< ၂ ရာဇဝင်ချုပ် 26 >
1 ၁ ယုဒ ပြည်သူ ပြည်သားအပေါင်း တို့သည်၊ အသက် တဆယ် ခြောက် နှစ်ရှိသောသား တော်ဩဇိ ကို ယူ ၍ ခမည်းတော် အာမဇိ အရာ ၌ နန်းတင် ကြ၏။
Then all the people of Judah took Uzziah, who was sixteen years old, and made him king in place of his father Amaziah.
2 ၂ ထိုမင်း သည် ခမည်းတော် သေ သောနောက် ၊ ဧလုတ် မြို့ကို ပြုစု ၍ ယုဒ နိုင်ငံထဲသို့ သွင်း ပြန်၏။
He was the builder of Eloth, which he got back for Judah after the death of the king.
3 ၃ ဩဇိ သည် အသက် တဆယ် ခြောက် နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ ငါးဆယ် နှစ် နှစ် စိုးစံ လေ၏။ မယ်တော် ကား ၊ ယေရုရှလင် မြို့သူယေခေါလိ အမည် ရှိ၏။
Uzziah was sixteen years old when he became king, and he was ruling in Jerusalem for fifty-two years; his mother's name was Jechiliah of Jerusalem.
4 ၄ ထိုမင်း သည် ခမည်းတော် အာမဇိ ပြု သမျှ အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို ပြု ၏။
He did what was right in the eyes of the Lord, as his father Amaziah had done.
5 ၅ ဘုရားသခင် ၏ဗျာဒိတ် ရူပါရုံကို နားလည် သော ဇာခရိ လက်ထက် ၌ ၊ ဩဇိမင်းသည် ဘုရားသခင် ကို ဆည်းကပ် ၏။ ထာဝရဘုရား ကို ဆည်းကပ် သော ကာလ ပတ်လုံး၊ ဘုရားသခင် သည် အကြံ ထမြောက်ရသောအခွင့်ကိုပေးတော်မူ၏။
He gave himself to searching after God in the days of Zechariah, who made men wise in the fear of God; and as long as he was true to the Lord, God made things go well for him.
6 ၆ ထိုမင်းသည် စစ်ချီ ၍ ဖိလိတ္တိ လူတို့ကို တိုက် သဖြင့် ၊ ဂါသ မြို့ရိုး ၊ ယာဗနေ မြို့ရိုး ၊ အာဇုတ် မြို့ရိုး တို့ကို ဖြိုဖျက် ပြီးမှ ၊ အာဇုတ် မြို့ပတ်လည် ၊ ဖိလိတ္တိ ပြည်အရပ်ရပ်၌ မြို့ သစ်တို့ကို တည်ထောင် လေ၏။
He went out and made war against the Philistines, pulling down the walls of Gath and Jabneh and Ashdod, and building towns in the country round Ashdod and among the Philistines.
7 ၇ ဘုရားသခင် သည် ဖိလိတ္တိ လူ၊ ဂုရဗာလ မြို့မှာ နေ သောအာရပ် လူ၊ မဟုနိမ် လူတို့တစ်ဘက် ၌ သူ့ ကို မစ တော်မူ၏။
And God gave him help against the Philistines, and against the Arabians living in Gur-baal, and against the Meunim.
8 ၈ အမ္မုန် အမျိုးသားတို့သည်လည်း ၊ ဩဇိ မင်းအား လက်ဆောင် ပဏ္ဏာတို့ကို ဆက် ကြ၏။ သူသည် အလွန် ကိုယ်ကိုယ်ခိုင်ခံ့ စေသဖြင့် ၊ သိတင်း တော်သည် အဲဂုတ္တု ပြည်တိုင်အောင် ကျော်စော လေ၏။
The Ammonites gave offerings to Uzziah: and news of him went out as far as the limit of Egypt; for he became very great in power.
9 ၉ ဩဇိ မင်းသည် ယေရုရှလင် မြို့ ထောင့် တံခါး ၊ ချိုင့် တံခါး ၊ မြို့ရိုးကွေ့ တံခါး၌ ရဲတိုက် တို့ကို တည် ၍ ခိုင်ခံ့ စေ၏။
Uzziah made towers in Jerusalem, at the doorway in the angle and at the doorway in the valley and at the turn of the wall, arming them.
