< ၁ တိမောသေ 6 >

1 ဘုရားသခင် ၏ နာမ တော်နှင့်တရားတော်သည် ကဲ့ရဲ့ ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ၊ အစေခံ ကျွန် မည်သည်ကား၊ မိမိ သခင် ကို အလွန်ရိုသေ ထိုက် သော သူဟူ၍မှတ် စေ။
Let as many servants as are under the yoke, esteem their own masters worthy of all honor, that the name of God and his doctrine be not defamed.
2 သခင် သည်ယုံကြည် သောသူ ဖြစ်လျှင် ၊ ညီအစ်ကို ဖြစ် သည်ဟု စိတ်ထင်နှင့်၊ မခန့်မညား မ ပြုစေနှင့်။ အစေခံခြင်း၏အကျိုးကို ခံရ သောသူသည် ယုံကြည် သောသူ၊ ချစ် အပ်သောသူ ဖြစ်သောကြောင့် သာ၍ အစေခံ စေ။ ဤသို့ ဆုံးမ ဩဝါဒပေး၍ တိုက်တွန်း သွေးဆောင်လော့။
And let not those who have believing masters, not despise them, because they are brethren; but let them serve them more, because they are believers, and beloved, who receive the benefit. These things teach and exhort.
3 ခြားနားသောဩဝါဒကိုသင်ပေး ၍ ၊ ငါ တို့သခင် ယေရှု ခရစ် ၏ စကား တည်းဟူသောစင်ကြယ် သော စကားကို၎င်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သော ဩဝါဒ ကို၎င်း ဝန် မ ခံသောသူ မည်သည်ကား
If any one teach differently, and consent not to wholesome dictates of our Lord Jesus Christ, and to the doctrine which is according to godliness;
4 မာန နှင့်ယစ်မူး၍ အလျှင်းနား မ လည်ဘဲ၊ ပုစ္ဆာအမေးကို ဆွေးနွေး ၍ စကားကြောင့်သာ ငြင်းခုံ သော အားဖြင့်စိတ်ပေါ့သောသူဖြစ်၏။ ထိုသို့ပြုလျှင်၊ ငြူစူခြင်း၊ ရန်တွေ့ ခြင်း၊ သူ့ အသရေကိုရှုတ်ချခြင်း၊ မနာလို သော ကြံစည်ခြင်း
he is puffed up with pride, knowing nothing; but is doting about questions, and verbal contentions, from which come envy, strife, evil speakings, unjust suspicions,
5 စိတ် နှလုံးယိုယွင်း ၍ ၊ သမ္မာတရား နှင့်ကင်းသော သူတို့ အချည်းနှီးဆွေးနွေးခြင်းဖြစ်တတ်၏။ ဘုရား ဝတ်၌ မွေ့လျော်ခြင်းသည် အကျိုး စီးပွားဖြစ် သည်ဟု သူတို့သည် စိတ်ထင် ကြ၏။ ထိုသို့သောသူတို့ကို ရှောင်လော့။
perverse disputings of men wholly corrupted in mind, and destitute of the truth; who reckon gain to be godliness: from such, stand aloof.
6 ရောင့်ရဲ သောစိတ်ပါလျှင်၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာ သော အကျိုး စီးပွားမှန်၏။
But godliness with contentment is great gain.
7 အကြောင်းမူကား ၊ ငါတို့သည် ဤလောက ထဲသို့ အဘယ် အရာမျှမပါ ဘဲ လာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း၊ အဘယ် အရာကိုမျှ ယူ ၍ မ သွားနိုင် ဟု ထင်ရှားလျက်ရှိ၏။
For we brought nothing into the world, and it is evident that we can carry out nothing.
8 သို့ဖြစ်၍ ၊ စား ရန်၊ ဝတ် ရန်ရှိသမျှနှင့် ရောင့်ရဲ လျက်နေကြကုန်အံ့။
Wherefore, having food and raiment, with these let us be content.
