< ၂ ရာဇဝင်ချုပ် 24 >
1 ၁ ယောရှ သည် အသက် ခုနစ် နှစ် ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ အနှစ် လေးဆယ် စိုးစံ ၏။ မယ်တော်ကား၊ ဗေရရှေဘ မြို့သူဇိဗိ အမည် ရှိ၏။
Joash was seven years old when he began to reign, and he reigned forty years in Jerusalem. His mother's name also was Zibiah of Beersheba.
2 ၂ ယဇ်ပုရောဟိတ် ယောယဒ လက်ထက် ကာလ ပတ်လုံး ၊ ယောရှ သည် ထာဝရဘုရား ရှေ့ တော်၌ တရား သော အမှုကို ပြု ၏။
And Joash did that which was right in the sight of the LORD all the days of Jehoiada the priest.
3 ၃ ယောယဒ ပေးစားသော မိန်းမ နှစ် ယောက်နှင့် စုံဘက်၍ သား သမီး တို့ကို မြင် ရ၏။
And Jehoiada took for him two wives; and he brings forth sons and daughters.
4 ၄ ထိုနောက်မှ ၊ ယောရှ သည် ဗိမာန် တော်ကို ပြုပြင် မည် အကြံ ရှိ လျက်၊
And it came to pass after this, that Joash was minded to repair the house of the LORD.
5 ၅ ယဇ်ပုရောဟိတ် လေဝိ သားတို့ကို စုဝေး စေ၍ ၊ သင် တို့ဘုရားသခင် ၏အိမ် တော်ကို ပြုပြင် ခြင်းငှါ ၊ ယုဒ မြို့ တို့ကို လှည့်လည် သဖြင့် ၊ နှစ် တိုင်းအစဉ် ဣသရေလ လူအပေါင်း တို့မှ ငွေ ကိုခံယူ ၍ ၊ အမှု ပြီးအောင် ကြိုးစား အားထုတ်ကြလော့ဟုမိန့် တော်မူ၏။ သို့သော်လည်း ၊ လေဝိ သားတို့သည် မ ကြိုးစား ဘဲနေကြ၏။
And he gathered together the priests and the Levites, and said to them, Go out unto the cities of Judah, and gather of all Israel money to repair the house of your God from year to year, and see that all of you hasten the matter. Nevertheless the Levites hastened it not.
6 ၆ တဖန် ရှင် ဘုရင်သည် ယဇ်ပုရောဟိတ်အကြီး ယောယဒ ကို ခေါ် ၍ ၊ သက်သေခံ တော်မူချက် တဲ တော်အဘို့ ၊ ထာဝရဘုရား ၏ကျွန် မောရှေ နှင့် စည်းဝေး ရာ ဣသရေလ ပရိတ်သတ်ပြုသည်နည်းတူ၊ လေဝိ သားတို့သည် ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်အရပ်ရပ်တို့မှ ငွေကို ခံယူ၍ဆောင်ခဲ့ရမည်အကြောင်း၊ အဘယ်ကြောင့် မမှာထားဘဲနေသနည်းဟုမေး တော်မူ၏။
And the king called for Jehoiada the chief, and said unto him, Why have you not required of the Levites to bring in out of Judah and out of Jerusalem the collection, according to the commandment of Moses the servant of the LORD, and of the congregation of Israel, for the tabernacle of witness?
7 ၇ အဓမ္မမိန်းမအာသလိ ၏သား တို့သည် ဗိမာန် တော်ကို ဖြိုဖျက် ၍ ၊ ဗိမာန် တော်၌ ပူဇော် သော ဘဏ္ဍာ ရှိသမျှ တို့ကိုလည်း ဗာလ ဘုရားတို့အား ပူဇော် ကြ၏။
For the sons of Athaliah, that wicked woman, had broken up the house of God; and also all the dedicated things of the house of the LORD did they bestow upon Baalim.