10 ၁၀ တော ၌ လည်း ရဲတိုက် တို့ကို တည် ၏။ ရေတွင်း များ ကိုလည်း တူး ၏။ ချိုင့်ဝှမ်း ရာအရပ် နှင့် မြေညီ ရာ အရပ်၌ များစွာ သော သိုး နွားတို့ကို ဆည်းဖူး၍ တောင် အရပ်၊ မြေ ကောင်းသောအရပ်၌ လယ် လုပ်သောသူနှင့် စပျစ် ဥယျာဉ် ပြုစုသောသူတို့ကိုလည်း စေစား၏။ ထိုသို့ သော အမှုများကို ဝါသနာ ရှိ ၏။
And he put up towers in the waste land and made places for storing water, for he had much cattle, in the low hills and in the table land; and he had farmers and vine-keepers in the mountains and in the fertile land, for he was a lover of farming.
11 ၁၁ ဩဇိ မင်း၌ တပ်စာရေး ယေယေလ နှင့် တပ် အုပ် မာသေယ တို့သည် စာရင်း ယူ သည်အတိုင်း ၊ ရှင်ဘုရင် ၏ ဗိုလ်မင်း ဟာနနိ သည် စီရင် ၍ ၊ အသီးအသီး တပ် ဖွဲ့ သော စစ်သူရဲ ဗိုလ်ခြေများရှိ ကြ၏။
In addition, Uzziah had an army of fighting-men who went out to war in bands, as they had been listed by Jeiel the scribe and Maaseiah the ruler, under the authority of Hananiah, one of the king's captains.
12 ၁၂ ထိုသို့ခွန်အား ကြီးသော သူရဲ အဆွေအမျိုး အလိုက် အကြီးအကဲ လုပ်သော သူပေါင်းကား၊ နှစ်ထောင် ခြောက် ရာ တည်း။
The heads of families, the strong men of war, were two thousand, six hundred.
13 ၁၃ ထိုသို့ အကြီးအကဲလုပ်သောသူ၊ ရန်သူ တဘက် ၌ ရှင်ဘုရင် ကို ထောက်မ ခြင်းငှါ ၊ ကြီး သောခွန်အားနှင့် စစ်တိုက် သောသူရဲပေါင်းကား၊ သုံး သိန်းခုနစ် ထောင် ငါးရာ တည်း။
And under their orders was a trained army of three hundred and seven thousand, five hundred, of great strength in war, helping the king against any who came against him.
14 ၁၄ ဩဇိ မင်းသည်လည်း ၊ ဗိုလ်ခြေ အပေါင်း တို့အဘို့ ဒိုင်း လွှား၊ လှံ ၊ သံ ခမောက်လုံး၊ သံချပ် ၊ လေး ၊ ကျောက် နှင့် ပစ်စရာ လောက်လွှဲ တို့ကို ပြင်ဆင် လေ၏။
And Uzziah had all these forces armed with body-covers and spears and head-covers and coats of metal and bows and stones for sending from leather bands.
15 ၁၅ လိမ္မာ သောသူတို့သည် ဉာဏ် ရှာ၍လုပ် သော ယန္တရား စက်တို့ကိုလည်း ၊ ယေရှုရှလင် မြို့ရဲတိုက် ၊ မြို့ပြအိုး အပေါ်က မြှား နှင့် ကျောက် ကြီး ကို ပစ် စရာဘို့ ပြင်ဆင်လေ၏။ ထိုသို့တန်ခိုး ကြီးအောင် အထူးသဖြင့်မစ ခြင်းကိုခံရသည်ဖြစ်၍၊ သိတင်း တော်သည် အနှံ့အပြား ကျော်စော၏။
And in Jerusalem he made machines, the invention of expert men, to be placed on the towers and angles of the walls for sending arrows and great stones. And his name was honoured far and wide; for he was greatly helped till he was strong.
16 ၁၆ ဩဇိ မင်းသည် တန်ခိုး ကြီးသောအခါ ၊ ကိုယ် အကျိုးနည်းအောင် ထောင်လွှားသောစိတ် ထသဖြင့်၊ မိမိ ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား ၍ ၊ နံ့သာပေါင်း ကို မီးရှို့ရာ ယဇ် ပလ္လင်ပေါ် မှာ နံ့သာပေါင်းကို မီးရှို့ ခြင်းငှါ ၊ ထာဝရဘုရား ၏ ဗိမာန် တော်ထဲသို့ ဝင် လေ၏။
But when he had become strong, his heart was lifted up in pride, causing his destruction; and he did evil against the Lord his God; for he went into the Temple of the Lord for the purpose of burning perfumes on the altar of perfumes.
