< ၂ ရာဇဝင်ချုပ် 18 >
1 ၁ ယောရှဖတ် မင်းသည် ဂုဏ် အသရေနှင့် စည်းစိမ် ဥစ္စာများ ၍ ၊ အာဟပ် မင်းနှင့် အမျိုး ဆက်လေ၏။
Now Jehoshaphat was very wealthy and highly honored, and he made a marriage alliance with Ahab.
2 ၂ နောက်တဖန် ရှမာရိ မြို့၊ အာဟပ် မင်းထံသို့ ကိုယ်တိုင်သွား၍၊ ဣသရေလ ရှင်ဘုရင် အာဟပ် သည် ယုဒ ရှင်ဘုရင် ယောရှဖတ် နှင့် ၊ သူ၏လူ တို့အဘို့ များစွာ သော သိုး နွား တို့ကိုစီရင်၍၊ ဂိလဒ် ပြည်ရာမုတ်မြို့သို့ လိုက် စေခြင်းငှါ၊
Some years later he went to pay Ahab a visit in Samaria. Ahab sacrificed many sheep and cattle for him and the people who accompanied him, and encouraged him to attack Ramoth-gilead.
3 ၃ ဂိလဒ် ပြည်ရာမုတ်မြို့သို့ ငါ နှင့်အတူ လိုက် မည် လော ဟုမေး လျှင်၊ ယောရှဖတ်က၊ ငါ သည် မင်းကြီး ကဲ့သို့ ၎င်း ၊ ငါ လူ တို့သည် မင်းကြီး ၏လူ ကဲ့သို့ ၎င်းဖြစ်လျက်၊ မင်းကြီး နှင့် ဝိုင်း၍ စစ်တိုက် မည်ဟု ပြန်ပြော ၏။
Ahab, king of Israel, asked Jehoshaphat, king of Judah, “Would you go with me against Ramoth-gilead?” Jehoshaphat replied, “You and I are as one, and my men and your men are as one. We will join forces with you in this war.”
4 ၄ တဖန် ယောရှဖတ် က၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ယနေ့ မေးမြန်း ပါလော့ဟု ဣသရေလ ရှင်ဘုရင် အား ဆို သော်၊
Then Jehoshaphat said to the king of Israel, “But first though, please find out what the Lord says.”
5 ၅ ဣသရေလ ရှင် ဘုရင်သည် ပရောဖက် လေး ရာ တို့ကို စုဝေး စေပြီးလျှင် ၊ ငါသည်ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်း သလော။မချီဘဲနေကောင်း သလောဟုမေး သော် ၊ သူတို့က ချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး ၏လက် တော်သို့ အပ် တော်မူမည်ဟု လျှောက် ကြ၏။
So the king of Israel brought out the prophets—four hundred of them—and he asked them, “Should we go up and attack Ramoth-gilead, or should I not?” “Yes, go ahead,” they replied, “for God will hand it over to the king.”
6 ၆ ယောရှဖတ် ကလည်း၊ ငါတို့မေးမြန်း စရာ ထာဝရဘုရား ၏ ပရောဖက် တစုံတပါးမျှမရှိသလောဟု မေးသော်၊
But Jehoshaphat asked, “Isn't there another prophet of the Lord here that we can ask?”
7 ၇ ဣသရေလ ရှင် ဘုရင်က၊ ထာဝရဘုရား ကို မေးမြန်း ရသောသူ တယောက် ၊ ဣမလ သား မိက္ခါ ရှိသေး၏။ သို့ရာတွင်။ထိုသူ ကိုငါ မုန်း ၏။ ငါ ၌ မင်္ဂလာ စကားကိုမ ဟော ၊ အမင်္ဂလာ စကားကိုသာ အစဉ် ဟောတတ်သည်ဟု ယောရှဖတ် အား ဆို လျှင် ၊ ယောရှဖတ် က၊ ထိုသို့မင်းကြီး မ ပြော ပါနှင့်ဟု ပြန်ဆို ၏။
“Yes, there's another man who could consult the Lord,” the king of Israel replied, “but I don't like him because he never prophesies anything good for me—it's always bad! His name is Micaiah, son of Imlah.” “You shouldn't talk like that,” said Jehoshaphat.
