ်ကို စွန့်ပစ် စေ ခြင်းငှါ ၊ သင် တို့ကို ဖြားယောင်း သည်မဟုတ် လော။
Doesn't Hezekiah persuade you, to give you over to die by famine and by thirst, saying, 'YHWH our God will deliver us out of the hand of the king of Assyria?'
12 ၁၂ ထို ဟေဇကိ သည် ထာဝရ ဘုရား၏ မြင့် သော အရပ်ဌာနနှင့် ယဇ် ပလ္လင်တို့ကို ပယ် ၍ ၊ သင်တို့သည် တခုတည်းသော ယဇ် ပလ္လင်ရှေ့ မှာကိုးကွယ် ရမည်။ ထို ယဇ် ပလ္လင်ပေါ် မှာ နံ့သာပေါင်း ကို မီးရှို့ရမည်ဟု ယုဒ ပြည်သူ ယေရုရှလင် မြို့သားတို့ကို မိန့် တော်မူပြီမဟုတ် လော။
Hasn't the same Hezekiah taken away his high places and his altars, and commanded Judah and Jerusalem, saying, 'You shall worship before one altar, and on it you shall burn incense?'
13 ၁၃ ငါ နှင့် ငါ့ ဘိုးဘေး တို့သည် အတိုင်းတိုင်းအပြည်ပြည်တို့၌ အဘယ်သို့ ပြု သည်ကို သင်တို့မ သိ ကြသလော။အတိုင်းတိုင်းအပြည်ပြည်ဘုရားတို့သည် မိမိ တို့ပြည် များကို ငါ့ လက် မှ ကယ်လွှတ် ခြင်းငှါ တတ်စွမ်း နိုင် သလော ။
Do you not know what I and my fathers have done to all the peoples of the lands? Were the gods of the nations of the lands in any way able to deliver their land out of my hand?
14 ၁၄ ငါ့ ဘိုးဘေး အကုန်အစင် ဖျက်ဆီး သော တိုင်း နိုင်ငံတို့၏ ဘုရား တို့တွင် ၊ အဘယ်မည်သောဘုရားသည် မိမိ ပြည် ကို ငါ့ လက် မှ ကယ်လွှတ် ဘူးသနည်း။ သင် တို့၏ ဘုရား သည် သင် တို့ကိုငါ့ လက် မှ အဘယ်သို့ ကယ်လွှတ် မည်နည်း။
Who was there among all the gods of those nations which my fathers utterly destroyed, that could deliver his people out of my hand, that your God should be able to deliver you out of my hand?
15 ၁၅ သို့ဖြစ်၍ ၊ ဟေဇကိ သည် သင် တို့ကိုမ လှည့်စား စေနှင့်။ ထိုသို့ မ ဖြားယောင်း စေနှင့်။ သူ့ စကားကို မ ယုံ ကြနှင့်။ အခြား သော တိုင်း နိုင်ငံ၌ ကိုးကွယ်သော ဘုရား မည်မျှသည်၊ မိမိ ပြည် ကိုငါ့ လက် မှ ၎င်း၊ ငါ့ ဘိုးဘေး လက် မှ ၎င်း မ ကယ် မလွှတ်နိုင်။။ ထိုမျှမက ၊ သင် တို့၏ဘုရား သည် သင် တို့ကို ငါ့ လက် မှ မ ကယ် မလွှတ်နိုင်ဟု မှာလိုက်လေ၏။
Now therefore do not let Hezekiah deceive you, nor persuade you in this way, neither believe him; for no god of any nation or kingdom was able to deliver his people out of my hand, and out of the hand of my fathers. How much less will your God deliver you out of my hand?"
16 ၁၆ သူ့ ကျွန် တို့သည် ထာဝရ အရှင်ဘုရားသခင် တစ်ဘက် ၊ ဘုရားသခင် ၏ကျွန် ဟေဇကိ တဘက် ၌ သာ၍ ပြော ဆိုကြ၏။
His servants spoke yet more against YHWH God, and against his servant Hezekiah.
17 ၁၇ ထိုမှတပါး အခြားသော တိုင်းနိုင်ငံဘုရား တို့ သည်၊ မိမိ လူ များကို ငါ့ လက် မှ မ ကယ် မလွှတ်နိုင်သည် နည်းတူ ၊ ဟေဇကိ ကိုးကွယ်သော ဘုရား သည်၊ သူ ၏ လူ များကို ငါ့ လက် မှ မ ကယ် မလွှတ်ရဟုဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရား ကို ကဲ့ရဲ့ ပြစ်တင်သောစာ ကို ရေး ၍ ပေးလိုက်သေး၏။
He also wrote letters insulting YHWH, the God of Israel, and to speak against him, saying, "As the gods of the nations of the lands, which have not delivered their people out of my hand, so shall the God of Hezekiah not deliver his people out of my hand."
