< ၂ ရာဇဝင်ချုပ် 24 >

1 ယောရှ သည် အသက် ခုနစ် နှစ် ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ အနှစ် လေးဆယ် စိုးစံ ၏။ မယ်တော်ကား၊ ဗေရရှေဘ မြို့သူဇိဗိ အမည် ရှိ၏။
Seven years old was Joash when he became king, and forty years did he reign in Jerusalem: and the name of his mother was Zibyah of Beer-sheba'.
2 ယဇ်ပုရောဟိတ် ယောယဒ လက်ထက် ကာလ ပတ်လုံး ၊ ယောရှ သည် ထာဝရဘုရား ရှေ့ တော်၌ တရား သော အမှုကို ပြု ၏။
And Joash did what is right in the eyes of the Lord, all the days of Yehoyada' the priest.
3 ယောယဒ ပေးစားသော မိန်းမ နှစ် ယောက်နှင့် စုံဘက်၍ သား သမီး တို့ကို မြင် ရ၏။
And Yehoyada' took for himself two wives, and he begat sons and daughters.
4 ထိုနောက်မှ ၊ ယောရှ သည် ဗိမာန် တော်ကို ပြုပြင် မည် အကြံ ရှိ လျက်၊
And it came to pass after this, that Yoash had it in his mind to renew the house of the Lord.
5 ယဇ်ပုရောဟိတ် လေဝိ သားတို့ကို စုဝေး စေ၍ ၊ သင် တို့ဘုရားသခင် ၏အိမ် တော်ကို ပြုပြင် ခြင်းငှါ ၊ ယုဒ မြို့ တို့ကို လှည့်လည် သဖြင့် ၊ နှစ် တိုင်းအစဉ် ဣသရေလ လူအပေါင်း တို့မှ ငွေ ကိုခံယူ ၍ ၊ အမှု ပြီးအောင် ကြိုးစား အားထုတ်ကြလော့ဟုမိန့် တော်မူ၏။ သို့သော်လည်း ၊ လေဝိ သားတို့သည် မ ကြိုးစား ဘဲနေကြ၏။
And he gathered together the priests and the Levites, and said to them, Go out unto the cities of Judah, and gather from all Israel money to repair the house of your God from year to year, and ye shall make haste in this matter. But the Levites made no haste.
6 တဖန် ရှင် ဘုရင်သည် ယဇ်ပုရောဟိတ်အကြီး ယောယဒ ကို ခေါ် ၍ ၊ သက်သေခံ တော်မူချက် တဲ တော်အဘို့ ၊ ထာဝရဘုရား ၏ကျွန် မောရှေ နှင့် စည်းဝေး ရာ ဣသရေလ ပရိတ်သတ်ပြုသည်နည်းတူ၊ လေဝိ သားတို့သည် ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်အရပ်ရပ်တို့မှ ငွေကို ခံယူ၍ဆောင်ခဲ့ရမည်အကြောင်း၊ အဘယ်ကြောင့် မမှာထားဘဲနေသနည်းဟုမေး တော်မူ၏။
Then called the king for Yehoyada' the chief, and said unto him, Why hast thou not required from the Levites to bring in out of Judah and out of Jerusalem the contribution [fixed by] Moses the servant of the Lord, and of the congregation of Israel, for the tabernacle of the testimony?
7 အဓမ္မမိန်းမအာသလိ ၏သား တို့သည် ဗိမာန် တော်ကို ဖြိုဖျက် ၍ ၊ ဗိမာန် တော်၌ ပူဇော် သော ဘဏ္ဍာ ရှိသမျှ တို့ကိုလည်း ဗာလ ဘုရားတို့အား ပူဇော် ကြ၏။
For the sons of the wicked 'Athalyahu have made breaches [in] the house of God; and also the holy things of the house of the Lord have they applied to the Be'alim.
8 ရှင်ဘုရင် အမိန့် တော်အတိုင်း သေတ္တာ ကိုလုပ် ၍ ၊ ဗိမာန် တော်ပြင် ၊ တံခါး နား မှာထား ကြ၏။
And at the king's order they made a chest, and placed it at the gate of the house of the Lord on the outside.
