< ၂ ရာဇဝင်ချုပ် 31 >

1 ထို အမှုလက်စသတ် သောအခါ ၊ စည်းဝေးသော ဣသရေလ လူအပေါင်း တို့သည်၊ ယုဒ မြို့ များသို့ ထွက်သွား ၍ ယုဒ ပြည်၊ ဗင်္ယာမိန် ပြည်၊ ဧဖရိမ် ပြည်၊ မနာရှေ ပြည် အရပ်ရပ် ၌ ရှိသောရုပ်တု ဆင်းတု၊ အာရှရ ပင်၊ မြင့် သော အရပ်၊ ယဇ် ပလ္လင်ရှိသမျှတို့ကို ရှင်းရှင်းမဖျက်ဆီး မှီ တိုင်အောင်ချိုးဖဲ့ ၊ ခုတ်လှဲ ဖြိုချကြ၏။ ထိုနောက်မှ ၊ ဣသရေလ အမျိုးသား အပေါင်း တို့သည်၊ အသီးအသီး ပိုင် ထိုက်သောနေရာ မြို့ ရွာတို့သို့ ပြန် သွားကြ၏။
When all this had ended, the Israelites in attendance went out to the cities of Judah and broke up the sacred pillars, chopped down the Asherah poles, and tore down the high places and altars throughout Judah and Benjamin, as well as in Ephraim and Manasseh, until they had utterly destroyed them all. Then all the Israelites returned to their cities, each to his own property.
2 ယဇ်ပုရောဟိတ် လေဝိ သားတို့သည်၊ အသီးအသီး စောင့်ရသောအမှု ကို အလှည့်သင့်သည်အတိုင်း စောင့်လျက်၊ ထာဝရဘုရား ၏ကျိန်းဝပ် တော်မူသောဌာနတော်တံခါး အတွင်း ၌၊ မီးရှို့ ရာယဇ်နှင့် မိဿဟာယ ယဇ်ကိုပူဇော်ခြင်း၊ အမှု တော်မျိုးကိုစောင့်ခြင်း၊ ကျေးဇူး တော်ကို ဝန်ခံခြင်း၊ ထောမနာ သီချင်း ဆိုခြင်းအမှုကို ပြုစေခြင်းငှါ ၊ ဟေဇကိ ခန့်ထား တော်မူ၏။
Hezekiah reestablished the divisions of the priests and Levites—each of them according to their duties as priests or Levites—for the burnt offerings and peace offerings, for ministry, for giving thanks, and for singing praises at the gates of the LORD’s dwelling.
3 ထာဝရဘုရား ၏ ပညတ္တိ ကျမ်း၌ ရေးထား သည် အတိုင်း ၊ နေ့ရက်အစဉ် နံနက် အချိန်၊ ညဦး ချိန်၊ ဥပုသ် နေ့၊ လဆန်း နေ့၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ်ပူဇော်စရာဘို့၊ ဘဏ္ဍာတော်ထဲက ဥစ္စာတဘို့ကို ထုတ်၍လှူတော်မူ၏။
The king contributed from his own possessions for the regular morning and evening burnt offerings and for the burnt offerings on the Sabbaths, New Moons, and appointed feasts, as written in the Law of the LORD.
4 ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့သည် ထာဝရဘုရား ၏ တရား ကိုကြိုးစား ၍ သွန်သင်စေခြင်းငှါ ၊ ယေရုရှလင် မြို့၌နေသောသူတို့ သည် ဥစ္စာတဘို့ကို လှူရမည် အကြောင်းမိန့် တော်မူ၏။
Moreover, he commanded the people living in Jerusalem to make a contribution for the priests and Levites so that they could devote themselves to the Law of the LORD.
5 ထိုအမိန့် တော်ကို ဣသရေလ အမျိုးသား တို့ သည် အနှံ့အပြားကြားသိကြသောအခါ၊ အဦး သီးသော စပါး ၊ စပျစ်ရည် ၊ ဆီ ၊ ပျားရည် အစရှိ သော မြေ အသီးအနှံ ကို၎င်း ၊ အခြားသောဥစ္စာရှိသမျှ ဆယ်ဘို့ တဘို့ကို၎င်း၊ များစွာ ဆောင် ခဲ့ကြ၏။
As soon as the order went out, the Israelites generously provided the firstfruits of the grain, new wine, oil, and honey, and of all the produce of the field, and they brought in an abundance—a tithe of everything.
