< ၂ ရာဇဝင်ချုပ် 29 >

1 ဟေဇကိ သည် အသက် နှစ်ဆယ် ငါး နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ နှစ်ဆယ် ကိုး နှစ် စိုးစံ လေ၏။ မယ်တော် ကား ၊ ဇာခရိ သမီး အာဘိ အမည် ရှိ၏။
יְחִזְקִיָּהוּ מָלַךְ בֶּן־עֶשְׂרִים וְחָמֵשׁ שָׁנָה וְעֶשְׂרִים וָתֵשַׁע שָׁנָה מָלַךְ בִּירוּשָׁלָ͏ִם וְשֵׁם אִמּוֹ אֲבִיָּה בַּת־זְכַרְיָֽהוּ׃
2 ထိုမင်း သည် အဘ ဒါဝိဒ် ကျင့် သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကိုပြု ၏။
וַיַּעַשׂ הַיָּשָׁר בְּעֵינֵי יְהֹוָה כְּכֹל אֲשֶׁר־עָשָׂה דָּוִיד אָבִֽיו׃
3 နန်းစံ ပဌမ နှစ် ၊ ပဌမ လ တွင် ဗိမာန် တော်တံခါး တို့ကို ဖွင့် ၍ ပြုပြင် တော်မူ၏။
הוּא בַשָּׁנָה הָרִאשׁוֹנָה לְמׇלְכוֹ בַּחֹדֶשׁ הָרִאשׁוֹן פָּתַח אֶת־דַּלְתוֹת בֵּית־יְהֹוָה וַֽיְחַזְּקֵֽם׃
4 ယဇ်ပုရောဟိတ် လေဝိ သားတို့ကို ခေါ် ၍ ၊ အရှေ့ လမ်း မှာ စုဝေး စေလျက်၊
וַיָּבֵא אֶת־הַכֹּהֲנִים וְאֶת־הַלְוִיִּם וַיַּאַסְפֵם לִרְחוֹב הַמִּזְרָֽח׃
5 အိုလေဝိ သားတို့၊ နားထောင် ကြလော့။ ကိုယ်ကို၎င်း၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်ကို၎င်း သန့်ရှင်း စေ၍၊ သန့်ရှင်း ရာဌာနထဲက အမှိုက် ကို သုတ်သင် ပယ်ရှင်းကြလော့။
וַיֹּאמֶר לָהֶם שְׁמָעוּנִי הַלְוִיִּם עַתָּה הִֽתְקַדְּשׁוּ וְקַדְּשׁוּ אֶת־בֵּית יְהֹוָה אֱלֹהֵי אֲבֹתֵיכֶם וְהוֹצִיאוּ אֶת־הַנִּדָּה מִן־הַקֹּֽדֶשׁ׃
6 ငါ တို့အဘ များသည် ပြစ်မှား ၍ ၊ ငါ တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ကြပြီ။ ထာဝရဘုရား ကိုစွန့် ၍ ၊ ကျိန်းဝပ် တော်မူရာအရပ်မှ မျက်နှာ လွှဲ လျက် ကျောခိုင်း ကြပြီတကား။
כִּֽי־מָעֲלוּ אֲבֹתֵינוּ וְעָשׂוּ הָרַע בְּעֵינֵי יְהֹוָֽה־אֱלֹהֵינוּ וַיַּעַזְבֻהוּ וַיַּסֵּבּוּ פְנֵיהֶם מִמִּשְׁכַּן יְהֹוָה וַיִּתְּנוּ־עֹֽרֶף׃
7 ဗိမာန် တော်ဦးတံခါး တို့ကို ပိတ် လျက် ၊ မီးခွက် တို့ကိုသတ် လျက် ၊ သန့်ရှင်း ရာဌာန၌ ဣသရေလ အမျိုး၏ ဘုရားသခင် အား နံ့သာပေါင်း ကို မီး မ ရှို့။ မီးရှို့ ရာယဇ်ကို မ ပူဇော်ဘဲနေ ကြပြီ။
