< ၂ ရာဇဝင်ချုပ် 14 >
1 ၁ အဘိယ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာသ သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။ ထိုမင်း လက်ထက် ၊ ပြည် တော်သည် ဆယ် နှစ် ပတ်လုံးငြိမ်းချမ်း သာယာ၏။
Et Abija s’endormit avec ses pères, et on l’enterra dans la ville de David. Et Asa, son fils, régna à sa place. De ses jours, le pays fut en repos pendant dix ans.
2 ၂ အာသ မင်းသည် မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ကောင်း သောအမှု၊ ဖြောင့်မတ် သော အမှုတို့ကို ပြု လေ၏။
Et Asa fit ce qui est bon et droit aux yeux de l’Éternel, son Dieu;
3 ၃ တပါး အမျိုးသားဘုရား၏ ယဇ် ပလ္လင်တို့ကို၎င်း၊ မြင့် သောအရပ်တို့ကို၎င်း ပယ်ရှား ၏။ ရုပ်တု ဆင်းတုတို့ကို ဖြိုဖျက် ၍ ၊ အာရှရ ပင်တို့ကို ခုတ်လှဲ ၏။
et il ôta les autels des [dieux] étrangers, et les hauts lieux, et il brisa les statues et abattit les ashères;
4 ၄ ယုဒ လူတို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ရှာ ၍ ၊ ပညတ် တရား ကို စောင့်ရှောက် မည်အကြောင်း မိန့် တော်မူ၏။
et il dit à Juda de rechercher l’Éternel, le Dieu de leurs pères, et de pratiquer la loi et les commandements;
5 ၅ ယုဒ မြို့ ရွာ အရပ်ရပ် တို့၌ ရှိသောကုန်း နှင့် ရုပ်တု ဆင်းတုတို့ကို ပယ်ရှား ၍ ၊ နိုင်ငံ တော်ရေး သာယာ လျက် ရှိ၏။
et il ôta de toutes les villes de Juda les hauts lieux et les colonnes consacrées au soleil. Et le royaume fut tranquille devant lui.
6 ၆ ထို ကာလ ၌ ငြိမ်သက် သောအခွင့်ကို ထာဝရဘုရား ပေးတော်မူသဖြင့် ၊ ယုဒ ပြည်သည် ငြိမ် ၍ ၊ စစ်မှု နှင့် လွတ်သောကြောင့်၊ အာသမင်းသည် တပြည်လုံးတွင် ခိုင်ခံ့သောမြို့တို့ကို တည်လေ၏။
Et il bâtit des villes fortes en Juda, car le pays était tranquille, et il n’eut point de guerre pendant ces années-là, car l’Éternel lui donna du repos.
7 ၇ ငါတို့သည် ငါ တို့၏ဘုရားသခင် ထာဝရဘုရား ကို ကြိုးစားရှာ ၍ ၊ ထိုဘုရားသည် အရပ်ရပ် ၌ ငြိမ်သက် သောအခွင့်ကိုပေး တော်မူသောကြောင့် ၊ တပြည်လုံး ကို အစိုးရစဉ်အခါ၊ ဤ မည်သော မြို့ တို့ကို ပြုစု ၍ မြို့ရိုး ၊ ပြအိုး ၊ တံခါး ၊ ကန့်လန့်ကျင် တို့ကို လုပ် ကြကုန်အံ့ဟု ယုဒ လူတို့အား မိန့် တော်မူ၏။
Et il dit à Juda: Bâtissons ces villes, et entourons-les de murailles et de tours, de portes et de barres, pendant que le pays est devant nous; car nous avons recherché l’Éternel, notre Dieu: nous l’avons recherché, et il nous a donné du repos tout à l’entour. Et ils bâtirent et prospérèrent.
8 ၈ အာသ မင်း၌ ကိဒုန်နှင့်လှံ ကိုကိုင် သော ယုဒ အမျိုး သူရဲ သုံး သိန်း ၊ ဒိုင်း လွှားနှင့် လေး ကိုကိုင် သော ဗင်္ယာမိန် အမျိုးသူရဲနှစ် သိန်းရှစ်သောင်းရှိ၍ ၊ ထို သူ အပေါင်း တို့သည် ခွန်အားကြီး သော စစ်သူရဲ ဖြစ်ကြ၏။
Et Asa avait une armée de 300 000 [hommes] de Juda, portant le bouclier et la pique, et de 280 000 de Benjamin, portant l’écu et tirant de l’arc, tous des hommes forts et vaillants.