9 ဘုရားသခင် ၏ကျွန် မောရှေ သည်တော မှာ ဣသရေလ အမျိုး၌ ငွေ ခွဲသည်အတိုင်း ၊ ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့ရမည်ဟု ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်အရပ်ရပ်၌ ကြော်ငြာ ကြ၏။
And they made a proclamation through Judah and Jerusalem, to bring in to the Lord the contribution [fixed by] Moses the servant of God upon Israel in the wilderness.
10 ၁၀ မင်း များနှင့် ပြည်သူ ပြည်သားများ အပေါင်း တို့ သည်၊ ဝမ်းမြောက် သောစိတ်နှင့် ဆောင် ခဲ့၍ ၊ လက်စသတ် သည်တိုင်အောင်သေတ္တာ ထဲသို့ သွင်းထားကြ၏။
And all the princes and all the people rejoiced, and they brought it in, and cast it into the chest, until it was full.
11 ၁၁ ထိုသေတ္တာ ကို လေဝိ သားတို့သည် ဘဏ္ဍာ တော် တိုက်ထဲသို့ သွင်း ၍ ၊ ငွေ များ သည် ကို သိ မြင်လျှင် ၊ ရှင်ဘုရင် ၏စာရေး တော်ကြီးနှင့် ယဇ် ပုရောဟိတ်မင်း၏စာရေး သည်လာ ၍ ၊ ငွေကိုထုတ်ယူပြီးမှ၊ သေတ္တာ ကို သူ့ နေရာ ၌ ထားပြန် ၏။ ထိုသို့ နေ့ တိုင်းပြု ၍ များစွာ သောငွေ ကို စုထား ကြ၏။
Now it came to pass, that at what time the chest was brought unto the king's office by the hand of the Levites, and when they saw that there was much money, then came the king's scribe and the high-priest's officer and emptied the chest, and took it up, and brought it back to its place. Thus did they day by day, and gathered money in abundance.
12 ၁၂ ရှင်ဘုရင် နှင့် ယောယဒ သည် ဗိမာန် တော်၏ အမှု တော်စောင့် တို့၌ ထိုငွေကိုအပ်၍ ဗိမာန် တော်ကို ပြုပြင် စေခြင်းငှါ ၊ ပန်းရန်သမား ၊ လက်သမား ၊ ပန်းပဲသမား ၊ ပန်းတဉ်းသမားတို့အား ပေး ဝေကြ၏။
And the king and Yehoyada' gave it to those who overlooked the service of the house of the Lord, and these hired masons and carpenters to renew the house of the Lord, and also to the workers in iron and copper to repair the house of the Lord.
13 ၁၃ အလုပ် လုပ် သောသူတို့ သည် ကြိုးစား ၍ ပြုပြင် သဖြင့် ၊ ဗိမာန် တော်ကို ပကတိ အဖြစ်၌ ခိုင်ခံ့ စေကြ၏။
So the workmen wrought, and the work was restored through their means, and they replaced the house of God in its [former] state, and strengthened it.
14 ၁၄ လက်စသတ် သောအခါ ၊ ကျန်ကြွင်း သောငွေ ကို ရှင်ဘုရင် နှင့် ယောယဒ ထံသို့ ယူခဲ့ ၍ ၊ ထိုငွေနှင့် ဗိမာန် တော်၌ အမှုတော်ကို ဆောင်ရွက်ပူဇော်ရန် တန်ဆာ၊ ရွှေ ဖလား ၊ ငွေ ဖလား၊ ဇွန်း များကိုလုပ် ကြ၏။ ယောယဒ လက်ထက် ကာလ ပတ်လုံး၊ ဗိမာန် တော်၌ မီးရှို့ ရာယဇ်ကို အစဉ်ပူဇော်ကြ၏။
And when they had completed it, they brought before the king and Yehoyada' the rest of the money, and they made of it vessels for the house of the Lord, the vessels of the service and for the sacrificing, and the spoons, and [other] vessels of gold and silver. And they offered burnt-offerings in the house of the Lord continually all the days of Yehoyada'.
