< ၂ ရာဇဝင်ချုပ် 20 >
1 ၁ ထိုနောက်မှ ၊ မောဘ အမျိုးသား နှင့် အမ္မုန် အမျိုးသား တို့သည် ဧဒုံအမျိုးသားအချို့နှင့်တကွ ၊ ယောရှဖတ် ကို စစ်တိုက် မည်ဟု ချီလာ ကြ၏။
After this, the Moabites and Ammonites, together with some of the Meunites, came to make war against Jehoshaphat.
2 ၂ အိုင် ကြီးတစ်ဘက် ၊ ဧဒုံပြည်ဘက်က များစွာ သော အလုံး အရင်းစစ်ချီလာ ၍ ၊ အင်္ဂေဒိ အမည်ရှိသော ဟာဇဇုန္တာမာ မြို့မှာ ရှိကြပါသည်ဟု ယောရှဖတ် အား ကြား လျှောက်လျှင်၊
Then some men came and told Jehoshaphat, “A vast army is coming against you from Edom, from beyond the Sea; they are already in Hazazon-tamar” (that is, En-gedi).
3 ၃ ယောရှဖတ် သည် ကြောက် ၍ ၊ ထာဝရဘုရား ကို ရှာ ခြင်းငှါ သဘောချ လျက် ၊ အစာ ရှောင်ရာအချိန်ကို၊ ယုဒ ပြည်တရှောက်လုံး ၌ ကြော်ငြာ စေတော်မူ၏။
Jehoshaphat was alarmed and set his face to seek the LORD. And he proclaimed a fast throughout Judah.
4 ၄ ယုဒ လူတို့သည် ထာဝရဘုရား ကို ဆုတောင်း မည် ဟု စုဝေး ၍ ၊ ထာဝရဘုရား ကို ရှာ အံ့သောငှါ ၊ ယုဒ မြို့ ရှိသမျှ မှ ထွက်လာကြ၏။
So the people of Judah gathered to seek the LORD, and indeed, they came from all the cities of Judah to seek Him.
5 ၅ ယောရှဖတ် သည် ဗိမာန် တော် တန်တိုင်း သစ် ရှေ့ ၊ ယုဒ ပြည်သူယေရုရှလင် မြို့သား စည်းဝေးရာ ပရိသတ် အလယ် ၌ရပ် လျက်၊
Then Jehoshaphat stood in the assembly of Judah and Jerusalem in the house of the LORD in front of the new courtyard
6 ၆ ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် သည် ကောင်းကင် ဘုံ၏ အရှင်ဘုရားသခင် ဖြစ်တော်မူသည် မ ဟုတ်လော့။တပါးအမျိုးသား နေရာ တိုင်းနိုင်ငံရှိသမျှ တို့ကို အစိုးရ တော်မူသည် မဟုတ်လော။ အဘယ်သူ မျှမဆီးတားနိုင်အောင် ခွန်အား တန်ခိုးကြီးတော်မူသည်မဟုတ်လော။
and said, “O LORD, God of our fathers, are You not the God who is in heaven, and do You not rule over all the kingdoms of the nations? Power and might are in Your hand, and no one can stand against You.
7 ၇ ဤ ပြည် ၌နေ ဘူးသောသူတို့ကို ကိုယ်တော် ၏လူ ဣသရေလ အမျိုး ရှေ့ မှ နှင်ထုတ် ၍ ၊ ကိုယ်တော် အဆွေ အာဗြဟံ ၏သား မြေးတို့အား ၊ ဤ ပြည်ကို အစဉ် ပေး တော်မူ သောအကျွန်ုပ် တို့၏ဘုရားသခင် ဖြစ်တော်မူသည် မ ဟုတ်လော။
Our God, did You not drive out the inhabitants of this land before Your people Israel and give it forever to the descendants of Abraham Your friend?