גַּם סָגְרוּ דַּלְתוֹת הָאוּלָם וַיְכַבּוּ אֶת־הַנֵּרוֹת וּקְטֹרֶת לֹא הִקְטִירוּ וְעֹלָה לֹא־הֶעֱלוּ בַקֹּדֶשׁ לֵאלֹהֵי יִשְׂרָאֵֽל׃
8 ထိုကြောင့် ထာဝရဘုရား သည် ယုဒ ပြည် ယေရုရှလင် မြို့ကို အမျက် တော်ထွက် ၍ ၊ သင် တို့မြင် သည် အတိုင်း ဆင်းရဲ ခံခြင်း၊ မိန်းမော တွေဝေခြင်း၊ ကဲရဲ့ သံကို ကြားခြင်း အမှု၌ အပ် တော်မူပြီ။
וַֽיְהִי קֶצֶף יְהֹוָה עַל־יְהוּדָה וִירוּשָׁלָ͏ִם וַיִּתְּנֵם (לזועה) [לְזַעֲוָה] לְשַׁמָּה וְלִשְׁרֵקָה כַּאֲשֶׁר אַתֶּם רֹאִים בְּעֵינֵיכֶֽם׃
9 သို့ဖြစ်၍ ၊ ငါ တို့အဘ များသည် ထား ဖြင့် လဲ သေကြပြီ။ သား သမီး ၊ မယား တို့သည် သိမ်းသွား ခြင်းကိုခံရကြပြီ။
וְהִנֵּה נָפְלוּ אֲבוֹתֵינוּ בֶּחָרֶב וּבָנֵינוּ וּבְנוֹתֵינוּ וְנָשֵׁינוּ בַּשְּׁבִי עַל־זֹֽאת׃
10 ၁၀ ယခု မူကား၊ ပြင်းစွာ သောအမျက် တော်သည် ငါ တို့မှ လွှဲ သွားမည်အကြောင်း ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား နှင့် ပဋိညာဉ် ဖွဲ့ မည်ဟု ငါ အကြံ ရှိ၏။
עַתָּה עִם־לְבָבִי לִכְרוֹת בְּרִית לַיהֹוָה אֱלֹהֵי יִשְׂרָאֵל וְיָשֹׁב מִמֶּנּוּ חֲרוֹן אַפּֽוֹ׃
11 ၁၁ ငါ့ သား တို့၊ မ ဖင့်နွှဲ ကြနှင့်။ ထာဝရဘုရား ရှေ့ တော်၌ ရပ် ၍ ဝတ်ပြုခြင်း၊ အမှု တော်ကို စောင့်ခြင်း၊ နံ့သာပေါင်း ကို မီးရှို့ခြင်းအမှု ကို ပြုစေခြင်းငှါ ၊ သင် တို့ကို ရွေး ထားတော်မူပြီဟု မိန့်တော်မူလျှင်၊
בָּנַי עַתָּה אַל־תִּשָּׁלוּ כִּֽי־בָכֶם בָּחַר יְהֹוָה לַעֲמֹד לְפָנָיו לְשָׁרְתוֹ וְלִהְיוֹת לוֹ מְשָׁרְתִים וּמַקְטִרִֽים׃
12 ၁၂ လေဝိ အမျိုး၊ ကောဟတ် အနွှယ် ၊ အာမသဲ သား မာဟတ် ၊ အာဇရိ သား ယောလ ၊ မေရာရိ အနွယ် အာဗဒိ သား ကိရှ ၊ ယေဟလေလ သား အာဇရိ ၊ ဂေရရှုံ အနွယ် ဇိမ္မ သား ယောအာ ၊ ယောအာ သား ဧဒင်၊
וַיָּקֻמוּ הַלְוִיִּם מַחַת בֶּן־עֲמָשַׂי וְיוֹאֵל בֶּן־עֲזַרְיָהוּ מִן־בְּנֵי הַקְּהָתִי וּמִן־בְּנֵי מְרָרִי קִישׁ בֶּן־עַבְדִּי וַעֲזַרְיָהוּ בֶּן־יְהַלֶּלְאֵל וּמִן־הַגֵּרְשֻׁנִּי יוֹאָח בֶּן־זִמָּה וְעֵדֶן בֶּן־יוֹאָֽח׃
