< ၂ ရာဇဝင်ချုပ် 16 >

1 အာသ မင်းနန်းစံ သုံးဆယ် ခြောက် နှစ် တွင် ၊ ဣသရေလ ရှင်ဘုရင် ဗာရှာ သည် ယုဒ ပြည်သို့ စစ်ချီ ၍ ၊ ယုဒ ရှင်ဘုရင် အာသ ထံ သို့ အဘယ်သူ မျှမထွက်မဝင်စေခြင်းငှါ၊ ရာမ မြို့ကိုတည် ၏။
In the six and thirtieth year of the reign of Asa, Baasha king of Israel went up against Judah, and built Ramah, that he might not allow anyone to go out or come in to Asa king of Judah.
2 ထိုအခါ ဗိမာန် တော် ဘဏ္ဍာ နှင့် နန်းတော်ဘဏ္ဍာတည်းဟူသောရွှေ ငွေ ရှိသမျှကို၊ အာသ သည် ထုတ် ၍၊ ဒမာသက် မြို့၌ နေ သော ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် ထံသို့ ပေး လိုက်၍၊
Then Asa brought out silver and gold out of the treasures of the house of Jehovah and of the king's house, and sent to Ben Hadad king of Aram, who lived at Damascus, saying,
3 ငါ သည်သင် နှင့် ၎င်း၊ ငါ့ ခမည်းတော် သည် သင့် ခမည်းတော် နှင့် ၎င်း၊ မိဿဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေ ငွေ ကို ငါပေး လိုက်၏။ ဣသရေလ ရှင်ဘုရင် ဗာရှာ သည် ငါ့ ထံမှ ထွက် သွားစေခြင်းငှါ ၊ သူနှင့်ဖွဲ့သော မိဿဟာယကို ဖျက်၍လာ ပါဟု မှာလိုက်လေ၏။
"Let there be a treaty between me and you, as there was between my father and your father. Look, I have sent you silver and gold. Go, break your treaty with Baasha king of Israel, that he may depart from me."
4 အာသ မင်းကြီး ၏ စကားကို ဗင်္ဟာဒဒ် သည် နားထောင် ၍ ၊ ဣသရေလ မြို့ ရွာတို့ကို စစ်ချီ စေခြင်းငှါ ၊ မိမိ ဗိုလ် များကို စေလွှတ် သဖြင့် ၊ သူတို့သည်ဣယုန် မြို့၊ ဒန် မြို့၊ အာဗေလမိမ် မြို့မှစ၍ ၊ နဿလိ ပြည်၌ရှိသမျှ သော ဘဏ္ဍာ မြို့ တို့ကို လုပ်ကြံ ကြ၏။
Ben Hadad listened to king Asa, and sent the captains of his armies against the cities of Israel; and they struck Ijon, and Dan, and Abel Maim, and all the storage cities of Naphtali.
5 ထိုသိတင်းကို ဗာရှာ သည်ကြား သောအခါ ၊ ရာမ မြို့ကို လက်စမသတ်ဘဲ အလုပ် ကိုဖြတ် ၍နေ၏။
It happened, when Baasha heard of it, that he left off building Ramah, and let his work cease.
6 ထိုအခါ အာသ မင်းကြီး သည် ယုဒ လူအပေါင်း ကို ခေါ် သဖြင့် ၊ ရာမ မြို့၌ ဗာရှာ မင်းသွင်း သော ကျောက် နှင့် သစ်သား ကိုယူ သွား၍၊ ဂေဘ မြို့နှင့် မိဇပါ မြို့ကိုတည် ၏။
Then Asa the king took all Judah; and they carried away the stones of Ramah, and its timber, with which Baasha had built; and he built therewith Geba and Mizpah.
7 ထိုအခါ ပရောဖက် ဟာနန် သည် ယုဒ ရှင်ဘုရင် အာသ ထံ သို့လာ ၍ ၊ မင်းကြီးသည် မိမိ ဘုရားသခင် ထာဝရဘုရား ကို မ ခိုလှုံ ၊ ရှုရိ ရှင်ဘုရင် ကို ခိုလှုံ သောကြောင့် ၊ ရှုရိ ရှင် ဘုရင်၏ ဗိုလ်ခြေ တို့သည် မင်းကြီး လက် မှ လွတ် သွားကြပြီ။
At that time Hanani the seer came to Asa king of Judah, and said to him, "Because you have relied on the king of Aram, and have not relied on Jehovah your God, therefore is the army of the king of Aram escaped out of your hand.
