< ၂ ရာဇဝင်ချုပ် 10 >
1 ၁ ဣသရေလ အမျိုးသားအပေါင်း တို့သည် ရောဗောင် ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ရှေခင် မြို့သို့ သွား ကြ၍ ၊ သူသည်လည်းသွား၏။
၁ရောဗောင်သည်မိမိအားမင်းမြှောက်ရန် ဣသ ရေလအမျိုးသားတို့စုရုံးလျက်ရှိရာ ရှေခင်မြို့သို့သွား၏။-
2 ၂ ရှောလမုန် မင်းကြီးထံမှ ၊ အဲဂုတ္တု ပြည်သို့ ပြေး သော နေဗတ် ၏သား ယေရောဗောင် သည်၊ ထိုသိတင်းကိုကြား ၍ အဲဂုတ္တု ပြည်မှ ပြန်လာ ၏။
၂ရှောလမုန်၏ဘေးမှလွတ်မြောက်ရန်အီဂျစ် ပြည်သို့ထွက်ပြေးသွားသူ၊ နေဗတ်၏သား ယေရောဗောင်သည်ထိုသတင်းကိုကြား သောအခါမိမိ၏ပြည်သို့ပြန်လာ၏။-
3 ၃ ဣသရေလ လူတို့သည် သူ့ထံသို့လူကို စေလွှတ် ၍ ခေါ် သဖြင့် ၊ လူအပေါင်း တို့သည် သူ နှင့်အတူ ရောဗောင် ထံသို့ ဝင် လျက်၊
၃ဣသရေလပြည်မြောက်ပိုင်းမှအနွယ်တို့သည် သူ့ကိုခေါ်ပြီးလျှင်ရောဗောင်ထံကိုသွား၍၊-
4 ၄ ခမည်းတော် သည် ကျွန်တော် တို့၌ လေး သောထမ်းဘိုး ကိုတင် ပါပြီ။ ခမည်းတော် ထံမှာ ပင်ပန်း စွာ ဆောင်ရွက်ရသောအမှု၊ တင် တော်မူသောထမ်းဘိုး လေးကို ပေါ့ စေတော်မူပါ။ ထိုသို့ပြုတော်လျှင်၊ ကျွန်တော် တို့သည် အမှုတော် ကို ထမ်းပါမည်ဟု လျှောက်ဆို ကြ၏။
၄``အရှင်၏ခမည်းတော်သည်အကျွန်ုပ်တို့အား ဖိနှိပ်ချုပ်ချယ်ခဲ့ပါ၏။ အကယ်၍အရှင်သည် ယင်းသို့ဖိနှိပ်ချုပ်ချယ်မှုကိုပေါ့ပါးစေလျက် အကျွန်ုပ်တို့နေသာထိုင်သာအောင်ပြုတော် မူလျှင် အကျွန်ုပ်တို့သည်သစ္စာရှိစွာအရှင်၏ အမှုတော်ကိုထမ်းဆောင်ပါမည်'' ဟုလျှောက် ထားကြ၏။
5 ၅ ရောဗောင်ကလည်း၊ သုံး ရက် လွန်မှ တဖန် လာ ကြဦးလော့ဟု မိန့် တော်မူလျှင် ၊ သူတို့သည်သွား ကြ၏။
၅ရောဗောင်က``သုံးရက်လွန်ပြီးမှပြန်လာကြ လော့'' ဟုဆို၏။ ထို့ကြောင့်ထိုလူတို့သည်ထွက် ခွာသွားကြ၏။
6 ၆ ထိုအခါ ရောဗောင် မင်းကြီး သည် ခမည်းတော် ရှောလမုန် အသက်ရှင် စဉ်အခါ ၊ အထံ တော်၌ခစား သော အသက်ကြီး သူတို့နှင့် တိုင်ပင် ၍၊ ဤ သူ တို့အား ငါပြန်ပြော ရမည်အကြောင်း ၊ အဘယ်သို့ အကြံ ပေးကြမည်နည်းဟုမေး သော်၊