13 ၁၃ ဧလိဇဖန် အမျိုးသား ရှိမရိ နှင့် ယေယေလ ၊ အာသပ် အမျိုးသား ဇာခရိ နှင့် မတ္တနိ၊
וּמִן־בְּנֵי אֱלִיצָפָן שִׁמְרִי (ויעואל) [וִיעִיאֵל] וּמִן־בְּנֵי אָסָף זְכַרְיָהוּ וּמַתַּנְיָֽהוּ׃
14 ၁၄ ဟေမန် အမျိုးသား ယေဟေလ နှင့် ရှိမိ ၊ ယေဒုသုန် အမျိုးသား ရှေမာယ နှင့် ဩဇေလ တို့သည်၊
וּמִן־בְּנֵי הֵימָן (יחואל) [יְחִיאֵל] וְשִׁמְעִי וּמִן־בְּנֵי יְדוּתוּן שְׁמַֽעְיָה וְעֻזִּיאֵֽל׃
15 ၁၅ အမျိုးသား ချင်းတို့ကို ခေါ် ၍ ၊ ကိုယ်ကို သန့်ရှင်း စေပြီးမှ ၊ ထာဝရဘုရား အမိန့် တော်နှင့်အညီ ရှင်ဘုရင် စီရင် သည်အတိုင်း ၊ ဗိမာန် တော်ကို သန့်ရှင်း စေခြင်းငှါ လာ ကြ၏။
וַיַּאַסְפוּ אֶת־אֲחֵיהֶם וַיִּֽתְקַדְּשׁוּ וַיָּבֹאוּ כְמִצְוַת־הַמֶּלֶךְ בְּדִבְרֵי יְהֹוָה לְטַהֵר בֵּית יְהֹוָֽה׃
16 ၁၆ ယဇ် ပုရောဟိတ်တို့သည် ဗိမာန် တော်ကို သန့်ရှင်း စေခြင်းငှါ ၊ အတွင်း ခန်းထဲသို့ ဝင် ၍ ၊ တွေ့ သမျှ သော အမှိုက် ကို တန်တိုင်း သို့ ထုတ် ပြီးလျှင် ၊ လေဝိ သားတို့သည် ကေဒြုန် ချောင်း သို့ ယူ သွားကြ၏။
וַיָּבֹאוּ הַכֹּהֲנִים לִפְנִימָה בֵית־יְהֹוָה לְטַהֵר וַיּוֹצִיאוּ אֵת כׇּל־הַטֻּמְאָה אֲשֶׁר מָֽצְאוּ בְּהֵיכַל יְהֹוָה לַחֲצַר בֵּית יְהֹוָה וַֽיְקַבְּלוּ הַלְוִיִּם לְהוֹצִיא לְנַחַל־קִדְרוֹן חֽוּצָה׃
17 ၁၇ ပဌမ လ တရက် နေ့တွင် သန့်ရှင်း စ ပြု၍ ၊ ရှစ် ရက် နေ့တွင် ဗိမာန် တော်ဦးသို့ ရောက် ကြ၏။ ထိုနောက် ရှစ် ရက် ပတ်လုံး၊ ဗိမာန် တော်ကို သန့်ရှင်း စေ၍ ပဌမ လ တဆယ် ခြောက် ရက် နေ့တွင် လက်စသတ် ကြ၏။
וַיָּחֵלּוּ בְּאֶחָד לַחֹדֶשׁ הָרִאשׁוֹן לְקַדֵּשׁ וּבְיוֹם שְׁמוֹנָה לַחֹדֶשׁ בָּאוּ לְאוּלָם יְהֹוָה וַיְקַדְּשׁוּ אֶת־בֵּית־יְהֹוָה לְיָמִים שְׁמוֹנָה וּבְיוֹם שִׁשָּׁה עָשָׂר לַחֹדֶשׁ הָרִאשׁוֹן כִּלּֽוּ׃