8 ကုရှ လူနှင့် လိဗု လူတို့သည် ရထား များ၊ မြင်းစီး သူရဲများနှင့်တကွ ၊ အားကြီး သော အလုံး အရင်းဖြစ် သည် မ ဟုတ်လော။သို့သော်လည်းမင်းကြီးသည် ထာဝရဘုရား ကို ခိုလှုံ သောကြောင့် ၊ ထိုအလုံးအရင်းကို မင်းကြီးလက် သို့ အပ်နှံ တော်မူပြီ။
Weren't the Ethiopians and the Lubim a huge army, with chariots and horsemen exceeding many? Yet, because you relied on Jehovah, he delivered them into your hand.
9 ထာဝရဘုရား သည် စုံလင် သော စေတနာစိတ် ရှိသောသူ တို့ဘက် ၌၊ ခိုင်ခံ့ စွာ နေခြင်းငှါ ၊ မြေကြီး တပြင်လုံး ကို အနှံ့အပြား ကြည့်ရှု လျက် ရှိတော်မူ၏။ ဤ အမှု၌ မင်းကြီးသည် မိုက် စွာပြုပြီ။ ယခု မှစ၍ စစ်မှု ရှိ လိမ့်မည်ဟု ဆို၏။
For the eyes of Jehovah run back and forth throughout the whole earth, to show himself strong in the behalf of them whose heart is perfect toward him. Herein you have done foolishly; for from now on you shall have wars."
10 ၁၀ ထိုသို့ဆိုသောကြောင့် ၊ အာသ သည် ပရောဖက် ကို အမျက် ထွက်၍ ထောင် ထဲမှာ လှောင် ထား၏။ ထို ကာလ ၌ ပြည်သူ ပြည်သားအချို့တို့ကိုလည်း ညှဉ်းဆဲ ၏။
Then Asa was angry with the seer, and put him in the prison; for he was in a rage with him because of this thing. Asa oppressed some of the people at the same time.
11 ၁၁ အာသ မင်းပြုမူသော အမှု အရာအစ အဆုံး တို့ သည်၊ ဣသရေလ ရာဇဝင် နှင့် ယုဒ ရာဇဝင်၌ ရေးထား လျက်ရှိ၏။
Look, the acts of Asa, first and last, look, they are written in the book of the kings of Judah and Israel.
12 ၁၂ နန်းစံ သုံးဆယ် ကိုး နှစ် တွင် ၊ ခြေ တော်၌ အနာ ရောဂါစွဲ ၍ ပြင်းစွာ ခံရသော်လည်း ၊ ထာဝရဘုရား ကို မ ဆည်းကပ် ၊ ဆေး သမားတို့ကိုသာ ဆည်းကပ်လေ၏။
In the thirty-ninth year of his reign Asa was diseased in his feet; his disease was exceeding great: yet in his disease he did not seek Jehovah, but to the physicians.
13 ၁၃ အာသ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ နန်းစံ လေးဆယ် တ နှစ် တွင် အနိစ္စ ရောက်သဖြင့်၊
Asa slept with his fathers, and died in the one and fortieth year of his reign.
14 ၁၄ ဒါဝိဒ် မြို့ မှာ မိမိ အဘို့ မိမိ လုပ် နှင့်သော သင်္ချိုင်း ၌ ၊ ပြည်သားတို့သည် သင်္ဂြိုဟ် သောအခါ ၊ မွှေးကြိုင်သော နံ့သာမျိုးတို့ကို၊ ဆေးသမား အတတ်ဖြင့် ဘော် ၍ ၊ တလား၌ အပြည့်ထည့်ပြီးလျှင်၊ အလောင်း တော်ကို တင် ထားကြ၏။ အလွန် ကြီး သောမီးရှို့ ပွဲကိုလည်း ခံ ကြ၏။
They buried him in his own tomb that he had dug out in the City of David, and laid him in the bed which was filled with spices and various kinds of sweet-scented herbs prepared by the perfumers' art, and they made a very great fire for him.

< ၂ ရာဇဝင်ချုပ် 16 >