8 ၈ သူတို့သည် နေရာ ကျ၍ ၊ နာမတော် အဘို့ သန့်ရှင်း ရာ ဌာနတော်ကို တည်ဆောက် ကြသောအခါ၊
They have lived in the land and have built in it a sanctuary for Your Name, saying,
9 ၉ အကျွန်ုပ် တို့အပေါ် မှာထား ဘေး ၊ ဒဏ်ခတ် ခြင်း ဘေး၊ ကာလနာ ဘေး၊ မွတ်သိပ် ခြင်းဘေးတစုံတခုရောက်၍၊ နာမ တော်ဖြင့် သမုတ်သောဤ အိမ် တော်၊ အထံ တော်သို့ အကျွန်ုပ်တို့သည် ချဉ်းကပ်၍၊ ဆင်းရဲ ဒုက္ခကြောင့် အော်ဟစ် ကြသောအခါ ၊ နားထောင် ၍ ကယ်မ တော်မူပါဟု လျှောက်ထားကြပါပြီ။
‘If disaster comes upon us—whether sword or judgment, plague or famine—we will stand before this temple and before You, for Your Name is in this temple. We will cry out to You in our distress, and You will hear us and save us.’
10 ၁၀ ယခု တွင်၊ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည် မှ ထွက် လာသောအခါ ၊ တိုက်ရသောအခွင့် ကိုပေး တော်မ မူ။ လွှဲရှောင် ၍ မ ဖျက်ဆီး ဘဲ ထားခဲ့သော အမ္မုန် အမျိုးသား ၊ မောဘ အမျိုးသား၊ စိရ တောင် သားတို့ သည်၊
And now, here are the men of Ammon, Moab, and Mount Seir, whom You did not let Israel invade when they came out of the land of Egypt; but Israel turned away from them and did not destroy them.
11 ၁၁ အကျွန်ုပ်တို့ အား အပိုင် ပေး တော်မူသော အမွေခံရာ မြေ ထဲက ၊ အကျွန်ုပ် တို့ကို နှင်ထုတ် ခြင်းငှါ လာ ၍ ၊ အဘယ်သို့ကျေးဇူးဆပ်ကြပါသည်ကို ကြည့်ရှု တော်မူပါ။
See how they are repaying us by coming to drive us out of the possession that You gave us as an inheritance.
12 ၁၂ အိုအကျွန်ုပ် တို့ဘုရားသခင် ၊ သူ တို့ကို မ စီရင် ဘဲနေတော်မူမည်လော။အကျွန်ုပ် တို့ကို တိုက် အံ့သောငှါလာသောဤ အလုံးအရင်း ကြီး ကို၊ အကျွန်ုပ်တို့သည် ဆီးတားခြင်းငှါမတတ်နိုင်ပါ။ အဘယ်သို့ ပြု ရမည်ကိုမ သိ ပါ။ ကိုယ်တော် ကိုသာ မျှော်ကြည့် လျက် နေကြပါသည်ဟု ဆုတောင်း ၍၊
Our God, will You not judge them? For we are powerless before this vast army that comes against us. We do not know what to do, but our eyes are upon You.”
13 ၁၃ ယုဒ လူအပေါင်း တို့သည် သား မယား သူငယ် တို့ နှင့်တကွ ၊ ထာဝရဘုရား ရှေ့ တော်၌ ရပ် နေကြ၏။
Meanwhile all the men of Judah, with their wives and children and little ones, were standing before the LORD.
14 ၁၄ ထိုအခါ ပရိသတ် အလယ် ၌ ရှိသောလေဝိ အမျိုး၊ အာသပ် အနွှယ် ၊ မတ္တနိ ၊ ယေယေလ ၊ ဗေနာယ ၊ ဇာခရိ တို့မှ ဆင်းသက်သောယဟာဇေလ အပေါ်သို့၊ ထာဝရဘုရား ၏ဝိညာဉ် တော်သည် သက်ရောက် ၍၊
Then the Spirit of the LORD came upon Jahaziel son of Zechariah, the son of Benaiah, the son of Jeiel, the son of Mattaniah, a Levite from Asaph’s descendants, as he stood in the midst of the assembly.
15 ၁၅ ထိုသူက၊ အိုယောရှဖတ် မင်းကြီး နှင့် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား အပေါင်း တို့၊ နားထောင် ကြလော့။ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထို အလုံးအရင်း ကြီး ကြောင့် မ ကြောက် ကြနှင့်။ စိတ် မ ပျက်ကြနှင့်။ စစ်မှု သည် သင်တို့တာမဟုတ် ၊ ဘုရားသခင့် တာဖြစ်၏။
And he said, “Listen, all you people of Judah and Jerusalem! Listen, King Jehoshaphat! This is what the LORD says: ‘Do not be afraid or discouraged because of this vast army, for the battle does not belong to you, but to God.
