< ၂ ရာဇဝင်ချုပ် 12 >

1 ရောဗောင် မင်း သည် မိမိ နိုင်ငံကို တည် စေ၍ အား ကြီးသောအခါ ၊ ဣသရေလ အမျိုး ရှိသမျှ နှင့်တကွ ထာဝရဘုရား ၏ တရား တော်ကို စွန့် ၍၊
ရော​ဗောင်​သည်​မိ​မိ​၏​ရာ​ဇ​အာ​ဏာ​တည်​မြဲ အောင်​ဆောင်​ရွက်​ပြီး​သော​အ​ခါ သူ​နှင့်​သူ ၏​ပြည်​သူ​အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​တ​ရား​တော်​ကို​စွန့်​ပယ်​၍၊-
2 ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ ရောဗောင် မင်းကြီး နန်းစံငါး နှစ် တွင်၊
သစ္စာ​တော်​ကို​ဖောက်​သော​ကြောင့်​ရော​ဗောင်​နန်း​စံ ပ​ထ​မ​နှစ်​၌ အီ​ဂျစ်​ဘု​ရင်​ရှိ​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​လေ​သည်။-
3 အဲဂုတ္တု ရှင်ဘုရင် ရှိရှက် သည် ရထား တထောင် နှစ်ရာ ၊ မြင်း စီးသူရဲခြောက် သောင်း၊ မ ရေတွက် နိုင်သော အဲဂုတ္တ ပြည်သားများ၊ လိဗု ပြည်သား၊ သုကိ ပြည်သား၊ အဲသယောပိ ပြည်သားတို့နှင့်တကွ ၊ ယေရုရှလင် မြို့သို့ စစ်ချီ ၍၊
သူ​သည်​စစ်​ရ​ထား​တစ်​ထောင့်​နှစ်​ရာ၊ မြင်း​စီး သူ​ရဲ​ခြောက်​သောင်း​နှင့်​လိ​ဗု​ပြည်​သား၊ သု​ကိ ပြည်​သား၊ ဆူ​ဒန်​ပြည်​သား​တို့​အ​ပါ​အ​ဝင် မ​ရေ​မ​တွက်​နိုင်​သော​စစ်​သည်​တော်​များ​ပါ ရှိ​သည့်​တပ်​မ​တော်​ကြီး​ကို​ခေါင်း​ဆောင်​၍ လာ​၏။-
4 ယုဒ ပြည်၌ ခိုင်ခံ့ သော မြို့ တို့ကိုတိုက် ယူပြီးမှ ၊ ယေရုရှလင် မြို့သို့ ရောက် လေ၏။
သူ​သည်​ယု​ဒ​ပြည်​ရှိ​ခံ​တပ်​မြို့​တို့​ကို​တိုက်​ခိုက် သိမ်း​ယူ​ကာ ယေ​ရု​ရှ​လင်​မြို့​အ​ရောက်​ချီ​တက် လာ​လေ​သည်။
5 ထိုအခါ ရှိရှက်မင်းကြောင့်၊ ယေရုရှလင် မြို့၌ စုဝေး သော ယုဒ မင်း များထံ၊ ရောဗောင် မင်းထံ တော်သို့ ပရောဖက် ရှေမာယ သည်လာ ၍ ၊ ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ သင် တို့သည် ငါ့ ကိုစွန့် သောကြောင့် ၊ ငါသည် သင်တို့ကို ရှိရှက် မင်းလက် သို့ အပ် လေပြီဟု အမိန့်တော် ကို ဆင့်ဆိုလျှင်၊
ရှိ​ရှက်​၏​ဘေး​မှ​လွတ်​မြောက်​ရန်​ယေ​ရု​ရှ​လင်​မြို့ တွင်​စု​ရုံး​လျက်​ရှိ​သော ရော​ဗောင်​မင်း​နှင့်​ယု​ဒ ခေါင်း​ဆောင်​များ​ထံ​ပ​ရော​ဖက်​ရှေ​မာ​ယ​သွား ၍``ထာ​ဝ​ရ​ဘု​ရား​က`သင်​တို့​သည်​ငါ့​ကို​စွန့် ပယ်​ကြ​သ​ဖြင့် ငါ​သည်​သင်​တို့​ကို​ရှိ​ရှက်​လက် သို့​ပေး​အပ်​လိုက်​ပြီ' ဟု​မိန့်​တော်​မူ​၏'' ဟု ဆင့်​ဆို​၏။
6 ရှင်ဘုရင် နှင့် ယုဒမင်းတို့က၊ ထာဝရဘုရား ဖြောင့်မတ် တော်မူသည် ဟုဆို ၍ ၊ မိမိတို့ကို နှိမ့်ချ ကြ၏။
မင်း​ကြီး​နှင့်​ခေါင်း​ဆောင်​များ​သည်​မိ​မိ တို့​အ​ပြစ်​ကူး​ခဲ့​သည်​ကို​ဝန်​ခံ​ကြ​ပြီး လျှင်``ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား​မျှ​တ တော်​မူ​ပါ​၏'' ဟု​ဆို​ကြ​၏။