18 ၁၈ ထိုအခါ ဟေဇကိ မင်းကြီး ထံသို့ ဝင် ၍ ၊ အကျွန်ုပ် တို့သည် ဗိမာန် တော်တ ဆောင်လုံး၊ မီးရှို့ ရာယဇ်ပလ္လင် နှင့် တန်ဆာ ရှိသမျှ ၊ ရှေ့ တော်မုန့်တင်သော စားပွဲ နှင့် တန်ဆာ ရှိသမျှ တို့ကို သန့်ရှင်း စေပါပြီ။
וַיָּבוֹאוּ פְנִימָה אֶל־חִזְקִיָּהוּ הַמֶּלֶךְ וַיֹּאמְרוּ טִהַרְנוּ אֶת־כׇּל־בֵּית יְהֹוָה אֶת־מִזְבַּח הָעוֹלָה וְאֶת־כׇּל־כֵּלָיו וְאֶת־שֻׁלְחַן הַֽמַּעֲרֶכֶת וְאֶת־כׇּל־כֵּלָֽיו׃
19 ၁၉ ထိုမှတပါး ၊ အာခတ် မင်းကြီး လက်ထက် အဓမ္မ ပြု၍ ပစ် ထားသော တန်ဆာ ရှိသမျှ တို့ကို အကျွန်ုပ်တို့ သည် ပြင်ဆင် ၍ သန့်ရှင်း စေသဖြင့်၊ ထာဝရဘုရား ၏ ယဇ်ပလ္လင် တော်ရှေ့ မှာ တင်ထားပါပြီဟု လျှောက်ဆို ကြ ၏။
וְאֵת כׇּל־הַכֵּלִים אֲשֶׁר הִזְנִיחַ הַמֶּלֶךְ אָחָז בְּמַלְכוּתוֹ בְּמַעֲלוֹ הֵכַנּוּ וְהִקְדָּשְׁנוּ וְהִנָּם לִפְנֵי מִזְבַּח יְהֹוָֽה׃
20 ၂၀ ထိုအခါ ဟေဇကိ မင်းကြီး သည် စောစော ထ၍ ၊ မြို့ သူကြီး တို့ကို စုဝေး စေပြီးလျှင် ၊ ဗိမာန် တော်သို့ တက် သွား၏။
וַיַּשְׁכֵּם יְחִזְקִיָּהוּ הַמֶּלֶךְ וַיֶּאֱסֹף אֵת שָׂרֵי הָעִיר וַיַּעַל בֵּית יְהֹוָֽה׃
21 ၂၁ နန်းတော် အပြစ် ၊ သန့်ရှင်း ရာဌာနတော်အပြစ်၊ ယုဒ ပြည်အပြစ်ဖြေရာ ယဇ်ပူဇော်စရာဘို့ နွား ခုနစ် ကောင်၊ သိုး ခုနစ် ကောင်၊ သိုးသငယ် ခုနစ် ကောင်၊ ဆိတ် ခုနစ် ကောင်တို့ကို ဆောင် ခဲ့ကြ၏။ အာရုန် သား ယဇ် ပုရောဟိတ်တို့သည် ထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ ပူဇော် စေခြင်းငှါ မိန့် တော်မူသည်အတိုင်း၊
וַיָּבִיאוּ פָֽרִים־שִׁבְעָה וְאֵילִים שִׁבְעָה וּכְבָשִׂים שִׁבְעָה וּצְפִירֵי עִזִּים שִׁבְעָה לְחַטָּאת עַל־הַמַּמְלָכָה וְעַל־הַמִּקְדָּשׁ וְעַל־יְהוּדָה וַיֹּאמֶר לִבְנֵי אַֽהֲרֹן הַכֹּהֲנִים לְהַעֲלוֹת עַל־מִזְבַּח יְהֹוָֽה׃
22 ၂၂ နွား တို့ကိုသတ် ၍ ယဇ် ပုရောဟိတ်တို့သည် အသွေး ကိုခံ လျက် ၊ ယဇ် ပလ္လင်ပေါ် မှာ ဖြန်း ကြ၏။ သိုး တို့ကိုလည်း သတ် ၍ ၊ အသွေး ကို ယဇ် ပလ္လင်ပေါ် မှာ ဖြန်း ကြ၏။ သိုးသငယ် တို့ကိုလည်း သတ် ၍ အသွေး ကို ယဇ် ပလ္လင်ပေါ် မှာ ဖြန်း ကြ၏။
