< ၂ ရာဇဝင်ချုပ် 17 >

1 အာသ သား ယောရှဖတ် သည် ခမည်းတော် အရာ ၌ နန်းထိုင် ၍ ၊ ဣသရေလ နိုင်ငံတစ်ဘက် မိမိကို ခိုင်ခံ့ စေ၏။
အာသသားယောရှဖတ်သည် ခမည်းတော် အရာ၌ နန်းထိုင်၍၊ ဣသရေလနိုင်ငံတဘက် မိမိကို ခိုင်ခံ့စေ၏။
2 ယုဒ ပြည်တွင်၊ ခိုင်ခံ့ သောမြို့ ရှိသမျှ တို့၌ ၊ တပ် သားများကိုထား ၏။ ယုဒ ပြည် အရပ်ရပ်တို့၌ ၎င်း ၊ ဧဖရိမ် ပြည်မှာ ခမည်းတော် အာသ တိုက် ယူ သော မြို့ တို့၌ ၎င်း ၊ မြို့ စောင့်တပ်ကို အသီးအသီးခန့်ထား ၏။
ယုဒပြည်တွင်၊ ခိုင်ခံ့သောမြို့ရှိသမျှတို့၌၊ တပ် သားများကိုထား၏။ ယုဒပြည်အရပ်ရပ်တို့၌၎င်း၊ ဧဖရိမ် ပြည်မှာ ခမည်းတော် အာသတိုက်ယူ သော မြို့တို့၌၎င်း၊ မြို့စောင့်တပ်ကို အသီးအသီးခန့်ထား၏။
3
ခမည်းတော်သည် အရင်လိုက်သောလမ်းသို့၊ ယောရှဖတ်လိုက်လျက်၊
4 ခမည်းတော် သည် အရင် လိုက်သောလမ်း သို့ ၊ ယောရှဖတ် လိုက် လျက် ၊ ဗာလ ဘုရားတို့ကို မ ဆည်းကပ် ၊ ခမည်းတော် ၏ဘုရားသခင် ကိုသာဆည်းကပ် သဖြင့်၊ ဣသရေလ အမျိုး၏ထုံးစံ ကိုရှောင်၍၊ ပညတ်တရား တော်ကို ကျင့် သောကြောင့် ၊ ထာဝရဘုရား သည်စောင့်မ ၍၊
ဗာလဘုရားတို့ကို မဆည်းကပ်၊ ခမည်းတော်၏ ဘုရားသခင်ကိုသာ ဆည်းကပ်သဖြင့်၊ ဣသရေလအမျိုး ၏ ထုံးစံကိုရှောင်၍၊ ပညတ်တရားတော်ကို ကျင့်သော ကြောင့်၊ ထာဝရဘုရားသည် စောင့်မ၍၊
5 နိုင်ငံ တော်ကိုယောရှဖတ် လက် ၌ တည်စေ တော်မူသဖြင့် ၊ ယုဒ ပြည်သားအပေါင်း တို့သည် လက်ဆောင် များကို ဆောင် ခဲ့ကြ၏။
နိုင်ငံတော်ကိုယောရှဖတ်လက်၌ တည်စေတော် မူသဖြင့်၊ ယုဒပြည်သားအပေါင်းတို့သည် လက်ဆောင် များကို ဆောင်ခဲ့ကြ၏။
6 ဂုဏ် အသရေနှင့် စည်းစိမ် ဥစ္စာများ သော်လည်း ၊ ထာဝရဘုရား ၏ တရားလမ်း တို့၌ စိတ် စွဲလမ်း ၍ ၊ မြင့် သောအရပ်နှင့် အာရှရ ပင်တို့ကို ယုဒ ပြည်မှ ပယ်ရှား တော်မူ၏။
ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာများသော်လည်း၊ ထာဝရဘုရား၏ တရားလမ်းတို့၌ စိတ်စွဲလမ်း၍၊ မြင့် သောအရပ်နှင့် အာရှရပင်တို့ကို ယုဒပြည်မှ ပယ်ရှား တော်မူ၏။