18 ၁၈ တဖန် မြို့ရိုး ပေါ် မှာရှိသော ယေရုရှလင် မြို့သား တို့ကို ခြိမ်းချောက်နှောက်ရှက်၍၊ မြို့ ကိုတိုက်ယူ နိုင်အောင်၊ ယုဒ ဘာသာစကားအားဖြင့် ကျယ် သော အသံ နှင့် ကြွေးကြော် ကြ၏။
They cried with a loud voice in the Jews' language to the people of Jerusalem who were on the wall, to frighten them, and to trouble them; that they might take the city.
19 ၁၉ လူ တို့လက် ဖြင့် လုပ် သောဘုရား ၊ မြေကြီး သား များ ကိုးကွယ်သော ဘုရားတို့နှင့် ယေရုရှလင် မြို့ ဘုရားသခင် ကို ရော၍ ကဲ့ရဲ့ ကြ၏။
They spoke of the God of Jerusalem, as of the gods of the peoples of the earth, which are the work of men's hands.
20 ၂၀ ထို အကြောင်း ကြောင့်၊ ဟေဇကိ မင်းကြီး နှင့် အာမုတ် သား ပရောဖက် ဟေရှာယ သည် ဆုတောင်း ၍ ၊ ကောင်းကင် ဘုံသို့ ဟစ်ခေါ် သဖြင့်၊
Hezekiah the king, and Isaiah the prophet the son of Amoz, prayed because of this, and cried to heaven.
21 ၂၁ ထာဝရဘုရား စေလွှတ် တော်မူသောကောင်းကင် တမန်သည်၊ အာရှုရိ ရှင်ဘုရင် တပ် ၌ ခွန်အား ကြီးသော သူရဲ များ၊ တပ်မှူး ၊ စစ်ကဲ များအပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလေ၏။ ရှင်ဘုရင်သည် မျက်နှာ ပျက် လျက် ၊ မိမိ ပြည် သို့ ပြန် သွား၏။ မိမိ ဘုရား ၏ ဗိမာန် သို့ရောက် သောအခါ ၊ မိမိ သားရင်း တို့သည် ထား နှင့် သတ် ကြ၏။
YHWH sent an angel, who cut off all the mighty men of valor, and the leaders and captains, in the camp of the king of Assyria. So he returned with shame of face to his own land. When he had come into the house of his god, some of his own offspring killed him there with the sword.
22 ၂၂ ထိုသို့ ထာဝရဘုရား သည် ဟေဇကိ နှင့် ယေရုရှလင် မြို့သား တို့ကို၊ အာရှုရိ ရှင်ဘုရင် လက် မှ ၎င်း ၊ အခြားသောရန်သူလက် မှ ၎င်း ကယ်လွှတ် ၍ ၊ အရပ်ရပ် ၌ စောင့်မ တော်မူ၏။
Thus YHWH saved Hezekiah and the inhabitants of Jerusalem from the hand of Sennacherib the king of Assyria, and from the hand of all others, and gave them rest on every side.
23 ၂၃ အများသောသူတို့သည် ယေရုရှလင် မြို့သို့ ထာဝရဘုရား အဘို့ ပူဇော် သက္ကာကို၎င်း ၊ ယုဒ ရှင်ဘုရင် ဟေဇကိ ထံ သို့ လက်ဆောင် ပဏ္ဏာကို၎င်း ဆောင် ခဲ့ကြ သဖြင့် ၊ ဟေဇကိသည် ထိုကာလမှစ၍ခပ်သိမ်း သောလူမျိုး ရှေ့ မှာဘုန်းကြီး တော်မူ၏။
Many brought gifts to YHWH to Jerusalem, and precious things to Hezekiah king of Judah; so that he was exalted in the sight of all nations from thenceforth.
24 ၂၄ ထို ကာလ အခါ ဟေဇကိ မင်းသည် သေ နာစွဲ၍ ထာဝရဘုရား အား ဆုတောင်း သဖြင့်၊ ဗျာဒိတ်တော်နှင့် ထူးဆန်း သော တန်ခိုးတော်ကို ခံရ၏။
In those days Hezekiah was sick even to death: and he prayed to YHWH; and he spoke to him, and gave him a sign.
25 ၂၅ သို့ရာတွင် ဟေဇကိ သည် မိမိ ခံရသောကျေးဇူးတော်နှင့် အထိုက် အလျောက်မ ကျင့်၊ ထောင်လွှား သောစိတ် ရှိ၏။ ထိုကြောင့် သူ ၌ ၎င်း၊ ယုဒ ပြည်နှင့် ယေရုရှလင် မြို့၌ ၎င်း ၊ အမျက် တော်ထွက် လေ၏။
But Hezekiah did not render again according to the benefit done to him; for his heart was lifted up: therefore there was wrath on him, and on Judah and Jerusalem.