וַֽיִּשְׁחֲטוּ הַבָּקָר וַיְקַבְּלוּ הַכֹּֽהֲנִים אֶת־הַדָּם וַֽיִּזְרְקוּ הַמִּזְבֵּחָה וַיִּשְׁחֲטוּ הָאֵלִים וַיִּזְרְקוּ הַדָּם הַמִּזְבֵּחָה וַֽיִּשְׁחֲטוּ הַכְּבָשִׂים וַיִּזְרְקוּ הַדָּם הַמִּזְבֵּֽחָה׃
23 ၂၃ အပြစ် ဖြေရာယဇ်ပူဇော်စရာဘို့ ဆိတ် တို့ကိုလည်း ရှင်ဘုရင် ရှေ့ ၊ ပရိသတ် ရှေ့သို့ထုတ် ၍ ၊ မိမိ တို့ လက် ကိုတင် ပြီးမှ၊
וַיַּגִּישׁוּ אֶת־שְׂעִירֵי הַחַטָּאת לִפְנֵי הַמֶּלֶךְ וְהַקָּהָל וַיִּסְמְכוּ יְדֵיהֶם עֲלֵיהֶֽם׃
24 ၂၄ ယဇ် ပုရောဟိတ်တို့သည် သတ် ၍ ၊ ဣသရေလ အမျိုးသားအပေါင်း တို့၏ အပြစ် ကိုပြေစေခြင်းငှါ ၊ ယဇ် ပလ္လင် ပေါ် မှာ အသွေး အားဖြင့်အပြစ်ဖြေခြင်း မင်္ဂလာကို ပြုကြ၏။ ထိုသို့မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်ကို ဣသရေလ အမျိုးသားအပေါင်း တို့အဘို့ ပူဇော်မည် အကြောင်း၊ ရှင်ဘုရင် အမိန့် တော်ရှိပြီ။
וַיִּשְׁחָטוּם הַכֹּהֲנִים וַֽיְחַטְּאוּ אֶת־דָּמָם הַמִּזְבֵּחָה לְכַפֵּר עַל־כׇּל־יִשְׂרָאֵל כִּי לְכׇל־יִשְׂרָאֵל אָמַר הַמֶּלֶךְ הָעוֹלָה וְהַחַטָּֽאת׃
25 ၂၅ ဒါဝိဒ် မင်းကြီး နှင့် သူ၏ပရောဖက် ဂဒ် ၊ ပရောဖက် နာသန် တို့ စီရင် သည်အတိုင်း ခွက်ကွင်း ၊ စောင်း ၊ တယော နှင့် တီးမှုတ်သော လေဝိ သားတို့ကို၊ ဗိမာန် တော်၌ ခန့်ထား တော်မူ၏။ ထိုသို့ထာဝရဘုရား သည် ပရောဖက် တို့အားဖြင့် စီရင် တော်မူသတည်း။
וַיַּעֲמֵד אֶת־הַלְוִיִּם בֵּית יְהֹוָה בִּמְצִלְתַּיִם בִּנְבָלִים וּבְכִנֹּרוֹת בְּמִצְוַת דָּוִיד וְגָד חֹזֵֽה־הַמֶּלֶךְ וְנָתָן הַנָּבִיא כִּי בְיַד־יְהֹוָה הַמִּצְוָה בְּיַד־נְבִיאָֽיו׃
26 ၂၆ သို့ဖြစ်၍ လေဝိ သားတို့သည် ဒါဝိဒ် စီရင်သော တုရိယာ မျိုးများကို၎င်း ၊ ယဇ် ပုရောဟိတ်တို့သည် တံပိုး များကို၎င်း ကိုင်လျက် ရှိ ကြ၏။
וַיַּעַמְדוּ הַלְוִיִּם בִּכְלֵי דָוִיד וְהַכֹּהֲנִים בַּחֲצֹצְרֽוֹת׃
