< ၂ ရာဇဝင်ချုပ် 30 >

1 တဖန် ဧဖရိမ် အမျိုး၊ မနာရှေ အမျိုးနှင့်တကွ ဣသရေလ အမျိုး၊ ယုဒ အမျိုးသားအပေါင်း တို့သည် ယေရုရှလင် မြို့၊ ဗိမာန် တော်သို့ လာ ၍ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အား ၊ ပသခါ ပွဲကို ခံ စေခြင်းငှါ ၊ ဟေဇကိ သည် စာ ရေး ၍ ပေး လိုက်လေ၏။
Misit quoque Ezechias ad omnem Israel et Iudam: scripsitque epistolas ad Ephraim et Manassen ut venirent ad domum Domini in Ierusalem, et facerent Phase Domino Deo Israel.
2 ဒုတိယ လ တွင် ၊ ပသခါ ပွဲကိုခံ ခြင်းငှါ ရှင် ဘုရင်သည် တိုင်ပင် ၍ ၊ မှူး တော်မတ်တော်တို့နှင့် ယေရုရှလင် မြို့၌ စည်းဝေး သော သူအပေါင်း တို့သည် စီရင်ကြပြီ။
Inito ergo consilio regis et principum, et universi cœtus Ierusalem, decreverunt ut facerent Phase mense secundo.
3 ယဇ် ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင်ရွက် နိုင်မည်အကြောင်း၊ ကိုယ်ကိုသန့်ရှင်း စွာမ ပြုကြသေး။ ပြည်သူ ပြည်သားတို့သည် ယေရုရှလင် မြို့၌ မ စည်းဝေး သောကြောင့် လွန်ခဲ့သောလတွင် ထိုပွဲကို မ ခံ နိုင် ကြ။
Non enim potuerant facere in tempore suo, quia sacerdotes, qui possent sufficere, sanctificati non fuerant, et populus nondum congregatus fuerat in Ierusalem.
4 ရှင်ဘုရင် နှင့် စည်းဝေး သော သူအပေါင်း တို့ သည် ထိုအမှု ကို နှစ်သက် သောကြောင့် ၎င်း၊ ကျမ်းစာ ၌ လာသည်အတိုင်း ၊ ကြာမြင့်စွာသော ကာလပတ်လုံး၊ ပသခါပွဲကို မခံသောကြောင့်၎င်း၊
Placuitque sermo regi, et omni multitudini.
5 အရပ်ရပ်တို့ကလာ ၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အား ၊ ယေရုရှလင် မြို့၌ ပသခါ ပွဲကိုခံ စေခြင်းငှါ ၊ ဣသရေလ ပြည်တရှောက်လုံး ၊ ဗေရရှေဘ မြို့မှစ၍ ဒန် မြို့တိုင်အောင် ၊ ကြော်ငြာစေမည် အကြောင်းအမိန့်တော်နှင့်စီရင်ကြ၏။
Et decreverunt ut mitterent nuncios in universum Israel de Bersabee usque Dan ut venirent, et facerent Phase Domino Deo Israel in Ierusalem: multi enim non fecerant sicut lege præscriptum est.
6 ရှင်ဘုရင် နှင့် မှူးမတ် တို့ပေးလိုက်သောစာ ကို စာပို့ လုလင်တို့သည် ယူ၍၊ အမိန့် တော်အတိုင်း ဣသရေလ ပြည်နှင့် ယုဒ ပြည်တရှောက်လုံးသို့ ပြေးကြ၏။ စာ၌ ပါသောစကားဟူမူကား၊ အိုဣသရေလအမျိုးသားတို့၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ပြန်လာ ကြလော့။ အာရှုရိ ရှင် ဘုရင်တို့လက် မှ လွတ် ၍ ၊ ကျန်ကြွင်းသေးသောသူတို့ ရှိရာသို့ ပြန် လာတော်မူမည်။
Perrexeruntque cursores cum epistolis ex regis imperio, et principum eius, in universum Israel et Iudam iuxta id, quod rex iusserat, prædicantes: Filii Israel revertimini ad Dominum Deum Abraham, et Isaac, et Israel: et revertetur ad reliquias, quæ effugerunt manum regis Assyriorum.
7 ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား သော သင် တို့၏အဘ များ၊ ညီအစ်ကို များကဲ့သို့ မ ပြု ကြနှင့်။ ပြစ်မှားသော ထိုသူ တို့ကို သင် တို့မြင် သည် အတိုင်း ၊ သုတ်သင် ပယ်ရှင်းခြင်းသို့ အပ် တော်မူပြီ။
Nolite fieri sicut patres vestri et fratres, qui recesserunt a Domino Deo patrum suorum, qui tradidit eos in interitum, ut ipsi cernitis.
