< ၂ ရာဇဝင်ချုပ် 13 >

1 ယေရောဗောင် မင်းကြီး နန်းစံ ဆယ်နှစ်နှစ်တွင် အဘိယ သည် ယေရုရှလင်မြို့၌မင်းပြု၍၊
ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နန်း​စံ​တစ် ဆယ့်​ရှစ်​နှစ်​မြောက်​၌ အ​ဘိ​ယ​သည်​ယု​ဒ ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍၊-
2 ယုဒပြည်ကို သုံး နှစ် စိုးစံ ၏။ မယ်တော် ကား၊ ဂိဗာ မြို့သားဩရေလ ၏ သမီး မာခါ အမည်ရှိ၏။ အဘိယ နှင့် ယေရောဗောင် တို့သည် စစ်တိုက် သောအကြောင်းအရာဟူမူကား၊
ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​နှစ်​နန်း​စံ​တော်​မူ​၏။ သူ​၏​မယ်​တော်​မှာ​ဂိ​ဗာ​မြို့​သား​ဥ​ရိ​ယ​၏ သ​မီး​မာ​ခါ​ဖြစ်​၏။
3 အဘိယ သည် ရွေးချယ် သော စစ် သူရဲကောင်း လေး သိန်းနှင့် စစ် ခင်းကျင်း ၏။ ယေရောဗောင် သည် ရွေးချယ် သောစစ် သူရဲကောင်းရှစ် သိန်းနှင့် စစ် ခင်းကျင်း ၏။
အ​ဘိ​ယ​နှင့်​ယေ​ရော​ဗောင်​တို့​သည်​စစ်​ဖြစ်​ကြ သ​ဖြင့် အ​ဘိ​ယ​သည်​စစ်​သည်​လေး​သိန်း​ရှိ​သော တပ်​မ​တော်​ဖြင့်​တိုက်​ခိုက်​ရာ ယေ​ရော​ဗောင်​က စစ်​သည်​ရှစ်​သိန်း​ရှိ​သော​တပ်​မ​တော်​ဖြင့်​ပြန် လည်​ခု​ခံ​လေ​သည်။
4 အဘိယ သည် ဧဖရိမ် ခရိုင် ၊ ဇေမရိမ် တောင် ပေါ် မှာ ရပ် လျက် ၊ အိုယေရောဗောင် နှင့် ဣသရေလ လူ အပေါင်း တို့၊ နားထောင် ကြလော့။
တပ်​မ​တော်​နှစ်​စု​သည်​တောင်​ပေါ​များ​သော​ဧ​ဖ​ရိမ် ပြည်​တွင်​တွေ့​ဆုံ​မိ​ကြ​၏။ အ​ဘိ​ယ​မင်း​သည်​ဇေ မ​ရိမ်​တောင်​ပေါ်​သို့​တက်​ပြီး​လျှင် ယေ​ရော​ဗောင်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``နား​ထောင်​ကြ လော့။-
5 ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် ဆား နှင့် ယှဉ်သောပဋိညာဉ် အားဖြင့်၊ ဣသရေလ နိုင်ငံကို ဒါဝိဒ် နှင့် သား တော်မြေးတော်တို့၌ အစဉ် အိပ်တော်မူကြောင်းကို၊ သင် တို့သိမှတ် သင့်သည် မ ဟုတ်လော။
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဖျက်​မ​ချေ​နိုင်​သော ပ​ဋိ​ညာဉ်​တော်​ကို​ပြု​တော်​မူ​၍ ဒါ​ဝိဒ်​နှင့်​သား မြေး​တို့​အား​ဣ​သ​ရေ​လ​နိုင်​ငံ​တော်​ကို​ကာ​လ အ​စဉ်​အ​ဆက်​အုပ်​စိုး​ပိုင်​ခွင့်​ပေး​တော်​မူ ကြောင်း​သင်​တို့​မ​သိ​ကြ​သ​လော။-
6 သို့ရာတွင် ၊ ဒါဝိဒ် သား တော်ရှောလမုန် ၏ ကျွန် နေဗတ် သား ယေရောဗောင် သည်၊ မိမိ အရှင် ကို တစ်ဘက် ထ၍ပုန်ကန် လေပြီ။
