< ၂ ရာဇဝင်ချုပ် 28 >

1 အာခတ် သည် အသက် နှစ်ဆယ် ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် ခြောက် နှစ် စိုးစံ လေ၏။ ထိုမင်းသည် အဘ ဒါဝိဒ် ကဲ့သို့ မကျင့်၊ ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို မ ပြု။
Achaz avait vingt ans à son avènement et il régna seize ans à Jérusalem. Et il ne fit pas ce qui est bien aux yeux de l'Éternel, comme David, son père,
2 ဣသရေလ ရှင် ဘုရင်တို့လိုက်သော လမ်း သို့ လိုက် ၍ ၊ ဗာလ ဘုရားတို့အဘို့ ရုပ်တု ဆင်းတုများကို သွန်း လေ၏။
et il marcha sur les errements des rois d'Israël, et il fit aussi des images de fonte aux Baals,
3 ထာဝရဘုရား သည် ဣသရေလ အမျိုးသား ရှေ့ မှ နှင်ထုတ် တော်မူသော တပါးအမျိုးသား တို့၏ ရွံရှာ ဘွယ်ထုံးစံအတိုင်း ၊ ဟိန္နုံ သားချိုင့်၌ နံ့သာပေါင်းကိုမီးရှို့ ၍ ၊ မိမိ သား တို့ကိုလည်း မီး ဖြင့် ပူဇော် ၏။
et il offrit de l'encens dans la vallée des fils de Hinnom et brûla ses fils au feu, imitant les abominations des nations que l'Éternel avait chassées devant les enfants d'Israël.
4 မြင့် သောအရပ်၊ တောင် ပေါ်၊ သစ်ပင် အောက် တို့၌ ယဇ် ပူဇော်၍ ၊ နံ့သာပေါင်း ကို မီးရှို့တတ်၏။
Et il offrit des victimes et de l'encens sur les tertres et sur les collines et sous tous les arbres verts.
5 ထိုကြောင့် ၊ သူ ၏ဘုရားသခင် ထာဝရဘုရား သည်၊ သူ့ ကို ရှုရိ ရှင်ဘုရင် လက် သို့ အပ် တော်မူသဖြင့် ၊ ရှုရိလူတို့သည် လုပ်ကြံ လျက်၊ များစွာ သော လူတို့ကို ဘမ်းဆီး ၍ ၊ ဒမာသက် မြို့သို့ သိမ်းသွား ကြ၏။
Alors l'Éternel, son Dieu, le livra aux mains du roi de Syrie, et [les Syriens] le battirent et lui firent beaucoup de prisonniers qu'ils menèrent à Damas; il fut aussi livré aux mains du roi d'Israël qui lui fit essuyer une grande défaite.
6 တဖန် ဣသရေလ ရှင်ဘုရင် လက် သို့ အပ် တော်မူသဖြင့် ၊ ထိုရှင်ဘုရင်ရေမလိ သား ပေကာ သည် ကြမ်းတမ်း စွာ လုပ်ကြံ ၍ ၊ ရဲရင့်သောယုဒ အမျိုးသားတသိန်း နှစ်သောင်းကို တနေ့ ခြင်းတွင် သတ် လေ၏။ အကြောင်း မူကား၊ သူ တို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့် ကြသတည်း။
Et Pékach, fils de Remalia, tua en Juda dans une journée cent vingt mille hommes, tous braves guerriers, parce qu'ils abandonnaient l'Éternel, Dieu de leurs pères.
7 ခွန်အား ကြီးသော ဧဖရိမ် သား ဇိခရိ သည်၊ ရှင်ဘုရင် သား မာသေယ ၊ နန်းတော် အုပ် အာဇရိကံ ၊ ရှင်ဘုရင် နောက်ဒုတိယ မင်း ဧလကာန ကို သတ် ၏။
Et Zichri, héros d'Éphraïm, tua Maaseïa, fils du roi, et Azricam, préfet du palais, et Elkana, le second après le roi.
8 ဣသရေလ အမျိုးသား တို့သည်လည်း ၊ မိမိ တို့နှင့် ပေါက်ဘော်တော်သော ယောက်ျား၊ မိန်းမ၊ သား၊ သမီး ပေါင်းနှစ်သိန်းကို ဘမ်းဆီးသိမ်းသွားကြ၏။ များစွာ သော ဥစ္စာ ကိုလည်း လုယူ ၍ ရှမာရိ မြို့သို့ ဆောင်သွား ကြ၏။
Et les Israélites emmenèrent en captivité, de leurs frères, deux cent mille femmes, fils et filles, et ils leur enlevèrent aussi un grand butin qu'ils amenèrent à Samarie.