8 သင် တို့အဘ များကဲ့သို့ ခိုင်မာ သောသဘော မ ရှိကြနှင့်။ ထာဝရဘုရား ၌ ကိုယ်ကို အပ်နှံ ကြလော့။ အစဉ် သန့်ရှင်း စေတော်မူသော သန့်ရှင်း ရာဌာနတော်သို့ လာ ကြလော့။ ပြင်းစွာ သော အမျက် တော်သည် သင် တို့မှ လွှဲ သွားမည်အကြောင်း ၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား ၏အမှု တော်ကို စောင့်ကြလော့။
Nolite indurare cervices vestras, sicut patres vestri: tradite manus Domino, et venite ad sanctuarium eius, quod sanctificavit in æternum: servite Domino Deo patrum vestrorum, et avertetur a vobis ira furoris eius.
9 သင် တို့သည် ထာဝရဘုရား ထံတော်သို့ ပြန်လာ လျှင် ၊ သင် တို့၏ညီအစ်ကို သားသမီး တို့သည် သိမ်းသွား သောသူတို့ ထံ မှာ၊ ကရုဏာစိတ်နှင့်တွေ့ကြုံ၍၊ ဤ ပြည် သို့ တဖန် ပြန် လာကြလိမ့်မည်။ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည် ကျေးဇူး ပြုချင်သောသဘော၊ သနား တတ်သောသဘောရှိသောကြောင့် ၊ သင် တို့သည် အထံ တော်သို့ ပြန် လာလျှင် ၊ မျက်နှာ တော်ကို သင်တို့မှ လွှဲ တော် မ မူဟု စာ၌ပါသတည်း။
Si enim vos reversi fueritis ad Dominum: fratres vestri, et filii habebunt misericordiam coram dominis suis, qui illos duxerunt captivos, et revertentur in terram hanc: pius enim et clemens est Dominus Deus vester, et non avertet faciem suam a vobis, si reversi fueritis ad eum.
10 ၁၀ စာပို့ လုလင်တို့သည် ဧဖရိမ် ခရိုင် ၊ မနာရှေ ခရိုင် တရှောက်လုံး၊ ဇာဗုလုန် ခရိုင်တိုင်အောင် တမြို့ မှ တမြို့သို့ ပြေး ကြ၏။ ပြည်သား တို့သည် ပြက်ယယ် ပြု၍ ကဲ့ရဲ့ ကြ၏။
Igitur cursores pergebant velociter de civitate in civitatem per terram Ephraim, et Manasse usque ad Zabulon, illis irridentibus et subsannantibus eos.
11 ၁၁ သို့ရာတွင် အာရှာ ခရိုင်သား၊ မနာရှေ ခရိုင်သား၊ ဇာဗုလုန် ခရိုင်သား အချို့တို့သည် ကိုယ်ကိုနှိမ့်ချ ၍ ယေရုရှလင် မြို့သို့ လာ ကြ၏။
Attamen quidam viri ex Aser, et Manasse, et Zabulon acquiescentes consilio, venerunt Ierusalem.
12 ၁၂ ယုဒ ပြည်သားတို့သည် ထာဝရဘုရား အမိန့် တော်အတိုင်း ၊ ရှင်ဘုရင် နှင့် မှူးမတ် တို့ စီရင် သည်အတိုင်း၊ တညီညွတ် တည်း ပြု ချင်သော စေတနာစိတ်ကို၊ ဘုရားသခင် တန်ခိုး တော်ကြောင့် ရ ကြ၏။
In Iuda vero facta est manus Domini ut daret eis cor unum, ut facerent iuxta præceptum regis, et principum verbum Domini.
13 ၁၃ ဒုတိယ လ တွင် အဇုမ ပွဲ ကို ခံ လိုသောငှါ ၊ များစွာ သောလူ တို့သည် ယေရုရှလင် မြို့၌ စည်းဝေး ကြ၍ ၊ အလွန် ကြီး သောပရိသတ် ဖြစ်လေ၏။
Congregatique sunt in Ierusalem populi multi ut facerent sollemnitatem azymorum, in mense secundo:
14 ၁၄ သူတို့သည်ထ ၍ ၊ ယေရုရှလင် မြို့၌ ရှိသောယဇ် ပလ္လင်တို့ကို၎င်း ၊ နံ့သာပေါင်း မီးရှို့ရာ ယဇ်ပလ္လင်ရှိသမျှ တို့ကို၎င်းပယ်ရှင်း ၍ ၊ ကေဒြုန် ချောင်း ထဲသို့ ပစ်ချ ကြ၏။
et surgentes destruxerunt altaria quæ erant in Ierusalem, atque universa, in quibus idolis adolebatur incensum, subvertentes, proiecerunt in Torrentem Cedron.
