< ၂ ရာဇဝင်ချုပ် 20 >

1 ထိုနောက်မှ ၊ မောဘ အမျိုးသား နှင့် အမ္မုန် အမျိုးသား တို့သည် ဧဒုံအမျိုးသားအချို့နှင့်တကွ ၊ ယောရှဖတ် ကို စစ်တိုက် မည်ဟု ချီလာ ကြ၏။
After this, the children of Moab, the children of Ammon, and with them some of the Ammonites, came against Jehoshaphat to battle.
2 အိုင် ကြီးတစ်ဘက် ၊ ဧဒုံပြည်ဘက်က များစွာ သော အလုံး အရင်းစစ်ချီလာ ၍ ၊ အင်္ဂေဒိ အမည်ရှိသော ဟာဇဇုန္တာမာ မြို့မှာ ရှိကြပါသည်ဟု ယောရှဖတ် အား ကြား လျှောက်လျှင်၊
Then some came who told Jehoshaphat, saying, “A great multitude is coming against you from beyond the sea from Syria. Behold, they are in Hazazon Tamar” (that is, En Gedi).
3 ယောရှဖတ် သည် ကြောက် ၍ ၊ ထာဝရဘုရား ကို ရှာ ခြင်းငှါ သဘောချ လျက် ၊ အစာ ရှောင်ရာအချိန်ကို၊ ယုဒ ပြည်တရှောက်လုံး ၌ ကြော်ငြာ စေတော်မူ၏။
Jehoshaphat was alarmed, and set himself to seek the LORD. He proclaimed a fast throughout all Judah.
4 ယုဒ လူတို့သည် ထာဝရဘုရား ကို ဆုတောင်း မည် ဟု စုဝေး ၍ ၊ ထာဝရဘုရား ကို ရှာ အံ့သောငှါ ၊ ယုဒ မြို့ ရှိသမျှ မှ ထွက်လာကြ၏။
Judah gathered themselves together to seek help from the LORD. They came out of all the cities of Judah to seek the LORD.
5 ယောရှဖတ် သည် ဗိမာန် တော် တန်တိုင်း သစ် ရှေ့ ၊ ယုဒ ပြည်သူယေရုရှလင် မြို့သား စည်းဝေးရာ ပရိသတ် အလယ် ၌ရပ် လျက်၊
Jehoshaphat stood in the assembly of Judah and Jerusalem, in the LORD’s house, before the new court;
6 ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် သည် ကောင်းကင် ဘုံ၏ အရှင်ဘုရားသခင် ဖြစ်တော်မူသည် မ ဟုတ်လော့။တပါးအမျိုးသား နေရာ တိုင်းနိုင်ငံရှိသမျှ တို့ကို အစိုးရ တော်မူသည် မဟုတ်လော။ အဘယ်သူ မျှမဆီးတားနိုင်အောင် ခွန်အား တန်ခိုးကြီးတော်မူသည်မဟုတ်လော။
and he said, “LORD, the God of our fathers, are not you God in heaven? Are not you ruler over all the kingdoms of the nations? Power and might are in your hand, so that no one is able to withstand you.
7 ဤ ပြည် ၌နေ ဘူးသောသူတို့ကို ကိုယ်တော် ၏လူ ဣသရေလ အမျိုး ရှေ့ မှ နှင်ထုတ် ၍ ၊ ကိုယ်တော် အဆွေ အာဗြဟံ ၏သား မြေးတို့အား ၊ ဤ ပြည်ကို အစဉ် ပေး တော်မူ သောအကျွန်ုပ် တို့၏ဘုရားသခင် ဖြစ်တော်မူသည် မ ဟုတ်လော။
Did not you, our God, drive out the inhabitants of this land before your people Israel, and give it to the offspring of Abraham your friend forever?
8 သူတို့သည် နေရာ ကျ၍ ၊ နာမတော် အဘို့ သန့်ရှင်း ရာ ဌာနတော်ကို တည်ဆောက် ကြသောအခါ၊
They lived in it, and have built you a sanctuary in it for your name, saying,
9 အကျွန်ုပ် တို့အပေါ် မှာထား ဘေး ၊ ဒဏ်ခတ် ခြင်း ဘေး၊ ကာလနာ ဘေး၊ မွတ်သိပ် ခြင်းဘေးတစုံတခုရောက်၍၊ နာမ တော်ဖြင့် သမုတ်သောဤ အိမ် တော်၊ အထံ တော်သို့ အကျွန်ုပ်တို့သည် ချဉ်းကပ်၍၊ ဆင်းရဲ ဒုက္ခကြောင့် အော်ဟစ် ကြသောအခါ ၊ နားထောင် ၍ ကယ်မ တော်မူပါဟု လျှောက်ထားကြပါပြီ။
‘If evil comes on us—the sword, judgment, pestilence, or famine—we will stand before this house, and before you (for your name is in this house), and cry to you in our affliction, and you will hear and save.’
