< ၂ ရာဇဝင်ချုပ် 20 >

1 ထိုနောက်မှ ၊ မောဘ အမျိုးသား နှင့် အမ္မုန် အမျိုးသား တို့သည် ဧဒုံအမျိုးသားအချို့နှင့်တကွ ၊ ယောရှဖတ် ကို စစ်တိုက် မည်ဟု ချီလာ ကြ၏။
Bayan wannan, Mowabawa da Ammonawa tare da waɗansu Meyunawa suka zo su yaƙi Yehoshafat.
2 အိုင် ကြီးတစ်ဘက် ၊ ဧဒုံပြည်ဘက်က များစွာ သော အလုံး အရင်းစစ်ချီလာ ၍ ၊ အင်္ဂေဒိ အမည်ရှိသော ဟာဇဇုန္တာမာ မြို့မှာ ရှိကြပါသည်ဟု ယောရှဖတ် အား ကြား လျှောက်လျှင်၊
Sai waɗansu mutane suka zo suka faɗa wa Yehoshafat, “Ga babban runduna tana zuwa a kanka daga Edom, daga ƙetaren Teku, daga Aram. Ta ma kai Hazazon Tamar” (wato, En Gedi).
3 ယောရှဖတ် သည် ကြောက် ၍ ၊ ထာဝရဘုရား ကို ရှာ ခြင်းငှါ သဘောချ လျက် ၊ အစာ ရှောင်ရာအချိန်ကို၊ ယုဒ ပြည်တရှောက်လုံး ၌ ကြော်ငြာ စေတော်မူ၏။
A firgice, Yehoshafat ya yanke shawara yă nemi nufin Ubangiji, ya kuma yi shelar azumi a dukan Yahuda.
4 ယုဒ လူတို့သည် ထာဝရဘုရား ကို ဆုတောင်း မည် ဟု စုဝေး ၍ ၊ ထာဝရဘုရား ကို ရှာ အံ့သောငှါ ၊ ယုဒ မြို့ ရှိသမျှ မှ ထွက်လာကြ၏။
Mutanen Yahuda suka taru gaba ɗaya don su nemi taimako daga wurin Ubangiji, tabbatacce suka fito daga kowane garin Yahuda don su neme shi.
5 ယောရှဖတ် သည် ဗိမာန် တော် တန်တိုင်း သစ် ရှေ့ ၊ ယုဒ ပြည်သူယေရုရှလင် မြို့သား စည်းဝေးရာ ပရိသတ် အလယ် ၌ရပ် လျက်၊
Sa’an nan Yehoshafat ya miƙe tsaye a taron Yahuda da Urushalima a haikalin Ubangiji a sabon filin
6 ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် သည် ကောင်းကင် ဘုံ၏ အရှင်ဘုရားသခင် ဖြစ်တော်မူသည် မ ဟုတ်လော့။တပါးအမျိုးသား နေရာ တိုင်းနိုင်ငံရှိသမျှ တို့ကို အစိုးရ တော်မူသည် မဟုတ်လော။ အဘယ်သူ မျှမဆီးတားနိုင်အောင် ခွန်အား တန်ခိုးကြီးတော်မူသည်မဟုတ်လော။
ya ce, “Ya Ubangiji Allah na kakanninmu, ba kai ne Allah wanda yake sama ba? Kana mulki a bisa dukan mulkokin ƙasashe. Iko da girma suna a hannunka, kuma ba wanda zai iya tsayayya da kai.
7 ဤ ပြည် ၌နေ ဘူးသောသူတို့ကို ကိုယ်တော် ၏လူ ဣသရေလ အမျိုး ရှေ့ မှ နှင်ထုတ် ၍ ၊ ကိုယ်တော် အဆွေ အာဗြဟံ ၏သား မြေးတို့အား ၊ ဤ ပြည်ကို အစဉ် ပေး တော်မူ သောအကျွန်ုပ် တို့၏ဘုရားသခင် ဖြစ်တော်မူသည် မ ဟုတ်လော။
Ya Allahnmu, ba kai ba ne ka kore mazaunan wannan ƙasa a gaban mutanenka Isra’ila ka kuma ba da ita har abada ga zuriyar Ibrahim abokinka?