27 ၂၇ ဟေဇကိ သည် ယဇ် ပလ္လင်ပေါ်မှာ မီးရှို့ ရာယဇ် ကို ပူဇော် စေခြင်းငှါ ၊ အမိန့် တော်ရှိ၍ မီးရှို့ရာယဇ်ကို ပူဇော်စပြုသောအခါ၊ တံပိုး များနှင့် ဣသရေလ ရှင်ဘုရင် ဒါဝိဒ် စီရင်သော တုရိယာ မျိုးများကို တီးမှုတ်လျက်၊ ထာဝရ ဘုရားအား သီချင်း ကို ဆိုစ ပြုကြ၏။
וַיֹּאמֶר חִזְקִיָּהוּ לְהַעֲלוֹת הָעֹלָה לְהַמִּזְבֵּחַ וּבְעֵת הֵחֵל הָעוֹלָה הֵחֵל שִׁיר־יְהֹוָה וְהַחֲצֹצְרוֹת וְעַל־יְדֵי כְּלֵי דָּוִיד מֶלֶךְ־יִשְׂרָאֵֽל׃
28 ၂၈ မီးရှို့ ရာယဇ်ပူဇော်ခြင်းအမှု လက်စ မ သတ်မှီ တိုင်အောင် ပရိသတ် အပေါင်း တို့သည် ကိုးကွယ် လျက် ၊ သီချင်း ဆို လျက် ၊ တံပိုး မှုတ် လျက် နေကြ၏။
וְכׇל־הַקָּהָל מִֽשְׁתַּחֲוִים וְהַשִּׁיר מְשׁוֹרֵר וְהַחֲצֹצְרוֹת (מחצצרים) [מַחְצְרִים] הַכֹּל עַד לִכְלוֹת הָעֹלָֽה׃
29 ၂၉ လက်စသတ် ပြီးမှ ၊ ရှင်ဘုရင် နှင့် စည်းဝေး သော သူအပေါင်း တို့သည် ဦးညွှတ် ချ၍ ကိုးကွယ် ကြ၏။
וּכְכַלּוֹת לְהַעֲלוֹת כָּֽרְעוּ הַמֶּלֶךְ וְכׇֽל־הַנִּמְצְאִים אִתּוֹ וַיִּֽשְׁתַּחֲוֽוּ׃
30 ၃၀ တဖန် ဟေဇကိ မင်းကြီး နှင့် မှူးမတ် တို့သည် စီရင် ၍၊ လေဝိ သားတို့သည် ဒါဝိဒ် စကား ၊ ပရောဖက် အာသပ် စကားအားဖြင့် ၊ ထာဝရဘုရား အား ထောမနာ သီချင်းဆိုကြ၏။ ရွှင်လန်းသောစိတ်နှင့် ထောမနာ သီချင်းကိုဆိုလျက်၊ ဦးညွှတ် ချ၍ ကိုးကွယ် ကြ၏။
וַיֹּאמֶר יְחִזְקִיָּהוּ הַמֶּלֶךְ וְהַשָּׂרִים לַלְוִיִּם לְהַלֵּל לַֽיהֹוָה בְּדִבְרֵי דָוִיד וְאָסָף הַחֹזֶה וַֽיְהַלְלוּ עַד־לְשִׂמְחָה וַֽיִּקְּדוּ וַיִּֽשְׁתַּחֲוֽוּ׃
31 ၃၁ ထိုနောက် ဟေဇကိ က၊ သင် တို့သည် ယခု ထာဝရဘုရား အား ကိုယ်ကို ပူဇော်ကြပြီ။ ဗိမာန် တော်သို့ ချဉ်းကပ် ၍ ၊ ယဇ် မျိုးများနှင့် ကျေးဇူး တော်ဝန်ခံရာ ပူဇော်သက္ကာများကို ဆောင် ခဲ့ကြလော့ဟု ပြန် ၍ မိန့် တော်မူသည် အတိုင်း၊ စည်းဝေး သောသူတို့သည် ယဇ် မျိုးများနှင့် ကျေးဇူး တော်ဝန်ခံရာ ပူဇော်သက္ကာများကို ဆောင် ခဲ့ကြ ၏။ စေတနာရှိသမျှသောသူတို့ သည် မီးရှို့ရာယဇ်တို့ကို ဆောင်ခဲ့ကြ၏။
