< ၂ ရာဇဝင်ချုပ် 10 >

1 ဣသရေလ အမျိုးသားအပေါင်း တို့သည် ရောဗောင် ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ရှေခင် မြို့သို့ သွား ကြ၍ ၊ သူသည်လည်းသွား၏။
Rehoboam went to Shechem, because all the Israelites had gone to Shechem to make him king.
2 ရှောလမုန် မင်းကြီးထံမှ ၊ အဲဂုတ္တု ပြည်သို့ ပြေး သော နေဗတ် ၏သား ယေရောဗောင် သည်၊ ထိုသိတင်းကိုကြား ၍ အဲဂုတ္တု ပြည်မှ ပြန်လာ ၏။
Jeroboam, son of Nebat, was still in Egypt when he heard about this. (He had run away to Egypt to escape from King Solomon and was living there.)
3 ဣသရေလ လူတို့သည် သူ့ထံသို့လူကို စေလွှတ် ၍ ခေါ် သဖြင့် ၊ လူအပေါင်း တို့သည် သူ နှင့်အတူ ရောဗောင် ထံသို့ ဝင် လျက်၊
The Israelite leaders sent for him. Jereboam and all the Israelites went to talk with Rehoboam.
4 ခမည်းတော် သည် ကျွန်တော် တို့၌ လေး သောထမ်းဘိုး ကိုတင် ပါပြီ။ ခမည်းတော် ထံမှာ ပင်ပန်း စွာ ဆောင်ရွက်ရသောအမှု၊ တင် တော်မူသောထမ်းဘိုး လေးကို ပေါ့ စေတော်မူပါ။ ထိုသို့ပြုတော်လျှင်၊ ကျွန်တော် တို့သည် အမှုတော် ကို ထမ်းပါမည်ဟု လျှောက်ဆို ကြ၏။
“Your father placed a heavy burden on us,” they told him. “But now if you lighten the load your father imposed and the heavy demands he laid on us, we will serve you.”
5 ရောဗောင်ကလည်း၊ သုံး ရက် လွန်မှ တဖန် လာ ကြဦးလော့ဟု မိန့် တော်မူလျှင် ၊ သူတို့သည်သွား ကြ၏။
Rehoboam answered, “Come back in three days time.” So the people left.
6 ထိုအခါ ရောဗောင် မင်းကြီး သည် ခမည်းတော် ရှောလမုန် အသက်ရှင် စဉ်အခါ ၊ အထံ တော်၌ခစား သော အသက်ကြီး သူတို့နှင့် တိုင်ပင် ၍၊ ဤ သူ တို့အား ငါပြန်ပြော ရမည်အကြောင်း ၊ အဘယ်သို့ အကြံ ပေးကြမည်နည်းဟုမေး သော်၊
King Rehoboam asked for advice from the elders who had served his father Solomon when he was alive. “How do you advise me to reply to these people about this?” he asked.
7 သူ တို့က ကိုယ်တော်သည် ဤ သူ တို့၌ ကျေးဇူး ပြု လျက် ၊ သူ တို့စိတ် ကို ဖြေ၍ ကောင်း သောစကားကို ပြော တော်မူလျှင် ၊ သူတို့သည် အစဉ် ကိုယ်တော် ၏ကျွန် ခံ ကြပါလိမ့်မည်ဟု လျှောက် ထားကြ၏။
They replied, “If you treat these people well, and please them by speaking kindly to them, they will always serve you.”
8 အသက်ကြီး သူတို့ပေး သော အကြံ ကို ရောဗောင်သည်မ လိုက်၊ ခစားမြဲခစား သောမိမိ သူငယ်ချင်း တို့နှင့် တိုင်ပင် လျက်၊
But Rehoboam dismissed the advice of the elders. He instead asked advice from the young men who he had grown up with, and who were close to him.
9 ပြည်သား တို့က ခမည်းတော် တင် သော ထမ်းဘိုး ကို ပေါ့ စေတော်မူပါဟု လျှောက်ဆို ကြသည်ဖြစ်၍၊ သူ တို့အား ငါပြန်ပြော ရမည်အကြောင်း အဘယ်သို့ အကြံ ပေးကြမည်နည်းဟုမေး သော်၊
He asked them, “What response do you advise that we send back to these people who have told me, ‘Lighten the burden your father put on us’?”
10 ၁၀ ထိုသူငယ်ချင်း လုလင်တို့က၊ ခမည်းတော် သည် ကျွန်တော် တို့၌ ထမ်းဘိုး ကိုလေး စေပါပြီ၊ ပေါ့ စေတော်မူပါဟု လျှောက် သောပြည် သားတို့အား ကိုယ်တော်က၊ ငါ့ လက်သန်း သည် ငါ့ ခမည်းတော် ခါး ထက် သာ၍ကြီး လိမ့်မည်။
The young men who he had grown up with told him, “This is what you have to tell these people who said to you, ‘Your father made our burden heavy, but you should make it lighter.’ This is what you should answer them: ‘My little finger is thicker than my father's waist!