9 ငွေရတတ် ခြင်းငှာအလိုရှိ သောသူ တို့သည် အပြစ် သွေးဆောင်ခြင်း၊ ဘမ်းမိ ခြင်း၊ မိုက်မဲ ဖျက်ဆီး တတ်သော တပ်မက် ခြင်းများ ထဲသို့ ကျရောက် တတ်ကြ၏။ ထိုသို့သောအားဖြင့်လူ တို့သည် အကျိုးနည်းခြင်း၊ ပျက်စီး ခြင်း၌ နစ်မွန်း တတ်ကြ၏။
But they who will be rich, fall into temptation, and a snare, and into many foolish and hurtful lusts, which plunge men into destruction and perdition.
10 ၁၀ အကြောင်းမူကား ၊ ငွေ ကိုတပ်မက်ခြင်းသည် မကောင်း သော အမှုအပေါင်း တို့တွင် မူလအမြစ် ဖြစ် သတည်း။ လူအချို့ တို့သည်ငွေကို တပ်မက် သောကြောင့်ယုံကြည် ခြင်းတရားလမ်း မှ လွှဲသွား၍၊ ပူပန် ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခပ်အောင်ထိုး ကြပြီ။
For the love of money is the root of all evil, which some, eagerly desiring, have wholly erred from the faith, and pierced themselves all around with many sorrows.
11 ၁၁ သို့ဖြစ်၍ ၊ အို ဘုရားသခင် ၏လူ ၊ သင် သည် ထို အပြစ်များကို ကြဉ်ရှောင် လော့။ ဖြောင့်မတ် စွာ ကျင့် ခြင်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည် ခြင်း၊ ချစ် ခြင်း၊ သည်းခံ ခြင်း၊ နူးညံ့ သိမ်မွေ့ခြင်းတို့ကို မှီအောင် လိုက် လော့။
Therefore, do you, O man of God! flee these things, and pursue righteousness, piety, faith, love, patience, meekness.
12 ၁၂ ယုံကြည် ခြင်းနှင့်ဆိုင်၍ကောင်း စွာသော တိုက်လှန် ခြင်းကို ပြုလော့။ ထာဝရ အသက် ကိုကိုင်ယူ လော့။ ထို အသက်ကိုရမည်အကြောင်း ၊ သင်သည်ခေါ် တော်မူခြင်းကိုခံရ၍ ၊ သက်သေ အများ တို့ ရှေ့ ၌ကောင်းမွန် စွာ ဝန်ခံ ပြီ။ (aiōnios g166)
Combat the good combat of faith: lay hold on eternal life; to which, also, you have been called, and have confessed the good confession in the presence of many witnesses. (aiōnios g166)
13 ၁၃ ငါ တို့သခင် ယေရှု ခရစ် ထင်ရှား ပေါ်ထွန်းတော်မူသည်တိုင်အောင် ၊ သင်သည်အညစ်အကြေးနှင့် ကင်းစင် ၍ အပြစ်တင် ခွင့် မရှိဘဲလျက်၊ ပညတ် တော်ကို စောင့်ရှောက် မည်အကြောင်း
I charge you, in the presence of God, who makes all alive-- and of Christ Jesus, who witnessed to Pontius Pilate the good confession;
14 ၁၄ အလုံးစုံ တို့ကို အသက် ရှင်စေတော်မူသော ဘုရားသခင် ရှေ့ မှာ၎င်း ၊ ပုန္တိ ပိလတ် မင်းထံ ကောင်း သော ဝန်ခံ ခြင်းဘက်၌ သက်သေခံ တော်မူသော ယေရှု ခရစ် ရှေ့ မှာ၎င်း၊ ငါသည်သင့် ကိုပညတ် ထား၏။
that you keep this commandment without spot, unblamable, till the appearing of our Lord Jesus Christ;