15 ၁၅ ဒုတိယ လ တဆယ် လေး ရက်နေ့တွင် ၊ ပသခါ သိုးသငယ်ကိုသတ် ကြ၏။ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့ သည် သတိရ ၍ ကိုယ်ကိုသန့်ရှင်း စေလျက် ၊ မီးရှို့ ရာယဇ် တို့ကို ဗိမာန် တော်ထဲသို့ သွင်း ကြ၏။
Immolaverunt autem Phase quartadecima die mensis secundi. Sacerdotes quoque, atque Levitæ tandem sanctificati obtulerunt holocausta in domo Domini:
16 ၁၆ ဘုရားသခင် ၏လူ မောရှေ ပညတ် တရား၌ စီရင် သော ထုံးစံအတိုင်း ၊ မိမိ တို့နေရာ ၌ ရပ် နေလျက် ၊ ယဇ် ပုရောဟိတ်တို့သည် လေဝိ သားတို့ လက် မှ အသွေး ကို ယူ၍ ဖြန်း ကြ၏။
Steteruntque in ordine suo iuxta dispositionem, et legem Moysi hominis Dei: Sacerdotes vero suscipiebant effundendum sanguinem de manibus Levitarum,
17 ၁၇ မ သန့်ရှင်း သောသူ အများ တို့သည် ပရိသတ် ၌ ပါသောကြောင့် ၊ ထိုမ သန့်ရှင်း သောသူ ရှိသမျှ တို့ကို၊ ထာဝရဘုရား အဘို့ သန့်ရှင်း စေခြင်းငှါ ၊ ပသခါ သိုးသငယ်သတ် ခြင်းအမှုကို၊ လေဝိ သားတို့သည် စောင့်ရကြ၏။
eo quod multa turba sanctificata non esset: et idcirco immolarent Levitæ Phase his, qui non occurrerant sanctificari Domino.
18 ၁၈ များစွာ သောလူ တည်းဟူသော၊ ဧဖရိမ် အမျိုး၊ မနာရှေ အမျိုး၊ ဣသခါ အမျိုး၊ ဇာဗုလုန် အမျိုးသားအများ တို့သည် ကျမ်းစာ ၌ ပါသောတရားသို့မ လိုက်၊ ကိုယ်ကိုမ သန့်ရှင်း စေဘဲ၊ ပသခါ သိုးသငယ်ကိုစား ကြ ၏။
Magna etiam pars populi de Ephraim, et Manasse, et Issachar, et Zabulon, quæ sanctificata non fuerat, comedit Phase, non iuxta quod scriptum est: et oravit pro eis Ezechias, dicens: Dominus bonus propitiabitur
19 ၁၉ သို့ရာတွင် ၊ ဟေဇကိ က၊ သန့်ရှင်း ရာဌာနထုံးစံအတိုင်း ၊ သန့်ရှင်းခြင်း မရှိသော်လည်း ၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ဆည်းကပ် ခြင်းငှါ ၊ သဘောကျသောသူအပေါင်းတို့၏ အပြစ်ကို ကောင်းမြတ် သော ထာဝရဘုရား သည် လွှတ် တော်မူပါစေသောဟု ထိုသူ တို့ အဘို့ ဆုတောင်း သဖြင့်၊
cunctis, qui in toto corde requirunt Dominum Deum patrum suorum: et non imputabit eis quod minus sanctificati sunt.
20 ၂၀ ထာဝရဘုရား သည် ဟေဇကိ စကားကို နားထောင် တော်မူ၍ ၊ လူများတို့ကို ချမ်းသာပေးတော်မူ၏။
Quem exaudivit Dominus, et placatus est populo.