8 သူတို့သည် နေရာ ကျ၍ ၊ နာမတော် အဘို့ သန့်ရှင်း ရာ ဌာနတော်ကို တည်ဆောက် ကြသောအခါ၊
Sun yi zama a cikinta suka kuma yi gina wuri mai tsarki a cikinta domin Sunanka cewa,
9 အကျွန်ုပ် တို့အပေါ် မှာထား ဘေး ၊ ဒဏ်ခတ် ခြင်း ဘေး၊ ကာလနာ ဘေး၊ မွတ်သိပ် ခြင်းဘေးတစုံတခုရောက်၍၊ နာမ တော်ဖြင့် သမုတ်သောဤ အိမ် တော်၊ အထံ တော်သို့ အကျွန်ုပ်တို့သည် ချဉ်းကပ်၍၊ ဆင်းရဲ ဒုက္ခကြောင့် အော်ဟစ် ကြသောအခါ ၊ နားထောင် ၍ ကယ်မ တော်မူပါဟု လျှောက်ထားကြပါပြီ။
‘In masifa ta zo mana, ko takobin hukunci, ko annoba ko yunwa, za mu tsaya a gabanka a gaban wannan haikalin da yake ɗauke da Sunanka, mu kuma yi kuka gare ka cikin azaba, za ka kuwa ji mu, ka cece mu.’
10 ၁၀ ယခု တွင်၊ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည် မှ ထွက် လာသောအခါ ၊ တိုက်ရသောအခွင့် ကိုပေး တော်မ မူ။ လွှဲရှောင် ၍ မ ဖျက်ဆီး ဘဲ ထားခဲ့သော အမ္မုန် အမျိုးသား ၊ မောဘ အမျိုးသား၊ စိရ တောင် သားတို့ သည်၊
“Yanzu kuma ga mutanen Ammon, da na Mowab, da na Dutsen Seyir, waɗanda ka hana Isra’ilawa su kai musu yaƙi sa’ad da suka fito daga ƙasar Masar, su ne mutanen da Isra’ila suka ƙyale, ba su hallaka su ba.
11 ၁၁ အကျွန်ုပ်တို့ အား အပိုင် ပေး တော်မူသော အမွေခံရာ မြေ ထဲက ၊ အကျွန်ုပ် တို့ကို နှင်ထုတ် ခြင်းငှါ လာ ၍ ၊ အဘယ်သို့ကျေးဇူးဆပ်ကြပါသည်ကို ကြည့်ရှု တော်မူပါ။
Yau ga yadda suke so su biya mu. Su suke so su kore mu daga ƙasar da ka ba mu gādo.
12 ၁၂ အိုအကျွန်ုပ် တို့ဘုရားသခင် ၊ သူ တို့ကို မ စီရင် ဘဲနေတော်မူမည်လော။အကျွန်ုပ် တို့ကို တိုက် အံ့သောငှါလာသောဤ အလုံးအရင်း ကြီး ကို၊ အကျွန်ုပ်တို့သည် ဆီးတားခြင်းငှါမတတ်နိုင်ပါ။ အဘယ်သို့ ပြု ရမည်ကိုမ သိ ပါ။ ကိုယ်တော် ကိုသာ မျှော်ကြည့် လျက် နေကြပါသည်ဟု ဆုတောင်း ၍၊
Ya Allahnmu, ba za ka hukunta su ba? Gama ba mu da ƙarfin fuskantar wannan babbar rundunar da take so ta yaƙe mu. Ba mu san abin da za mu yi ba, mu dai mun zuba maka ido.”
13 ၁၃ ယုဒ လူအပေါင်း တို့သည် သား မယား သူငယ် တို့ နှင့်တကွ ၊ ထာဝရဘုရား ရှေ့ တော်၌ ရပ် နေကြ၏။
Dukan mazan Yahuda, tare da matansu da yaransu da ƙananansu, suka tsaya a gaban Ubangiji.