၆ရောဗောင်မင်းသည်ခမည်းတော်ရှောလမုန်၏ အတိုင်ပင်ခံအသက်ကြီးသူအမတ်များ အား``ထိုသူတို့ကိုငါအဘယ်သို့ဖြေကြား ရပါမည်နည်း။ သင်တို့အဘယ်သို့အကြံ ပေးလိုကြပါသနည်း'' ဟုမေးတော်မူ၏။
7 ၇ သူ တို့က ကိုယ်တော်သည် ဤ သူ တို့၌ ကျေးဇူး ပြု လျက် ၊ သူ တို့စိတ် ကို ဖြေ၍ ကောင်း သောစကားကို ပြော တော်မူလျှင် ၊ သူတို့သည် အစဉ် ကိုယ်တော် ၏ကျွန် ခံ ကြပါလိမ့်မည်ဟု လျှောက် ထားကြ၏။
၇အမတ်တို့က``အကယ်၍အရှင်သည်သူတို့ အားကရုဏာပြလျက်နှစ်သက်စေသော စကားဖြင့်ဖြေကြားပါလျှင်သူတို့သည် အရှင်၏အမှုတော်ကိုအစဉ်အမြဲသစ္စာ ရှိစွာထမ်းဆောင်ကြပါလိမ့်မည်'' ဟု လျှောက်ထားကြ၏။
8 ၈ အသက်ကြီး သူတို့ပေး သော အကြံ ကို ရောဗောင်သည်မ လိုက်၊ ခစားမြဲခစား သောမိမိ သူငယ်ချင်း တို့နှင့် တိုင်ပင် လျက်၊
၈သို့ရာတွင်ရောဗောင်သည်အသက်ကြီးသူတို့ ၏အကြံကိုလျစ်လူရှုကာမိမိနှင့်အတူ ကြီးပြင်းလာ၍ ယခုအခါမိမိ၏တိုင်ပင် ဖော်တိုင်ပင်ဘက်များဖြစ်လာကြသူလူ ငယ်လူရွယ်များနှင့်တိုင်ပင်၏။-
9 ၉ ပြည်သား တို့က ခမည်းတော် တင် သော ထမ်းဘိုး ကို ပေါ့ စေတော်မူပါဟု လျှောက်ဆို ကြသည်ဖြစ်၍၊ သူ တို့အား ငါပြန်ပြော ရမည်အကြောင်း အဘယ်သို့ အကြံ ပေးကြမည်နည်းဟုမေး သော်၊
၉သူတို့အားမင်းကြီးက``သင်တို့သည်ငါ့အား အဘယ်သို့အကြံပေးကြပါမည်နည်း။ ဖိနှိပ် ချုပ်ချယ်မှုကိုလျော့ပါးအောင်ပြုလုပ်ပေး ရန်ငါ့ထံပန်ကြားလျှောက်ထားသူတို့အား အဘယ်သို့ဖြေကြားရပါမည်နည်း'' ဟု မေးတော်မူ၏။
10 ၁၀ ထိုသူငယ်ချင်း လုလင်တို့က၊ ခမည်းတော် သည် ကျွန်တော် တို့၌ ထမ်းဘိုး ကိုလေး စေပါပြီ၊ ပေါ့ စေတော်မူပါဟု လျှောက် သောပြည် သားတို့အား ကိုယ်တော်က၊ ငါ့ လက်သန်း သည် ငါ့ ခမည်းတော် ခါး ထက် သာ၍ကြီး လိမ့်မည်။
၁၀ထိုသူငယ်တို့က``အရှင်သည်သူတို့အား`ငါ ၏လက်သန်းသည်ခမည်းတော်၏ခါးပိုင်း ထက်ပို၍တုပ်၏။-