8 ၈ ထိုအခါ ဣသရေလ ရှင် ဘုရင်သည် အရာရှိ တယောက် ကို ခေါ် ၍ ၊ ဣမလ သား မိက္ခါ ကို အလျင်အမြန် ခေါ်ခဲ့ဟု မိန့် တော်မူ၏။
The king of Israel called over one of his officials and told him, “Bring me Micaiah, son of Imlah, right away.”
9 ၉ ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် ယောရှဖတ် တို့သည် မင်းမြောက် တန်ဆာကို ဝတ်ဆင် လျက် ၊ ရှမာရိ မြို့တံခါးဝ ရှေ့၊ ဟင်းလင်း သောအရပ်၌ ရာဇ ပလ္လင် တို့အပေါ် မှာ ထိုင် ၍ ၊ ပရောဖက် အပေါင်း တို့သည် ရှေ့ တော်၌ ဟောပြော ကြ၏။
Dressed in their royal robes, the king of Israel and King Jehoshaphat of Judah, were sitting on their thrones at the threshing floor beside the gate of Samaria, with all of the prophets prophesying in front of them.
10 ၁၀ ခေနာနာ သား ဇေဒကိ သည် သံ ဦးချို တို့ကို လုပ် ၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကိုယ်တော်သည် ရှုရိ ပြည်ကို မ ဖျက်ဆီး မှီတိုင်အောင်၊ ဤဦးချိုတို့နှင့် တိုးရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
One of them, Zedekiah, son of Chenaanah, had made himself iron horns. He announced, “This is what the Lord says: ‘With these horns you will gore the Arameans until they're dead!”
11 ၁၁ ပရောဖက် အပေါင်း တို့ကလည်း ၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ ၍ အောင် တော်မူပါ၊ ထာဝရဘုရား သည် အရှင်မင်းကြီး ၏လက် တော်သို့ အပ် တော်မူ မည်ဟု ပရောဖက် ပြု၍ ဟောကြ၏။
All the prophets were prophesying the same thing, saying, “Go ahead, attack Ramoth-gilead; you will be successful, for the Lord will hand it over to the king.”
12 ၁၂ မိက္ခါ ကို ခေါ် သောတမန် က၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာ စကား ကိုသာ ရှင်ဘုရင် အား တညီတညွတ် တည်းဟော ကြ၏။ ကိုယ်တော် လည်း သူ တို့ဟော ကြသည်နည်းတူ ၊ မင်္ဂလာ စကားကိုသာ ဟော တော်မူပါဟုဆိုလျှင်၊
The messenger who went to call Micaiah told him, “Look, all the prophets are unanimous in prophesying positively to the king. So please make sure to speak positively like them.”
13 ၁၃ မိက္ခါ က၊ ထာဝရဘုရား အသက်ရှင် တော်မူသည် အတိုင်း၊ ငါ ၏ဘုရားသခင် မိန့် တော်မူသော စကားကိုသာ ငါပြန်ပြော ရမည်ဟုဆို ၏။
But Micaiah replied, “As the Lord lives, I can only say what my God tells me.”
14 ၁၄ ရှင်ဘုရင် ထံသို့ ရောက် သောအခါ ၊ ရှင် ဘုရင်က၊ အချင်းမိက္ခါ ၊ ငါတို့သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်း သလော။မချီဘဲနေကောင်း သလောဟုမေး လျှင် ၊ မိက္ခါကစစ်ချီ ၍ အောင် တော်မူပါ။ ရန်သူတို့ကို လက် တော်သို့ အပ် တော်မူမည်ဟု ပြန်လျှောက် ၏။
When he came before the king, the king asked him, “Should we go up and attack Ramoth-gilead, or should I not?” “Yes, go ahead and be victorious,” Micaiah replied, “for they will be handed over to the king.”