10 ၁၀ ယခု တွင်၊ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည် မှ ထွက် လာသောအခါ ၊ တိုက်ရသောအခွင့် ကိုပေး တော်မ မူ။ လွှဲရှောင် ၍ မ ဖျက်ဆီး ဘဲ ထားခဲ့သော အမ္မုန် အမျိုးသား ၊ မောဘ အမျိုးသား၊ စိရ တောင် သားတို့ သည်၊
Now, behold, the children of Ammon and Moab and Mount Seir, whom you would not let Israel invade when they came out of the land of Egypt, but they turned away from them, and did not destroy them;
11 ၁၁ အကျွန်ုပ်တို့ အား အပိုင် ပေး တော်မူသော အမွေခံရာ မြေ ထဲက ၊ အကျွန်ုပ် တို့ကို နှင်ထုတ် ခြင်းငှါ လာ ၍ ၊ အဘယ်သို့ကျေးဇူးဆပ်ကြပါသည်ကို ကြည့်ရှု တော်မူပါ။
behold, how they reward us, to come to cast us out of your possession, which you have given us to inherit.
12 ၁၂ အိုအကျွန်ုပ် တို့ဘုရားသခင် ၊ သူ တို့ကို မ စီရင် ဘဲနေတော်မူမည်လော။အကျွန်ုပ် တို့ကို တိုက် အံ့သောငှါလာသောဤ အလုံးအရင်း ကြီး ကို၊ အကျွန်ုပ်တို့သည် ဆီးတားခြင်းငှါမတတ်နိုင်ပါ။ အဘယ်သို့ ပြု ရမည်ကိုမ သိ ပါ။ ကိုယ်တော် ကိုသာ မျှော်ကြည့် လျက် နေကြပါသည်ဟု ဆုတောင်း ၍၊
Our God, will you not judge them? For we have no might against this great company that comes against us. We do not know what to do, but our eyes are on you.”
13 ၁၃ ယုဒ လူအပေါင်း တို့သည် သား မယား သူငယ် တို့ နှင့်တကွ ၊ ထာဝရဘုရား ရှေ့ တော်၌ ရပ် နေကြ၏။
All Judah stood before the LORD, with their little ones, their wives, and their children.
14 ၁၄ ထိုအခါ ပရိသတ် အလယ် ၌ ရှိသောလေဝိ အမျိုး၊ အာသပ် အနွှယ် ၊ မတ္တနိ ၊ ယေယေလ ၊ ဗေနာယ ၊ ဇာခရိ တို့မှ ဆင်းသက်သောယဟာဇေလ အပေါ်သို့၊ ထာဝရဘုရား ၏ဝိညာဉ် တော်သည် သက်ရောက် ၍၊
Then the LORD’s Spirit came on Jahaziel the son of Zechariah, the son of Benaiah, the son of Jeiel, the son of Mattaniah, the Levite, of the sons of Asaph, in the middle of the assembly;
15 ၁၅ ထိုသူက၊ အိုယောရှဖတ် မင်းကြီး နှင့် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား အပေါင်း တို့၊ နားထောင် ကြလော့။ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထို အလုံးအရင်း ကြီး ကြောင့် မ ကြောက် ကြနှင့်။ စိတ် မ ပျက်ကြနှင့်။ စစ်မှု သည် သင်တို့တာမဟုတ် ၊ ဘုရားသခင့် တာဖြစ်၏။
and he said, “Listen, all Judah, and you inhabitants of Jerusalem, and you, King Jehoshaphat. The LORD says to you, ‘Do not be afraid, and do not be dismayed because of this great multitude; for the battle is not yours, but God’s.