16 ၁၆ နက်ဖြန် နေ့သူ တို့ရှိရာသို့ ချီ သွားကြလော့။ သူ တို့သည် ဇိဇ မြို့သို့ တက် ရာလမ်း ဖြင့် လာကြစဉ်၊ ယေရွေလ တော စ နား၊ ချိုင့်ဝ မှာ သင် တို့တွေ့ ကြလိမ့်မည်။
Tomorrow you are to march down against them. You will see them coming up the Ascent of Ziz, and you will find them at the end of the valley facing the Wilderness of Jeruel.
17 ၁၇ သို့ရာတွင်၊ အိုယုဒ ပြည်သူယေရုရှလင် မြို့သားတို့၊ သင် တို့သည်စစ်တိုက် စရာ အကြောင်းမ ရှိသည်သည်ဖြစ်၍၊ တည်ကြည်စွာ မတ်တတ် နေလျက် ၊ ထာဝရဘုရား ကယ်တင် တော်မူခြင်း ကျေးဇူးကိုကြည့်ရှု ကြလော့။ မ ကြောက် ကြနှင့်။ စိတ် မ ပျက်ကြနှင့်။ နက်ဖြန် နေ့ချီသွား ကြလော့။ ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိတော်မူလိမ့်မည်ဟု မြွက်ဆို၏။
You need not fight this battle. Take up your positions, stand firm, and see the salvation of the LORD on your behalf, O Judah and Jerusalem. Do not be afraid or discouraged. Go out and face them tomorrow, for the LORD is with you.’”
18 ၁၈ ယောရှဖတ် သည် မြေ ပေါ် မှာဦးချ ၍ ယုဒ ပြည်သူယေရုရှလင် မြို့သား အပေါင်း တို့သည် ထာဝရဘုရား ရှေ့ တော်၌ ပြပ်ဝပ် လျက် ၊ ထာဝရဘုရား ကို ကိုးကွယ် ကြ၏။
Then Jehoshaphat bowed facedown, and all the people of Judah and Jerusalem fell down before the LORD to worship Him.
19 ၁၉ လေဝိ အမျိုး၊ ကောဟတ် အနွယ်သား နှင့် ကောရ အနွယ်သား တို့သည်၊ ဣသရေလ မျိုး၏ ဘုရားသခင် ထာဝရဘုရား ကို ၊ ကျယ် သောအသံ နှင့် ချီးမွမ်း ခြင်းငှါ ရပ် နေကြ၏။
And the Levites from the Kohathites and Korahites stood up to praise the LORD, the God of Israel, shouting in a very loud voice.
20 ၂၀ နက်ဖြန်နံနက် စောစောထ ၍ ၊ တေကော တော သို့ ထွက်သွား ကြ၏။ သွား ကြစဉ် တွင်၊ ယောရှဖတ် သည် ရပ် ၍ ၊ အိုယုဒ ပြည်သူယေရုရှလင် မြို့သား တို့၊ နားထောင် ကြလော့။ သင် တို့၏ဘုရားသခင် ကို ယုံကြည် ကြလော့။ သို့ပြုလျှင် တည်ကြည် ကြလိမ့်မည်။ ပရောဖက် တော်တို့ကို ယုံကြည် ကြလော့။ သို့ပြုလျှင် အောင်မြင် ကြလိမ့်မည်ဟု မိန့် တော်မူ၏။
Early in the morning they got up and left for the Wilderness of Tekoa. As they set out, Jehoshaphat stood up and said, “Hear me, O people of Judah and Jerusalem. Believe in the LORD your God, and you will be upheld; believe in His prophets, and you will succeed.”
21 ၂၁ လူ များနှင့် တိုင်ပင် ပြီးမှ ၊ ထာဝရ ဘုရား၏ ကရုဏာ တော်သည် အစဉ်အမြဲ တည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကိုချီးမွမ်း ကြလော့ဟု တပ်ရှေ့ မှာ ချီ သွား လျက် ၊ သန့်ရှင်း ခြင်းအသရေ ကို ချီးမွမ်း ရသောသီချင်းသည် တို့ကို ထာဝရဘုရား အဘို့ ခန့်ထား တော်မူ၏။
Then Jehoshaphat consulted with the people and appointed those who would sing to the LORD and praise the splendor of His holiness. As they went out before the army, they were singing: “Give thanks to the LORD, for His loving devotion endures forever.”