11 ၁၁ ငါ့ ခမည်းတော် သည် သင် တို့အပေါ် မှာ လေး သောထမ်းဘိုး တို့ကို တင် လေပြီ။ ငါ သည်လည်း ထပ် ၍တင်ဦးမည်။ ငါ့ ခမည်းတော် သည် သင် တို့ကို ကြိမ်လုံး နှင့် ရိုက် လေပြီ။ ငါ သည်လည်း ကင်းမြီးကောက် နှင့် ရိုက်ဦးမည်ဟု ပြန်ပြော တော်မူပါဟု လျှောက် ထားကြ၏။
၁၁ငါ့ခမည်းတော်သည်သင်တို့အပေါ်လေးလံ သောထမ်းပိုးကိုတင်၏။ ငါမူကားထိုထက်ပင် ပို၍လေးလံသောထမ်းပိုးကိုတင်အံ့။ သူသည် သင်တို့အားကြိမ်လုံးနှင့်ရိုက်၏။ ငါမူကား ကြာပွတ်နှင့်ရိုက်အံ့' ဟုပြန်ပြောသင့်ပါသည်'' ဟုလျှောက်ကြ၏။
12 ၁၂ ရှင် ဘုရင်က၊ သုံး ရက်မြောက်သောနေ့ ၌ တဖန် လာကြဦးလော့ဟု နေ့ရက်ကို ချိန်းချက် သည်အတိုင်း ၊ သုံး ရက်မြောက်သောနေ့ ၌ ယေရောဗောင် နှင့် လူ အပေါင်း တို့သည် ရောဗောင် ထံသို့ ရောက် ကြ၏။
၁၂မိမိတို့အားရောဗောင်မှာကြားလိုက်သည် အတိုင်းသုံးရက်ကြာသော်ယေရောဗောင်နှင့် ပြည်သူအပေါင်းတို့သည်သူ၏ထံသို့ပြန် လာကြ၏။-
13 ၁၃ ထိုအခါ ရောဗောင် မင်းကြီး သည် အသက်ကြီး သူတို့ပေးသော အကြံ ကိုမ လိုက်၊ လူပျိုတို့ပေးသောအကြံကိုလိုက်လျက်၊
၁၃မင်းကြီးသည်အသက်ကြီးသူတို့၏အကြံ ကိုလျစ်လူရှု၍၊-
14 ၁၄ ခမည်းတော် သည် သင် တို့အပေါ်မှာ လေးသော ထမ်းဘိုးကိုတင် လေပြီ။ ငါ သည်လည်း ထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင် တို့ကို ကြိမ်လုံး နှင့် ရိုက်လေပြီ။ ငါ သည်လည်း ကင်းမြီးကောက် နှင့် ရိုက် ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြော တော်မူ၏။
၁၄လူငယ်တို့အကြံပေးသည့်အတိုင်းပြည်သူ တို့အား``ငါ့ခမည်းတော်သည်သင်တို့အပေါ် လေးလံသောထမ်းပိုးကိုတင်၏။ ငါမူကား ထိုထက်ပင်ပိုလေးလံသောထမ်းပိုးကိုတင် အံ့။ သူသည်သင်တို့အားကြိမ်လုံးနှင့်ရိုက်၏။ ငါမူကားကြာပွတ်နှင့်ရိုက်အံ့'' ဟုခက်ထန် စွာမိန့်တော်မူ၏။-
15 ၁၅ ရှင် ဘုရင်သည် ပြည်သား တို့စကားကို နား မ ထောင်ရသည် အကြောင်း ကား၊ ထာဝရဘုရား သည် ရှိလော မြို့သားအဟိယ အားဖြင့် နေဗတ် ၏သား ယေရောဗောင် အား မိန့် တော်မူသော စကား ကိုပြည့်စုံ စေတော်မူမည်အကြောင်း တည်း။