15 ၁၅ မရဏာ နှင့်ကင်းလွတ်သော သူတစ်ပါး တည်းဖြစ် တော်မူသော၊ အဘယ်သူမျှမ ချဉ်းကပ်နိုင်သော အလင်း ထဲ၌နေ တော်မူသောအဘယ်သူ မျှမမြင် ဘူးရာ၊ မ မြင် နိုင် ရာ ဖြစ်တော်မူသော၊ မင်္ဂလာ ရှိသော တစ်ပါးတည်း သော အရှင် ဖြစ်တော်မူသော၊ ဘုရင် တကာ တို့၏ ဘုရင် ၊ သခင် တကာ တို့၏သခင် သည်၊ ကာလ အချိန်ရောက်သောအခါ၊ သခင်ယေရှုခရစ်၏ ထင်ရှားပေါ်ထွန်းခြင်းကို ပြ တော်မူလိမ့်မည်။
which appearance, at the proper season, the blessed and only Potentate, the King of king, and Lord of lords will exhibit;
16 ၁၆ ထိုဘုရားသခင် သည် ထာဝရ ဂုဏ် အသရေ အစွမ်း သတ္တိရှိတော်မူစေသတည်း။ အာမင် ။ (aiōnios g166)
who only has immortality--dwelling in light inaccessible; whom no man has seen, nor can see: to whom be honor and might everlasting. Amen. (aiōnios g166)
17 ၁၇ ဤ ဘဝ ၌ ငွေရတတ် သောသူ တို့သည် မာန် မာန စိတ်နှင့် ကင်းလွတ် ၍၊ မ မြဲသောစည်းစိမ် ကို မ ကိုးစား ဘဲ၊ ငါ တို့ခံစားဘို့ရာအလုံးစုံ တို့ကိုကြွယ်ဝ စွာ ပေး သနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင် ကို ကိုးစားရမည်အကြောင်း နှင့် (aiōn g165)
Charge the rich in the present world not to be elated in mind, nor to trust in uncertain riches, but in the living God, who confers on us richly all things for enjoyment-- (aiōn g165)
18 ၁၈ သူတစ်ပါးအားကျေးဇူး ပြုခြင်း၊ ကောင်း သောအကျင့် ၌ ကြွယ်ဝ ပြည့်စုံခြင်း၊ စွန့်ကြဲ ချင်သော စေတနာ စိတ်ရှိ ခြင်း၊ အချင်းချင်း ဆက်ဆံခြင်း
to do good, to be rich in lovely works, ready to distribute, communicative,
19 ၁၉ မှန် သောအသက် ကို ဝင်စား လိုသောငှာ ၊ နောင် ဘဝ၌ ကောင်း သောဘဏ္ဍာ ကို မိမိ တို့အဘို့ ဆည်းဖူးခြင်းတို့ကို ပြုရမည်အကြောင်း ပညတ်ထားလော့။
providing for themselves a good foundation for hereafter, that they may lay hold on eternal life.
20 ၂၀ အို တိမောသေ ၊ သင်၌အပ် ထားသော အရာကို စောင့်ရှောက် လော့။ တရားမဲ့ ဖြစ်သော အချည်းနှီး စကားပြောခြင်းကို၎င်း ၊ သိပ္ပံ အတတ်ဟူ၍အလွဲ ခေါ်ဝေါ်သော သိပ္ပံအတတ်ဆီးတားနှောင့်ရှက်ခြင်းကို၎င်း ရှောင် လော့။
O Timothy, guard the things committed to you in trust, avoiding profane babblings, and oppositions of knowledge, falsely so named:
21 ၂၁ ထိုသိပ္ပံအတတ်ကို လူအချို့ တို့သည် ဝန်ခံ ပြုစုသောအားဖြင့်၊ ယုံကြည် ခြင်းတရားလမ်းမှ လွဲ ကြပြီ။ သင် ၌ ကျေးဇူး တော်ရှိစေသတည်း။ အာမင်။
which some, professing, have erred, with respect to the faith. Favor be with you.

< ၁ တိမောသေ 6 >