17 ၁၇ ယဇ်ပုရောဟိတ် အာဇရိ သည် ရဲရင့်ခြင်းသတ္တိ ရှိသောထာဝရဘုရား ၏ အမှုတော် ထမ်းယဇ်ပုရောဟိတ် ရှစ်ကျိပ် တို့နှင့်တကွ ၊ ရှင်ဘုရင်ဩဇိနောက် တော်သို့ လိုက် ၍၊
And Azariah the priest went in after him, with eighty of the Lord's priests, who were strong men;
18 ၁၈ ဆီးတား သဖြင့် ၊ အိုဩဇိ မင်း ၊ ကိုယ်တော်သည် ထာဝရဘုရား အား နံ့သာပေါင်း ကို မီးရှို့ခြင်းအမှုနှင့် မ ဆိုင်ပါ။ နံ့သာပေါင်းကို မီးရှို့ စေခြင်းငှါ ၊ ခန့်ထား သောအာရုန် သား ယဇ် ပုရောဟိတ်တို့သာ ထိုအမှုနှင့် ဆိုင်ကြပါ၏။ သန့်ရှင်း ရာဌာနထဲက ထွက် သွားလော့။ ကိုယ်တော်သည် ပြစ်မှား ပြီ။ ထာဝရ အရှင် ဘုရားသခင့် ရှေ့တော်၌ ကိုယ်တော် အသရေ ပျက် လိမ့်မည်ဟု ဆိုကြ လျှင်၊
And they made protests to Uzziah the king, and said to him, The burning of perfumes, Uzziah, is not your business but that of the priests, the sons of Aaron, who have been made holy for this work: go out of the holy place, for you have done wrong, and it will not be to your honour before God.
19 ၁၉ ဩဇိ မင်းသည် ဒေါသ စိတ်ရှိ၍ ၊ နံ့သာပေါင်းကို မီးရှို့ ခြင်းငှါ ၊ လင်ပန်း ကိုကိုင် လျက် ၊ ယဇ် ပုရောဟိတ်တို့ကို အမျက်ထွက် လျှင် ၊ ဗိမာန် တော်တွင် နံ့သာပေါင်း ကို မီးရှို့ရာယဇ် ပလ္လင်၏ အနား ၊ ယဇ်ပုရောဟိတ် တို့ ရှေ့ မှာ၊ နူနာ သည် ရှင် ဘုရင်နဖူး ၌ ပေါ် လေ၏။
Then Uzziah was angry; and he had in his hand a vessel for burning perfume; and while his wrath was bitter against the priests, the mark of the leper's disease came out on his brow, before the eyes of the priests in the house of the Lord by the altar of perfumes.
20 ၂၀ ယဇ်ပုရောဟိတ် မင်း နှင့် ယဇ်ပုရောဟိတ် အပေါင်း တို့သည် ကြည့်ရှု ၍၊ နဖူး တော်၌ နူနာ စွဲသည် ကိုမြင် လျှင် ၊ ရှင်ဘုရင်ကို ပြင်သို့နှင်ထုတ်ကြ၏။ ရှင်ဘုရင်ကိုယ်တိုင်လည်း၊ ထာဝရဘုရား ဒဏ်ခတ် တော်မူသောကြောင့် ၊ အလျင်အမြန် ထွက် လေ၏။
And Azariah, the chief priest, and all the priests, looking at him, saw the mark of the leper on his brow, and they sent him out quickly and he himself went out straight away, for the Lord's punishment had come on him.
21 ၂၁ ထိုသို့ ဩဇိ မင်းကြီးသည် သေ သည်တိုင်အောင် နူနာ စွဲ၍ ၊ ခြားနား သောနန်း ၌နေ ရ၏။ ဗိမာန် တော်သို့ ဝင်သော အခွင့်ကို မရ။ သား တော်ယောသံ သည် နန်းတော် ကို အုပ်စိုး ၍ နိုင်ငံတော်မှုကိုစီရင်ရ၏။
So King Uzziah was a leper till the day of his death, living separately in his private house; for he was cut off from the house of God; and Jotham his son was ruling over his house, judging the people of the land.
22 ၂၂ ဩဇိ ပြုမူသောအမှု အရာ ကြွင်း လေသမျှ အစ အဆုံး တို့ကို၊ အာမုတ် သား ပရောဖက် ဟေရှာယ သည် ရေး ထားလေ၏။
Now the rest of the acts of Uzziah, first and last, were recorded by Isaiah the prophet, the son of Amoz.
23 ၂၃ ဩဇိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူ တို့နှင့်အတူ သင်္ဂြိုဟ် ခြင်းကိုခံရသော်လည်း ၊ လူနူ ဖြစ်သောကြောင့် ၊ ရှင်ဘုရင် တို့ သင်္ချိုင်း နှင့်ဆိုင် သောမြေ အကွက်၌ သာ သင်္ဂြိုလ်ကြ၏။ သား တော်ယောသံ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
So Uzziah went to rest with his fathers; and they put his body into the earth in the field used for the resting-place of the kings, for they said, He is a leper: and Jotham his son became king in his place.