7 ထိုသို့ နှိမ့်ချ ကြောင်း ကို ထာဝရဘုရား မြင် လျှင် ၊ နှုတ်ကပတ် တော်သည် ရှေမာယ သို့ ရောက် ၍ ၊ သူတို့သည် နှိမ့်ချ ကြပြီ။ ထိုကြောင့်သူ တို့ကို ငါမ ဖျက်ဆီး ၊ အနည်းငယ် သော ချမ်းသာ ကိုပေး မည်။ ရှိရှက် လက် ဖြင့် ယေရုရှလင် မြို့အပေါ် သို့ ငါ့ အမျက် ကို မ သွန်းလောင်း ရ။
ဤ​အ​ချင်း​အ​ရာ​ကို​ထာ​ဝ​ရ​ဘု​ရား​မြင် တော်​မူ​သော​အ​ခါ``သူ​တို့​သည်​မိ​မိ​တို့​အ​ပြစ် ကို​ဝန်​ခံ​ကြ​သည်​ဖြစ်​၍​ငါ​သည်​သူ​တို့​အား ဖျက်​ဆီး​မည်​မ​ဟုတ်။ ရှိ​ရှက်​တိုက်​ခိုက်​မှု​ကြောင့် သူ​တို့​သည်​ပျက်​စီး​ခြင်း​ဘေး​မှ​လွတ်​ရုံ​မျှ သာ​ရှိ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း ငါ​၏​အ​မျက်​တော်​အ​ရှိန်​ကို​အ​ပြည့်​အ​ဝ ခံ​ရ​မည်​မ​ဟုတ်။-
8 သို့ရာတွင် ငါ့ ထံ၌ အမှုထမ်း ခြင်း၊ တပါး အမျိုးသားရှင်ဘုရင်ထံ၌ အမှု ထမ်းခြင်းကို ပိုင်းခြား၍ သိ စေခြင်းငှါ၊ ရှိရှက်မင်းထံ၌ ကျွန် ခံရ ကြမည်ဟု မိန့်တော်မူ ၏။
သို့​ရာ​တွင်​ရှိ​ရှက်​သည်​သူ​တို့​ကို​အ​နိုင်​ရ​လိမ့် မည်။ သူ​တို့​သည်​ငါ​၏​အ​မှု​တော်​ကို​ဆောင်​ရွက် ခြင်း​နှင့်​လော​ကီ​ဘု​ရင်​တို့​၏​အ​မှု​ကို​ဆောင် ရွက်​ခြင်း​ကွာ​ခြား​ပုံ​ကို​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​ရှေ​မာ​ယ​ထံ​ဗျာ​ဒိတ်​တော်​ရောက်​လာ​၏။
9 အဲဂုတ္တု ရှင်ဘုရင် ရှိရှက် သည် ယေရုရှလင် မြို့သို့ ရောက် ၍ ၊ ဗိမာန် တော်ဘဏ္ဍာ နှင့် နန်းတော် ဘဏ္ဍာ ရှိသမျှ ကို သိမ်း သွား၏။ ရှောလမုန် လုပ် သော ရွှေ ဒိုင်း ရှိသမျှကို လည်း ယူ သွား၏။
ရှိ​ရှက်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​တက် ၍ ရှော​လ​မုန်​မင်း​ပြု​လုပ်​ထား​ခဲ့​သော​ရွှေ​ဒိုင်း လွှား​များ​အ​ပါ​အ​ဝင် ဗိ​မာန်​တော်​နှင့်​နန်း တော်​ဘဏ္ဍာ​ရှိ​သ​မျှ​ကို​သိမ်း​ယူ​သွား​လေ သည်။-
10 ၁၀ ရောဗောင် မင်းကြီး သည် ရွှေဒိုင်းအစား၊ ကြေးဝါ ဒိုင်း တို့ကိုလုပ် ၍ ၊ နန်းတော် တံခါး စောင့် ၊ ကိုယ်ရံတော်မှူး ၌ အပ် လေ၏။
၁၀ရော​ဗောင်​မင်း​သည်​ထို​ဒိုင်း​လွှား​များ​ကို​အ​စား ထိုး​ရန်​ကြေး​ဝါ​ဒိုင်း​လွှား​များ​ပြု​လုပ်​၍ နန်း​တော် အ​ဝင်​တံ​ခါး​များ​တွင်​တာ​ဝန်​ကျ​သည့်​တပ်​မှူး တို့​ကို​ပေး​အပ်​တော်​မူ​၏။-
11 ၁၁ ရှင် ဘုရင်သည် ဗိမာန် တော်သို့ သွား သောအခါ ၊ ကိုယ်ရံတော် သားတို့သည် ဒိုင်းတို့ကိုဆောင်၍၊ နောက်တဖန် မိမိ တို့စောင့် ရာ အခန်း မှာ ပြန် ထားကြ၏။
၁၁ဗိ​မာန်​တော်​သို့​မင်း​ကြီး​သွား​ရောက်​သည့်​အ​ခါ တိုင်း​ကိုယ်​ရံ​တော်​တပ်​သား​တို့​သည် ထို​ဒိုင်း​လွှား များ​ကို​ကိုင်​ဆောင်​ရ​ကြ​ပြီး​နောက်​ကင်း​စောင့် ခန်း​တွင်​ပြန်​၍​ထား​ရ​ကြ​၏။-
12 ၁၂ ထိုသို့ရှင်ဘုရင်သည် ကိုယ်ကို နှိမ့်ချ သောအခါ ၊ ထာဝရဘုရား သည် သူ့ ကို ရှင်းရှင်း မ ဖျက်ဆီး မည် အကြောင်း ၊ အမျက် တော်ကို လွှဲ တော်မူ၏။ ယုဒ ပြည်၌ လည်း ၊ ပြည်မှုပြည်ရေးသာယာသဖြင့်၊