6 ယုဒ မြို့ တို့၌ နေ သောဣသရေလ အမျိုးသား နှင့် ယုဒ အမျိုးသားတို့သည်လည်း ၊ သိုး နွား ဆယ်ဘို့ တဘို့ကို၎င်း ၊ သူ တို့၏ဘုရားသခင် ထာဝရဘုရား အား ပူဇော် ၍ သန့်ရှင်း သော ဥစ္စာဆယ်ဘို့ တဘို့ကို၎င်း ဆောင် ခဲ့၍ အသီးအသီး ပုံထားကြ၏။
And the Israelites and Judahites who lived in the cities of Judah also brought a tithe of their herds and flocks and a tithe of the holy things consecrated to the LORD their God, and they laid them in large heaps.
7 တတိယ လ တွင် ပုံ ထားစ ပြု၍ ၊ သတ္တမ လ တွင် လက်စသတ် ကြ၏။
In the third month they began building up the heaps, and they finished in the seventh month.
8 ပုံ ထားသောဥစ္စာကို၊ ဟေဇကိ နှင့် မှူးမတ် တို့ သည် လာ ၍ မြင် သောအခါ ၊ ထာဝရဘုရား နှင့် ဘုရားသခင် ၏ လူ ဣသရေလ အမျိုးကို ကောင်းကြီး ပေးကြ၏။
When Hezekiah and his officials came and viewed the heaps, they blessed the LORD and His people Israel.
9 ထိုပုံ ထားသော ဥစ္စာအကြောင်း ကို ဟေဇကိ သည် ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့၌ မေးမြန်း လျှင်၊
Then Hezekiah questioned the priests and Levites about the heaps,
10 ၁၀ ဇာဒုတ် အမျိုး ၊ ယဇ်ပုရောဟိတ် အကြီး အာဇရိ က၊ ပူဇော် သက္ကာတို့ကို၊ ဗိမာန် တော်သို့ ဆောင် ခဲ့စ ပြုသော နောက်၊ အကျွန်ုပ်တို့ စားလောက်အောင်ရှိသည်သာမက များစွာကျန်ကြွင်း တတ်ပါ၏။ ထာဝရဘုရား သည် မိမိ လူ တို့ကို ကောင်းကြီး ပေးတော်မူသောကြောင့် ၊ ပုံထား သောဤ ဥစ္စာ များသည် ကျန်ကြွင်း လျက်ရှိပါသည်ဟု လျှောက်ကြ၏။
and Azariah, the chief priest of the household of Zadok, answered him, “Since the people began to bring their contributions into the house of the LORD, we have had enough to eat and there is plenty left over, because the LORD has blessed His people; this great abundance is what is left over.”
11 ၁၁ ထိုအခါ ဗိမာန် တော်၌ ဘဏ္ဍာ တိုက်တို့ကို ပြင်ဆင် စေမည်အကြောင်း ၊ ဟေဇကိ မိန့် တော်မူသည် အတိုင်း ပြင်ဆင် ၍၊
Then Hezekiah commanded them to prepare storerooms in the house of the LORD, and they did so.
12 ၁၂ လှူ သောဥစ္စာ၊ ဆယ်ဘို့ တဘို့ဥစ္စာ၊ ပူဇော် သော ဥစ္စာများကို တရား နှင့်အညီ သွင်း ထားကြ၏။ လေဝိ သားကောနနိ သည်တိုက်အုပ် ၊ သူ ၏ညီ ရှိမိ သည် တိုက်စာရေးဖြစ်၏။
And they faithfully brought in the contributions, tithes, and dedicated gifts. Conaniah the Levite was the officer in charge of them, and his brother Shimei was second.
13 ၁၃ ယေဟေလ ၊ အာဇဇိ ၊ နာဟတ် ၊ အာသဟေလ ၊ ယေရိမုတ် ၊ ယောဇဗတ် ၊ ဧလျေလ ၊ ဣသမခိ ၊ မာဟတ် ၊ ဗေနာယ တို့သည်လည်း ဟေဇကိ မင်းကြီး နှင့် ဗိမာန် တော် အုပ် အာဇရိ စီရင်သည်အတိုင်း၊ ကောနနိ နှင့် သူ ၏ညီ ရှိမိ တို့သည် အစေခံ၍ ကြည့်ရှုပြုစုရကြ၏။
Jehiel, Azaziah, Nahath, Asahel, Jerimoth, Jozabad, Eliel, Ismachiah, Mahath, and Benaiah were overseers under the authority of Conaniah and his brother Shimei, by appointment of King Hezekiah and of Azariah the chief official of the house of God.
