< ၂ ရာဇဝင်ချုပ် 16 >
1 ၁ အာသ မင်းနန်းစံ သုံးဆယ် ခြောက် နှစ် တွင် ၊ ဣသရေလ ရှင်ဘုရင် ဗာရှာ သည် ယုဒ ပြည်သို့ စစ်ချီ ၍ ၊ ယုဒ ရှင်ဘုရင် အာသ ထံ သို့ အဘယ်သူ မျှမထွက်မဝင်စေခြင်းငှါ၊ ရာမ မြို့ကိုတည် ၏။
2 ၂ ထိုအခါ ဗိမာန် တော် ဘဏ္ဍာ နှင့် နန်းတော်ဘဏ္ဍာတည်းဟူသောရွှေ ငွေ ရှိသမျှကို၊ အာသ သည် ထုတ် ၍၊ ဒမာသက် မြို့၌ နေ သော ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် ထံသို့ ပေး လိုက်၍၊
3 ၃ ငါ သည်သင် နှင့် ၎င်း၊ ငါ့ ခမည်းတော် သည် သင့် ခမည်းတော် နှင့် ၎င်း၊ မိဿဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေ ငွေ ကို ငါပေး လိုက်၏။ ဣသရေလ ရှင်ဘုရင် ဗာရှာ သည် ငါ့ ထံမှ ထွက် သွားစေခြင်းငှါ ၊ သူနှင့်ဖွဲ့သော မိဿဟာယကို ဖျက်၍လာ ပါဟု မှာလိုက်လေ၏။
4 ၄ အာသ မင်းကြီး ၏ စကားကို ဗင်္ဟာဒဒ် သည် နားထောင် ၍ ၊ ဣသရေလ မြို့ ရွာတို့ကို စစ်ချီ စေခြင်းငှါ ၊ မိမိ ဗိုလ် များကို စေလွှတ် သဖြင့် ၊ သူတို့သည်ဣယုန် မြို့၊ ဒန် မြို့၊ အာဗေလမိမ် မြို့မှစ၍ ၊ နဿလိ ပြည်၌ရှိသမျှ သော ဘဏ္ဍာ မြို့ တို့ကို လုပ်ကြံ ကြ၏။
5 ၅ ထိုသိတင်းကို ဗာရှာ သည်ကြား သောအခါ ၊ ရာမ မြို့ကို လက်စမသတ်ဘဲ အလုပ် ကိုဖြတ် ၍နေ၏။
6 ၆ ထိုအခါ အာသ မင်းကြီး သည် ယုဒ လူအပေါင်း ကို ခေါ် သဖြင့် ၊ ရာမ မြို့၌ ဗာရှာ မင်းသွင်း သော ကျောက် နှင့် သစ်သား ကိုယူ သွား၍၊ ဂေဘ မြို့နှင့် မိဇပါ မြို့ကိုတည် ၏။
7 ၇ ထိုအခါ ပရောဖက် ဟာနန် သည် ယုဒ ရှင်ဘုရင် အာသ ထံ သို့လာ ၍ ၊ မင်းကြီးသည် မိမိ ဘုရားသခင် ထာဝရဘုရား ကို မ ခိုလှုံ ၊ ရှုရိ ရှင်ဘုရင် ကို ခိုလှုံ သောကြောင့် ၊ ရှုရိ ရှင် ဘုရင်၏ ဗိုလ်ခြေ တို့သည် မင်းကြီး လက် မှ လွတ် သွားကြပြီ။
8 ၈ ကုရှ လူနှင့် လိဗု လူတို့သည် ရထား များ၊ မြင်းစီး သူရဲများနှင့်တကွ ၊ အားကြီး သော အလုံး အရင်းဖြစ် သည် မ ဟုတ်လော။သို့သော်လည်းမင်းကြီးသည် ထာဝရဘုရား ကို ခိုလှုံ သောကြောင့် ၊ ထိုအလုံးအရင်းကို မင်းကြီးလက် သို့ အပ်နှံ တော်မူပြီ။
9 ၉ ထာဝရဘုရား သည် စုံလင် သော စေတနာစိတ် ရှိသောသူ တို့ဘက် ၌၊ ခိုင်ခံ့ စွာ နေခြင်းငှါ ၊ မြေကြီး တပြင်လုံး ကို အနှံ့အပြား ကြည့်ရှု လျက် ရှိတော်မူ၏။ ဤ အမှု၌ မင်းကြီးသည် မိုက် စွာပြုပြီ။ ယခု မှစ၍ စစ်မှု ရှိ လိမ့်မည်ဟု ဆို၏။
10 ၁၀ ထိုသို့ဆိုသောကြောင့် ၊ အာသ သည် ပရောဖက် ကို အမျက် ထွက်၍ ထောင် ထဲမှာ လှောင် ထား၏။ ထို ကာလ ၌ ပြည်သူ ပြည်သားအချို့တို့ကိုလည်း ညှဉ်းဆဲ ၏။
11 ၁၁ အာသ မင်းပြုမူသော အမှု အရာအစ အဆုံး တို့ သည်၊ ဣသရေလ ရာဇဝင် နှင့် ယုဒ ရာဇဝင်၌ ရေးထား လျက်ရှိ၏။
12 ၁၂ နန်းစံ သုံးဆယ် ကိုး နှစ် တွင် ၊ ခြေ တော်၌ အနာ ရောဂါစွဲ ၍ ပြင်းစွာ ခံရသော်လည်း ၊ ထာဝရဘုရား ကို မ ဆည်းကပ် ၊ ဆေး သမားတို့ကိုသာ ဆည်းကပ်လေ၏။
13 ၁၃ အာသ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ နန်းစံ လေးဆယ် တ နှစ် တွင် အနိစ္စ ရောက်သဖြင့်၊
14 ၁၄ ဒါဝိဒ် မြို့ မှာ မိမိ အဘို့ မိမိ လုပ် နှင့်သော သင်္ချိုင်း ၌ ၊ ပြည်သားတို့သည် သင်္ဂြိုဟ် သောအခါ ၊ မွှေးကြိုင်သော နံ့သာမျိုးတို့ကို၊ ဆေးသမား အတတ်ဖြင့် ဘော် ၍ ၊ တလား၌ အပြည့်ထည့်ပြီးလျှင်၊ အလောင်း တော်ကို တင် ထားကြ၏။ အလွန် ကြီး သောမီးရှို့ ပွဲကိုလည်း ခံ ကြ၏။