< ၂ ရာဇဝင်ချုပ် 19 >
1 ၁ ယုဒ ရှင်ဘုရင် ယောရှဖတ် သည် ယေရုရှလင် မြို့ နန်းတော် သို့ ငြိမ်ဝပ် စွာ ပြန်လာ ၏။
Once Jehoshaphat had arrived safely home in Jerusalem,
2 ၂ ဟာနန် သား ပရောဖက် ယေဟု သည်၊ ယောရှဖတ် မင်းကြီး ကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွား ၍ ၊ မင်းကြီးသည် မ တရားသောသူတို့ကို မစ သင့်သလော။ထာဝရဘုရား ကို မုန်း သောသူတို့ကို ချစ်သင့်သလော။ ယခုပြုသောအမှုကြောင့်၊ ထာဝရဘုရား ၏ အမျက် တော် သည် မင်းကြီး အပေါ် သို့ သက်ရောက်လေပြီ။
Jehu, son of Hanani, the seer went out to face him. He said to King Jehoshaphat, “Why are you helping the wicked? Why do you love those who hate the Lord? The Lord is angry with you because of this.
3 ၃ သို့သော်လည်း ၊ မင်းကြီးသည် တပြည်လုံးတွင်၊ အာရှရ ပင်တို့ကို ပယ်ရှား ၍ ၊ ဘုရားသခင် ကိုရှာ ခြင်းငှါ သဘော ချ သောကြောင့် ၊ ကျင့်သောအကျင့် ကောင်းပါပြီဟု ဆို၏။
Even so you've done some good things such as destroying the Asherah poles throughout the country, and you have made a sincere commitment to follow God.”
4 ၄ ထိုနောက် ၊ ယောရှဖတ် သည် ယေရုရှလင် မြို့၌ နေ ၏။ တဖန် ဗေရရှေဘ မြို့မှစ၍ ၊ ဧဖရိမ် တောင် တိုင်အောင် လှည့်လည် သဖြင့် ၊ ပြည်သား တို့ကို ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ ပြန် စေတော်မူ ၏။
Jehoshaphat continued living in Jerusalem, and once again he traveled among the people, from Beersheba to the hill country of Ephraim, to encourage them to serve the Lord, the God of their fathers.
5 ၅ ယုဒ နိုင်ငံ တွင် ၊ ခိုင်ခံ့ သောမြို့ ရှိသမျှအသီးအသီး တို့၌ တရားသူကြီး တို့ကို ခန့်ထား ၍၊
He appointed judges throughout the country, in all of the fortified towns of Judah.
6 ၆ သင် တို့ပြု သောအမှု ကိုသတိ ပြုကြလော့။ လူ ၏ အမှုကိုစောင့်၍ တရား စီရင်သည်မ ဟုတ်။ သင်တို့စီရင်ရာတွင်၊ ရှိတော်မူသောထာဝရဘုရား ၏အမှုတော်ကို စောင့်၍ စီရင်ရကြ၏။
He told the judges, “Be careful about what you're doing as judges, because you're not looking for the approval of people, but the approval of the Lord. He is the One with you when you give your verdict.
7 ၇ သို့ဖြစ်၍ ထာဝရဘုရား ကို ကြောက်ရွံ့ သောစိတ် ရှိ ၍ သတိ ပြုကြလော့။ ငါ တို့ဘုရားသခင် သည် မတရားသောအမှုကို လက်ခံခြင်း၊ လူမျက်နှာ ကို ထောက် ခြင်း၊ တံစိုး စား ခြင်း အခွင့်ရှိတော်မမူဟု မှာထားတော်မူ ၏။
So then, be sure to have reverence for God, obeying him and doing what he wants, for God does not permit any kind of injustice, favoritism, or bribery.”
8 ၈ ယေရုရှလင် မြို့၌ လည်း ၊ ထာဝရဘုရား ၏တရားမှု တို့ကို၎င်း ၊ ယေရုရှလင် မြို့သားအချင်းချင်းတရားတွေ့မှု တို့ကို၎င်း၊ စီရင်စေခြင်းငှါလေဝိ သား၊ ယဇ်ပုရောဟိတ် ၊ ဣသရေလ အဆွေအမျိုး သူကြီး အချို့တို့ကို ခန့်ထား ၍၊
Jehoshaphat also appointed in Jerusalem some of the Levites, priests, and family heads to act as judges regarding the law of Lord and to settle disputes. They were to have their courts in Jerusalem.
9 ၉ သင်တို့သည် စုံလင် သောစိတ် နှလုံးနှင့် ထာဝရဘုရား ကိုကြောက်ရွံ့ လျက် ၊ သစ္စာ စောင့်လျက် စီရင် ကြလော့။
He gave them these orders, “You must honor God, and act with faithfulness and complete commitment.
10 ၁၀ အမြို့မြို့ ၌ နေ သောအမျိုးသား ချင်းတို့တွင်၊ လူအသက်သတ်ခြင်းအမှု၊ စီရင် ထုံးဖွဲ့တော်မူချက်ပညတ် တရား ကို လွန်ကျူးခြင်းအမှုမည်သည်ကား၊ သင် တို့ရှေ့ သို့ရောက် လျှင် ၊ သင် တို့နှင့် အမျိုးသား ချင်းတို့အပေါ် သို့ အမျက် တော်သက်ရောက် စေခြင်းငှါ ၊ သူတို့သည် ထာဝရဘုရား ကို မ ပြစ်မှား ရမည်အကြောင်းသတိ ပေးကြလော့။ သို့ပြုလျှင် ၊ ကိုယ်တိုင်အပြစ် လွတ်ကြလိမ့်မည်။
In every case that comes before you from your people living in other towns, whether it involves murder or violations of the law, commandment, statutes, or judgments, you are to warn them not to offend the Lord so that punishment does not come upon you and your people. If you do this you will not be held guilty.
11 ၁၁ ထာဝရဘုရား ၏ အမှု အရာရာ တွင် ၊ ယဇ်ပုရောဟိတ် မင်း အာမရိ သည် သင် တို့ကို အုပ်ချုပ် ရ၏။ ရှင်ဘုရင် ၏အမှု အရာရာ တွင် ၊ ယုဒ အမျိုး မှာ မင်း ဖြစ် သော ဣရှမေလ သား ဇေဗဒိ သည် အုပ်ချုပ်ရ၏။ လေဝိ သားတို့သည်လည်း ၊ အမှု ထမ်းလုလင်လုပ် ရကြ၏။ ရဲရင့် စွာ စီရင်ကြလော့။ ထာဝရဘုရား သည် ကောင်း သောသူတို့ ဘက် မှာ နေ တော်မူမည်ဟု မှာထားတော်မူ၏။
Amariah, the chief priest, will make the final decision for you in everything that relates to the Lord, and Zebadiah, son of Ishmael, the leader of the tribe of Judah, in all that relates to the king. The Levites will serve as officers to assist you. Be firm, and may the Lord be with those who do what is right.”