8 ၈ ရှင်ဘုရင် အမိန့် တော်အတိုင်း သေတ္တာ ကိုလုပ် ၍ ၊ ဗိမာန် တော်ပြင် ၊ တံခါး နား မှာထား ကြ၏။
And at the king's commandment they made a chest, and set it without at the gate of the house of the LORD.
9 ၉ ဘုရားသခင် ၏ကျွန် မောရှေ သည်တော မှာ ဣသရေလ အမျိုး၌ ငွေ ခွဲသည်အတိုင်း ၊ ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့ရမည်ဟု ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်အရပ်ရပ်၌ ကြော်ငြာ ကြ၏။
And they made a proclamation through Judah and Jerusalem, to bring in to the LORD the collection that Moses the servant of God laid upon Israel in the wilderness.
10 ၁၀ မင်း များနှင့် ပြည်သူ ပြည်သားများ အပေါင်း တို့ သည်၊ ဝမ်းမြောက် သောစိတ်နှင့် ဆောင် ခဲ့၍ ၊ လက်စသတ် သည်တိုင်အောင်သေတ္တာ ထဲသို့ သွင်းထားကြ၏။
And all the princes and all the people rejoiced, and brought in, and cast into the chest, until they had made an end.
11 ၁၁ ထိုသေတ္တာ ကို လေဝိ သားတို့သည် ဘဏ္ဍာ တော် တိုက်ထဲသို့ သွင်း ၍ ၊ ငွေ များ သည် ကို သိ မြင်လျှင် ၊ ရှင်ဘုရင် ၏စာရေး တော်ကြီးနှင့် ယဇ် ပုရောဟိတ်မင်း၏စာရေး သည်လာ ၍ ၊ ငွေကိုထုတ်ယူပြီးမှ၊ သေတ္တာ ကို သူ့ နေရာ ၌ ထားပြန် ၏။ ထိုသို့ နေ့ တိုင်းပြု ၍ များစွာ သောငွေ ကို စုထား ကြ၏။
Now it came to pass, that at what time the chest was brought unto the king's office by the hand of the Levites, and when they saw that there was much money, the king's scribe and the high priest's officer came and emptied the chest, and took it, and carried it to his place again. Thus they did day by day, and gathered money in abundance.
12 ၁၂ ရှင်ဘုရင် နှင့် ယောယဒ သည် ဗိမာန် တော်၏ အမှု တော်စောင့် တို့၌ ထိုငွေကိုအပ်၍ ဗိမာန် တော်ကို ပြုပြင် စေခြင်းငှါ ၊ ပန်းရန်သမား ၊ လက်သမား ၊ ပန်းပဲသမား ၊ ပန်းတဉ်းသမားတို့အား ပေး ဝေကြ၏။
And the king and Jehoiada gave it to such as did the work of the service of the house of the LORD, and hired stone workers and carpenters to repair the house of the LORD, and also such as wrought iron and brass to mend the house of the LORD.
13 ၁၃ အလုပ် လုပ် သောသူတို့ သည် ကြိုးစား ၍ ပြုပြင် သဖြင့် ၊ ဗိမာန် တော်ကို ပကတိ အဖြစ်၌ ခိုင်ခံ့ စေကြ၏။
So the workmen wrought, and the work was perfected by them, and they set the house of God in his state, and strengthened it.
14 ၁၄ လက်စသတ် သောအခါ ၊ ကျန်ကြွင်း သောငွေ ကို ရှင်ဘုရင် နှင့် ယောယဒ ထံသို့ ယူခဲ့ ၍ ၊ ထိုငွေနှင့် ဗိမာန် တော်၌ အမှုတော်ကို ဆောင်ရွက်ပူဇော်ရန် တန်ဆာ၊ ရွှေ ဖလား ၊ ငွေ ဖလား၊ ဇွန်း များကိုလုပ် ကြ၏။ ယောယဒ လက်ထက် ကာလ ပတ်လုံး၊ ဗိမာန် တော်၌ မီးရှို့ ရာယဇ်ကို အစဉ်ပူဇော်ကြ၏။
And when they had finished it, they brought the rest of the money before the king and Jehoiada, whereof were made vessels for the house of the LORD, even vessels to minister, and to offer likewise, and spoons, and vessels of gold and silver. And they offered burnt offerings in the house of the LORD continually all the days of Jehoiada.