26 ၂၆ သို့ရာတွင် ဟေဇကိ သည် မိမိ စိတ် ထောင်လွှား သော အပြစ်ကြောင့် ၊ ယေရုရှလင် မြို့ သားတို့နှင့်တကွ ကိုယ်တိုင် ကိုယ်ကိုနှိမ့်ချ သောကြောင့် ၊ လက်ထက် တော် ကာလတွင်၊ ထာဝရဘုရား ၏ အမျက် တော်မ သက်ရောက် ။
Notwithstanding Hezekiah humbled himself for the pride of his heart, both he and the inhabitants of Jerusalem, so that the wrath of YHWH did not come on them in the days of Hezekiah.
27 ၂၇ ဟေဇကိ သည် များစွာ သော စည်းစိမ် ဥစ္စာ ဂုဏ် အသရေရှိ ၏။ ရွှေ ၊ ငွေ ၊ ကျောက် မြတ်၊ နံ့သာမျိုး ၊ ဒိုင်း လွှား၊ နှမြော ဘွယ်သော တန်ဆာ သိုထားရာဘဏ္ဍာတိုက် များကို တည် လေ၏။
Hezekiah had a very great amount of riches and honor: and he provided him treasuries for silver, and for gold, and for precious stones, and for spices, and for shields, and for all kinds of goodly vessels;
28 ၂၈ စပါး ကျီများ၊ ဆီ ၊ စပျစ်ရည် သိုထား ရာ တိုက်များ၊ တိရစ္ဆာန် မျိုး တင်းကုပ် များ၊ သိုး ခြံ များကိုလည်း လုပ်လေ ၏။
storehouses also for the increase of grain and new wine and oil; and stalls for all kinds of animals, and flocks in folds.
29 ၂၉ ကိုယ် အဘို့ မြို့ တို့ကိုတည် ၍ ၊ များစွာ သော သိုး နွား တို့ကိုလည်း ဆည်းဖူးလေ၏။ ဘုရားသခင် သည် များစွာ သောဥစ္စာ ကို ပေး သနားတော်မူ၏။
Moreover he provided him cities, and possessions of flocks and herds in abundance; for God had given him very much substance.
30 ၃၀ ထိုမှတပါး ၊ ဟေဇကိ သည် ဂိဟုန် အထက် ချောင်း ရေကို ပိတ် ၍ ၊ ဒါဝိဒ် မြို့ အနောက် သို့ တည့်တည့် စီးစေ၏။ ထိုသို့ ဟေဇကိ သည် ပြု လေရာရာ ၌ အကြံ ထမြောက်၏။
This same Hezekiah also stopped the upper spring of the waters of Gihon, and brought them straight down on the west side of the City of David. Hezekiah prospered in all his works.
31 ၃၁ သို့ရာတွင် ၊ နိုင်ငံ တော်၌ ဖြစ် သော အံ့ဘွယ် သော အမှုကို မေးမြန်း စေခြင်းငှါ ၊ ဗာဗုလုန် မင်း တို့သည် သံတမန်ကို စေလွှတ်သော အမှုမှာ၊ ဟေဇကိ မင်း၏ သဘော ကို အကုန်အစင် သိ ခြင်းငှါ ၊ ဘုရားသခင် သည် စုံစမ်း ၍ အလွတ် ထားတော်မူ၏။
However concerning the ambassadors of the princes of Babylon, who sent to him to inquire of the wonder that was done in the land, God left him, to try him, that he might know all that was in his heart.
32 ၃၂ ဟေဇကိ ပြုမူသောအမှု အရာကြွင်း လေသမျှ တို့နှင့် ကျေးဇူး ပြုခြင်းအရာသည် အာမုတ် သား ပရောဖက် ဟေရှာယ ၏ ရူပါရုံ ကျမ်း၊ ယုဒ ရာဇဝင်၊ ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
Now the rest of the acts of Hezekiah, and his good deeds, look, they are written in the vision of Isaiah the prophet the son of Amoz, in the book of the kings of Judah and Israel.
33 ၃၃ ဟေဇကိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဒါဝိဒ် ၏သား တော်မြေးတော်တို့ သင်္ချိုင်းတွင် အမြတ်ဆုံးသော သင်္ချိုင်း ၌ သင်္ဂြိုဟ် ခြင်းကို ခံလေ၏။ ယုဒ ပြည်သူ ယေရုရှလင် မြို့ သားအပေါင်း တို့သည်၊ ဟေဇကိ အနိစ္စ ရောက်သောအခါ ၊ ဂုဏ် အသရေတော်ကို ချီးမြှောက် ကြ ၏။ သား တော်မနာရှေ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
Hezekiah slept with his fathers, and they buried him in the ascent of the tombs of the sons of David: and all Judah and the inhabitants of Jerusalem did him honor at his death. Manasseh his son reigned in his place.

< ၂ ရာဇဝင်ချုပ် 32 >