နေ​ဗတ်​သား​ယေ​ရော​ဗောင်​သည်​မိ​မိ​၏​ဘု​ရင် ရှော​လ​မုန်​အား​ပုန်​ကန်​ပြီး​လျှင်၊-
7 ရှောလမုန် သား ရောဗောင် သည် အသက် ငယ်၍ သဘော နူးညံ့ သောကြောင့် ၊ မ ဆီးတား နိုင်သောအခါ၊ လျှပ်ပေါ် သောသူ ၊ အဓမ္မ လူတို့သည် ယေရောဗောင် ထံမှာ စုဝေး ၍၊ ရောဗောင် မင်းတစ်ဘက် ၌ ကိုယ်ကိုခိုင်ခံ့ စေကြ ၏။
ယုတ်​မာ​သူ​လူ​တစ်​စု​ကို​စု​ရုံး​လေ​သည်။ သူ​တို့ သည်​ရှော​လ​မုန်​၏​သား​တော်​ရော​ဗောင်​အား မိ​မိ တို့​ဆန္ဒ​ရှိ​သည်​အ​တိုင်း​ပြု​လုပ်​စေ​ကြ​၏။ ရော ဗောင်​သည်​နု​နယ်​၍​အ​တွေ့​အ​ကြုံ​မ​ရှိ​သူ​ဖြစ် သ​ဖြင့်​သူ​တို့​အား​ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ပေ။-
8 ယခု လည်း သင် တို့သည် ဒါဝိဒ် ၏သား မြေး၌ ရှိသောထာဝရဘုရား ၏ နိုင်ငံ တော်ကို ဆီးတား မည်ဟု ကြံစည် ကြသည်တကား၊ သင် တို့သည် များပြား ၍ သင် တို့ဘုရား အရာ ၌၊ ယေရောဗောင် လုပ် သော ရွှေ နွားသငယ် တို့လည်း ရှိကြ၏။
ယ​ခု​သင်​တို့​သည်​ဒါ​ဝိဒ်​၏​သား​မြေး​တို့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​ထား​တော်​မူ​သော​ရာဇ အာ​ဏာ​ကို​ဆိုင်​ပြိုင်​ရန်​ကြံ​စည်​ကြ​သည်။ သင်​တို့ တွင်​အင်​အား​ကြီး​မား​သော​တပ်​မ​တော်​နှင့်​သင် တို့​ကိုး​ကွယ်​ရန်​အ​တွက် ယေ​ရော​ဗောင်​သွန်း​လုပ် ထား​သော​နွား​သ​ငယ်​ရုပ်​များ​ရှိ​၏။-
9 သင်တို့သည် ထာဝရဘုရား ခန့်ထားတော်မူသော ယဇ်ပုရောဟိတ် ၊ အာရုန် အမျိုး နှင့် လေဝိ အမျိုးသားတို့ကိုနှင်ထုတ် ၍၊ တပါးအမျိုးသားထုံးစံအတိုင်း၊ ကိုယ် အဘို့ ယဇ် ပုရောဟိတ်တို့ကို လုပ် ကြပြီမ ဟုတ်လော။ထိုသို့နှင့်အညီ၊ နွားသငယ် တကောင်နှင့် သိုး ခုနစ် ကောင် ကိုပေး ၍၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားခြင်းကိုခံ သော သူမည်သည်ကား၊ ဘုရား မ ဟုတ်သောသူထံ မှာ ယဇ်ပုရောဟိတ် ပြု ရသည်တကား။
သင်​တို့​သည်​အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ယဇ် ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​ကို နှင်​ထုတ်​ကာ သူ​တို့​၏​နေ​ရာ​တွင်​လူ​မျိုး​ခြား တို့​၏​ဋ္ဌ​လေ့​ကို​လိုက်​၍​အ​ခြား​သူ​တို့​အား ယဇ်​ပု​ရော​ဟိတ်​ခန့်​ထား​ကြ​၏။ မည်​သူ​မ​ဆို နွား​တစ်​ကောင်​သို့​မ​ဟုတ်​သိုး​ခု​နစ်​ကောင်​ကို ယူ​ဆောင်​လာ​လျှင်​သင်​တို့​ကိုး​ကွယ်​သော နာ​မည်​ခံ​ဘု​ရား​များ​၏​ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​ရ​ရှိ​နိုင်​ပါ​သည်​တ​ကား။
