< ၂ ရာဇဝင်ချုပ် 11 >

1 ရောဗောင် သည် ယေရုရှလင် မြို့သို့ ရောက် သောအခါ ၊ ဣသရေလ အမျိုးကို စစ်တိုက် ၍ ၊ နိုင်ငံ တော်ကို ရောဗောင်လက်သို့ ရောက်ပြန်စေခြင်းငှါ၊ ယုဒ အမျိုး နှင့် ဗင်္ယာမိန်အမျိုးထဲက ရွေးချယ် သော စစ်သူရဲတသိန်း ရှစ်သောင်းတို့ကို စုဝေး စေ၏။
When Rehoboam arrived in Jerusalem, he assembled the house of Judah and Benjamin, 180,000 chosen men who were soldiers, to fight against Israel, to restore the kingdom to Rehoboam.
2 သို့ရာတွင် ဘုရားသခင် ၏နှုတ်ကပတ် တော်သည် ဘုရားသခင် ၏လူ ရှေမာယ သို့ ရောက် ၍၊
But the word of Yahweh came to Shemaiah the man of God, saying,
3 သင်သည် ရှောလမုန် သား ယုဒ ရှင်ဘုရင် ရောဗောင် နှင့်ယုဒ ခရိုင်၊ ဗင်္ယာမိန် ခရိုင်၌ ရှိသောဣသရေလ လူအပေါင်း တို့အား ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊
“Say to Rehoboam son of Solomon, king of Judah, and to all Israel in Judah and Benjamin,
4 သင် တို့ညီအစ်ကို တို့ကို စစ်တိုက် ခြင်းငှါချီ၍ မ သွား ကြနှင့်။ လူအပေါင်းတို့၊ ကိုယ် နေရာ သို့ ပြန် သွားကြလော့။ ဤ အမှု ကိုငါ စီရင် ပြီဟု မိန့် တော်မူသောထာဝရဘုရား ၏စကား တော်ကိုနားထောင် ၍ ၊ ယေရောဗောင် ကို စစ် မချီ၊ ပြန် သွားကြ၏။
'Yahweh says this, “You must not attack or make war against your brothers. Everyone must return to his own house, for I have caused this to happen.”'” So they obeyed the words of Yahweh and turned back from attacking Jeroboam.
5 ရောဗောင် သည် ယေရုရှလင် မြို့၌ နေ ၍ ၊ ယုဒ ပြည် ၌ ခိုင်ခံ့ သောမြို့ တို့ကိုပြုစု ရာတွင်၊
Rehoboam lived in Jerusalem and built cities in Judah for defense.
6 ဗက်လင် မြို့၊ ဧတံ မြို့၊ တေကော မြို့၊
He built Bethlehem, Etam, Tekoa,
7 ဗက်ဇုရ မြို့၊ ရှောကော မြို့၊ အဒုလံ မြို့၊
Beth Zur, Soko, Adullam,
8 ဂါသ မြို့၊ မရေရှ မြို့၊ ဇိဖ မြို့၊
Gath, Mareshah, Ziph,
9 အဒေါရိမ် မြို့၊ လာခိရှ မြို့၊ အဇေကာ မြို့၊
Adoraim, Lachish, Azekah,
10 ၁၀ ဇောရာ မြို့၊ အာဇလုန် မြို့၊ ဟေဗြုန် မြို့တည်းဟူသော ယုဒ ခရိုင် နှင့် ဗင်္ယာမိန် ခရိုင်တွင် ခိုင်ခံ့ သောမြို့ တို့ကို ပြုစု လေ၏။
Zorah, Aijalon, and Hebron. These are fortified cities in Judah and Benjamin.
11 ၁၁ ရဲတိုက် များကိုလည်း ခိုင်ခံ့ စေ၍ ၊ အကြီးအကဲ နှင့်တကွ ဆီ ၊ စပျစ်ရည် များ၊ ရိက္ခါ များကို သိုထား လေ၏။
He fortified the fortresses and put commanders in them, with stores of food, oil, and wine.
12 ၁၂ ယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသည် အမှုတော်ကို ထမ်းရွက်သောကြောင့်၊ မြို့ အသီးအသီး တို့၌ ဒိုင်း လွှား လှံ လက်နက်များကို ထား၍ အလွန် ခိုင်ခံ့ စေ၏။
He put shields and spears in all the cities and made them very strong. So Judah and Benjamin belonged to him.
13 ၁၃ ဣသရေလ ပြည် အရပ်ရပ် ၌ ရှိသောယဇ် ပုရောဟိတ် လေဝိ သားတို့သည်၊ မိမိ တို့နေရာ မှ အထံ တော်သို့ လာ ကြ၏။
The priests and the Levites who were in all Israel went over to him from within their borders.