22 ၂၂ ထိုသူတို့သည် ချီးမွမ်း ရာသီချင်း ကို ဆိုစပြုကြ သောအခါ၊ ယုဒ ပြည်ကို တိုက်အံ့သောငှါလာသော၊ စိရ တောင် သားတို့ကို အမ္မုန် အမျိုးသား၊ မောဘ အမျိုးသားတို့တဘက် ၌ ထာဝရဘုရားချောင်းမြောင်းစေတော်မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊
The moment they began their shouts and praises, the LORD set ambushes against the men of Ammon, Moab, and Mount Seir who had come against Judah, and they were defeated.
23 ၂၃ တဖန် စိရ တောင် သား တို့ကို သုတ်သင် ပယ်ရှင်းခြင်းငှါ လှန် ၍ တိုက်သဖြင့် ၊ အကုန်အစင် သတ်ပြီးမှ ၊ တယောက် ကိုတယောက်တိုက်ခိုက် ၍၊ ပျက်စီး ခြင်းသို့ ရောက်ကြ၏။
The Ammonites and Moabites rose up against the inhabitants of Mount Seir, devoting them to destruction. And when they had made an end to the inhabitants of Seir, they helped to destroy one another.
24 ၂၄ ယုဒ လူတို့သည် တော ၌ ရှိသောကင်းမျှော်စင် သို့ ရောက် ၍ ၊ ထိုအလုံးအရင်း ကို ကြည့်ရှု သောအခါ ၊ ထိုလူ အပေါင်းတို့သည် တယောက် မျှမလွတ် ၊ မြေ ပေါ် မှာ လဲ သော အသေ ကောင်ဖြစ်ကြ၏။
When the men of Judah came to a place overlooking the wilderness, they looked for the vast army, but there were only corpses lying on the ground; no one had escaped.
25 ၂၅ ယောရှဖတ် နှင့် သူ ၏လူ တို့သည်၊ ရန်သူ တို့ဥစ္စာ ကိုလုယူ ခြင်းငှါ လာ ကြသောအခါ ၊ အသေ ကောင်တို့၌ များစွာ သောဥစ္စာ ၊ အဘိုးထိုက်သော တန်ဆာတို့ကို တွေ့သဖြင့်၊ ထမ်း၍မသွားနိုင်အောင်ချွတ်ယူ ကြ၏။ လက်ရ ဥစ္စာအလွန် များသောကြောင့် ၊ သုံး ရက် ပတ်လုံးလုယူထုပ်ထားလျက်နေကြ ၏။
Then Jehoshaphat and his people went to carry off the plunder, and they found on the bodies an abundance of goods and valuables —more than they could carry away. They were gathering the plunder for three days because there was so much.
26 ၂၆ စတုတ္ထ နေ့ တွင် ဗရာခ ချိုင့် ၌ စည်းဝေး ၍ ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြ၏။ ထိုကြောင့် ၊ ယနေ့ တိုင်အောင် ထို အရပ် သည် ဗရာခ ချိုင့် ဟူ၍တွင် သတည်း။
On the fourth day they assembled in the Valley of Beracah, where they blessed the LORD. Therefore that place is called the Valley of Beracah to this day.
27 ၂၇ ထိုအခါ သူ တို့သည် ရန်သူ တို့အပေါ် မှာ ဝမ်းမြောက် သောအခွင့်ကို၊ ထာဝရဘုရား ပေးတော်မူသောကြောင့် ၊ ယောရှဖတ် သည် ရှေ့ဦးစွာကြွ၍ယုဒ ပြည်သူ ယေရုရှလင် မြို့သားအပေါင်း တို့သည်၊ ဝမ်းမြောက် သောစိတ် နှင့် ယေရုရှလင် မြို့သို့ ပြန် သွား၍၊
Then all the men of Judah and Jerusalem, with Jehoshaphat at their head, returned joyfully to Jerusalem, for the LORD had made them rejoice over their enemies.
28 ၂၈ စောင်း တယော တံပိုး ကိုတီးမှုတ်လျက်၊ ယေရုရှလင် မြို့၊ ဗိမာန် တော်သို့ ရောက် လာကြ၏။
So they entered Jerusalem and went into the house of the LORD with harps, lyres, and trumpets.
29 ၂၉ ထာဝရဘုရား သည် ဣသရေလ အမျိုး၏ ရန်သူ တို့ ကို တိုက် တော်မူကြောင်း ကို၊ အခြားတိုင်း နိုင်ငံသား ရှိသမျှ တို့သည် ကြား ၍ ၊ ဘုရားသခင် ကို ကြောက်ရွံ့ ကြ၏။
And the fear of God came upon all the kingdoms of the lands when they heard that the LORD had fought against the enemies of Israel.
