< ၂ ရာဇဝင်ချုပ် 18 >

1 ယောရှဖတ် မင်းသည် ဂုဏ် အသရေနှင့် စည်းစိမ် ဥစ္စာများ ၍ ၊ အာဟပ် မင်းနှင့် အမျိုး ဆက်လေ၏။
Josaphat fut donc riche, très illustre, et allié avec Achab.
2 နောက်တဖန် ရှမာရိ မြို့၊ အာဟပ် မင်းထံသို့ ကိုယ်တိုင်သွား၍၊ ဣသရေလ ရှင်ဘုရင် အာဟပ် သည် ယုဒ ရှင်ဘုရင် ယောရှဖတ် နှင့် ၊ သူ၏လူ တို့အဘို့ များစွာ သော သိုး နွား တို့ကိုစီရင်၍၊ ဂိလဒ် ပြည်ရာမုတ်မြို့သို့ လိုက် စေခြင်းငှါ၊
Et il descendit après quelques années vers lui à Samarie; et à son arrivée Achab tua un grand nombre de béliers et de bœufs, à cause de lui et de tout le peuple qui était venu avec lui, et il lui persuada de monter à Ramoth-Galaad.
3 ဂိလဒ် ပြည်ရာမုတ်မြို့သို့ ငါ နှင့်အတူ လိုက် မည် လော ဟုမေး လျှင်၊ ယောရှဖတ်က၊ ငါ သည် မင်းကြီး ကဲ့သို့ ၎င်း ၊ ငါ လူ တို့သည် မင်းကြီး ၏လူ ကဲ့သို့ ၎င်းဖြစ်လျက်၊ မင်းကြီး နှင့် ဝိုင်း၍ စစ်တိုက် မည်ဟု ပြန်ပြော ၏။
Achab, roi d’Israël, dit donc à Josaphat, roi de Juda: Venez avec moi à Ramoth-Galaad. Celui-ci lui répondit: Comme je suis, vous êtes vous-même: comme est votre peuple, ainsi est mon peuple; et nous serons avec vous dans cette guerre.
4 တဖန် ယောရှဖတ် က၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ယနေ့ မေးမြန်း ပါလော့ဟု ဣသရေလ ရှင်ဘုရင် အား ဆို သော်၊
Et Josaphat dit au roi d’Israël: Consultez, je vous en conjure, dès à présent, la parole du Seigneur.
5 ဣသရေလ ရှင် ဘုရင်သည် ပရောဖက် လေး ရာ တို့ကို စုဝေး စေပြီးလျှင် ၊ ငါသည်ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်း သလော။မချီဘဲနေကောင်း သလောဟုမေး သော် ၊ သူတို့က ချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး ၏လက် တော်သို့ အပ် တော်မူမည်ဟု လျှောက် ကြ၏။
Le roi d’Israël assembla donc quatre cents hommes, prophètes, et il leur dit: Devons-nous aller à Ramoth-Galaad pour combattre, ou nous tenir en repos? Mais ceux-ci: Montez, dirent-ils, et le Seigneur la livrera en la main du roi.
6 ယောရှဖတ် ကလည်း၊ ငါတို့မေးမြန်း စရာ ထာဝရဘုရား ၏ ပရောဖက် တစုံတပါးမျှမရှိသလောဟု မေးသော်၊
Et Josaphat demanda: N’y a-t-il point ici un prophète du Seigneur, afin que nous le consultions aussi?
7 ဣသရေလ ရှင် ဘုရင်က၊ ထာဝရဘုရား ကို မေးမြန်း ရသောသူ တယောက် ၊ ဣမလ သား မိက္ခါ ရှိသေး၏။ သို့ရာတွင်။ထိုသူ ကိုငါ မုန်း ၏။ ငါ ၌ မင်္ဂလာ စကားကိုမ ဟော ၊ အမင်္ဂလာ စကားကိုသာ အစဉ် ဟောတတ်သည်ဟု ယောရှဖတ် အား ဆို လျှင် ၊ ယောရှဖတ် က၊ ထိုသို့မင်းကြီး မ ပြော ပါနှင့်ဟု ပြန်ဆို ၏။
Et le roi d’Israël répondit à Josaphat: Il y a un homme par qui nous pouvons consulter la volonté du Seigneur; mais moi, je le hais, parce qu’il ne me prophétise point du bien, mais du mal en tout temps: or c’est Michée, fils de Jemla. Et Josaphat dit: Ô roi, ne parlez pas ainsi.