21 ၂၁ ယေရုရှလင် မြို့၌ စည်းဝေး သောဣသရေလ အမျိုးသား တို့သည်၊ ခုနစ် ရက် ပတ်လုံးအလွန် ရွှင်လန်း သောစိတ်နှင့် အဇုမ ပွဲ ကိုခံ ကြ၏။ ယဇ်ပုရောဟိတ် လေဝိ သားတို့သည် အသံကျယ်သောတူရိယာမျိုးကို တီးမှုတ်လျက်၊ နေ့ ညဉ့် မပြတ် ထာဝရဘုရား အား ထောမနာ သီချင်းဆိုကြ၏။
Feceruntque filii Israel, qui inventi sunt in Ierusalem, sollemnitatem azymorum septem diebus in lætitia magna, laudantes Dominum per singulos dies: Levitæ quoque, et Sacerdotes per organa, quæ suo officio congruebant.
22 ၂၂ ထာဝရဘုရား ၏ တရား တော်မြတ် ကို သွန်သင် သော လေဝိ သားအပေါင်း တို့ကို၊ ဟေဇကိ သည် အားပေးသောစကား နှင့်နှုတ်ဆက်သဖြင့်၊ သူတို့သည် ခုနစ် ရက် ပတ်လုံးပွဲခံစဉ်အခါ၊ စားသောက်လျက်မိဿဟာယ ပူဇော် သက္ကာကိုပြုလျက်၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား အား တောင်းပန် လျက်နေကြ၏။
Et locutus est Ezechias ad cor omnium Levitarum, qui habebant intelligentiam bonam super Domino: et comederunt septem diebus sollemnitatis, immolantes victimas pacificorum, et laudantes Dominum Deum patrum suorum.
23 ၂၃ စည်းဝေး သောသူအပေါင်း တို့သည် ခုနစ် ရက် ထပ်၍ ပွဲခံ ခြင်းငှါ တိုင်ပင် ပြီးမှ ၊ ရွှင်လန်း သောစိတ်နှင့် ခုနစ် ရက် ထပ်၍ပွဲခံ ကြ၏။
Placuitque universæ multitudini ut celebrarent etiam alios dies septem: quod et fecerunt cum ingenti gaudio.
24 ၂၄ ယုဒ ရှင်ဘုရင် ဟေဇကိ သည် နွား တထောင် နှင့် သိုး ခုနစ် ထောင် တို့ကို၎င်း၊ မှူးမတ် တို့သည် နွား တထောင် နှင့် သိုး တသောင်း ကို၎င်း ၊ စည်းဝေး သောသူတို့အား ပေး ကြ ၏။ များစွာ သောယဇ် ပုရောဟိတ်တို့သည် ကိုယ်ကိုသန့်ရှင်း စေကြ၏။
Ezechias enim rex Iuda præbuerat multitudini mille tauros, et septem millia ovium: principes vero dederant populo tauros mille, et oves decem millia: sanctificata est ergo sacerdotum plurima multitudo.
25 ၂၅ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့နှင့်တကွ ယုဒ ပရိတ်သတ် များ၊ ဣသရေလ ပြည်မှ လာ သော ပရိတ်သတ် များ ၊ ယုဒ ပြည်၌ နေ သောတပါးအမျိုးသား၊ ဣသရေလ ပြည် မှ လာ သော တပါး အမျိုးသားတို့သည် ဝမ်းမြောက် ဝမ်းသာကြ၏။
Et hilaritate perfusa omnis turba Iuda tam Sacerdotum et Levitarum, quam universæ frequentiæ, quæ venerat ex Israel; proselytorum quoque de Terra Israel, et habitantium in Iuda.
26 ၂၆ ထိုသို့ ယေရုရှလင် မြို့၌ ကြီးစွာ သောဝမ်းမြောက် ခြင်းရှိ ၏။ ဣသရေလ ရှင်ဘုရင် ဒါဝိဒ် သား ရှောလမုန် လက်ထက် မှသည်၊ နောက်တဖန်ယေရုရှလင် မြို့၌ ထိုမျှလောက် ကြီးစွာသော ဝမ်းမြောက်ခြင်းမ ရှိ။
Factaque est grandis celebritas in Ierusalem, qualis a diebus Salomonis filii David regis Israel in ea urbe non fuerat.
27 ၂၇ ထိုအခါ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့သည် ထ ၍ လူ များတို့ကို ကောင်းကြီး ပေးကြ၏။ သူ တို့စကား သံကို ဘုရားသခင်ကြား တော်မူ၏။ သန့်ရှင်း သော ကျိန်းဝပ် တော်မူရာ၊ ကောင်းကင် ဘုံသို့ ပဌနာ စကားတက် လေ၏။
Surrexerunt autem Sacerdotes atque Levitæ benedicentes populo: et exaudita est vox eorum: pervenitque oratio in habitaculum sanctum cæli.

< ၂ ရာဇဝင်ချုပ် 30 >