14 ၁၄ ထိုအခါ ပရိသတ် အလယ် ၌ ရှိသောလေဝိ အမျိုး၊ အာသပ် အနွှယ် ၊ မတ္တနိ ၊ ယေယေလ ၊ ဗေနာယ ၊ ဇာခရိ တို့မှ ဆင်းသက်သောယဟာဇေလ အပေါ်သို့၊ ထာဝရဘုရား ၏ဝိညာဉ် တော်သည် သက်ရောက် ၍၊
Sa’an nan Ruhun Ubangiji ya sauko a kan Yahaziyel ɗan Zakariya, ɗan Benahiya, ɗan Yehiyel, ɗan Mattaniya, wani Balawe kuma zuriyar Asaf, yayinda yake tsaye a cikin taron.
15 ၁၅ ထိုသူက၊ အိုယောရှဖတ် မင်းကြီး နှင့် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား အပေါင်း တို့၊ နားထောင် ကြလော့။ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထို အလုံးအရင်း ကြီး ကြောင့် မ ကြောက် ကြနှင့်။ စိတ် မ ပျက်ကြနှင့်။ စစ်မှု သည် သင်တို့တာမဟုတ် ၊ ဘုရားသခင့် တာဖြစ်၏။
Ya ce, “Saurara, Sarki Yehoshafat da dukan waɗanda suke zama a Yahuda da Urushalima! Ga abin da Ubangiji ya ce muku, ‘Kada ku ji tsoro ko ku fid da zuciya saboda wannan babbar runduna. Gama yaƙin ba naku ba ne, amma na Allah.
16 ၁၆ နက်ဖြန် နေ့သူ တို့ရှိရာသို့ ချီ သွားကြလော့။ သူ တို့သည် ဇိဇ မြို့သို့ တက် ရာလမ်း ဖြင့် လာကြစဉ်၊ ယေရွေလ တော စ နား၊ ချိုင့်ဝ မှာ သင် တို့တွေ့ ကြလိမ့်မည်။
Gobe ku fito ku gangara ku yaƙe su. Za su yi ta haurawa ta Mashigin Ziz, ku kuwa za ku same su a ƙarshen kwari a Hamadan Yeruwel.
17 ၁၇ သို့ရာတွင်၊ အိုယုဒ ပြည်သူယေရုရှလင် မြို့သားတို့၊ သင် တို့သည်စစ်တိုက် စရာ အကြောင်းမ ရှိသည်သည်ဖြစ်၍၊ တည်ကြည်စွာ မတ်တတ် နေလျက် ၊ ထာဝရဘုရား ကယ်တင် တော်မူခြင်း ကျေးဇူးကိုကြည့်ရှု ကြလော့။ မ ကြောက် ကြနှင့်။ စိတ် မ ပျက်ကြနှင့်။ နက်ဖြန် နေ့ချီသွား ကြလော့။ ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိတော်မူလိမ့်မည်ဟု မြွက်ဆို၏။
Ba lalle ba ne ku yi wannan yaƙi. Ku dai, ku ja dāgā, ku tsaya kurum ku ga nasarar da Ubangiji zai ba ku, ya Yahuda da Urushalima. Kada ku ji tsoro; kada ku karai. Ku fito don ku fuskance su gobe, Ubangiji kuwa zai kasance tare ku.’”
18 ၁၈ ယောရှဖတ် သည် မြေ ပေါ် မှာဦးချ ၍ ယုဒ ပြည်သူယေရုရှလင် မြို့သား အပေါင်း တို့သည် ထာဝရဘုရား ရှေ့ တော်၌ ပြပ်ဝပ် လျက် ၊ ထာဝရဘုရား ကို ကိုးကွယ် ကြ၏။
Yehoshafat ya rusuna da fuskarsa har ƙasa, dukan mutanen Yahuda da Urushalima suka fāɗi rubda ciki suka yi sujada a gaban Ubangiji.
19 ၁၉ လေဝိ အမျိုး၊ ကောဟတ် အနွယ်သား နှင့် ကောရ အနွယ်သား တို့သည်၊ ဣသရေလ မျိုး၏ ဘုရားသခင် ထာဝရဘုရား ကို ၊ ကျယ် သောအသံ နှင့် ချီးမွမ်း ခြင်းငှါ ရပ် နေကြ၏။
Sa’an nan waɗansu Lawiyawa daga Kohatawa da Korayawa suka tashi tsaye suka yabe Ubangiji, Allah na Isra’ila, da babbar murya sosai.