7 နန်းစံ သုံး နှစ် တွင် ၊ ယုဒ မြို့ အရပ်ရပ် ၌ သွန်သင် စေခြင်းငှါ ၊ မှူးမတ် ဗင်ဟဲလ ၊ ဩဗဒိ ၊ ဇာခရိ ၊ နာသနေလ ၊ မိက္ခါယ တို့ကို၎င်း၊
နန်းစံသုံးနှစ်တွင်၊ ယုဒမြို့ အရပ်ရပ်၌ သွန်သင် စေခြင်းငှါ၊ မှူးမတ် ဗင်ဟဲလ၊ ဩဗဒိ၊ ဇာခရိ၊ နာသနေလ၊ မိက္ခာယတို့ကို၎င်း၊
8 လေဝိ သားရှေမာယ ၊ နေသနိ ၊ ဇေဗဒိ ၊ အာသဟေလ ၊ ရှေမိရမုတ် ၊ ယောနသန် ၊ အဒေါနိယ ၊ တောဘိယ ၊ တောဘ ၊ ဒေါနိယတို့ကို၎င်း၊ ယဇ်ပုရောဟိတ် ဧလိရှမာ နှင့် ယောရံ ကို၎င်း ၊ စေလွှတ် တော်မူ၏။
လေဝိသားရှေမာယ၊ နေသနိ၊ ဇေဗဒိ၊ အာသ ဟေလ၊ ရှေမိရမုတ်၊ ယောနသန်၊ အဒေါနိယ၊ တောဘိယ၊ တောဘ၊ ဒေါနိယတို့ကို၎င်း၊ ယဇ်ပုရောဟိတ်ဧလိ ရှမာနှင့် ယောရံကို၎င်း၊ စေလွှတ်တော်မူ၏။
9 ထိုသူတို့သည် ယုဒ ပြည်၌ ဩဝါဒ ပေး၍ ၊ ထာဝရဘုရား ၏ ပညတ္တိ ကျမ်းပါလျက် ၊ ယုဒ မြို့ အရပ်ရပ် တို့တွင် ၊ လှည့်လည် သဖြင့် ၊ ပြည်သား တို့ကို သွန်သင် ကြ၏။
ထိုသူတို့သည် ယုဒပြည်၌ဩဝါဒပေး၍၊ ထာဝရ ဘုရား၏ ပညတ္တိကျမ်းပါလျက်၊ ယုဒမြို့အရပ်ရပ်တို့တွင်၊ လှည့်လည်သဖြင့်၊ ပြည်သားတို့ကို သွန်သင်ကြ၏။
10 ၁၀ ယုဒ ပြည် ပတ်ဝန်းကျင် တိုင်း နိုင်ငံရှိသမျှ တို့ သည်၊ ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ၊ ယောရှဖတ် ကို စစ် မ တိုက်ဝံ့ဘဲ နေကြ၏။
၁၀ယုဒပြည် ပတ်ဝန်းကျင်တိုင်းနိုင်ငံရှိသမျှတို့ သည်၊ ထာဝရဘုရားကို ကြောက်ရွံ့၍၊ ယောရှဖတ်ကို စစ်မတိုက်ဝံ့ဘဲ နေကြ၏။
11 ၁၁ ဖိလိတ္တိ လူတို့သည် လက်ဆောင် နှင့် အခွန် ငွေကို၎င်း ၊ အာရပ် လူတို့သည် သိုး ခုနစ် ထောင် ခုနစ် ရာ နှင့် ဆိတ် ခုနစ် ထောင် ခုနစ် ရာ ကို၎င်း ဆောင် ခဲ့ကြ၏။
၁၁ဖိလိတ္တိလူတို့သည် လက်ဆောင်နှင့် အခွန်ငွေကို၎င်း၊ အာရပ်လူတို့သည် သိုးခုနစ်ထောင်ခုနစ်ရာနှင့် ဆိတ်ခုနစ်ထောင်ခုနစ်ရာကို၎င်း ဆောင်ခဲ့ကြ၏။
12 ၁၂ ယောရှဖတ် သည် အလွန် ခွန်အား တိုးပွား၍ ၊ ယုဒ ပြည်၌ ရဲတိုက် နှင့် ဘဏ္ဍာ တော်မြို့ တို့ကို တည် တော်မူ ၏။