וַיַּעַן יְחִזְקִיָּהוּ וַיֹּאמֶר עַתָּה מִלֵּאתֶם יֶדְכֶם לַֽיהֹוָה גֹּשׁוּ וְהָבִיאוּ זְבָחִים וְתוֹדוֹת לְבֵית יְהֹוָה וַיָּבִיאוּ הַקָּהָל זְבָחִים וְתוֹדוֹת וְכׇל־נְדִיב לֵב עֹלֽוֹת׃
32 ၃၂ စည်းဝေး သောသူတို့သည် ထာဝရဘုရား အား မီးရှို့ ရာ ယဇ်ပူဇော်စရာဘို့ ဆောင် ခဲ့သော ယဇ် ပေါင်း ကား၊ နွား ခုနစ် ဆယ်၊ သိုး တရာ ၊ သိုးသငယ် နှစ် ရာတည်း။
וַיְהִי מִסְפַּר הָעֹלָה אֲשֶׁר הֵבִיאוּ הַקָּהָל בָּקָר שִׁבְעִים אֵילִים מֵאָה כְּבָשִׂים מָאתָיִם לְעֹלָה לַֽיהֹוָה כׇּל־אֵֽלֶּה׃
33 ၃၃ ပူဇော်သောဥစ္စာပေါင်းကား၊ နွား ခြောက် ရာ ၊ သိုး သုံး ထောင် တည်း၊
וְֽהַקֳּדָשִׁים בָּקָר שֵׁשׁ מֵאוֹת וְצֹאן שְׁלֹשֶׁת אֲלָפִֽים׃
34 ၃၄ ယဇ် ပုရောဟိတ်တို့သည် နည်း သောကြောင့် ၊ မီးရှို့ ရာယဇ်ကောင်ရှိသမျှ ကို မ သတ် နိုင် သည်ဖြစ်၍ ၊ အခြားသော ယဇ် ပုရောဟိတ်တို့သည် ကိုယ်ကိုမ သန့်ရှင်း စေမှီ၊ အမှု တော်လက်စ မ သတ်မှီတိုင်အောင်၊ ညီအစ်ကို လေဝိ သားတို့သည် ထောက်မ ကြ၏။ ကိုယ်ကိုသန့်ရှင်း စေခြင်းငှါ ၊ ယဇ် ပုရောဟိတ်များထက် လေဝိ သားတို့သည် သာ၍စိတ် သဘောဖြောင့် ကြ၏။
רַק הַכֹּֽהֲנִים הָיוּ לִמְעָט וְלֹא יָכְלוּ לְהַפְשִׁיט אֶת־כׇּל־הָעֹלוֹת וַֽיְחַזְּקוּם אֲחֵיהֶם הַלְוִיִּם עַד־כְּלוֹת הַמְּלָאכָה וְעַד יִתְקַדְּשׁוּ הַכֹּהֲנִים כִּי הַלְוִיִּם יִשְׁרֵי לֵבָב לְהִתְקַדֵּשׁ מֵהַכֹּהֲנִֽים׃
35 ၃၅ မီးရှို့ ရာယဇ်များ တို့နှင့် ၊ မီးရှို့ ရာယဇ်အသီးသီးဆိုင် သောမိဿဟာယ ယဇ်ဆီဥ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာအများရှိကြ၏။ ထိုသို့ ဗိမာန် တော်ဝတ်ပြု ခြင်းကို စီရင် သတည်း။
וְגַם־עֹלָה לָרֹב בְּחֶלְבֵי הַשְּׁלָמִים וּבַנְּסָכִים לָֽעֹלָה וַתִּכּוֹן עֲבוֹדַת בֵּית־יְהֹוָֽה׃
36 ၃၆ ထိုအမှု လျင်မြန် သော်လည်း ၊ ဘုရားသခင် သည် လူ များကို ပြင်ဆင် တော်မူသောကြောင့် ၊ ဟေဇကိ နှင့် လူ အပေါင်း တို့သည် ဝမ်းမြောက် အားရကြ၏။
וַיִּשְׂמַח יְחִזְקִיָּהוּ וְכׇל־הָעָם עַל הַהֵכִין הָאֱלֹהִים לָעָם כִּי בְּפִתְאֹם הָיָה הַדָּבָֽר׃

< ၂ ရာဇဝင်ချုပ် 29 >