8 ထိုအခါ ဣသရေလ ရှင် ဘုရင်သည် အရာရှိ တယောက် ကို ခေါ် ၍ ၊ ဣမလ သား မိက္ခါ ကို အလျင်အမြန် ခေါ်ခဲ့ဟု မိန့် တော်မူ၏။
Le roi d’Israël appela donc un des eunuques, et lui dit: Appelle à l’instant Michée, fils de Jemla.
9 ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် ယောရှဖတ် တို့သည် မင်းမြောက် တန်ဆာကို ဝတ်ဆင် လျက် ၊ ရှမာရိ မြို့တံခါးဝ ရှေ့၊ ဟင်းလင်း သောအရပ်၌ ရာဇ ပလ္လင် တို့အပေါ် မှာ ထိုင် ၍ ၊ ပရောဖက် အပေါင်း တို့သည် ရှေ့ တော်၌ ဟောပြော ကြ၏။
Or le roi d’Israël et Josaphat, roi de Juda, étaient assis chacun sur leur trône, vêtus avec une magnificence royale; et ils étaient assis dans une aire, près de la porte de Samarie, et tous les prophètes prophétisaient devant eux.
10 ၁၀ ခေနာနာ သား ဇေဒကိ သည် သံ ဦးချို တို့ကို လုပ် ၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကိုယ်တော်သည် ရှုရိ ပြည်ကို မ ဖျက်ဆီး မှီတိုင်အောင်၊ ဤဦးချိုတို့နှင့် တိုးရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
Alors Sédécias, fils de Chanaana, se fit des cornes de fer, et dit: Voici ce que dit le Seigneur: Tu agiteras avec ces cornes la Syrie, jusqu’à ce que tu l’aies détruite.
11 ၁၁ ပရောဖက် အပေါင်း တို့ကလည်း ၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ ၍ အောင် တော်မူပါ၊ ထာဝရဘုရား သည် အရှင်မင်းကြီး ၏လက် တော်သို့ အပ် တော်မူ မည်ဟု ပရောဖက် ပြု၍ ဟောကြ၏။
Et tous les prophètes prophétisaient de même, et disaient: Montez à Ramoth-Galaad, et vous prospérerez, et le Seigneur les livrera à la main du roi.
12 ၁၂ မိက္ခါ ကို ခေါ် သောတမန် က၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာ စကား ကိုသာ ရှင်ဘုရင် အား တညီတညွတ် တည်းဟော ကြ၏။ ကိုယ်တော် လည်း သူ တို့ဟော ကြသည်နည်းတူ ၊ မင်္ဂလာ စကားကိုသာ ဟော တော်မူပါဟုဆိုလျှင်၊
Or le messager qui était allé pour appeler Michée lui dit: Voilà que les paroles des prophètes annoncent unanimement de bonnes choses au roi; je vous prie donc que votre parole ne diffère point des leurs, et dites des choses favorables.
13 ၁၃ မိက္ခါ က၊ ထာဝရဘုရား အသက်ရှင် တော်မူသည် အတိုင်း၊ ငါ ၏ဘုရားသခင် မိန့် တော်မူသော စကားကိုသာ ငါပြန်ပြော ရမည်ဟုဆို ၏။
Michée lui répondit: Le Seigneur vit! tout ce que m’aura dit mon Dieu, c’est ce que je dirai.
14 ၁၄ ရှင်ဘုရင် ထံသို့ ရောက် သောအခါ ၊ ရှင် ဘုရင်က၊ အချင်းမိက္ခါ ၊ ငါတို့သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်း သလော။မချီဘဲနေကောင်း သလောဟုမေး လျှင် ၊ မိက္ခါကစစ်ချီ ၍ အောင် တော်မူပါ။ ရန်သူတို့ကို လက် တော်သို့ အပ် တော်မူမည်ဟု ပြန်လျှောက် ၏။
Il vint donc vers le roi, et le roi lui dit: Michée, devons-nous aller à Ramoth-Galaad pour combattre, ou nous tenir en repos? Michée lui répondit: Montez, car toutes choses seront prospères, et les ennemis seront livrés en vos mains.