10 ၁၀ ငါ တို့မူကား ၊ ထာဝရဘုရား ကိုမ စွန့်။ထိုဘုရား သည် ငါ တို့၌ ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရဘုရား ၏ အမှု တော်ကို ထမ်းသောယဇ် ပုရောဟိတ်တို့သည် အာရုန် အမျိုး ဖြစ်ကြ၏။ လေဝိ သားတို့သည်လည်း ၊ မိမိတို့ အမှု ကို စောင့်နေကြ၏။
၁၀``ငါ​တို့​မူ​ကား​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​မ​စွန့်​ဘဲ​ဆက်​လက်​ကိုး​ကွယ်​လျက် ရှိ​ကြ​သည်။ အာ​ရုန်​မှ​ဆင်း​သက်​လာ​သော​ယဇ်​ပု ရော​ဟိတ်​များ​သည်​မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား​များ ကို​ထမ်း​ဆောင်​လျက်​ရှိ​ကြ​၏။ သူ​တို့​အား​လေ​ဝိ အ​နွယ်​ဝင်​များ​က​ကူ​ညီ​လျက်​ရှိ​ကြ​၏။-
11 ၁၁ ထာဝရဘုရား ရှေ့ တော်၌၊ မီးရှို့ ရာယဇ်နှင့် နံ့သာပေါင်း ကို နံနက် တိုင်း၊ ညဦး တိုင်းမီးရှို့ကြ၏။ သန့်ရှင်း သော စားပွဲ ပေါ် မှာ ရှေ့တော်မုန့် ကို၎င်း၊ ညဦး တိုင်းထွန်း စရာဘို့ ရွှေ မီးခုံ နှင့် မီးခွက် တို့ကို၎င်းပြင်ဆင်ကြ ၏။ ငါ တို့သည် ငါ တို့၏ဘုရားသခင် ထာဝရဘုရား ၏ အမှု တော်ကို စောင့် ကြ၏။ သင် တို့မူကား ၊ ထာဝရ ဘုရား ကို စွန့် ကြပြီ။
၁၁သူ​တို့​သည်​နံ​နက်​တိုင်း၊ ည​နေ​တိုင်း၊ နံ့​သာ​ပေါင်း နှင့်​တစ်​ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်​များ​ကို​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ကြ​သည်။ ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​သည့်​စား​ပွဲ​ပေါ်​တွင်​ရှေ့​တော်​မုန့်​ကို ပူ​ဇော်​ကြ​၏။ ည​နေ​တိုင်း​ရွှေ​မီး​တင်​ခုံ​များ​ပေါ် ရှိ​မီး​ခွက်​များ​ကို​ထွန်း​ညှိ​ကြ​၏။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​လိုက်​နာ ကြ​၏။ သင်​တို့​မူ​ကား​ကိုယ်​တော်​ကို​စွန့်​ပယ် ကြ​လေ​ပြီ။-
12 ၁၂ ဘုရားသခင် ကိုယ်တော်တိုင်သည်၊ ငါ တို့တွင် ဗိုလ် မင်းဖြစ်တော်မူ၏။ ဘုရားသခင် ၏ ယဇ် ပုရောဟိတ်တို့သည်လည်း ၊ တံပိုးမှုတ် လျက် သင် တို့တစ်ဘက် ၌ နှိုးဆော်ခြင်းငှါ၊ ငါတို့တွင်ရှိကြ၏။ အိုဣသရေလ အမျိုးသား တို့၊ ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား တစ်ဘက် ၌ မ တိုက် ကြနှင့်။ တိုက်လျှင်ရှုံး ရကြလိမ့်မည်ဟု ပြောဆို၏။