11 ၁၁ ငါ့ ခမည်းတော် သည် သင် တို့အပေါ် မှာ လေး သောထမ်းဘိုး တို့ကို တင် လေပြီ။ ငါ သည်လည်း ထပ် ၍တင်ဦးမည်။ ငါ့ ခမည်းတော် သည် သင် တို့ကို ကြိမ်လုံး နှင့် ရိုက် လေပြီ။ ငါ သည်လည်း ကင်းမြီးကောက် နှင့် ရိုက်ဦးမည်ဟု ပြန်ပြော တော်မူပါဟု လျှောက် ထားကြ၏။
My father placed a heavy burden on you, and I will make it even heavier. My father punished you with whips; I will punish you with scorpions.’”
12 ၁၂ ရှင် ဘုရင်က၊ သုံး ရက်မြောက်သောနေ့ ၌ တဖန် လာကြဦးလော့ဟု နေ့ရက်ကို ချိန်းချက် သည်အတိုင်း ၊ သုံး ရက်မြောက်သောနေ့ ၌ ယေရောဗောင် နှင့် လူ အပေါင်း တို့သည် ရောဗောင် ထံသို့ ရောက် ကြ၏။
Three days later, Jeroboam and all the people returned to Rehoboam, because the king had told them, “Come back in three days time.”
13 ၁၃ ထိုအခါ ရောဗောင် မင်းကြီး သည် အသက်ကြီး သူတို့ပေးသော အကြံ ကိုမ လိုက်၊ လူပျိုတို့ပေးသောအကြံကိုလိုက်လျက်၊
The king answered them sharply. Dismissing the advice of the elders,
14 ၁၄ ခမည်းတော် သည် သင် တို့အပေါ်မှာ လေးသော ထမ်းဘိုးကိုတင် လေပြီ။ ငါ သည်လည်း ထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင် တို့ကို ကြိမ်လုံး နှင့် ရိုက်လေပြီ။ ငါ သည်လည်း ကင်းမြီးကောက် နှင့် ရိုက် ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြော တော်မူ၏။
he replied using the advice of the young men. He said, “My father placed a heavy burden on you, and I will make it even heavier. My father punished you with whips; I will punish you with scorpions.”
15 ၁၅ ရှင် ဘုရင်သည် ပြည်သား တို့စကားကို နား မ ထောင်ရသည် အကြောင်း ကား၊ ထာဝရဘုရား သည် ရှိလော မြို့သားအဟိယ အားဖြင့် နေဗတ် ၏သား ယေရောဗောင် အား မိန့် တော်မူသော စကား ကိုပြည့်စုံ စေတော်မူမည်အကြောင်း တည်း။
The king did not listen to what the people said, for this change in circumstances was from God, to fulfill what Lord had told Jeroboam son of Nebat through Ahijah the Shilonite.
16 ၁၆ ဣသရေလ အမျိုးသားအပေါင်း တို့သည် ရှင်ဘုရင် နား မ ထောင်ကြောင်း ကိုသိမြင်လျှင်၊ ငါ တို့သည် ဒါဝိဒ် နှင့် အဘယ်သို့ ဆက်ဆံသနည်း။ ယေရှဲ ၏သား နှင့် အဘယ်သို့အမွေ ခံရသေးသနည်း။ အိုဣသရေလ အမျိုး၊ သင် တို့နေရာ သို့ အသီးသီး သွား ကြ။ အိုဒါဝိဒ် ၊ သင် ၏အိမ် ကိုကြည့်ရှု လော့ဟု ရှင်ဘုရင် အား ပြန်ပြော လျက်၊ ဣသရေလ လူအပေါင်း တို့သည် မိမိ တို့နေရာ သို့ ပြန် သွားကြ၏။
When all the Israelites saw that the king wasn't listening to them, they told the king: “What share do we have in David, and what part do we have in the son of Jesse? Go home, Israel! You're on your own, house of David!” So all the Israelites went home.
17 ၁၇ သို့ရာတွင် ယုဒ မြို့ ရွာတို့၌ နေ သောဣသရေလ လူ တို့ကို၊ ရောဗောင် သည် အုပ်စိုး ရသေး၏။
However, Rehoboam still ruled over the Israelites who lived in Judah.
18 ၁၈ ထိုအခါ ရောဗောင် မင်းကြီး သည်၊ အခွန် တော်ဝန် အဒေါနိရံ ကို စေလွှတ် ၍ ဣသရေလ အမျိုးသား တို့သည် သူ့ ကိုသေ အောင်ကျောက်ခဲ နှင့် ပစ် ကြ၏။
Then King Rehoboam sent out Hadoram, who was in charge of forced labor, but the Israelites stoned him to death. King Rehoboam quickly jumped into his chariot and raced back to Jerusalem.
19 ၁၉ ရောဗောင် မင်းကြီး သည် ရထား တော်ကို အလျင်အမြန် တက် ၍ ယေရုရှလင် မြို့သို့ ပြေး လေ၏။ ထိုသို့ ဣသရေလ အမျိုးသည် ယနေ့ တိုင်အောင် ဒါဝိဒ် မင်းမျိုး ကို ပုန်ကန် ကြ၏။
As a result, Israel has been in rebellion against the house of David to this day.

< ၂ ရာဇဝင်ချုပ် 10 >