< ၂ ရာဇဝင်ချုပ် 22 >
1 ၁ အာရပ် လူတို့နှင့် လိုက် လာသောတပ်သား တို့ သည် တပ် ထဲ သို့ဝင်၍၊ ယုဒ ရှင်ဘုရင် ယဟောရံ ၏ သား တော်အကြီး ရှိသမျှ တို့ကိုသတ် သောကြောင့်၊ ယေရုရှလင် မြို့သား တို့သည် သား ထွေး အာခဇိ ကို ခမည်းတော် အရာ ၌ချီးမြှောက် ၍၊
And the inhabitants of Jerusalem made Ochozias his youngest son king in his place: for the rovers of the Arabians, who had broke in upon the camp, had killed all that were his elder brothers. So Ochozias the son of Joram king of Juda reigned.
2 ၂ အာခဇိ သည် အသက် နှစ်ဆယ်နှစ် နှစ်ရှိသော် ၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ တ နှစ် စိုးစံ လေ၏။ မယ်တော် ကား ၊ ဩမရိ မြေး အာသလိ အမည် ရှိ၏။
Ochozias was forty-two years old when he began to reign, and he reigned one year in Jerusalem, and the name of his mother was Athalia the daughter of Amri.
3 ၃ မယ်တော် သည် မ ကောင်းသောအကြံ ကိုပေး သောကြောင့် ၊ ထို မင်းသည် အာဟပ် အမျိုး လိုက် ရာ လမ်း သို့ လိုက်၍၊
He also walked in the ways of the house of Achab: for his mother pushed him on to do wickedly.
4 ၄ အာဟပ် အမျိုး ကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။ ခမည်းတော် သေ သောနောက် ၊ အာဟပ် အမျိုးသားတို့သည် အာခဇိ ကို အကျိုးနည်း စေခြင်းငှါ မကောင်းသောအကြံကိုပေး ကြ၏။
So he did evil in the sight of the Lord, as the house of Achab did: for they were his counsellors after the death of his father, to his destruction.
5 ၅ အာခဇိသည် သူ တို့စကား ကိုနားထောင် သဖြင့် ၊ ဣသရေလ ရှင်ဘုရင် အာဟပ် သား ယောရံ နှင့် ဝိုင်းလျက်၊ ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ၍၊ ရှုရိ ရှင်ဘုရင် ဟာဇေလ ကို တိုက် ရာတွင် ၊ ရှုရိ လူတို့သည်ယောရံ ကို ထိခိုက် ကြ၏။
And he walked after their counsels. And he went with Joram the son of Achab king of Israel, to fight against Hazael king of Syria, at Ramoth Galaad: and the Syrians wounded Joram.
6 ၆ ထိုသို့ ရာမုတ် မြို့၌ ရှုရိ ရှင်ဘုရင် ဟာဇေလ ကို တိုက် ၍ ၊ ရှုရိလူထိခိုက် သော အနာ ပျောက် စေခြင်းငှါ ၊ ယောရံသည် ယေဇရေလ မြို့သို့ ပြန်သွား ၍ နာ လျက် နေစဉ်တွင်၊ ယုဒ ရှင်ဘုရင် ယဟောရံ သား အာခဇိ သည် လည်း ၊ အာဟပ် သား ယောရံ ကို ကြည့်ရှု ခြင်းငှါ ထိုမြို့သို့ ဆင်း သွားလေ၏။
And he returned to be healed in Jezrahel: for he received many wounds in the foresaid battle. And Ochozias the son of Joram king of Juda, went down to visit Joram the son of Achab in Jezrahel where he lay sick.
7 ၇ ဘုရားသခင် စီရင် တော်မူသည်အတိုင်း ၊ အာခဇိ သည် ယောရံ ထံသို့ ရောက် သောအားဖြင့် ၊ ဆုံးရှုံးလေသည် အကြောင်းအရာဟူမူကား၊ အာဟပ် အမျိုး ကို သုတ်သင် ပယ်ရှင်းစေခြင်းငှါ ၊ ထာဝရဘုရား ဘိသိတ် ပေးတော်မူသော နိမ်ရှိ သား ယေဟု ကို ဆီးကြိုခြင်းငှါ၊ ယောရံ နှင့် အာခဇိတို့သည် ထွက်သွား ၏။
For it was the will of God against Ochozias that he should come to Joram: and when he was come should go out also against Jehu the son of Namsi, whom the Lord had anointed to destroy the house of Achab.
8 ၈ ယေဟု သည် အာဟပ် အမျိုး ကို တရား စီရင်သောအခါ ၊ ယုဒ မှူးမတ် တို့ကို၎င်း ၊ အာခဇိ မင်း၌ ခစား သော နောင် တော်၏သား တို့ကို၎င်း၊ တွေ့ ၍ သတ် လေ၏။
So when Jehu was rooting out the house of Achab, he found the princes of Juda, and the sons of the brethren of Ochozias, who served him, and he slew them.
9 ၉ ရှမာရိ ပြည်၌ ပုန်း လျက်နေသော အာခဇိ ကို ရှာ ၍ ဘမ်းမိ သောအခါ ၊ ယေဟု ထံသို့ ဆောင် ခဲ့ပြီးမှ သတ် ၍ သင်္ဂြိုဟ် ကြ၏။ အကြောင်း မူကား၊ သူသည် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ရှာ သော ယောရှဖတ် ၏ အမျိုး ဖြစ်သည်ဟု ဆို ကြ၏။ ထိုသို့ အာခဇိ အမျိုး သည် နိုင်ငံ ကိုအုပ်စိုး ခြင်းငှါ မ တတ်နိုင်။
And he sought for Ochozias himself, and took him lying hid in Samaria: and when he was brought to him, he killed him, and they buried him: because he was the son of Josaphat, who had sought the Lord with all his heart. And there was no more hope that any one should reign of the race of Ochozias.
10 ၁၀ အာခဇိ ၏မယ်တော် အာသလိ သည် မိမိ သား သေ ကြောင်း ကို သိမြင် သော် ၊ ထ ၍ ယုဒ ပြည် ၏ ဆွေတော် မျိုးတော်အပေါင်း တို့ကို သုတ်သင် ပယ်ရှင်းလေ၏။
For Athalia his mother, seeing that her son was dead, rose up, and killed all the royal family of the house of Joram.
11 ၁၁ သို့ရာတွင် ၊ ရှင်ဘုရင် သမီး ယောရှေဘ သည်၊ အာခဇိ ၏သား ယောရှ ကို အသေခံရသောဆွေတော် မျိုးတော်ထဲက ခိုးယူ၍၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်းထဲ၌ဝှက်ထား၏။ ထိုသို့ယဟောရံမင်းကြီးသမီး၊ ယဇ်ပုရောဟိတ်ယောယဒ၏မယားဖြစ်သော အာခဇိ၏နှမ ယောရှေဘသည်၊ အာသလိလက်မှ ယောရှ၏အသက် လွတ်စေခြင်းငှါဝှက်ထားသဖြင့်၊
But Josabeth the king’s daughter took Joas the son of Ochozias, and stole him from among the king’s sons that were slain. And she hid him with his nurse in a bedchamber: now Josabeth that hid him, was daughter of king Joram, wife of Joiada the high priest, and sister of Ochozias, and therefore Athalia did not kill him.
12 ၁၂ ခြောက် နှစ် ပတ်လုံးယောရှသည် သူ တို့နှင့်အတူ ၊ ဗိမာန် တော်၌ ပုန်းရှောင် လျက်နေ ၍ အာသလိ သည် စိုးစံ လေ၏။
And he was with them hid in the house of God six years, during which Athalia reigned over the land.