၁၂ငါ​တို့​၏​ခေါင်း​ဆောင်​ကား​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​ဖြစ်​၏။ ကိုယ်​တော်​၏​ယဇ်ပု​ရော ဟိတ်​တို့​သည်​လည်း​ငါ​တို့​စစ်​ပွဲ​ဝင်​ရန် တံ​ပိုး ခ​ရာ​မှုတ်​၍​အ​ချက်​ပေး​ဖို့​အ​သင့်​ရှိ​နေ​ကြ သည်။ ဣသ​ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့် ဆိုင်​ပြိုင်​၍​စစ်​မ​တိုက်​ကြ​နှင့်။ သင်​တို့​မ​နိုင် နိုင်​ကြ'' ဟု​မိန့်​တော်​မူ​၏။
13 ၁၃ ယေရောဗောင် သည် ယုဒ လူတို့နောက် ၌ မ ထင် မရှားတပ်ချီစေ၍၊ ကိုယ်တိုင်တဘက်၊ ချောင်း နေသောသူတဘက်၊ ယုဒတပ်ကိုဝိုင်း ကြ၏။
၁၃ဤ​အ​တော​အ​တွင်း​၌​ဣသ​ရေ​လ​တပ်​မ​တော် သည် ယု​ဒ​တပ်​မ​တော်​ကို​မျက်​နှာ​မူ​လျက်​တပ် စွဲ​နေ​စဉ် ယေ​ရော​ဗောင်​သည်​အ​ချို့​တပ်​သား များ​ကို ယု​ဒ​တပ်​မ​တော်​အ​နောက်​မှ​နေ​၍ ပုန်း​ကွယ်​တိုက်​ခိုက်​ရန်​စေ​လွှတ်​တော်​မူ​၏။-
14 ၁၄ ယုဒ လူတို့သည် ပြန် ကြည့်သောအခါ ၊ စစ်မှု ဝိုင်းမိသည်ကို မြင် လျှင် ၊ ထာဝရဘုရား အား ဟစ် ခေါ်၍ ၊ ယဇ် ပုရောဟိတ်တို့သည်လည်း တံပိုး မှုတ် ကြ၏။
၁၄ယု​ဒ​အ​မျိုး​သား​တို့​သည်​နောက်​သို့​လှည့်​၍ ကြည့်​လိုက်​သော​အ​ခါ မိ​မိ​တို့​အ​ဝိုင်း​ခံ​ရ သည်​ကို​မြင်​သ​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​အား``ကူ မ​တော်​မူ​ပါ'' ဟု​ဟစ်​အော်​တောင်း​လျှောက် ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​တံ​ပိုး​ခရာ များ​ကို​မှုတ်​ကြ​၏။-
15 ၁၅ တဖန် ယုဒ လူ တို့သည် ကြွေးကြော် သောအခါ ၊ ဘုရားသခင် သည် ယေရောဗောင် ကို အဘိယ နှင့် ယုဒ လူတို့ ရှေ့ မှာ ဒဏ်ခတ် တော်မူသဖြင့်၊
၁၅ယု​ဒ​အ​မျိုး​သား​တို့​သည်​အဘိယ​၏​ခေါင်း ဆောင်​မှု​ဖြင့် အ​သံ​ကျယ်​စွာ​ကြွေး​ကြော် လျက်​တိုက်​ခိုက်​ကြ​ကုန်​၏။-
16 ၁၆ ဣသရေလ အမျိုးသား တို့သည် ပြေး ၍ ၊ သူ တို့ကို ယုဒ လူတို့လက် သို့ ဘုရားသခင် အပ် တော်မူ၏။
၁၆ထို​အ​ခါ​ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယု​ဒ အ​မျိုး​သား​များ​ထံ​မှ​ထွက်​ပြေး​ကြ​လေ​သည်။ ဘု​ရား​သ​ခင်​သည်​ယု​ဒ​အ​မျိုး​သား​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​နှိမ်​နင်း​ခွင့် ပေး​တော်​မူ​သ​တည်း။-
17 ၁၇ အဘိယ နှင့် သူ ၏လူ တို့သည် ကြီးစွာ သော လုပ်ကြံ ခြင်းကိုပြု ၍ ၊ ရွေးချယ် သော ဣသရေလ လူ ငါး သိန်းလဲ သေ သဖြင့်၊