9 ဩဒက် အမည် ရှိသောထာဝရဘုရား ၏ ပရောဖက် တပါးရှိ ၍ ၊ ရှမာရိ မြို့သို့ ပြန်လာ သောတပ် ကို ဆီးကြို လျက် ၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား သည် ယုဒ ပြည်ကို အမျက် တော်ထွက်သောကြောင့် ၊ သင် တို့လက် ၌ အပ် တော်မူသဖြင့်၊ သင်တို့သည် မိုဃ်း ကောင်းကင် သို့ ထိသော ဒေါသ အဟုန်နှင့် သူ တို့ကိုသတ် ကြပြီ တကား။
Or il y avait là un prophète de l'Éternel, nommé Oded, et il sortit à la rencontre de l'armée qui rentrait à Samarie et il leur dit: Voilà que dans sa colère contre Juda l'Éternel, Dieu de vos pères, les a livrés entre vos mains, et dans la fureur vous en avez fait un tel carnage, qu'il est parvenu jusqu'aux Cieux.
10 ၁၀ ယခု တွင်လည်း ၊ ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သားယောက်ျား မိန်းမ တို့ကို အစေခံကျွန်လုပ်၍၊ နှိပ်စက်မည့်အကြံရှိကြသည်တကား။ သို့ပြုလျှင်သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား ရာသို့ ရောက်သည် မ ဟုတ်လော။
Et maintenant pensez-vous vous assujettir comme serviteurs et servantes les enfants de Juda et de Jérusalem? mais vous, en votre particulier, ne vous sentez-vous pas coupables envers l'Éternel, votre Dieu?…
11 ၁၁ ငါ့ စကားကိုနားထောင် ကြလော့။ သင်တို့သည် ယခု ဘမ်းဆီး ၍ သိမ်းယူခဲ့သော သင် တို့၏ ညီအစ်ကို များကို လွှတ် လိုက်ကြလော့။ သို့မဟုတ်ထာဝရဘုရား ၏ ပြင်းစွာ သောအမျက် တော်သည် သင် တို့အပေါ် မှာ သက်ရောက်လိမ့်မည်ဟု သတိပေး၏။
Écoutez-moi donc et renvoyez les prisonniers que vous avez faits sur vos frères; car la colère de l'Éternel est allumée sur vous.
12 ၁၂ ထိုအခါ ဧဖရိမ် အမျိုးသား အကြီးအကဲ ၊ ယောဟနန် သား အာဇရိ ၊ မေရှိလေမုတ် သား ဗေရခိ ၊ ရှလ္လုံ သား ဟေဇကိ ၊ ဟာဒလဲ သား အာမသာ တို့သည် စစ်တိုက် ရာမှ လာ သောသူတို့ ကို ဆီးတား ၍၊
Alors se levèrent des hommes d'entre les chefs des fils d'Éphraïm, Azaria, fils de Jochanan, Béréchia, fils de Mesillemoth, et Ézéchias, fils de Sallum, et Amasa, fils de Hadlaï, pour s'opposer à ceux qui venaient de l'armée
13 ၁၃ သင်တို့သိမ်းယူခဲ့သောသူတို့ ကို ဤ မြို့ထဲသို့ မ သွင်း ရ။ ငါ တို့သည် ထာဝရဘုရား ကို ပြစ်မှား ပြီ။ အပြစ် ရင်းအပေါ်မှာထပ်၍ ပြစ်မှားစေဦးမည်ဟု သင်တို့ကြံစည်ကြသည်ကား။ ယခုတွင် ငါ တို့အပြစ် ကြီးလှ ၏။ ဣသရေ အမျိုး၌ ပြင်းစွာ အမျက် ထွက်လျက် ရှိသည်ဟု ဆို သောကြောင့်၊
et ils leur dirent: N'introduisez pas ces prisonniers-là! pensez-vous en effet, pour nous attirer la vindicte de l'Éternel, augmenter encore nos péchés et notre culpabilité? car notre culpabilité est grande et la colère est allumée sur Israël!