15 ၁၅ ယောယဒ သည် အို ၍ ကာလ ပြည့်စုံ ရာရောက် လျက် ၊ အသက် တရာ သုံးဆယ် ရှိသော် သေ ၍၊
But Jehoiada waxed old, and was full of days when he died; an hundred and thirty years old was he when he died.
16 ၁၆ ဒါဝိဒ် မြို့ မှာ ရှင် ဘုရင်တို့တွင် သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ အကြောင်း မူကား၊ ဣသရေလ အမျိုးတွင် ဘုရားသခင် ၌၎င်း ၊ အိမ် တော်၌၎င်း ၊ ကျေးဇူး ပြု သောသူဖြစ် သတည်း။
And they buried him in the city of David among the kings, because he had done good in Israel, both toward God, and toward his house.
17 ၁၇ ယောယဒ သေ သောနောက် ၊ ယုဒ မင်း တို့သည် ရှင်ဘုရင် ထံ တော်သို့ လာ ၍ ရှိခိုး ကြ၏။ သူ တို့စကားကို ရှင်ဘုရင် နားထောင် သဖြင့်၊
Now after the death of Jehoiada came the princes of Judah, and made reverence to the king. Then the king hearkened unto them.
18 ၁၈ သူ တို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်ကိုစွန့် ၍ ၊ အာရှရ ပင်နှင့် ရုပ်တု တို့ကို ဝတ်ပြု ကြ၏။ ထို အပြစ် ကြောင့် အမျက် တော် သည် ယုဒ ပြည်နှင့် ယေရုရှလင် မြို့အပေါ် မှာ သက်ရောက် လေ၏။
And they left the house of the LORD God of their fathers, and served groves and idols: and wrath came upon Judah and Jerusalem for this their trespass.
19 ၁၉ သူ တို့ကို ထာဝရဘုရား ထံ တော်သို့ သွေးဆောင် စေခြင်းငှါ ၊ ပရောဖက် တို့ကို စေလွှတ် တော်မူ၍ ၊ ပရောဖက်တို့သည် သက်သေခံ သော်လည်း ၊ သူတို့သည် နား မ ထောင်ကြ။
Yet he sent prophets to them, to bring them again unto the LORD; and they testified against them: but they would not give ear.
20 ၂၀ တဖန် ဘုရားသခင် ၏ ဝိညာဉ် တော်သည် ယဇ် ပုရောဟိတ် ယောယဒ သား ဇာခရိ အပေါ်မှာ သက်ရောက် ၍ ၊ သူသည် ပရိသတ် အလယ်၊ မြင့်သောအရပ်၌ ရပ် လျက်၊ ဘုရားသခင် မိန့် တော်မူသည်ကား ၊ သင်တို့သည် ကိုယ်အကျိုးကို ပျက်စေခြင်းငှါ၊ ထာဝရဘုရား ၏ပညတ် တော်တို့ကို အဘယ် ကြောင့်လွန်ကျုး ကြသနည်း။ သင်တို့သည် ထာဝရဘုရား ကို စွန့် သောကြောင့် ၊ သင် တို့ကိုလည်း စွန့် တော်မူပြီဟု မြွက်ဆို ၏။
And the Spirit of God came upon Zechariah the son of Jehoiada the priest, which stood above the people, and said unto them, Thus says God, Why transgress all of you the commandments of the LORD, that all of you cannot prosper? because all of you have forsaken the LORD, he has also forsaken you.
21 ၂၁ လူများတို့သည် သူ့ ကို မကောင်းသော အကြံနှင့် တိုင်ပင် ၍ ၊ ရှင်ဘုရင် အမိန့် တော်နှင့် ဗိမာန် တော်အတွင်း ၌ ကျောက်ခဲ နှင့် ပစ် ၍ သတ်ကြ၏။
And they conspired against him, and stoned him with stones at the commandment of the king in the court of the house of the LORD.