15 ၁၅ ယောယဒ သည် အို ၍ ကာလ ပြည့်စုံ ရာရောက် လျက် ၊ အသက် တရာ သုံးဆယ် ရှိသော် သေ ၍၊
And Yehoyada' became old, and was full of days, and died: he was old one hundred and thirty years when he died.
16 ၁၆ ဒါဝိဒ် မြို့ မှာ ရှင် ဘုရင်တို့တွင် သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ အကြောင်း မူကား၊ ဣသရေလ အမျိုးတွင် ဘုရားသခင် ၌၎င်း ၊ အိမ် တော်၌၎င်း ၊ ကျေးဇူး ပြု သောသူဖြစ် သတည်း။
And they buried him in the city of David among the kings; because he had done a good thing in Israel, and toward God, and his house.
17 ၁၇ ယောယဒ သေ သောနောက် ၊ ယုဒ မင်း တို့သည် ရှင်ဘုရင် ထံ တော်သို့ လာ ၍ ရှိခိုး ကြ၏။ သူ တို့စကားကို ရှင်ဘုရင် နားထောင် သဖြင့်၊
But after the death of Yehoyada' came the princes of Judah, and bowed themselves down to the king. Then did the king hearken unto them.
18 ၁၈ သူ တို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်ကိုစွန့် ၍ ၊ အာရှရ ပင်နှင့် ရုပ်တု တို့ကို ဝတ်ပြု ကြ၏။ ထို အပြစ် ကြောင့် အမျက် တော် သည် ယုဒ ပြည်နှင့် ယေရုရှလင် မြို့အပေါ် မှာ သက်ရောက် လေ၏။
And they forsook the house of the Lord the God of their fathers, and served the Asherim and the idols: and there came wrath over Judah and Jerusalem for this their guiltiness.
19 ၁၉ သူ တို့ကို ထာဝရဘုရား ထံ တော်သို့ သွေးဆောင် စေခြင်းငှါ ၊ ပရောဖက် တို့ကို စေလွှတ် တော်မူ၍ ၊ ပရောဖက်တို့သည် သက်သေခံ သော်လည်း ၊ သူတို့သည် နား မ ထောင်ကြ။
And he sent prophets among them, to bring them back again unto the Lord; and they gave them warning; but they did not give ear.
20 ၂၀ တဖန် ဘုရားသခင် ၏ ဝိညာဉ် တော်သည် ယဇ် ပုရောဟိတ် ယောယဒ သား ဇာခရိ အပေါ်မှာ သက်ရောက် ၍ ၊ သူသည် ပရိသတ် အလယ်၊ မြင့်သောအရပ်၌ ရပ် လျက်၊ ဘုရားသခင် မိန့် တော်မူသည်ကား ၊ သင်တို့သည် ကိုယ်အကျိုးကို ပျက်စေခြင်းငှါ၊ ထာဝရဘုရား ၏ပညတ် တော်တို့ကို အဘယ် ကြောင့်လွန်ကျုး ကြသနည်း။ သင်တို့သည် ထာဝရဘုရား ကို စွန့် သောကြောင့် ၊ သင် တို့ကိုလည်း စွန့် တော်မူပြီဟု မြွက်ဆို ၏။
And the spirit of God endued Zechariah the son of Yehoyada' the priest, and he stood up above the people, and he said unto them, Thus hath said the [true] God, Why transgress ye the commandments of the Lord? ye cannot prosper so; because [as] ye have forsaken the Lord, he hath also forsaken you.
21 ၂၁ လူများတို့သည် သူ့ ကို မကောင်းသော အကြံနှင့် တိုင်ပင် ၍ ၊ ရှင်ဘုရင် အမိန့် တော်နှင့် ဗိမာန် တော်အတွင်း ၌ ကျောက်ခဲ နှင့် ပစ် ၍ သတ်ကြ၏။
And they conspired against him, and stoned him with stones at the command of the king in the court of the house of the Lord.