20 ၂၀ နက်ဖြန်နံနက် စောစောထ ၍ ၊ တေကော တော သို့ ထွက်သွား ကြ၏။ သွား ကြစဉ် တွင်၊ ယောရှဖတ် သည် ရပ် ၍ ၊ အိုယုဒ ပြည်သူယေရုရှလင် မြို့သား တို့၊ နားထောင် ကြလော့။ သင် တို့၏ဘုရားသခင် ကို ယုံကြည် ကြလော့။ သို့ပြုလျှင် တည်ကြည် ကြလိမ့်မည်။ ပရောဖက် တော်တို့ကို ယုံကြည် ကြလော့။ သို့ပြုလျှင် အောင်မြင် ကြလိမ့်မည်ဟု မိန့် တော်မူ၏။
Da sassafe suka tashi suka nufi Hamadan Tekowa. Yayinda suka kama hanya, Yehoshafat ya tsaya ya ce, “Ku saurare ni, Yahuda da mutanen Urushalima! Ku amince da Ubangiji Allahnku za a kuwa kafa ku; ku amince da annabawansa za ku kuwa yi nasara.”
21 ၂၁ လူ များနှင့် တိုင်ပင် ပြီးမှ ၊ ထာဝရ ဘုရား၏ ကရုဏာ တော်သည် အစဉ်အမြဲ တည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကိုချီးမွမ်း ကြလော့ဟု တပ်ရှေ့ မှာ ချီ သွား လျက် ၊ သန့်ရှင်း ခြင်းအသရေ ကို ချီးမွမ်း ရသောသီချင်းသည် တို့ကို ထာဝရဘုရား အဘို့ ခန့်ထား တော်မူ၏။
Bayan suka yi shawara tare da shugabanni, sai ya zaɓi mutanen da za su ja gaban sojoji suna waƙa ga Ubangiji suna yabonsa saboda tsarkinsa suna cewa, “Ku yi godiya ga Ubangiji, gama ƙaunarsa dawwammamiya ce har abada.”
22 ၂၂ ထိုသူတို့သည် ချီးမွမ်း ရာသီချင်း ကို ဆိုစပြုကြ သောအခါ၊ ယုဒ ပြည်ကို တိုက်အံ့သောငှါလာသော၊ စိရ တောင် သားတို့ကို အမ္မုန် အမျိုးသား၊ မောဘ အမျိုးသားတို့တဘက် ၌ ထာဝရဘုရားချောင်းမြောင်းစေတော်မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊
Da suka fara waƙa, suna kuma yabo, sai Ubangiji ya kai hari a kan mutanen Ammon da Mowab da Dutsen Seyir, waɗanda suka kawo hari a Yahuda, aka kuwa ci su da yaƙi.
23 ၂၃ တဖန် စိရ တောင် သား တို့ကို သုတ်သင် ပယ်ရှင်းခြင်းငှါ လှန် ၍ တိုက်သဖြင့် ၊ အကုန်အစင် သတ်ပြီးမှ ၊ တယောက် ကိုတယောက်တိုက်ခိုက် ၍၊ ပျက်စီး ခြင်းသို့ ရောက်ကြ၏။
Mutanen Ammon da Mowab suka tasar wa mazaunan Dutsen Seyir, suka hallaka su ƙaƙaf. Sa’ad da suka karkashe mazaunan Seyir sai suka fāɗa wa juna, suka yi ta hallaka juna.
24 ၂၄ ယုဒ လူတို့သည် တော ၌ ရှိသောကင်းမျှော်စင် သို့ ရောက် ၍ ၊ ထိုအလုံးအရင်း ကို ကြည့်ရှု သောအခါ ၊ ထိုလူ အပေါင်းတို့သည် တယောက် မျှမလွတ် ၊ မြေ ပေါ် မှာ လဲ သော အသေ ကောင်ဖြစ်ကြ၏။
Sa’ad da mutanen Yahuda suka zo wurin da yake fuskantar hamada, suka duba ta wajen babban rundunar, sai suka ga gawawwaki birjik a ƙasa; babu wani wanda ya kuɓuta.