15 ၁၅ ရှင်ဘုရင် ကလည်း ၊ မှန် သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရား အခွင့် နှင့် သင်သည် ငါ့ အား မ ဟော မည်အကြောင်း ၊ ငါ သည်ဘယ်နှစ်ကြိမ် တိုင်အောင် သင့် အား အကျိန် ပေးရမည်နည်းဟုမေး သော်၊
Et le roi reprit: Je t’adjure de nouveau et encore de nouveau de ne me dire que ce qui est vrai, au nom du Seigneur.
16 ၁၆ မိက္ခါက၊ ဣသရေလ အမျိုးသားအပေါင်း တို့ သည် သိုးထိန်း မ ရှိသော သိုး ကဲ့သို့ တောင် များအပေါ် မှာ အရပ်ရပ်ကွဲပြား လျက်ရှိကြသည်ကို ငါမြင် ပြီ။ ထာဝရဘုရား ကလည်း ၊ ဤ သူအပေါင်းတို့သည် အရှင် မ ရှိသောကြောင့်၊ အသီးအသီး ကိုယ် နေရာ သို့ ပြန် ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။
Alors Michée dit: J’ai vu tout Israël dispersé dans les montagnes, comme les brebis sans pasteur; et le Seigneur a dit: Ceux-ci n’ont point de maîtres; que chacun retourne dans sa maison en paix.
17 ၁၇ ဣသရေလ ရှင်ဘုရင် ကလည်း ၊ သူသည်ငါ ၌ မင်္ဂလာ စကားကိုမ ဟော ၊ အမင်္ဂလာ စကားကိုသာ ဟောတတ်သည်ဟုမင်းကြီး အား ငါမ ပြော သလော ဟု ယောရှဖတ် အား ဆို ၏။
Et le roi d’Israël dit à Josaphat: Ne vous ai-je pas dit que cet homme ne me prophétise rien de bien, mais des choses qui sont mauvaises?
18 ၁၈ မိက္ခါကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ပါ။ ထာဝရဘုရား သည် ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူသည်ကို၎င်း၊ ကောင်းကင် ဗိုလ်ခြေ အပေါင်း တို့သည် လက်ျာ တော်ဘက်၊ လက်ဝဲ တော်ဘက် ၌ရပ် နေကြသည်ကို၎င်း ၊ ငါမြင် ပြီ။
Mais Michée: C’est pourquoi, dit-il, écoutez la parole du Seigneur: J’ai vu le Seigneur assis sur son trône, et toute l’armée du ciel se tenant près de lui, à droite et à gauche.
19 ၁၉ ထာဝရဘုရား ကလည်း ၊ အာဟပ် သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ၍ ဆုံး စေခြင်းငှါ ၊ အဘယ်သူ သွေးဆောင် မည်နည်းဟုမေး တော်မူလျှင်၊ အခြံအရံတော်တို့သည် တယောက် တနည်းစီပြန်လျှောက် ကြ၏။
Et le Seigneur a dit: Qui trompera Achab, roi d’Israël, afin qu’il monte et qu’il succombe à Ramoth-Galaad? Comme l’un disait d’une manière, et l’autre d’une autre,
20 ၂၀ တဖန် ဝိညာဉ် တပါးသည်လာ ၍ ထာဝရဘုရား ရှေ့ တော်၌ ရပ် လျက် ၊ အကျွန်ုပ် သွေးဆောင် ပါမည်ဟု လျှောက် လျှင်၊
L’esprit malin s’avança, et s’arrêta devant le Seigneur, et lui dit: C’est moi qui le tromperai. Et le Seigneur: En quoi, lui dit-il, le tromperas-tu?
