< ၂ ရာဇဝင်ချုပ် 19 >

1 ယုဒ ရှင်ဘုရင် ယောရှဖတ် သည် ယေရုရှလင် မြို့ နန်းတော် သို့ ငြိမ်ဝပ် စွာ ပြန်လာ ၏။
And Jehoshaphat king of Judah turneth back unto his house in peace to Jerusalem,
2 ဟာနန် သား ပရောဖက် ယေဟု သည်၊ ယောရှဖတ် မင်းကြီး ကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွား ၍ ၊ မင်းကြီးသည် မ တရားသောသူတို့ကို မစ သင့်သလော။ထာဝရဘုရား ကို မုန်း သောသူတို့ကို ချစ်သင့်သလော။ ယခုပြုသောအမှုကြောင့်၊ ထာဝရဘုရား ၏ အမျက် တော် သည် မင်းကြီး အပေါ် သို့ သက်ရောက်လေပြီ။
and go out unto his presence doth Jehu son of Hanani, the seer, and saith unto king Jehoshaphat, 'To give help to the wicked, and to those hating Jehovah, dost thou love? and for this against thee [is] wrath from before Jehovah,
3 သို့သော်လည်း ၊ မင်းကြီးသည် တပြည်လုံးတွင်၊ အာရှရ ပင်တို့ကို ပယ်ရှား ၍ ၊ ဘုရားသခင် ကိုရှာ ခြင်းငှါ သဘော ချ သောကြောင့် ၊ ကျင့်သောအကျင့် ကောင်းပါပြီဟု ဆို၏။
but good things have been found with thee, for thou hast put away the shrines out of the land, and hast prepared thy heart to seek God.'
4 ထိုနောက် ၊ ယောရှဖတ် သည် ယေရုရှလင် မြို့၌ နေ ၏။ တဖန် ဗေရရှေဘ မြို့မှစ၍ ၊ ဧဖရိမ် တောင် တိုင်အောင် လှည့်လည် သဖြင့် ၊ ပြည်သား တို့ကို ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ ပြန် စေတော်မူ ၏။
And Jehoshaphat dwelleth in Jerusalem, and he turneth back and goeth out among the people from Beer-Sheba unto the hill-country of Ephraim, and bringeth them back unto Jehovah, God of their fathers.
5 ယုဒ နိုင်ငံ တွင် ၊ ခိုင်ခံ့ သောမြို့ ရှိသမျှအသီးအသီး တို့၌ တရားသူကြီး တို့ကို ခန့်ထား ၍၊
And he establisheth judges in the land, in all the fenced cities of Judah, for every city,
6 သင် တို့ပြု သောအမှု ကိုသတိ ပြုကြလော့။ လူ ၏ အမှုကိုစောင့်၍ တရား စီရင်သည်မ ဟုတ်။ သင်တို့စီရင်ရာတွင်၊ ရှိတော်မူသောထာဝရဘုရား ၏အမှုတော်ကို စောင့်၍ စီရင်ရကြ၏။
and saith unto the judges, 'See what ye are doing — for not for man do ye judge, but for Jehovah, who [is] with you in the matter of judgment;
7 သို့ဖြစ်၍ ထာဝရဘုရား ကို ကြောက်ရွံ့ သောစိတ် ရှိ ၍ သတိ ပြုကြလော့။ ငါ တို့ဘုရားသခင် သည် မတရားသောအမှုကို လက်ခံခြင်း၊ လူမျက်နှာ ကို ထောက် ခြင်း၊ တံစိုး စား ခြင်း အခွင့်ရှိတော်မမူဟု မှာထားတော်မူ ၏။
and now, let fear of Jehovah be upon you, observe and do, for there is not with Jehovah our God perverseness, and acceptance of faces, and taking of a bribe.'
8 ယေရုရှလင် မြို့၌ လည်း ၊ ထာဝရဘုရား ၏တရားမှု တို့ကို၎င်း ၊ ယေရုရှလင် မြို့သားအချင်းချင်းတရားတွေ့မှု တို့ကို၎င်း၊ စီရင်စေခြင်းငှါလေဝိ သား၊ ယဇ်ပုရောဟိတ် ၊ ဣသရေလ အဆွေအမျိုး သူကြီး အချို့တို့ကို ခန့်ထား ၍၊
And also in Jerusalem hath Jehoshaphat appointed of the Levites, and of the priests, and of the heads of the fathers of Israel, for the judgment of Jehovah, and for strife; and they turn back to Jerusalem,
9 သင်တို့သည် စုံလင် သောစိတ် နှလုံးနှင့် ထာဝရဘုရား ကိုကြောက်ရွံ့ လျက် ၊ သစ္စာ စောင့်လျက် စီရင် ကြလော့။
and he layeth a charge upon them, saying, 'Thus do ye do in the fear of Jehovah, in faithfulness, and with a perfect heart,
10 ၁၀ အမြို့မြို့ ၌ နေ သောအမျိုးသား ချင်းတို့တွင်၊ လူအသက်သတ်ခြင်းအမှု၊ စီရင် ထုံးဖွဲ့တော်မူချက်ပညတ် တရား ကို လွန်ကျူးခြင်းအမှုမည်သည်ကား၊ သင် တို့ရှေ့ သို့ရောက် လျှင် ၊ သင် တို့နှင့် အမျိုးသား ချင်းတို့အပေါ် သို့ အမျက် တော်သက်ရောက် စေခြင်းငှါ ၊ သူတို့သည် ထာဝရဘုရား ကို မ ပြစ်မှား ရမည်အကြောင်းသတိ ပေးကြလော့။ သို့ပြုလျှင် ၊ ကိုယ်တိုင်အပြစ် လွတ်ကြလိမ့်မည်။
and any strife that cometh in unto you of your brethren who are dwelling in their cities, between blood and blood, between law and command, statutes, and judgments, then ye have warned them and they become not guilty before Jehovah, and wrath hath not been on you and on your brethren; thus do ye do, and ye are not guilty.
11 ၁၁ ထာဝရဘုရား ၏ အမှု အရာရာ တွင် ၊ ယဇ်ပုရောဟိတ် မင်း အာမရိ သည် သင် တို့ကို အုပ်ချုပ် ရ၏။ ရှင်ဘုရင် ၏အမှု အရာရာ တွင် ၊ ယုဒ အမျိုး မှာ မင်း ဖြစ် သော ဣရှမေလ သား ဇေဗဒိ သည် အုပ်ချုပ်ရ၏။ လေဝိ သားတို့သည်လည်း ၊ အမှု ထမ်းလုလင်လုပ် ရကြ၏။ ရဲရင့် စွာ စီရင်ကြလော့။ ထာဝရဘုရား သည် ကောင်း သောသူတို့ ဘက် မှာ နေ တော်မူမည်ဟု မှာထားတော်မူ၏။
'And, lo, Amariah the head priest [is] over you for every matter of Jehovah, and Zebadiah son of Ishmael, the leader of the house of Judah, [is] for every matter of the king, and officers the Levites [are] before you; be strong and do, and Jehovah is with the good.'

< ၂ ရာဇဝင်ချုပ် 19 >