15 ၁၅ ရှင်ဘုရင် ကလည်း ၊ မှန် သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရား အခွင့် နှင့် သင်သည် ငါ့ အား မ ဟော မည်အကြောင်း ၊ ငါ သည်ဘယ်နှစ်ကြိမ် တိုင်အောင် သင့် အား အကျိန် ပေးရမည်နည်းဟုမေး သော်၊
But the king said to him, “How many times must I make you swear to tell me only the truth in the name of the Lord?”
16 ၁၆ မိက္ခါက၊ ဣသရေလ အမျိုးသားအပေါင်း တို့ သည် သိုးထိန်း မ ရှိသော သိုး ကဲ့သို့ တောင် များအပေါ် မှာ အရပ်ရပ်ကွဲပြား လျက်ရှိကြသည်ကို ငါမြင် ပြီ။ ထာဝရဘုရား ကလည်း ၊ ဤ သူအပေါင်းတို့သည် အရှင် မ ရှိသောကြောင့်၊ အသီးအသီး ကိုယ် နေရာ သို့ ပြန် ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။
So Micaiah answered, “I saw all Israel scattered on the mountains like sheep without a shepherd. The Lord said, ‘These people have no master; let each of them go home in peace.’”
17 ၁၇ ဣသရေလ ရှင်ဘုရင် ကလည်း ၊ သူသည်ငါ ၌ မင်္ဂလာ စကားကိုမ ဟော ၊ အမင်္ဂလာ စကားကိုသာ ဟောတတ်သည်ဟုမင်းကြီး အား ငါမ ပြော သလော ဟု ယောရှဖတ် အား ဆို ၏။
The king of Israel said to Jehoshaphat, “Didn't I tell you he never prophesies anything good for me, only bad?”
18 ၁၈ မိက္ခါကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ပါ။ ထာဝရဘုရား သည် ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူသည်ကို၎င်း၊ ကောင်းကင် ဗိုလ်ခြေ အပေါင်း တို့သည် လက်ျာ တော်ဘက်၊ လက်ဝဲ တော်ဘက် ၌ရပ် နေကြသည်ကို၎င်း ၊ ငါမြင် ပြီ။
Micaiah went on to say, “So listen to what the Lord says. I saw the Lord sitting on his throne, surrounded by the whole army of heaven standing to his right and to his left.
19 ၁၉ ထာဝရဘုရား ကလည်း ၊ အာဟပ် သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ၍ ဆုံး စေခြင်းငှါ ၊ အဘယ်သူ သွေးဆောင် မည်နည်းဟုမေး တော်မူလျှင်၊ အခြံအရံတော်တို့သည် တယောက် တနည်းစီပြန်လျှောက် ကြ၏။
The Lord asked, ‘Who will trick Ahab, king of Israel, into attacking Ramoth-gilead so he will be killed there?’ One said this, another said that, and another said something else.
20 ၂၀ တဖန် ဝိညာဉ် တပါးသည်လာ ၍ ထာဝရဘုရား ရှေ့ တော်၌ ရပ် လျက် ၊ အကျွန်ုပ် သွေးဆောင် ပါမည်ဟု လျှောက် လျှင်၊
Finally a spirit came and approached the Lord and said, ‘I will trick him.’ ‘How are you going to do that?’ the Lord asked.