14 ၁၄ အရှေ့ တံခါးမှူး ၊ လေဝိ သားဣမန သား ကောရ သည်၊ ထာဝရ အရှင်ဘုရားသခင် အား လှူဒါန်း ပူဇော်သောဥစ္စာ၊ အလွန်သန့်ရှင်းသောဥစ္စာ များကို ဝေဖန်ရသောအမှုအုပ်ဖြစ်၏။
Kore son of Imnah the Levite, the keeper of the East Gate, was in charge of the freewill offerings given to God, distributing the contributions to the LORD and the consecrated gifts.
15 ၁၅ ကောရ လက် ထောက်၊ ဧဒင် ၊ ဗင်္ယာမိန် ၊ ယောရှု ၊ ရှေမာယ ၊ အာမရိ ၊ ရှေကနိ တို့သည်လည်း ယဇ်ပုရောဟိတ် နေရာမြို့ တို့၌ အရာခံသည်အတိုင်း၊ သင်းဖွဲ့ သော ညီအစ်ကို အကြီး အငယ် တို့အား ပေးဝေ ရကြ၏။
Under his authority, Eden, Miniamin, Jeshua, Shemaiah, Amariah, and Shecaniah faithfully distributed portions to their fellow priests in their cities, according to their divisions, old and young alike.
16 ၁၆ သင်းဖွဲ့ သည်အတိုင်း ၊ ဗိမာန် တော်သို့ ဝင် ၍ အမှု တော် ကိုစောင့် သောသူ၊ စာရင်း ဝင်သည်အတိုင်း ၊ အသက် သုံး နှစ်လွန် သော ယောက်ျား အပေါင်း တို့အား ၎င်း၊
In addition, they distributed portions to the males registered by genealogy who were three years of age or older—to all who would enter the house of the LORD for their daily duties for service in the responsibilities of their divisions—
17 ၁၇ အဆွေအမျိုး အလိုက် စာရင်း ဝင်၍ ၊ အသက် နှစ်ဆယ် လွန် သဖြင့် ၊ သင်းဖွဲ့ သည်အတိုင်း ၊ အမှုတော်စောင့် သော ယဇ်ပုရောဟိတ် လေဝိ သားတို့ အား၎င်း၊
and to the priests enrolled according to their families in the genealogy, as well as to the Levites twenty years of age or older, according to their duties and divisions.
18 ၁၈ သစ္စာ စောင့်၍ ကိုယ်ကိုသန့်ရှင်း စေသော ထိုသူ တို့၏သား မယား သူငယ် မှစ၍ ၊ ပရိသတ် အနှံ့အပြား စာရင်း ဝင်သမျှ သောသူ တို့ အား ၎င်း ၊ နေ့ရက်အစဉ်အတိုင်း ပေးဝေရကြ၏။
The genealogy included all the little ones, wives, sons, and daughters in the whole assembly. For they had faithfully consecrated themselves as holy.
19 ၁၉ ထိုအတူ ၊ အထက်ဆိုခဲ့ပြီးသောသူတို့ သည် ယဇ်ပုရောဟိတ် ၊ လေဝိသားနေစရာဘို့ ခွဲထားသော မြို့နယ်တို့၌ နေသောအာရုန် သား ယဇ်ပုရောဟိတ် ယောက်ျား ၊ စာရင်း ဝင်သော လေဝိ သားအပေါင်း တို့အား လည်း ပေး ဝေရကြ၏။
As for the priests, the descendants of Aaron, who lived on the farmlands around each of their cities or in any other city, men were designated by name to distribute a portion to every male among the priests and to every Levite listed by the genealogies.
20 ၂၀ ထိုသို့ ဟေဇကိ သည် ယုဒ ပြည်တရှောက်လုံး တွင် စီရင် ၍ ၊ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ကောင်း သောအမှု၊ ဖြောင့်မတ် သောအမှု၊ သမ္မာ တရား အမှုတို့ကို ပြု တော်မူ၏။
So this is what Hezekiah did throughout Judah. He did what was good and upright and true before the LORD his God.
21 ၂၁ မိမိ ဘုရားသခင် ကို ဆည်းကပ် လျက် ၊ ဗိမာန် တော်၊ တရား တော်၊ ပညတ် တော်တို့အဘို့ အမှု စောင့်စ ပြု လေရာရာ၌ စိတ်နှလုံး အကြွင်းမဲ့ ပြု ၍ အကြံ ထမြောက်တတ်၏။
He was diligent in every work that he began in the service of the house of God, and in the law and the commandments, in order to seek his God. And so he prospered.

< ၂ ရာဇဝင်ချုပ် 31 >