21 ၂၁ ထာဝရဘုရား က၊ အဘယ်သို့ သွေးဆောင်မည်နည်း ဟုမေး တော်မူသော်၊ အကျွန်ုပ်သွား ၍ ထိုမင်းကြီး ၏ပရောဖက် အပေါင်း တို့အထဲ မှာ၊ မုသာစကား ကို ပြော တတ်သောစိတ်ဝိညာဉ် ဖြစ် ပါမည်ဟု ပြန်လျှောက် သော် သင်သည်သွေးဆောင် ၍ နိုင် လိမ့်မည်။ ထိုသို့ သွား ၍ ပြု လော့ဟု မိန့် တော်မူ၏။
Et celui-ci répondit: Je sortirai, et je serai un esprit menteur dans la bouche de tous ses prophètes. Et le Seigneur dit: Tu le tromperas, et tu prévaudras; sors, et fais ainsi.
22 ၂၂ သို့ဖြစ်၍ ထာဝရဘုရား သည် မုသာ စကားကို ပြောတတ်သောစိတ်ဝိညာဉ် ကို မင်းကြီး ၏ပရောဖက် အပေါင်းတို့၌ သွင်း တော်မူပြီ။ မင်းကြီး ၏အမှုမှာ အမင်္ဂလာ စကားကို ပြော တော်မူပြီဟု ဟော လေ၏။
Maintenant donc voilà que le Seigneur a mis un esprit de mensonge dans la bouche de tous vos prophètes, et le Seigneur a prononcé contre vous des malheurs.
23 ၂၃ ထိုအခါ ခေနာနာ သား ဇေဒကိ သည် ချဉ်းလာ ၍ မိက္ခါ ၏ပါး ကို ပုတ် လျက် ၊ ထာဝရဘုရား ၏ ဝိညာဉ် တော် သည် သင် နှင့်နှုတ်ဆက် ခြင်းငှါ ၊ အဘယ် လမ်း ဖြင့် ငါ မှ ထွက် တော်မူသနည်းဟုမေး လျှင်၊
Or Sédécias, fils de Chanaana, s’approcha, frappa la joue de Michée et dit: Par quelle voie, l’Esprit du Seigneur a-t-il passé de moi en toi pour te parler?
24 ၂၄ မိက္ခါ က၊ သင်သည်ပုန်းရှောင် ၍နေခြင်းငှါ ၊ အတွင်း ခန်း ထဲသို့ ဝင် သော နေ့ ၌ သင် မြင် လိမ့်မည်ဟု ဆို ၏။
Et Michée répondit: Vous le verrez vous-même, le jour que vous entrerez dans une chambre au sortir d’une chambre pour vous cacher.
25 ၂၅ ဣသရေလ ရှင်ဘုရင် က၊ မိက္ခါ ကို မြို့ ဝန်မင်း အာမုန် ထံ ၊ သား တော်ယောရှ ထံသို့ ယူသွား ၍၊
Alors le roi d’Israël ordonna, disant: Prenez Michée, et conduisez-le à Amon, prince de la ville, et à Joas, fils d’Amélech.
26 ၂၆ ဤ သူကို ထောင် ထဲမှာလှောင်ထား ကြ။ ငါ သည် ငြိမ်ဝပ် စွာပြန် ၍ မ လာမှီတိုင်အောင်၊ ဆင်းရဲ စွာ စားသောက် စေဟုအမိန့် တော်ရှိကြောင်းကို ဆင့်ဆို လော့ ဟု စီရင် ၏။
Et vous leur direz: Voici ce que dit le roi: Envoyez cet homme dans la prison, et donnez-lui un peu de pain et un peu d’eau, jusqu’à ce que je revienne en paix.
27 ၂၇ မိက္ခါ ကလည်း ၊ မင်းကြီးသည် ငြိမ်ဝပ် စွာ ပြန်လာ ရလျှင် ၊ ထာဝရဘုရား သည် ငါ့ အားဖြင့် မိန့် တော် မ မူ၊ အိုလူ များအပေါင်း တို့၊ နားထောင် ကြလော့ဟုဆို ၏။
Et Michée dit: Si vous revenez en paix, le Seigneur n’a point parlé par moi. Et il ajouta: Peuples, écoutez tous.
28 ၂၈ ထိုသို့ ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် ယောရှဖတ် တို့သည်၊ ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကြ၏။
Ainsi le roi d’Israël et Josaphat, roi de Juda, montèrent à Ramoth-Galaad.