14 ၁၄ စစ်သူရဲ တို့သည် သိမ်းယူ ခဲ့သောလူများနှင့် လု ယူခဲ့သောဥစ္စာများကို မင်း တို့ရှေ့၊ ပရိသတ် တို့ရှေ့ မှာထား ကြ၏။
Alors la troupe armée laissa les prisonniers et le butin devant les chefs et toute l'Assemblée.
15 ၁၅ အထက်ဆို ခဲ့ပြီးသော သူတို့သည် ထ လျက် ၊ သိမ်းယူ ခဲ့သောသူတို့ ကို ခေါ် ၍ ၊ အဝတ် မရှိသောသူတို့ ကို လက်ရဥစ္စာ ဖြင့် ဝတ်ဆင် စေကြ၏။ ခြေနင်း ကို စီးစေကြ ၏။ စား သောက် စရာဘို့ ပေးကြ၏။ ဆီ နှင့်လိမ်း စေကြ၏။ အား မရှိသောသူအပေါင်း တို့ကို မြည်း ပေါ်မှာ တင် ၍ ၊ သူ တို့ ပေါက်ဘော် ရှိ ရာ ယေရိခေါ မြို့တည်းဟူသောစွန်ပလွံပင် မြို့ သို့ ပို့ ပြီးမှ ၊ ရှမာရိ မြို့သို့ ပြန်သွား ကြ၏။
Et les hommes, qui ont été désignés par leurs noms, se levèrent et s'emparèrent des prisonniers, et vêtirent tous ceux d'entre eux qui étaient nus, en prenant sur le butin, ils les vêtirent et les chaussèrent et leur donnèrent à manger et à boire, et les oignirent et les reconduisirent, sur des ânes tous les excédés, et les amenèrent à Jéricho, la ville des palmiers, chez leurs frères, puis-regagnèrent Samarie.
16 ၁၆ ထိုအခါ အာရှုရိ ရှင်ဘုရင် လာ၍ ကူမ စေခြင်းငှါ ၊ အာခတ် မင်းကြီး သည် သံတမန်ကို စေလွှတ် လေ၏။
Dans ce temps-là le roi Achaz députa vers les rois d'Assyrie pour se ménager leur secours.
17 ၁၇ အကြောင်းမူကား၊ ဧဒုံ လူတို့သည် လာ ပြန် သဖြင့် ၊ ယုဒ ပြည်ကို လုပ်ကြံ ၍ ၊ လူများကိုဘမ်းဆီး သိမ်းသွားကြပြီ။
Et vinrent encore les Edomites qui firent un coup en Juda et emmenèrent des captifs.
18 ၁၈ ဖိလိတ္တိ လူတို့သည်လည်း ၊ နိုင်ငံ အောက်ပိုင်းနှင့် ယုဒ ပြည်တောင် ပိုင်း၌ ရှိသောမြို့ တို့ကိုတိုက် ၍၊ ဗက်ရှေမက် မြို့၊ အာဇလုန် မြို့၊ ဂေဒရုတ် မြို့၊ ရှောခေါ မြို့ ရွာ၊ တိမနာ မြို့ ရွာ၊ ဂိမဇော မြို့ ရွာများကို ယူ ၍ နေရာ ချကြ၏။
Et il y eut invasion des Philistins dans les villes du pays-bas et du midi de Juda, et ils s'emparèrent de Bethsémès et d'Ajalon et de Gedéroth et de Socho et de ses annexes et de Thimna et de ses annexes, et de Gimzo et de ses annexes, et s'y établirent.
19 ၁၉ ယုဒ ရှင်ဘုရင် အာခတ် ကြောင့် ထာဝရဘုရား သည် ယုဒ ပြည်ကို အလွန်နှိမ့်ချ ၏။ ထိုမင်းသည် ယုဒပြည် ၏အဝတ်တန်ဆာကိုချွတ် ၍ ၊ ထာဝရဘုရား ကို ကြမ်းတမ်း စွာ ပြစ်မှား၏။
Car l'Éternel humiliait Juda à cause d'Achaz, roi d'Israël, parce qu'il laissait Juda sans frein et qu'il était rebelle à l'Éternel.
20 ၂၀ အာရှုရိ ရှင်ဘုရင် တိဂလတ် ပိလေသာလာ သော်လည်း ၊ အား ကိုမ ပေး၊ သာ၍ဆင်းရဲ စေ၏။
Et il fut assailli par Thiglath-Pilnéser, roi d'Assyrie, qui le serra de près, loin de lui prêter secours.