9 ၉ တဖန် ကုရှ ရှင်ဘုရင် ဇေရ သည်စစ်သူရဲ တသန်း ၊ ရထား သုံး ရာ နှင့်တကွ ချီ လာ၍ ၊ မရေရှ မြို့သို့ ရောက် သောအခါ၊
Et Zérakh, l’Éthiopien, sortit contre eux avec une armée d’un million [d’hommes], et de 300 chars; et il vint jusqu’à Marésha.
10 ၁၀ အာသ သည်ဆီးကြို ၍ ၊ မရေရှ မြို့အနား မှာ ဇေဖသ ချိုင့်၌ စစ် ပြိုင် ကြ၏။
Et Asa sortit au-devant de lui; et ils se rangèrent en bataille dans la vallée de Tsephatha, près de Marésha.
11 ၁၁ အာသ သည် မိမိ ဘုရားသခင် ထာဝရဘုရား အား ဟစ်ခေါ် ၍ ၊ အိုထာဝရဘုရား ၊ ကိုယ်တော်သည် လူများတို့တွင် အားနည်း သောသူကို ကယ်တင်ခြင်းငှါတတ်နိုင်တော်မူသည်ဖြစ်၍၊ အိုအကျွန်ုပ် တို့၏ ဘုရားသခင် ထာဝရဘုရား ၊ ကယ်တင် တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုခိုလှုံ၍ နာမ တော်ကို အမှီ ပြုလျက် ၊ ဤအလုံးအရင်းကြီးကို တိုက်ခြင်းငှါသွားပါ၏။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် တို့၏ဘုရားသခင် ဖြစ်တော်မူ၏။ လူ သည် ကိုယ်တော် ကို နိုင်သော အခွင့်ရှိစေတော်မမူပါနှင့်ဟု ဆုတောင်းသည်ဖြစ်၍၊
Et Asa invoqua l’Éternel, son Dieu, et dit: Éternel! il n’y a pas de différence pour toi, pour aider, entre beaucoup [de force] et point de force. Aide-nous, Éternel, notre Dieu! car nous nous appuyons sur toi; et c’est en ton nom que nous sommes venus contre cette multitude. Tu es l’Éternel, notre Dieu; que l’homme n’ait point de force contre toi!
12 ၁၂ ထာဝရဘုရား သည် ကုရှ လူတို့ကိုအာသ နှင့် ယုဒ လူတို့ရှေ့ မှာ ဒဏ်ခတ် တော်မူသဖြင့် ၊ သူတို့သည်ပြေး ကြ၏။
Et l’Éternel frappa les Éthiopiens devant Asa et devant Juda, et les Éthiopiens s’enfuirent.
13 ၁၃ အာသ နှင့် သူ ၏လူ တို့သည် ဂေရာ မြို့တိုင်အောင် လိုက် သဖြင့် ၊ ကုရှ လူတို့သည် ပြန် ၍မ တိုက်ဝံ့သောကြောင့် အရှုံးခံရကြ၏။ ထာဝရဘုရား နှင့် ဗိုလ်ခြေ တော်ရှေ့ မှာ ဖျက်ဆီး ခြင်းကိုခံရကြ၏။ ယုဒလူတို့သည် လက်ရဥစ္စာ အများကို သိမ်းယူကြ၏။
Et Asa et le peuple qui était avec lui les poursuivirent jusqu’à Guérar; et il tomba tant d’Éthiopiens qu’ils ne purent reprendre [leur] force, car ils furent abattus devant l’Éternel et devant son armée. Et ils emportèrent un très grand butin;
14 ၁၄ ဂေရာ မြို့ပတ်ဝန်းကျင် မြို့ သားတို့သည် ထာဝရဘုရား ကို ကြောက်ရွံ့ သောစိတ်ရှိသဖြင့်၊ ယုဒလူတို့သည် ထိုမြို့ ရှိသမျှ တို့ကို လုပ်ကြံ ၍ ၊ သိုထားနှင့်သော ဘဏ္ဍာ ဥစ္စာ အများ တို့ကို သိမ်းယူ ကြ၏။
et ils frappèrent toutes les villes qui étaient autour de Guérar, car la frayeur de l’Éternel était sur elles; et ils les pillèrent toutes, car il y avait dans ces villes un grand butin.
15 ၁၅ တိရစ္ဆာန် တင်းကုပ် များကိုလည်း တိုက်ဖျက် လျက် ၊ သိုး နှင့် ကုလားအုပ် အများတို့ကို သိမ်းယူ ၍။ယေရုရှလင် မြို့သို့ ပြန် သွားကြ၏။
Ils frappèrent aussi les tentes des troupeaux, et emmenèrent du menu bétail en quantité, et des chameaux; et ils s’en retournèrent à Jérusalem.