29 ၂၉ ဣသရေလ ရှင်ဘုရင် က၊ ငါသည် ခြားနားသော အယောင် ကို ဆောင်၍စစ်ပွဲ ထဲသို့ ဝင် မည်။ မင်းကြီး မူကား ၊ မင်းမြောက်တန်ဆာ ကို ဝတ်ဆင် ပါလော့ဟု ယောရှဖတ် အား ဆို ပြီးမှ ၊ ဣသရေလ ရှင် ဘုရင်သည် ခြားနားသော အယောင် ကိုဆောင်လျက် စစ်ပွဲ ထဲသို့ ဝင် ၏။
Et le roi d’Israël dit à Josaphat: Je changerai d’habit, et c’est ainsi que j’irai au combat; mais, vous, revêtez-vous de vos vêtements. Ainsi, son habit changé, le roi d’Israël vint au combat.
30 ၃၀ ရှုရိ ရှင် ဘုရင်က၊ ဣသရေလ ရှင်ဘုရင် မှတပါး ၊ အခြားသော လူကြီး လူငယ် ကို မ တိုက် နှင့်ဟု ရထား စီး သူရဲ အုပ်ဗိုလ်မင်းတို့ကိုမှာ ထားနှင့် သောကြောင့်၊
Or le roi de Syrie ordonna aux chefs de sa cavalerie, disant: Ne combattez point contre le plus petit ou contre le plus grand, mais seulement contre le roi d’Israël.
31 ၃၁ ရထား စီးသူရဲ အုပ်ဗိုလ်မင်းတို့သည် ယောရှဖတ် ကိုမြင် သောအခါ ၊ ထိုသူသည် ဣသရေလ ရှင်ဘုရင် ဖြစ် လိမ့်မည်ဟုဆို လျက် ၊ သူ့ ကို တိုက် အံ့သောငှါ ဝိုင်းလာကြ ၍၊ ယောရှဖတ် လည်း ကြွေးကြော် လေ၏။ ထာဝရဘုရား လည်း မစ ၍ သူတို့ကိုလွှဲ သွားစေခြင်းငှါ ၊ ဘုရားသခင် သွေးဆောင် တော်မူ၏။
C’est pourquoi, lorsque les chefs de la cavalerie virent Josaphat, ils dirent: C’est le roi d’Israël. Et ils l’environnèrent en combattant; mais lui cria vers le Seigneur, et le Seigneur le secourut, et les écarta de lui;
32 ၃၂ ဣသရေလ ရှင်ဘုရင် မ ဟုတ် ကြောင်း ကို၊ ရထား စီးသူရဲ အုပ်ဗိုလ်မင်းတို့သည် ရိပ်မိ သောအခါ ၊ မလိုက်ဘဲ အခြားသို့ ရှောင် သွားကြ၏။
Car, comme les chefs de la cavalerie virent que ce n’était point le roi d’Israël, ils le laissèrent.
33 ၃၃ လူ တယောက်သည် မ ရွယ်ဘဲလေး နှင့်ပစ် ၍၊ ဣသရေလ ရှင်ဘုရင် ကို၊ သံချပ် အင်္ကျီအဆစ် ကြား မှာ မှန် လေသော်၊ ငါ့ ကိုစစ်ပွဲ ထဲက လှည့် ၍ ထုတ် ဆောင် လော့။ ငါနာ သည်ဟု မိမိရထား တော်ထိန်းကို ဆို ၏။
Or il arriva qu’un homme du peuple lança une flèche au hasard, et qu’il frappa le roi d’Israël entre le cou et les épaules; mais Achab dit au conducteur de son char: Tourne ta main, et tire-moi de la bataille, parce que je suis blessé.
34 ၃၄ ထို နေ့ ၌ တိုး ၍ တိုက် ကြ၏။ ဣသရေလ ရှင်ဘုရင် သည် ညဦးယံ တိုင်အောင် ၊ ရှုရိ လူတဘက် တချက်၌ ရထား တော်ထဲမှာ လူကိုမှီ ၍ထိုင်နေ၏။ နေဝင် ချိန် နီး သောအခါ အသက် တော်ကုန်၏။
Et la guerre fut terminée en ce jour-là. Or le roi d’Israël se tint sur son char en face des Syriens, jusqu’au soir, et il mourut au soleil couchant.

< ၂ ရာဇဝင်ချုပ် 18 >