၁၂မင်း​ကြီး​သည်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​တော်​မူ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​သည်​သူ့​အား​လုံး​လုံး လျား​လျား​ဖျက်​ဆီး​တော်​မ​မူ။ ယု​ဒ​ပြည်​၌ လည်း​ပြည်​မှု​ပြည်​ရေး​သာ​ယာ​လေ​သည်။
13 ၁၃ ရောဗောင် မင်းကြီး သည် ယေရုရှလင် မြို့၌ ကိုယ်ကိုခိုင်ခံ့ စေ၍ စိုးစံ သေး၏။ရောဗောင် သည်နန်းထိုင် သောအခါ၊ အသက် လေးဆယ် တနှစ် ရှိ၏။ထာဝရဘုရား သည်နာမ တော်တည် စရာဘို့၊ ဣသရေလ ခရိုင် များတို့အထဲ ကရွေးကောက် သော ယေရုရှလင် မြို့၌၊ ဆယ် ခုနှစ် နှစ် စိုးစံ လေ၏။မယ်တော် ကားအမ္မုန် အမျိုးသားနေမ အမည် ရှိ၏။
၁၃ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် နန်း​စံ​ကာ ရာ​ဇ​တန်​ခိုး​တိုး​တက်​လာ​လေ​သည်။ နန်း​တက် စဉ်​အ​ခါ​က​သူ​သည်​သက်​တော်​လေး​ဆယ့်​တစ် နှစ်​ရှိ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခု​နစ်​နှစ် နန်း​စံ​တော်​မူ​၏။ ဣ​သ​ရေ​လ​နွယ်​အ​ပေါင်း​တို့ နေ​ထိုင်​ရာ​မြို့​ရွာ​များ​အ​နက် ထို​မြို့​ကို​ထာ​ဝ​ရ ဘု​ရား​သည်​မိ​မိ​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န တော်​အ​ဖြစ်​ရွေး​ချယ်​ထား​တော်​မူ​သ​တည်း။ ရော​ဗောင်​၏​မယ်​တော်​မှာ​အမ္မုန်​ပြည်​သူ၊ နေ​မ ဖြစ်​၏။-
14 ၁၄ ထာဝရဘုရား ကို ရှာ လိုသောငှါ ၊ မိမိ သဘော မ ချ သောကြောင့် ၊ ဒုစရိုက် အမှုကိုပြု ၏။
၁၄မင်း​ကြီး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော် ကို​ရှာ​လို​စိတ်​မ​ရှိ​သ​ဖြင့်​ဒု​စ​ရိုက်​ကို​ပြု တော်​မူ​၏။
15 ၁၅ ရောဗောင် ပြုမူသော အမှု အရာအစ အဆုံး တို့ သည်၊ ပရောဖက် ရှေမာယ ၏ကျမ်း နှင့် ၊ ပရောဖက် ဣဒ္ဒေါ စီရင်သော သားစဉ်မြေးဆက်စာရင်း ၌ ရေးထား လျက် ရှိ၏။ ရောဗောင် နှင့် ယေရောဗောင် တို့သည်၊ အသက် ရှည်သမျှကာလပတ်လုံးရန်ဘက် ပြုကြ၏။
၁၅ရော​ဗောင်​ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​အ​စ​မှ​အ​ဆုံး​နှင့်​သူ​၏​အိမ်​ထောင် စု​မှတ်​တမ်း​များ​ကို​ပ​ရော​ဖက်​ရှေ​မာ​ယ​၏ အတ္ထု​ပ္ပတ္တိ​နှင့်​ပ​ရော​ဖက်​ဣ​ဒေါ​၏​အတ္ထု​ပ္ပတ္တိ တွင်​တွေ့​ရှိ​ရ​လေ​သည်။ ရော​ဗောင်​နှင့်​ယေ​ရော ဗောင်​တို့​သည်​အ​စဉ်​မ​ပြတ်​စစ်​ဖြစ်​ကြ​၏။-
16 ၁၆ ရောဗောင် သည်လည်း ၊ ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော် အဘိယ သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏။
၁၆ရော​ဗောင်​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​ဒါ​ဝိဒ် မြို့​တော်​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ သူ​၏​သား​တော်​အ​ဘိ​ယ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။

< ၂ ရာဇဝင်ချုပ် 12 >