21 ၂၁ ထာဝရဘုရား က၊ အဘယ်သို့ သွေးဆောင်မည်နည်း ဟုမေး တော်မူသော်၊ အကျွန်ုပ်သွား ၍ ထိုမင်းကြီး ၏ပရောဖက် အပေါင်း တို့အထဲ မှာ၊ မုသာစကား ကို ပြော တတ်သောစိတ်ဝိညာဉ် ဖြစ် ပါမည်ဟု ပြန်လျှောက် သော် သင်သည်သွေးဆောင် ၍ နိုင် လိမ့်မည်။ ထိုသို့ သွား ၍ ပြု လော့ဟု မိန့် တော်မူ၏။
‘I will go and be a lying spirit and make all his prophets tell lies,’ the spirit replied. ‘That will work,’ the Lord responded. ‘Go and do it.’
22 ၂၂ သို့ဖြစ်၍ ထာဝရဘုရား သည် မုသာ စကားကို ပြောတတ်သောစိတ်ဝိညာဉ် ကို မင်းကြီး ၏ပရောဖက် အပေါင်းတို့၌ သွင်း တော်မူပြီ။ မင်းကြီး ၏အမှုမှာ အမင်္ဂလာ စကားကို ပြော တော်မူပြီဟု ဟော လေ၏။
As you see, the Lord has put a lying spirit into these prophets of yours, and the Lord has pronounced your death sentence.”
23 ၂၃ ထိုအခါ ခေနာနာ သား ဇေဒကိ သည် ချဉ်းလာ ၍ မိက္ခါ ၏ပါး ကို ပုတ် လျက် ၊ ထာဝရဘုရား ၏ ဝိညာဉ် တော် သည် သင် နှင့်နှုတ်ဆက် ခြင်းငှါ ၊ အဘယ် လမ်း ဖြင့် ငါ မှ ထွက် တော်မူသနည်းဟုမေး လျှင်၊
Then Zedekiah, son of Chenaanah, went and slapped Micaiah in the face, and demanded, “Which way did the Spirit of the Lord go when he left me to speak to you?”
24 ၂၄ မိက္ခါ က၊ သင်သည်ပုန်းရှောင် ၍နေခြင်းငှါ ၊ အတွင်း ခန်း ထဲသို့ ဝင် သော နေ့ ၌ သင် မြင် လိမ့်မည်ဟု ဆို ၏။
“You'll soon find out when you try and find some secret place to hide!” Micaiah replied.
25 ၂၅ ဣသရေလ ရှင်ဘုရင် က၊ မိက္ခါ ကို မြို့ ဝန်မင်း အာမုန် ထံ ၊ သား တော်ယောရှ ထံသို့ ယူသွား ၍၊
The king of Israel ordered, “Place Micaiah under arrest and take him back to Amon the governor of the city and to my son Joash.
26 ၂၆ ဤ သူကို ထောင် ထဲမှာလှောင်ထား ကြ။ ငါ သည် ငြိမ်ဝပ် စွာပြန် ၍ မ လာမှီတိုင်အောင်၊ ဆင်းရဲ စွာ စားသောက် စေဟုအမိန့် တော်ရှိကြောင်းကို ဆင့်ဆို လော့ ဟု စီရင် ၏။
Tell them these are the king's instructions: ‘Put this man in jail. Give him only bread and water until my safe return.’”
27 ၂၇ မိက္ခါ ကလည်း ၊ မင်းကြီးသည် ငြိမ်ဝပ် စွာ ပြန်လာ ရလျှင် ၊ ထာဝရဘုရား သည် ငါ့ အားဖြင့် မိန့် တော် မ မူ၊ အိုလူ များအပေါင်း တို့၊ နားထောင် ကြလော့ဟုဆို ၏။
“If you do in fact return safely then the Lord has not spoken through me,” Micaiah declared. “Pay attention everyone to all I've said!”
28 ၂၈ ထိုသို့ ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် ယောရှဖတ် တို့သည်၊ ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကြ၏။
The king of Israel and Jehoshaphat, king of Judah, went to attack Ramoth-gilead.