25 ၂၅ ယောရှဖတ် နှင့် သူ ၏လူ တို့သည်၊ ရန်သူ တို့ဥစ္စာ ကိုလုယူ ခြင်းငှါ လာ ကြသောအခါ ၊ အသေ ကောင်တို့၌ များစွာ သောဥစ္စာ ၊ အဘိုးထိုက်သော တန်ဆာတို့ကို တွေ့သဖြင့်၊ ထမ်း၍မသွားနိုင်အောင်ချွတ်ယူ ကြ၏။ လက်ရ ဥစ္စာအလွန် များသောကြောင့် ၊ သုံး ရက် ပတ်လုံးလုယူထုပ်ထားလျက်နေကြ ၏။
Sa’ad da Yehoshafat da jama’arsa suka je kwasar ganima, sai suka sami shanu masu yawan gaske, da kayayyaki, da tufafi, da abubuwa masu daraja, waɗanda suka yi ta kwasa har suka gaji. Kwana uku suka yi suna kwasar ganimar saboda yawanta.
26 ၂၆ စတုတ္ထ နေ့ တွင် ဗရာခ ချိုင့် ၌ စည်းဝေး ၍ ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြ၏။ ထိုကြောင့် ၊ ယနေ့ တိုင်အောင် ထို အရပ် သည် ဗရာခ ချိုင့် ဟူ၍တွင် သတည်း။
A rana ta huɗu sai suka taru a Kwarin Beraka, inda suka yabi Ubangiji. Wannan ne ya sa ake kiransa Kwarin Beraka har wa yau.
27 ၂၇ ထိုအခါ သူ တို့သည် ရန်သူ တို့အပေါ် မှာ ဝမ်းမြောက် သောအခွင့်ကို၊ ထာဝရဘုရား ပေးတော်မူသောကြောင့် ၊ ယောရှဖတ် သည် ရှေ့ဦးစွာကြွ၍ယုဒ ပြည်သူ ယေရုရှလင် မြို့သားအပေါင်း တို့သည်၊ ဝမ်းမြောက် သောစိတ် နှင့် ယေရုရှလင် မြို့သို့ ပြန် သွား၍၊
Sa’an nan Yehoshafat ya jagoranci dukan mutanen Yahuda da Urushalima suka dawo da farin ciki zuwa Urushalima, gama Ubangiji ya ba su dalilin farin ciki a kan abokan gābansu.
28 ၂၈ စောင်း တယော တံပိုး ကိုတီးမှုတ်လျက်၊ ယေရုရှလင် မြို့၊ ဗိမာန် တော်သို့ ရောက် လာကြ၏။
Suka shiga Urushalima suka shiga haikalin Ubangiji da kiɗin molaye da sarewa da kuma garayu.
29 ၂၉ ထာဝရဘုရား သည် ဣသရေလ အမျိုး၏ ရန်သူ တို့ ကို တိုက် တော်မူကြောင်း ကို၊ အခြားတိုင်း နိုင်ငံသား ရှိသမျှ တို့သည် ကြား ၍ ၊ ဘုရားသခင် ကို ကြောက်ရွံ့ ကြ၏။
Tsoron Allah ya kama dukan mulkokin ƙasashe sa’ad da suka ji yadda Ubangiji ya yi yaƙi a kan abokan gāban Isra’ila.
30 ၃၀ ထိုသို့ ဘုရားသခင် သည် အရပ်ရပ် ၌ ငြိမ်ဝပ် သော အခွင့်ကိုပေး တော်မူသောကြောင့် ၊ ယောရှဖတ် ၏ နိုင်ငံ တော်သည် သာယာ ၏။
Mulkin Yehoshafat kuwa ya zauna lafiya, gama Allahnsa ya ba shi hutu a kowane gefe.