16 ၁၆ နက်ဖြန် နေ့သူ တို့ရှိရာသို့ ချီ သွားကြလော့။ သူ တို့သည် ဇိဇ မြို့သို့ တက် ရာလမ်း ဖြင့် လာကြစဉ်၊ ယေရွေလ တော စ နား၊ ချိုင့်ဝ မှာ သင် တို့တွေ့ ကြလိမ့်မည်။
Tomorrow, go down against them. Behold, they are coming up by the ascent of Ziz. You will find them at the end of the valley, before the wilderness of Jeruel.
17 ၁၇ သို့ရာတွင်၊ အိုယုဒ ပြည်သူယေရုရှလင် မြို့သားတို့၊ သင် တို့သည်စစ်တိုက် စရာ အကြောင်းမ ရှိသည်သည်ဖြစ်၍၊ တည်ကြည်စွာ မတ်တတ် နေလျက် ၊ ထာဝရဘုရား ကယ်တင် တော်မူခြင်း ကျေးဇူးကိုကြည့်ရှု ကြလော့။ မ ကြောက် ကြနှင့်။ စိတ် မ ပျက်ကြနှင့်။ နက်ဖြန် နေ့ချီသွား ကြလော့။ ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိတော်မူလိမ့်မည်ဟု မြွက်ဆို၏။
You will not need to fight this battle. Set yourselves, stand still, and see the salvation of the LORD with you, O Judah and Jerusalem. Do not be afraid, nor be dismayed. Go out against them tomorrow, for the LORD is with you.’”
18 ၁၈ ယောရှဖတ် သည် မြေ ပေါ် မှာဦးချ ၍ ယုဒ ပြည်သူယေရုရှလင် မြို့သား အပေါင်း တို့သည် ထာဝရဘုရား ရှေ့ တော်၌ ပြပ်ဝပ် လျက် ၊ ထာဝရဘုရား ကို ကိုးကွယ် ကြ၏။
Jehoshaphat bowed his head with his face to the ground; and all Judah and the inhabitants of Jerusalem fell down before the LORD, worshiping the LORD.
19 ၁၉ လေဝိ အမျိုး၊ ကောဟတ် အနွယ်သား နှင့် ကောရ အနွယ်သား တို့သည်၊ ဣသရေလ မျိုး၏ ဘုရားသခင် ထာဝရဘုရား ကို ၊ ကျယ် သောအသံ နှင့် ချီးမွမ်း ခြင်းငှါ ရပ် နေကြ၏။
The Levites, of the children of the Kohathites and of the children of the Korahites, stood up to praise the LORD, the God of Israel, with an exceedingly loud voice.
20 ၂၀ နက်ဖြန်နံနက် စောစောထ ၍ ၊ တေကော တော သို့ ထွက်သွား ကြ၏။ သွား ကြစဉ် တွင်၊ ယောရှဖတ် သည် ရပ် ၍ ၊ အိုယုဒ ပြည်သူယေရုရှလင် မြို့သား တို့၊ နားထောင် ကြလော့။ သင် တို့၏ဘုရားသခင် ကို ယုံကြည် ကြလော့။ သို့ပြုလျှင် တည်ကြည် ကြလိမ့်မည်။ ပရောဖက် တော်တို့ကို ယုံကြည် ကြလော့။ သို့ပြုလျှင် အောင်မြင် ကြလိမ့်မည်ဟု မိန့် တော်မူ၏။
They rose early in the morning and went out into the wilderness of Tekoa. As they went out, Jehoshaphat stood and said, “Listen to me, Judah and you inhabitants of Jerusalem! Believe in the LORD your God, so you will be established! Believe his prophets, so you will prosper.”
21 ၂၁ လူ များနှင့် တိုင်ပင် ပြီးမှ ၊ ထာဝရ ဘုရား၏ ကရုဏာ တော်သည် အစဉ်အမြဲ တည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကိုချီးမွမ်း ကြလော့ဟု တပ်ရှေ့ မှာ ချီ သွား လျက် ၊ သန့်ရှင်း ခြင်းအသရေ ကို ချီးမွမ်း ရသောသီချင်းသည် တို့ကို ထာဝရဘုရား အဘို့ ခန့်ထား တော်မူ၏။
When he had taken counsel with the people, he appointed those who were to sing to the LORD and give praise in holy array as they go out before the army, and say, “Give thanks to the LORD, for his loving kindness endures forever.”
