< ၂ ရာဇဝင်ချုပ် 27 >

1 ယောသံ သည် အသက် နှစ်ဆယ် ငါး နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် ခြောက် နှစ် စိုးစံ လေ၏။ မယ်တော် ကား ၊ ဇာဒုတ် သမီး ယေရုရှာ အမည် ရှိ၏။
ယောသံသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်ခြောက်နှစ် စိုးစံ လေ၏။ မယ်တော်ကား၊ ဇာဒုတ်သမီးယေရုရှာအမည် ရှိ၏။
2 ထိုမင်း သည်ခမည်းတော် ဩဇိ ကျင့် သမျှ အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကိုပြု ၏။ သို့ရာတွင် ထာဝရ ဘုရား၏ ဗိမာန် တော်ထဲသို့ မ ဝင် ။ပြည်သူ ပြည်သားတို့သည် မ တရားသဖြင့် ပြုကြသေး ၏။
ထိုမင်းသည်ခမည်းတော် ဩဇိကျင့်သမျှအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။ သို့ရာတွင် ထာဝရဘုရား၏ ဗိမာန်တော်ထဲသို့မဝင်။ ပြည်သူပြည်သားတို့သည် မတရားသဖြင့် ပြုကြသေး၏။
3 ထိုမင်းသည် ဗိမာန် တော်အထက် တံခါး ကို လုပ် ၍ ၊ ဩဖေလ မြို့ရိုး ကို အလွန် ခိုင်ခံ့ စေ၏။
ထိုမင်းသည် ဗိမာန်တော်အထက်တံခါးကို လုပ်၍၊ ဩဖေလမြို့ရိုးကို အလွန်ခိုင်ခံ့စေ၏။
4 ယုဒ တောင်ရိုး ပေါ် မှာ မြို့ များကို၎င်း ၊ တော ၌ ရဲတိုက် များနှင့် ပြအိုး များကို၎င်း တည်ထောင် လေ၏။
ယုဒတောင်ရိုးပေါ်မှာ မြို့များကို၎င်း၊ တော၌ ရဲတိုက်များနှင့် ပြအိုးများကို၎င်း တည်ထောင်လေ၏။
5 အမ္မုန် ရှင် ဘုရင်ကိုလည်း စစ်တိုက် ၍ နိုင် သဖြင့် ၊ နိုင်သောနှစ် တွင် အမ္မုန် သား တို့သည် ငွေ အခွက် တထောင်၊ ဂျုံ ကောရ တသောင်း ၊ မုယော တသောင်း ကိုပေး ရကြ၏။ ဒုတိယ နှစ် နှင့် တတိယ နှစ်တွင် ထို အတူ ပေးရကြ၏။
အမ္မုန်ရှင်ဘုရင်ကိုလည်း စစ်တိုက်၍နိုင်သဖြင့်၊ နိုင်သောနှစ်တွင် အမ္မုန်သားတို့သည် ငွေအခွက် တထောင်၊ ဂျုံကောရတသောင်း၊ မုယောတသောင်းကို ပေးရကြ၏။ ဒုတိယနှစ်နှင့် တတိယနှစ်တွင် ထိုအတူ ပေးရကြ၏။
6 ထိုသို့ ယောသံ သည် မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ မိမိ အကျင့် တို့ကို ပြင်ဆင် သောကြောင့် တန်ခိုး တိုးပွါးသတည်း။
ထိုသို့ယောသံသည် မိမိဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ မိမိအကျင့်တို့ကို ပြင်ဆင်သောကြောင့် တန်ခိုးတိုးပွါးသတည်း။
7 ယောသံ ပြုမူသောအမှု အရာ ကြွင်း လေသမျှ၊ စစ်တိုက် ခြင်းအကျင့် ကျင့်ခြင်းအမှုအရာ အလုံးစုံ တို့ သည်၊ ဣသရေလ ရာဇဝင် နှင့် ယုဒ ရာဇဝင်၌ ရေးထား လျက် ရှိ၏။
ယောသံပြုမူသောအမှုအရာ ကြွင်းလေသမျှ၊ စစ်တိုက်ခြင်းအ ကျင့်ကျင့်ခြင်းအမှုအရာ အလုံးစုံတို့ သည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထား လျက် ရှိ၏။
8
ယောသံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အား ခတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
9 ယောသံ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာခတ် သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။

< ၂ ရာဇဝင်ချုပ် 27 >