30 ၃၀ ထိုသို့ ဘုရားသခင် သည် အရပ်ရပ် ၌ ငြိမ်ဝပ် သော အခွင့်ကိုပေး တော်မူသောကြောင့် ၊ ယောရှဖတ် ၏ နိုင်ငံ တော်သည် သာယာ ၏။
Then Jehoshaphat’s kingdom was at peace, for his God had given him rest on every side.
31 ၃၁ ယောရှဖတ် သည် အသက် သုံး ဆယ်ငါး နှစ် ရှိသော်နန်းထိုင် ၍ နှစ်ဆယ် ငါး နှစ် ပတ်လုံးယေရုရှလင် မြို့မှာ နေ လျက်၊ ယုဒ ပြည်ကို စိုးစံ လေ၏။ မယ်တော် ကား ရှိလဟိ သမီး အဇုဘ အမည် ရှိ၏။
So Jehoshaphat reigned over Judah. He was thirty-five years old when he became king, and he reigned in Jerusalem twenty-five years. His mother’s name was Azubah daughter of Shilhi.
32 ၃၂ ထိုမင်းသည် ခမည်းတော် အာသ လိုက် သော လမ်း ကို မ လွှဲ ၊ အကုန်အစင်လိုက်၍၊ ထာဝရဘုရား ရှေ့ တော်၌ ဖြောင့်မတ် သောအကျင့်ကိုသာ ကျင့်၏။
And Jehoshaphat walked in the way of his father Asa and did not turn away from it; he did what was right in the eyes of the LORD.
33 ၃၃ သို့ရာတွင် ၊ မြင့် သောအရပ်တို့ကို မ ပယ်ရှား။လူ များတို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ကို ဆည်းကပ်ခြင်းငှါ၊ သဘော မ ချ ဘဲနေကြသေး ၏။
The high places, however, were not removed; the people had not yet set their hearts on the God of their fathers.
34 ၃၄ ယောရှဖတ် ပြုမူသော အမှုအရာကြွင်းလေသမျှ အစ အဆုံး တို့သည်၊ ဣသရေလ ရာဇဝင်နှင့် ဆက်၍၊ ဟာနန် သား ယေဟု စီရင်သောစာ ၌ရေးထား လျက်ရှိ၏။
As for the rest of the acts of Jehoshaphat, from beginning to end, they are indeed written in the Chronicles of Jehu son of Hanani, which are recorded in the Book of the Kings of Israel.
Later, Jehoshaphat king of Judah made an alliance with Ahaziah king of Israel, who acted wickedly.
36 ၃၆ နောက်တဖန် ယုဒ ရှင်ဘုရင် ယောရှဖတ် သည်၊ တာရှု မြို့သို့သွား ရသောသင်္ဘော တို့ကိုတည်လုပ် ခြင်းငှါ ၊ အလွန်အဓ္ဓမ အမှုကိုပြု သော ဣသရေလ ရှင်ဘုရင် အာခဇိ နှင့် ပေါင်းဘော် ပြီးလျှင် ၊ ထိုသင်္ဘော တို့ကိုဧဇယုန်ဂါဗာ မြို့မှာ တည်လုပ် ကြ၏။
They agreed to make ships to go to Tarshish, and these were built in Ezion-geber.
37 ၃၇ ထိုအခါ မရေရှ မြို့သူ၊ ဒေါဒေဝ သား ဧလျေဇ က၊ မင်းကြီးသည် အာခဇိ နှင့် ပေါင်းဘော် သောကြောင့် ၊ ထာဝရဘုရား သည် မင်းကြီး ပြုသောအမှု ကိုဖျက် တော်မူပြီဟု ယောရှဖတ် တစ်ဘက် ၌ ဟော သည်နှင့်အညီ၊ ထိုသင်္ဘော တို့သည် တာရှု မြို့သို့ မ သွား နိုင် အောင်ကျိုးပဲ့ ကြ၏။
Then Eliezer son of Dodavahu of Mareshah prophesied against Jehoshaphat, saying, “Because you have allied yourself with Ahaziah, the LORD has destroyed your works.” So the ships were wrecked and were unable to sail to Tarshish.