22 ၂၂ ထိုသူတို့သည် ချီးမွမ်း ရာသီချင်း ကို ဆိုစပြုကြ သောအခါ၊ ယုဒ ပြည်ကို တိုက်အံ့သောငှါလာသော၊ စိရ တောင် သားတို့ကို အမ္မုန် အမျိုးသား၊ မောဘ အမျိုးသားတို့တဘက် ၌ ထာဝရဘုရားချောင်းမြောင်းစေတော်မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊
When they began to sing and to praise, the LORD set ambushers against the children of Ammon, Moab, and Mount Seir, who had come against Judah; and they were struck.
23 ၂၃ တဖန် စိရ တောင် သား တို့ကို သုတ်သင် ပယ်ရှင်းခြင်းငှါ လှန် ၍ တိုက်သဖြင့် ၊ အကုန်အစင် သတ်ပြီးမှ ၊ တယောက် ကိုတယောက်တိုက်ခိုက် ၍၊ ပျက်စီး ခြင်းသို့ ရောက်ကြ၏။
For the children of Ammon and Moab stood up against the inhabitants of Mount Seir to utterly kill and destroy them. When they had finished the inhabitants of Seir, everyone helped to destroy each other.
24 ၂၄ ယုဒ လူတို့သည် တော ၌ ရှိသောကင်းမျှော်စင် သို့ ရောက် ၍ ၊ ထိုအလုံးအရင်း ကို ကြည့်ရှု သောအခါ ၊ ထိုလူ အပေါင်းတို့သည် တယောက် မျှမလွတ် ၊ မြေ ပေါ် မှာ လဲ သော အသေ ကောင်ဖြစ်ကြ၏။
When Judah came to the place overlooking the wilderness, they looked at the multitude; and behold, they were dead bodies fallen to the earth, and there were none who escaped.
25 ၂၅ ယောရှဖတ် နှင့် သူ ၏လူ တို့သည်၊ ရန်သူ တို့ဥစ္စာ ကိုလုယူ ခြင်းငှါ လာ ကြသောအခါ ၊ အသေ ကောင်တို့၌ များစွာ သောဥစ္စာ ၊ အဘိုးထိုက်သော တန်ဆာတို့ကို တွေ့သဖြင့်၊ ထမ်း၍မသွားနိုင်အောင်ချွတ်ယူ ကြ၏။ လက်ရ ဥစ္စာအလွန် များသောကြောင့် ၊ သုံး ရက် ပတ်လုံးလုယူထုပ်ထားလျက်နေကြ ၏။
When Jehoshaphat and his people came to take their plunder, they found among them in abundance both riches and dead bodies with precious jewels, which they stripped off for themselves, more than they could carry away. They took plunder for three days, it was so much.
26 ၂၆ စတုတ္ထ နေ့ တွင် ဗရာခ ချိုင့် ၌ စည်းဝေး ၍ ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြ၏။ ထိုကြောင့် ၊ ယနေ့ တိုင်အောင် ထို အရပ် သည် ဗရာခ ချိုင့် ဟူ၍တွင် သတည်း။
On the fourth day, they assembled themselves in Beracah Valley, for there they blessed the LORD. Therefore the name of that place was called “Beracah Valley” to this day.
27 ၂၇ ထိုအခါ သူ တို့သည် ရန်သူ တို့အပေါ် မှာ ဝမ်းမြောက် သောအခွင့်ကို၊ ထာဝရဘုရား ပေးတော်မူသောကြောင့် ၊ ယောရှဖတ် သည် ရှေ့ဦးစွာကြွ၍ယုဒ ပြည်သူ ယေရုရှလင် မြို့သားအပေါင်း တို့သည်၊ ဝမ်းမြောက် သောစိတ် နှင့် ယေရုရှလင် မြို့သို့ ပြန် သွား၍၊
Then they returned, every man of Judah and Jerusalem, with Jehoshaphat in front of them, to go again to Jerusalem with joy; for the LORD had made them to rejoice over their enemies.
28 ၂၈ စောင်း တယော တံပိုး ကိုတီးမှုတ်လျက်၊ ယေရုရှလင် မြို့၊ ဗိမာန် တော်သို့ ရောက် လာကြ၏။
They came to Jerusalem with stringed instruments, harps, and trumpets to the LORD’s house.
29 ၂၉ ထာဝရဘုရား သည် ဣသရေလ အမျိုး၏ ရန်သူ တို့ ကို တိုက် တော်မူကြောင်း ကို၊ အခြားတိုင်း နိုင်ငံသား ရှိသမျှ တို့သည် ကြား ၍ ၊ ဘုရားသခင် ကို ကြောက်ရွံ့ ကြ၏။
The fear of God was on all the kingdoms of the countries when they heard that the LORD fought against the enemies of Israel.