၁၅မင်းကြီးသည်ဤသို့ပြည်သူတို့၏စကား ကိုနားမထောင်ဘဲနေခြင်းမှာ ပရောဖက် အဟိယအားဖြင့်နေဗတ်၏သားယေရော ဗောင်အားပေးတော်မူသည့်ဗျာဒိတ်တော် အကောင်အထည်ပေါ်လာစေရန် ထာဝရ အရှင်ဘုရားသခင်အလိုရှိတော်မူသော ကြောင့်ဖြစ်၏။
16 ၁၆ ဣသရေလ အမျိုးသားအပေါင်း တို့သည် ရှင်ဘုရင် နား မ ထောင်ကြောင်း ကိုသိမြင်လျှင်၊ ငါ တို့သည် ဒါဝိဒ် နှင့် အဘယ်သို့ ဆက်ဆံသနည်း။ ယေရှဲ ၏သား နှင့် အဘယ်သို့အမွေ ခံရသေးသနည်း။ အိုဣသရေလ အမျိုး၊ သင် တို့နေရာ သို့ အသီးသီး သွား ကြ။ အိုဒါဝိဒ် ၊ သင် ၏အိမ် ကိုကြည့်ရှု လော့ဟု ရှင်ဘုရင် အား ပြန်ပြော လျက်၊ ဣသရေလ လူအပေါင်း တို့သည် မိမိ တို့နေရာ သို့ ပြန် သွားကြ၏။
၁၆မိမိတို့၏စကားကို နားထောင်တော့မည်မ ဟုတ်ကြောင်းသိရှိကြသောအခါ လူတို့ သည်``ဒါဝိဒ်နှင့်သူ၏အိမ်ထောင်စုသားထံ မှငါတို့ဝေပုံမရ။ ယေရှဲ၏သား၌ငါတို့ အမွေမခံရ။ အို ဣသရေလပြည်သူတို့၊ ငါတို့နေရပ်သို့ပြန်ကြကုန်အံ့။ ရောဗောင် သည်မိမိအိမ်ထောင်ကိုကြည့်ရှုပါစေ'' ဟုဟစ်အော်ကြကုန်၏။ သို့ဖြစ်၍ဣသရေလပြည်သူတို့ပုန်ကန်ကြ သဖြင့်၊-
17 ၁၇ သို့ရာတွင် ယုဒ မြို့ ရွာတို့၌ နေ သောဣသရေလ လူ တို့ကို၊ ရောဗောင် သည် အုပ်စိုး ရသေး၏။
၁၇ရောဗောင်သည်ယုဒနယ်မြေတွင်နေထိုင်သူတို့ ကိုသာအုပ်စိုးရလေ၏။
18 ၁၈ ထိုအခါ ရောဗောင် မင်းကြီး သည်၊ အခွန် တော်ဝန် အဒေါနိရံ ကို စေလွှတ် ၍ ဣသရေလ အမျိုးသား တို့သည် သူ့ ကိုသေ အောင်ကျောက်ခဲ နှင့် ပစ် ကြ၏။
၁၈ထိုအခါရောဗောင်မင်းသည်ချွေးတပ်တာဝန် ခံအဒေါနိရံအား ဣသရေလပြည်သူတို့ ထံစေလွှတ်တော်မူ၏။ သို့ရာတွင်ဣသရေလ ပြည်သူတို့ကထိုသူအားခဲနှင့်ပေါက်သတ် ကြသဖြင့် ရောဗောင်သည်မိမိရထားပေါ် သို့အဆောတလျင်တက်၍ယေရုရှလင် မြို့သို့ထွက်ပြေးလေ၏။-
19 ၁၉ ရောဗောင် မင်းကြီး သည် ရထား တော်ကို အလျင်အမြန် တက် ၍ ယေရုရှလင် မြို့သို့ ပြေး လေ၏။ ထိုသို့ ဣသရေလ အမျိုးသည် ယနေ့ တိုင်အောင် ဒါဝိဒ် မင်းမျိုး ကို ပုန်ကန် ကြ၏။
၁၉ထိုကြောင့်ထိုကာလမှအစပြု၍ဣသရေလ ပြည်မြောက်ပိုင်းမှပြည်သူတို့သည် ဒါဝိဒ်မင်း ဆက်ကိုယနေ့တိုင်အောင်ပုန်ကန်ကြသတည်း။