31 ၃၁ ယောရှဖတ် သည် အသက် သုံး ဆယ်ငါး နှစ် ရှိသော်နန်းထိုင် ၍ နှစ်ဆယ် ငါး နှစ် ပတ်လုံးယေရုရှလင် မြို့မှာ နေ လျက်၊ ယုဒ ပြည်ကို စိုးစံ လေ၏။ မယ်တော် ကား ရှိလဟိ သမီး အဇုဘ အမည် ရှိ၏။
Ta haka Yehoshafat ya yi mulki a bisa Yahuda. Yana da shekara talatin da biyar sa’ad da ya zama sarkin Yahuda, ya kuma yi mulki a Urushalima shekara ashirin da biyar. Sunan mahaifiyarsa Azuba ce,’yar Shilhi.
32 ၃၂ ထိုမင်းသည် ခမည်းတော် အာသ လိုက် သော လမ်း ကို မ လွှဲ ၊ အကုန်အစင်လိုက်၍၊ ထာဝရဘုရား ရှေ့ တော်၌ ဖြောင့်မတ် သောအကျင့်ကိုသာ ကျင့်၏။
Ya yi tafiya a hanyoyin mahaifinsa Asa bai kuwa kauce daga gare su ba; ya yi abin da yake daidai a gaban Ubangiji.
33 ၃၃ သို့ရာတွင် ၊ မြင့် သောအရပ်တို့ကို မ ပယ်ရှား။လူ များတို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ကို ဆည်းကပ်ခြင်းငှါ၊ သဘော မ ချ ဘဲနေကြသေး ၏။
Duk da haka ba a kawar da masujadai kan tudu ba, domin har yanzu mutanen ba su tsayar da zukatansu ga Allahn kakanninsu ba.
34 ၃၄ ယောရှဖတ် ပြုမူသော အမှုအရာကြွင်းလေသမျှ အစ အဆုံး တို့သည်၊ ဣသရေလ ရာဇဝင်နှင့် ဆက်၍၊ ဟာနန် သား ယေဟု စီရင်သောစာ ၌ရေးထား လျက်ရှိ၏။
Sauran ayyukan mulkin Yehoshafat, daga farko zuwa ƙarshe, an rubuta su a tarihin Yehu ɗan Hanani, waɗanda aka rubuta a littafin sarakunan Isra’ila.
35 ၃၅
Daga baya, Yehoshafat sarkin Yahuda ya haɗa kai da Ahaziya sarkin Isra’ila, wanda yake da laifin mugunta.
36 ၃၆ နောက်တဖန် ယုဒ ရှင်ဘုရင် ယောရှဖတ် သည်၊ တာရှု မြို့သို့သွား ရသောသင်္ဘော တို့ကိုတည်လုပ် ခြင်းငှါ ၊ အလွန်အဓ္ဓမ အမှုကိုပြု သော ဣသရေလ ရှင်ဘုရင် အာခဇိ နှင့် ပေါင်းဘော် ပြီးလျှင် ၊ ထိုသင်္ဘော တို့ကိုဧဇယုန်ဂါဗာ မြို့မှာ တည်လုပ် ကြ၏။
Ya yarda da shi su gina jiragen ruwan kasuwanci. Bayan aka gina waɗannan a Eziyon Geber,
37 ၃၇ ထိုအခါ မရေရှ မြို့သူ၊ ဒေါဒေဝ သား ဧလျေဇ က၊ မင်းကြီးသည် အာခဇိ နှင့် ပေါင်းဘော် သောကြောင့် ၊ ထာဝရဘုရား သည် မင်းကြီး ပြုသောအမှု ကိုဖျက် တော်မူပြီဟု ယောရှဖတ် တစ်ဘက် ၌ ဟော သည်နှင့်အညီ၊ ထိုသင်္ဘော တို့သည် တာရှု မြို့သို့ မ သွား နိုင် အောင်ကျိုးပဲ့ ကြ၏။
Eliyezer ɗan Dodabahu na Maresha ya yi annabci a kan Yehoshafat cewa, “Domin ka haɗa kai da Ahaziya, Ubangiji zai hallaka abin da ka yi.” Jiragen ruwan kuwa suka farfashe, ba a kuwa iya sa su je kasuwanci ba.

< ၂ ရာဇဝင်ချုပ် 20 >