၁၂ယောရှဖတ်သည် အလွန်ခွန်အားတိုးပွား၍၊ ယုဒပြည်၌ရဲတိုက်နှင့် ဘဏ္ဍာတော်မြို့တို့ကို တည်တော် မူ၏။
13 ၁၃ ယုဒ မြို့ တို့၌ အမှု အရေးတော်များ ၏။ ခွန်အား ကြီး သော စစ်သူရဲ တို့သည် ယေရုရှလင် မြို့၌ ရှိ ကြ၏။
၁၃ယုဒမြို့တို့၌ အမှုအရေးတော်များ၏။ ခွန်အား ကြီးသော စစ်သူရဲတို့သည် ယေရုရှလင်မြို့၌ ရှိကြ၏။
14 ၁၄ စစ်သူရဲအဆွေအမျိုး အလိုက် ယူသော စာရင်း ဟူမူကား ၊ ယုဒ အမျိုး ဗိုလ်ချုပ် မင်းအာဒန နှင့် ခွန်အား ကြီး သော စစ်သူရဲ သုံး သိန်း၊
၁၄စစ်သူရဲအဆွေအမျိုး အလိုက်ယူသော စာရင်း ဟူမူကား၊ ယုဒအမျိုး ဗိုလ်ချုပ်မင်းအာဒနနှင့် ခွန်အား ကြီးသော စစ်သူရဲသုံးသိန်း၊
15 ၁၅ စစ်ကဲ ယောဟနန် နှင့်ခွန်အားကြီးသော စစ်သူရဲနှစ် သိန်းရှစ်သောင်း၊
၁၅စစ်ကဲယောဟနန်နှင့်ခွန်အားကြီးသော စစ်သူရဲ နှစ်သိန်းရှစ်သောင်း၊
16 ၁၆ စေတနာစိတ်နှင့်ကိုယ်ကိုထာဝရဘုရား အား ပူဇော် သော ဇိခရိ သား အာမသိ နှင့် ခွန်အား ကြီးသော စစ်သူရဲနှစ် သိန်း၊
၁၆စေတနာစိတ်နှင့်ကိုယ်ကို ထာဝရဘုရားအား ပူဇော်သော ဇိခရိသားအာမသိနှင့် ခွန်အားကြီးသော စစ်သူရဲနှစ်သိန်း၊
17 ၁၇ ဗင်္ယာမိန် အမျိုး ခွန်အား ကြီးသော ဧလျာဒ နှင့် လေး ၊ ဒိုင်း လွှားကို ကိုင် သောသူနှစ် သိန်း၊
၁၇ဗင်္ယာမိန်အမျိုး ခွန်အားကြီးသော ဧလျာဒနှင့် လေး၊ ဒိုင်းလွှားကို ကိုင်သောသူနှစ်သိန်း၊
18 ၁၈ သူ့ နောက် ယောဇဗဒ် နှင့် စစ်တိုက်ခြင်းငှါ၊ အသင့် ရှိသောသူတသိန်း ရှစ်သောင်းတည်း။
၁၈သူ့နောက်ယောဇဗဒ်နှင့် စစ်တိုက်ခြင်းငှါ၊ အသင့် ရှိသောသူ တသိန်းရှစ်သောင်းတည်း။
19 ၁၉ ယုဒ ပြည်အရပ်ရပ် ၊ ခိုင်ခံ့ သောမြို့ တို့၌ ရှင်ဘုရင် ထား သော သူရဲမှတပါး၊ အထက်ဆိုခဲ့ပြီးသောသူတို့ သည် အမှုတော်ကို ထမ်းလျက်နေကြ၏။
၁၉ယုဒပြည်အရပ်ရပ်၊ ခိုင်ခံ့သောမြို့တို့၌ ရှင်ဘုရင် ထားသောသူရဲမှတပါး၊ အထက်ဆိုခဲ့ပြီးသော သူတို့သည် အမှုတော်ကို ထမ်းလျက်နေကြ၏။

< ၂ ရာဇဝင်ချုပ် 17 >