30 ၃၀ ထိုသို့ ဘုရားသခင် သည် အရပ်ရပ် ၌ ငြိမ်ဝပ် သော အခွင့်ကိုပေး တော်မူသောကြောင့် ၊ ယောရှဖတ် ၏ နိုင်ငံ တော်သည် သာယာ ၏။
So the realm of Jehoshaphat was quiet, for his God gave him rest all around.
31 ၃၁ ယောရှဖတ် သည် အသက် သုံး ဆယ်ငါး နှစ် ရှိသော်နန်းထိုင် ၍ နှစ်ဆယ် ငါး နှစ် ပတ်လုံးယေရုရှလင် မြို့မှာ နေ လျက်၊ ယုဒ ပြည်ကို စိုးစံ လေ၏။ မယ်တော် ကား ရှိလဟိ သမီး အဇုဘ အမည် ရှိ၏။
So Jehoshaphat reigned over Judah. He was thirty-five years old when he began to reign. He reigned twenty-five years in Jerusalem. His mother’s name was Azubah the daughter of Shilhi.
32 ၃၂ ထိုမင်းသည် ခမည်းတော် အာသ လိုက် သော လမ်း ကို မ လွှဲ ၊ အကုန်အစင်လိုက်၍၊ ထာဝရဘုရား ရှေ့ တော်၌ ဖြောင့်မတ် သောအကျင့်ကိုသာ ကျင့်၏။
He walked in the way of Asa his father, and did not turn away from it, doing that which was right in the LORD’s eyes.
33 ၃၃ သို့ရာတွင် ၊ မြင့် သောအရပ်တို့ကို မ ပယ်ရှား။လူ များတို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ကို ဆည်းကပ်ခြင်းငှါ၊ သဘော မ ချ ဘဲနေကြသေး ၏။
However the high places were not taken away, and the people had still not set their hearts on the God of their fathers.
34 ၃၄ ယောရှဖတ် ပြုမူသော အမှုအရာကြွင်းလေသမျှ အစ အဆုံး တို့သည်၊ ဣသရေလ ရာဇဝင်နှင့် ဆက်၍၊ ဟာနန် သား ယေဟု စီရင်သောစာ ၌ရေးထား လျက်ရှိ၏။
Now the rest of the acts of Jehoshaphat, first and last, behold, they are written in the history of Jehu the son of Hanani, which is included in the book of the kings of Israel.
35 ၃၅
After this, Jehoshaphat king of Judah joined himself with Ahaziah king of Israel. The same did very wickedly.
36 ၃၆ နောက်တဖန် ယုဒ ရှင်ဘုရင် ယောရှဖတ် သည်၊ တာရှု မြို့သို့သွား ရသောသင်္ဘော တို့ကိုတည်လုပ် ခြင်းငှါ ၊ အလွန်အဓ္ဓမ အမှုကိုပြု သော ဣသရေလ ရှင်ဘုရင် အာခဇိ နှင့် ပေါင်းဘော် ပြီးလျှင် ၊ ထိုသင်္ဘော တို့ကိုဧဇယုန်ဂါဗာ မြို့မှာ တည်လုပ် ကြ၏။
He joined himself with him to make ships to go to Tarshish. They made the ships in Ezion Geber.
37 ၃၇ ထိုအခါ မရေရှ မြို့သူ၊ ဒေါဒေဝ သား ဧလျေဇ က၊ မင်းကြီးသည် အာခဇိ နှင့် ပေါင်းဘော် သောကြောင့် ၊ ထာဝရဘုရား သည် မင်းကြီး ပြုသောအမှု ကိုဖျက် တော်မူပြီဟု ယောရှဖတ် တစ်ဘက် ၌ ဟော သည်နှင့်အညီ၊ ထိုသင်္ဘော တို့သည် တာရှု မြို့သို့ မ သွား နိုင် အောင်ကျိုးပဲ့ ကြ၏။
Then Eliezer the son of Dodavahu of Mareshah prophesied against Jehoshaphat, saying, “Because you have joined yourself with Ahaziah, the LORD has destroyed your works.” The ships were wrecked, so that they were not able to go to Tarshish.

< ၂ ရာဇဝင်ချုပ် 20 >