22 ၂၂ ထိုသို့ ယောရှ မင်းကြီး သည် ဇာခရိ အဘ ယောယဒ ပြု သော ကျေးဇူး ကို မ အောက်မေ့ ၊ သား ကိုသတ် လေ သည်တကား။ ဇာခရိ သေ သောအခါ ၊ ဤအမှုကို ထာဝရဘုရား သည် ကြည့်ရှု စစ်ကြော တော်မူမည်ဟုဆို ၏။
And king Joash did not remember the kindness which Yehoyada' his father had shown to him, but slew his son. And when he died, he said, The Lord will see [this], and require [my blood].
23 ၂၃ ထိုနှစ် အဆုံး ၌ ၊ ရှုရိ တပ်သား တို့သည် စစ်ချီ ၍ လာကြသဖြင့် ၊ ယုဒ ပြည် ယေရုရှလင် မြို့သို့ ရောက် မှ၊ မှူးမတ် အရာရှိအပေါင်း တို့ကို သုတ်သင် ပယ်ရှင်း၍ ၊ လက် ရဥစ္စာရှိသမျှ တို့ကို ဒမာသက် ရှင်ဘုရင် ထံသို့ ပေး လိုက်ကြ၏။
And it came to pass at the expiration of the year, that the army of Syria came up against him: and they came to Judah and Jerusalem, and destroyed all the princes of the people from among the people, and all their spoil they sent off unto the king of Damascus.
24 ၂၄ ယုဒလူတို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့် သောကြောင့် ၊ များပြား သော အလုံးအရင်း ဖြစ်သော်လည်း၊ နည်း သောရှုရိ တပ် အလုံး အရင်းလက် သို့ ထာဝရဘုရား အပ် တော်မူ၍ ၊ ရှုရိလူတို့သည် ယောရှ ကို တရား စီရင် ကြ၏။
Indeed with a small company of men did the army of Syria come; but the Lord delivered into their hand an army exceedingly numerous; because they had forsaken the Lord the God of their fathers. And on Joash they executed punishment.
25 ၂၅ ရန်သူ ထွက် သွားသောအခါ ၊ ယောရှသည် ကြီးစွာ သော ဒုက္ခ ကို ခံရလျက်နေရစ် သည်ဖြစ်၍ ၊ ယဇ်ပုရောဟိတ် ယောယဒ သား တို့ကိုသတ် သောအပြစ် ကြောင့် ၊ မိမိ ကျွန် တို့သည် သင်းဖွဲ့ ၍၊ သာလွန် ပေါ် မှာ သေ အောင် လုပ်ကြံ ကြ၏။ ထိုမင်း ကို ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် သော်လည်း ၊ ရှင် ဘုရင်တို့တွင် မ သင်္ဂြိုဟ်။
And when these were gone away from him—for they left him [suffering] with great diseases—his own servants conspired against him because of the blood of the sons of Yehoyada' the priest, and slew him on his bed, and he died: and they buried him in the city of David, but they buried him not in the sepulchres of the kings.
26 ၂၆ လုပ်ကြံ သောသူကား ၊ အမ္မုန် အမျိုးသမီးရှိမတ် သား ယောဇဗဒ် နှင့် မောဘ အမျိုးသမီးရှိမရိတ် သား ယဟောဇဗဒ် တည်း။
And these are those that conspired against him; Zabad the son of Shim'ath the 'Ammonitess, and Yehozabad the son of Shimrith the Moabitess.
27 ၂၇ ယောရှ သည် သား ရှိခြင်းအရာ၊ လေး သောအမှု ကို ထမ်းခြင်းအရာ၊ ဗိမာန် တော်ကို ပြုပြင် ခြင်း အရာတို့ သည် ရာဇဝင် နှင့်ဆက်သောစာ ၌ ရေးထား လျက်ရှိ၏။ သား တော်အာမဇိ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
Now concerning his sons, and the great prophecy concerning him, and the founding of the house of God, behold, they are written in the story of the book of the kings. And Amazyahu his son became king in his stead.

< ၂ ရာဇဝင်ချုပ် 24 >