22 ၂၂ ထိုသို့ ယောရှ မင်းကြီး သည် ဇာခရိ အဘ ယောယဒ ပြု သော ကျေးဇူး ကို မ အောက်မေ့ ၊ သား ကိုသတ် လေ သည်တကား။ ဇာခရိ သေ သောအခါ ၊ ဤအမှုကို ထာဝရဘုရား သည် ကြည့်ရှု စစ်ကြော တော်မူမည်ဟုဆို ၏။
Thus Joash the king remembered not the kindness which Jehoiada his father had done to him, but slew his son. And when he died, he said, The LORD look upon it, and require it.
23 ၂၃ ထိုနှစ် အဆုံး ၌ ၊ ရှုရိ တပ်သား တို့သည် စစ်ချီ ၍ လာကြသဖြင့် ၊ ယုဒ ပြည် ယေရုရှလင် မြို့သို့ ရောက် မှ၊ မှူးမတ် အရာရှိအပေါင်း တို့ကို သုတ်သင် ပယ်ရှင်း၍ ၊ လက် ရဥစ္စာရှိသမျှ တို့ကို ဒမာသက် ရှင်ဘုရင် ထံသို့ ပေး လိုက်ကြ၏။
And it came to pass at the end of the year, that the host of Syria came up against him: and they came to Judah and Jerusalem, and destroyed all the princes of the people from among the people, and sent all the spoil of them unto the king of Damascus.
24 ၂၄ ယုဒလူတို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့် သောကြောင့် ၊ များပြား သော အလုံးအရင်း ဖြစ်သော်လည်း၊ နည်း သောရှုရိ တပ် အလုံး အရင်းလက် သို့ ထာဝရဘုရား အပ် တော်မူ၍ ၊ ရှုရိလူတို့သည် ယောရှ ကို တရား စီရင် ကြ၏။
For the army of the Syrians came with a small company of men, and the LORD delivered a very great host into their hand, because they had forsaken the LORD God of their fathers. So they executed judgment against Joash.
25 ၂၅ ရန်သူ ထွက် သွားသောအခါ ၊ ယောရှသည် ကြီးစွာ သော ဒုက္ခ ကို ခံရလျက်နေရစ် သည်ဖြစ်၍ ၊ ယဇ်ပုရောဟိတ် ယောယဒ သား တို့ကိုသတ် သောအပြစ် ကြောင့် ၊ မိမိ ကျွန် တို့သည် သင်းဖွဲ့ ၍၊ သာလွန် ပေါ် မှာ သေ အောင် လုပ်ကြံ ကြ၏။ ထိုမင်း ကို ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် သော်လည်း ၊ ရှင် ဘုရင်တို့တွင် မ သင်္ဂြိုဟ်။
And when they were departed from him, (for they left him in great diseases, ) his own servants conspired against him for the blood of the sons of Jehoiada the priest, and slew him on his bed, and he died: and they buried him in the city of David, but they buried him not in the sepulchers of the kings.
26 ၂၆ လုပ်ကြံ သောသူကား ၊ အမ္မုန် အမျိုးသမီးရှိမတ် သား ယောဇဗဒ် နှင့် မောဘ အမျိုးသမီးရှိမရိတ် သား ယဟောဇဗဒ် တည်း။
And these are they that conspired against him; Zabad the son of Shimeath an Ammonitess, and Jehozabad the son of Shimrith a Moabitess.
27 ၂၇ ယောရှ သည် သား ရှိခြင်းအရာ၊ လေး သောအမှု ကို ထမ်းခြင်းအရာ၊ ဗိမာန် တော်ကို ပြုပြင် ခြင်း အရာတို့ သည် ရာဇဝင် နှင့်ဆက်သောစာ ၌ ရေးထား လျက်ရှိ၏။ သား တော်အာမဇိ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
Now concerning his sons, and the greatness of the burdens laid upon him, and the repairing of the house of God, behold, they are written in the story of the book of the kings. And Amaziah his son reigned in his position.