29 ၂၉ ဣသရေလ ရှင်ဘုရင် က၊ ငါသည် ခြားနားသော အယောင် ကို ဆောင်၍စစ်ပွဲ ထဲသို့ ဝင် မည်။ မင်းကြီး မူကား ၊ မင်းမြောက်တန်ဆာ ကို ဝတ်ဆင် ပါလော့ဟု ယောရှဖတ် အား ဆို ပြီးမှ ၊ ဣသရေလ ရှင် ဘုရင်သည် ခြားနားသော အယောင် ကိုဆောင်လျက် စစ်ပွဲ ထဲသို့ ဝင် ၏။
The king of Israel told Jehoshaphat, “When I go into battle I will be in disguise, but you should wear your royal robes.” So the king of Israel disguised himself and went into battle.
30 ၃၀ ရှုရိ ရှင် ဘုရင်က၊ ဣသရေလ ရှင်ဘုရင် မှတပါး ၊ အခြားသော လူကြီး လူငယ် ကို မ တိုက် နှင့်ဟု ရထား စီး သူရဲ အုပ်ဗိုလ်မင်းတို့ကိုမှာ ထားနှင့် သောကြောင့်၊
The king of Aram had already given these orders to his chariot commanders: “Head straight for the king of Israel alone. Don't fight with anyone else, whoever they are.”
31 ၃၁ ရထား စီးသူရဲ အုပ်ဗိုလ်မင်းတို့သည် ယောရှဖတ် ကိုမြင် သောအခါ ၊ ထိုသူသည် ဣသရေလ ရှင်ဘုရင် ဖြစ် လိမ့်မည်ဟုဆို လျက် ၊ သူ့ ကို တိုက် အံ့သောငှါ ဝိုင်းလာကြ ၍၊ ယောရှဖတ် လည်း ကြွေးကြော် လေ၏။ ထာဝရဘုရား လည်း မစ ၍ သူတို့ကိုလွှဲ သွားစေခြင်းငှါ ၊ ဘုရားသခင် သွေးဆောင် တော်မူ၏။
So when the chariot commanders saw Jehoshaphat, they shouted, “There's the king of Israel!” So they turned to attack him, but Jehoshaphat called out for help, and the Lord did help him. God redirected them away from him,
32 ၃၂ ဣသရေလ ရှင်ဘုရင် မ ဟုတ် ကြောင်း ကို၊ ရထား စီးသူရဲ အုပ်ဗိုလ်မင်းတို့သည် ရိပ်မိ သောအခါ ၊ မလိုက်ဘဲ အခြားသို့ ရှောင် သွားကြ၏။
for when the chariot commanders realized that he wasn't the king of Israel, they stopped chasing him.
33 ၃၃ လူ တယောက်သည် မ ရွယ်ဘဲလေး နှင့်ပစ် ၍၊ ဣသရေလ ရှင်ဘုရင် ကို၊ သံချပ် အင်္ကျီအဆစ် ကြား မှာ မှန် လေသော်၊ ငါ့ ကိုစစ်ပွဲ ထဲက လှည့် ၍ ထုတ် ဆောင် လော့။ ငါနာ သည်ဟု မိမိရထား တော်ထိန်းကို ဆို ၏။
However, an enemy archer shot an arrow at random, hitting the king of Israel between the joints of his armor by his breastplate. The king told his charioteer, “Turn around and get me out of the fight, because I've been wounded!”
34 ၃၄ ထို နေ့ ၌ တိုး ၍ တိုက် ကြ၏။ ဣသရေလ ရှင်ဘုရင် သည် ညဦးယံ တိုင်အောင် ၊ ရှုရိ လူတဘက် တချက်၌ ရထား တော်ထဲမှာ လူကိုမှီ ၍ထိုင်နေ၏။ နေဝင် ချိန် နီး သောအခါ အသက် တော်ကုန်၏။
The battle lasted all day. The king of Israel propped himself up in his chariot to face the Arameans until the evening. But he died at sunset.