21 ၂၁ အကြောင်း မူကား၊ အာခတ် သည် ဗိမာန် တော် ဘဏ္ဍာနှင့် နန်းတော် ဘဏ္ဍာမှစ၍ ၊ မှူးမတ်အိမ်တို့၌ ရှိသောဥစ္စာများကိုခွဲပြီးလျှင်၊ အာရှုရိ ရှင်ဘုရင် အား ပေး သော်လည်း၊ ထိုရှင်ဘုရင်သည် ကျေးဇူးပြန်၍မပြု။
Bien que Achaz eût dépouillé le Temple de l'Éternel et le palais du roi et des Grands pour payer le roi d'Assyrie, cela ne lui servit de rien.
22 ၂၂ အာခတ် မင်းကြီး သည် ဆင်းရဲ ဒုက္ခခံရသောအခါ ၊ ထာဝရဘုရား ကို သာ၍ ပြစ်မှား ၏။
Et dans le moment de la détresse il fut encore plus infidèle à l'Éternel, lui, le roi Achaz.
23 ၂၃ ငါ့ကိုဒဏ် ပေးသော ဒမာသက် မြို့၏ ဘုရား တို့ကို ငါဆည်းကပ်မည်ဟူ၍၎င်း၊ ရှုရိ ရှင်ဘုရင် ကိုးကွယ်သောဘုရား တို့သည် ကျေးဇူး ပြုတတ်သောကြောင့် ၊ ငါ ၌လည်း ကျေးဇူး ပြုစေခြင်းငှါ၊ ထို ဘုရားတို့အား ယဇ် ပူဇော်မည်ဟူ၍၎င်း ဆိုသော်လည်း၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလ အမျိုးအကျိုးနည်း စရာ အကြောင်း ဖြစ် သတည်း။
Et il fit des sacrifices aux dieux de Damas qui l'avaient battu et il dit: Les dieux des rois de Syrie leur sont secourables, je veux leur faire des sacrifices afin qu'ils me soient secourables. Mais ils servirent à amener la chute de lui et de tout Israël.
24 ၂၄ တဖန် အာခတ် သည် ဗိမာန် တော်တန်ဆာ တို့ကို စုထား ၍ အပိုင်းပိုင်းချိုးဖြတ် ၏။ ဗိမာန် တော်တံခါး တို့ကိုလည်း ပိတ် ထား၏။ ယေရုရှလင် မြို့ထောင့် များ၌ ယဇ် ပလ္လင် တို့ကို တည် ၏။
Et Achaz ramassa toute la vaisselle de la Maison de Dieu et mit en pièces la vaisselle de la Maison de Dieu, et il ferma les portes du Temple de l'Éternel et se fit des autels à tous les coins de Jérusalem.
25 ၂၅ အခြား တပါးသော ဘုရား တို့အား နံ့သာပေါင်းကို မီးရှို့ စရာဘို့။ယုဒ မြို့ အသီးအသီး တို့၌ မြင့် သောအရပ် တို့ကို တည် ၍ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်လေ၏။
Et dans toutes les villes de Juda il fit des tertres pour brûler de l'encens aux autres dieux; et il provoqua l'Éternel, Dieu de ses pères.
26 ၂၆ အာခတ် ကျင့်ကြံ ပြုမူသော အမှု အရာကြွင်း လေသမျှအစ အဆုံး တို့သည် ယုဒ ရာဇဝင်နှင့် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
Le reste de ses actes et tous ses errements, les premiers et les derniers, sont d'ailleurs consignés dans le livre des rois de Juda et d'Israël.
27 ၂၇ အာခတ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ယေရုရှလင် မြို့ ၌ သင်္ဂြိုဟ် ခြင်းကို ခံရသော်လည်း ၊ ဣသရေလ ရှင် ဘုရင်တို့ သင်္ချိုင်း ၌ မ သင်္ဂြိုဟ် ကြ။ သားတော် ဟေဇကိ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
Et Achaz reposa à côté de ses pères et reçut la sépulture dans la ville de Jérusalem; car on ne l'introduisit pas dans les tombeaux des rois d'Israël. Et Ezéchias, son fils, devint roi en sa place.

< ၂ ရာဇဝင်ချုပ် 28 >