၁၇အ​ဘိ​ယ​နှင့်​သူ​၏​တပ်​မ​တော်​သည်​ဣသ​ရေ​လ အ​မျိုး​သား​တို့​ကို​ချေ​မှုန်း​လိုက်​ကြ​သ​ဖြင့် ဣသ​ရေ​လ​လက်​ရွေး​စင်​တပ်​သား​ငါး​သိန်း ကျ​ဆုံး​လေ​၏။-
18 ၁၈ ဣသရေလ အမျိုးသား တို့သည်၊ ထိုအခါရှုံး ၍ ၊ ယုဒ အမျိုးသား တို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ခိုလှုံ သောကြောင့် နိုင် ကြ၏။
၁၈ယု​ဒ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​အား​ကိုး​ကြ​သည် ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ် တွင်​အောင်​ပွဲ​ခံ​ရ​ကြ​ခြင်း​ဖြစ်​ပေ​သည်။
19 ၁၉ အဘိယ သည် ယေရောဗောင် ကို လိုက် ၍ ၊ ဗေသလ မြို့ နှင့် ရွာ များ၊ ယေရှန မြို့နှင့် ရွာ များ၊ ဧဖရိမ် မြို့ နှင့် ရွာ များတို့ကို သူ့ လက်မှ နှုတ်ယူ လေ၏။
၁၉အ​ဘိ​ယ​သည်​ယေ​ရော​ဗောင်​၏​တပ်​မ​တော်​ကို လိုက်​လံ​တိုက်​ခိုက်​ပြီး​လျှင်​ဗေ​သ​လ​မြို့၊ ယေ ရှ​န​မြို့၊ ဧ​ဖ​ရိမ်​မြို့​များ​နှင့်​ထို​မြို့​များ​အ​နီး ရှိ​ကျေး​ရွာ​များ​ကို​သိမ်း​ယူ​တော်​မူ​သည်။-
20 ၂၀ အဘိယ လက်ထက် ကာလပတ်လုံး၊ ယေရောဗောင် သည် နောက်တဖန် ခွန်အား ကို မ ရ ပြန်။ ထာဝရဘုရား ဒဏ်ခတ် တော်မူသဖြင့် သေ လေ၏။
၂၀အ​ဘိ​ယ​လက်​ထက်​၌​ယေ​ရော​ဗောင်​သည် တန်​ခိုး​အာ​ဏာ​ဆုတ်​ယုတ်​လျက်​နေ​၏။ နောက် ဆုံး​၌​ထာ​ဝရ​ဘု​ရား​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့် ကွယ်​လွန်​လေ​သည်။
21 ၂၁ အဘိယ မူကား ခွန်အား တိုးပွါး၏။ မယား တဆယ် လေး ယောက်တို့ကိုယူ ၍ သား နှစ်ဆယ် နှစ် ယောက်နှင့် သမီး တဆယ် ခြောက်ယောက်တို့ကို မြင် ရ၏။
၂၁အ​ဘိ​ယ​မူ​ကား​တိုး​၍​တန်​ခိုး​ကြီး​လာ​၏။ သူ​၌​မိ​ဖု​ရား​တစ်​ဆယ့်​လေး​ယောက်၊ သား​နှစ် ဆယ့်​နှစ်​ယောက်​နှင့်​သ​မီး​တစ်​ဆယ့်​ခြောက် ယောက်​ရှိ​၏။-
22 ၂၂ အဘိယ ပြုမူသောအမှု အရာ ကြွင်း လေသမျှတို့ နှင့် ကျင့်သောအကျင့် ၊ ပြောသောစကား များတို့သည်၊ ရာဇဝင် နှင့်ဆက်၍ ပရောဖက် ဣဒ္ဒေါ စီရင်သော စာ၌ ရေးထား လျက်ရှိ၏။
၂၂အ​ဘိ​ယ​ပြော​ဆို​ခဲ့​သော​စ​ကား​များ၊ သူ ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ​နှင့်​ကျန် ရှိ​နေ​သေး​သော​သူ​၏​အတ္ထု​ပ္ပတ္တိ​အ​ကြောင်း အ​ရာ​များ​ကို ပ​ရော​ဖက်​ဣ​ဒေါ​စီ​ရင်​သော စာ​တွင်​မှတ်​တမ်း​တင်​ထား​သ​တည်း။

< ၂ ရာဇဝင်ချုပ် 13 >