14 ၁၄ လေဝိ သားတို့သည်၊ မိမိ တို့နေရာ ဖြစ်သော ပိုင် ထိုက်ရာအရပ်ကို စွန့် ၍ ၊ ယုဒ ပြည်ယေရုရှလင် မြို့သို့ ရောက် လာသောအကြောင်းဟူမူကား၊ ယေရောဗောင် နှင့် သူ ၏သား တို့သည်၊ လေဝိသားတို့ကို ထာဝရဘုရား ရှေ့ တော်၌ ယဇ် ပုရောဟိတ်အမှုကို စောင့်ရသောအရာမှ ချ ၍၊
For the Levites left their pasturelands and property in order to come to Judah and Jerusalem, for Jeroboam and his sons had driven them away, so that they could no longer perform priestly duties for Yahweh.
15 ၁၅ မြင့် သောအရပ်၊ နတ်ဆိုး ၊ မိမိလုပ် သော နွားသငယ် တို့အဘို့ ၊ ယဇ် ပုရောဟိတ်တို့ကို ခန့်ထား သတည်း။
Jeroboam appointed for himself priests for the high places and the goat and calf idols he had made.
16 ၁၆ ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ကို ရှာ လိုသောငှါ ၊ သဘော ချ သောသူတို့သည်လည်း၊ ဣသရေလ ခရိုင် များထဲက ထွက်၍၊ ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား အား ယဇ် ပူဇော်အံ့သောငှါ ၊ လေဝိ သားတို့နောက် သို့လိုက်၍ ၊ ယေရုရှလင် မြို့သို့ ရောက် လာကြ၏။
People from all the tribes of Israel came after them, those who set their hearts to seek Yahweh, the God of Israel; they came to Jerusalem to sacrifice to Yahweh, the God of their fathers.
17 ၁၇ ထိုသို့သူတို့သည် ယုဒ နိုင်ငံ ကို အားပေး ၍ ရှောလမုန် သား ရောဗောင် ကို သုံး နှစ် ပတ်လုံးခိုင်ခံ့ စေကြ၏။ သုံး နှစ် ပတ်လုံးဒါဝိဒ် လမ်း၊ ရှောလမုန် လမ်း သို့ လိုက် ကြ၏။
So they strengthened the kingdom of Judah and made Rehoboam son of Solomon strong during three years, and they walked for three years in the way of David and Solomon.
18 ၁၈ ရောဗောင် သည်လည်း ဒါဝိဒ် သား ယေရိမုတ် သမီး မဟာလတ် ၊ ယေရှဲ သား ဧလျာဘ သမီး အဘိဟဲလ နှင့်စုံဘက် ၍၊
Rehoboam took a wife for himself: Mahalath, the daughter of Jerimoth, David's son, and of Abihail, the daughter of Eliab, Jesse's son.
19 ၁၉ ယုရှ ၊ ရှမာရိ ၊ ဇာဟံ ၊ သား သုံးယောက်တို့ကို မြင် ရ၏။
She bore him sons: Jeush, Shemariah, and Zaham.
20 ၂၀ ထိုနောက် ၊ အဗရှလုံ သမီး မာခါ နှင့်စုံဘက် ၍ အဘိယ ၊ အတ္တဲ ၊ ဇိဇ ၊ ရှေလောမိတ် တို့ကို မြင် ရ၏။
After Mahalath, Rehoboam took Maacah, Absalom's daughter; she bore him Abijah, Attai, Ziza, and Shelomith.
21 ၂၁ ရောဗောင် သည် ခင်ပွန်း တဆယ် ရှစ် ယောက်၊ မောင်းမမိဿံ ခြောက်ဆယ် တို့ကို သိမ်းယူ ၍ ၊ သား နှစ်ဆယ် ရှစ် ယောက်၊ သမီး ခြောက်ဆယ် တို့ကို ရ သည်တွင် ၊ အဗရှလုံ သမီး မာခါ ကို အခြားသောခင်ပွန်း မောင်းမမိဿံ အပေါင်း တို့ထက် သာ၍ချစ် သောကြောင့်၊
Rehoboam loved Maacah, Absalom's daughter, more than all his other wives and his concubines (he took eighteen wives and sixty concubines, and became the father of twenty-eight sons and sixty daughters).
22 ၂၂ မာခါ ၏သား အဘိယ ကို ရှင် ဘုရင်အရာ ၌ ခန့်ထားမည်အကြံရှိ၍၊ ညီအစ်ကို တို့တွင် ၊ အကြီးဆုံး ဖြစ်စေ ခြင်းငှါ ချီးမြှောက် လေ၏။
Rehoboam appointed Abijah son of Maacah to be chief, a leader among his brothers; he had the thought of making him king.
23 ၂၃ ပညာ သတိနှင့်စီရင်၍ ၊ ယုဒ ခရိုင် နှင့် ဗင်္ယာမိန် ခရိုင် အရပ်ရပ် တို့တွင် ၊ ခိုင်ခံ့ သောမြို့ ရှိသမျှ တို့၌ ၊ မိမိ သား တို့ကို အနှံ့အပြား နေရာချ၍ ၊ များစွာ သောရိက္ခါ ကို သိုထား၏။ မယား အများ တို့ကို အလို ရှိ၏။
Rehoboam ruled wisely; he scattered all his sons throughout all the land of Judah and Benjamin to every fortified city. He also gave them food in abundance and looked for many wives for them.

< ၂ ရာဇဝင်ချုပ် 11 >