< ၁ သက်သာလောနိတ် 5 >

1 ညီအစ်ကို တို့၊ ကပ်ကာလ အချိန် များကို သင်တို့အား ရေး ၍ ပေးလိုက်စရာအကြောင်း မ ရှိ။
But as to the times and the moments, there is no need, friends, for anyone to write to you.
2 အဘယ်ကြောင့် နည်းဟူမူကား၊ သူခိုး သည် ညဉ့် အခါလာသကဲ့သို့ ၊ သခင် ဘုရား၏ နေ့ရက် သည် လာ လိမ့်မည်ကို သင်တို့သည် သေချာ စွာသိ ကြ၏။
You yourselves know well that the day of the Lord will come just as a thief comes in the night.
3 ငြိမ်ဝပ် ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင် သော မိန်းမ၌ သားဘွား ခြင်းဝေဒနာ ရောက် သကဲ့သို့ ၊ သူ တို့အပေါ်၌ လျင်မြန် စွာသော ပျက်စီး ခြင်းရောက် ၍ လွတ် ခြင်းအခွင့် မ ရှိရကြ။
When people are saying ‘All is quiet and safe,’ it is then that, like birth pains on a pregnant woman, ruin comes suddenly upon them, and there will be no escape!
4 သို့သော်လည်း ၊ ညီအစ်ကို တို့၊ ထို နေ့ရက် သည် သူခိုး ကဲ့သို့ သင် တို့အပေါ်သို့ရောက်လာ မည် အကြောင်း၊ သင်တို့သည် မှောင်မိုက် ၌ နေ ကြသည်မ ဟုတ်။
You, however, friends, are not in darkness, that the daylight should take you by surprise as if you were thieves.
5 သင် တို့အပေါင်း သည် အလင်း ၏သား ၊ နေ့ ၏သား ဖြစ် ကြ၏။ ညဉ့် ၏သား ၊ မှောင်မိုက် ၏သားမ ဟုတ်။
For you all are children of light and children of the day. We have nothing to do with night, or darkness.
6 သို့ဖြစ်၍ ၊ အခြား သော သူ တို့သည် အိပ်ပျော်သကဲ့သို့ ၊ ငါတို့သည် အိပ် မ ပျော်ဘဲ သမ္မာ သတိရှိ၍ စောင့် ကြကုန်အံ့။
Therefore let us not sleep as others do. No, let us be watchful and self-controlled.
7 အကြောင်းမူကား ၊ အိပ်ပျော် သော သူ တို့သည် ညဉ့် အခါ အိပ်ပျော် တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူး သော သူ တို့သည်လည်း ညဉ့် အခါ ယစ်မူး တတ်ကြ၏။
It is at night that people sleep, and at night that drunkards get drunk.
8 နေ့ ၏သားဖြစ် သော ငါ တို့မူကား ၊ သမ္မာ သတိရှိကြကုန်အံ့။ ယုံကြည် ခြင်း၊ ချစ် ခြင်းတည်းဟူသောရင်အုပ် တန်ဆာကို၎င်း ၊ ကယ်တင် ခြင်းသို့ ရောက်မည်ဟု မြော်လင့် ခြင်းတည်းဟူသောသံ ခမောက်လုံးကို၎င်း ၊ ဝတ်ဆောင် ကြကုန်အံ့။
But let us, who belong to the day, control ourselves, and put on faith and love as a breast plate, and the hope of salvation as a helmet.
9 အမျက် တော်ကိုခံစေခြင်းငှာ ဘုရားသခင် သည် ငါ တို့ကို ခန့်ထား တော်မူသည်မ ဟုတ်။ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ကယ်တင် ခြင်းကို ပိုင်ရ စေခြင်းငှာ ခန့်ထားတော်မူ၏။
For God destined us, not for wrath, but to win salvation through our Lord Jesus Christ, who died for us,
10 ၁၀ ငါတို့သည် နိုး လျက်ရှိသည်ဖြစ်စေ ၊ အိပ်ပျော် သည်ဖြစ်စေ ၊ ထိုသခင် နှင့်အတူ အသက် ရှင်မည် အကြောင်း ၊ ငါ တို့အဘို့ အသေခံ တော်မူပြီ။
that, whether we are still watching or have fallen asleep, we may live with him.
11 ၁၁ ထိုကြောင့် ၊ သင်တို့သည်ယခုပင်ပြု သည်နည်းတူ ၊ အချင်းချင်း တိုက်တွန်း ၍ တစ်ယောက် ကိုတစ်ယောက် တည်ဆောက် ကြလော့။
Therefore encourage one another, and try to build up one another’s characters, as indeed you are doing.
12 ၁၂ ထိုမှတစ်ပါး၊ ညီအစ်ကို တို့၊ သင် တို့တွင် အမှုတော်ကိုဆောင်ရွက် ခြင်း၊ သခင် ဘုရား၊ အခွင့်နှင့် အုပ်စိုး ခြင်း၊ သတိပေး ခြင်း အမှုကိုပြုသောသူ တို့ကို သိမှတ် ၍၊
We beg you, friends, to value those who toil among you, and are your leaders in the Lord’s service, and give you counsel.
13 ၁၃ သူ တို့ပြုသောအမှု ကြောင့် မေတ္တာ စိတ်နှင့် အလွန် ချစ်ခင်လေးမြတ် မည်အကြောင်း၊ ငါတို့သည် တောင်းပန် ကြ၏။ အချင်းချင်း အသင့်အတင့် နေကြလော့။
Hold them in the very greatest esteem and affection for the sake of their work. Live at peace with one another.
14 ၁၄ တဖန်တုံ၊ ညီအစ်ကို တို့၊ မတရား စွာပြုသောသူ တို့ကို သတိပေး ကြလော့။ စိတ် ငယ်သောသူ တို့ကို အားပေး ကြလော့။ အားနည်း သော သူ တို့ကို ထောက်မ ကြလော့။ ခပ်သိမ်း သောသူတို့အား ရှည် သောစိတ်ရှိ စေကြလော့။
We entreat you also, friends – warn the disorderly, comfort the faint-hearted, give a helping hand to the weak, and be patient with everyone.
15 ၁၅ သူတစ်ပါး ၌အဘယ်သူ မျှရန်တုံ့ မ မူစေခြင်းငှာ သတိပြု ၍၊ အချင်းချင်း တို့၌ ၎င်း၊ ခပ်သိမ်း သောသူတို့၌ ၎င်း၊ ကာလအစဉ် ကြိုးစား ၍ ကျေးဇူး ပြုကြလော့။
Take care that none of you ever pays back wrong for wrong, but always follow the kindest course with one another and with everyone.
16 ၁၆ အစဉ်မပြတ် ဝမ်းမြောက် ခြင်းရှိကြလော့။
Always be joyful;
17 ၁၇ မခြားမလပ် ဆုတောင်း ပဌနာပြုကြလော့။
never cease to pray;
18 ၁၈ အရာရာ ၌ ကျေးဇူး တော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ၊ သင် တို့သည် ထိုသို့ ကျင့်စေခြင်းငှာ၊ ယေရှု ခရစ် ၌ ဘုရားသခင် အလို တော်ရှိ၏။
under all circumstances give thanks to God. For this is his will for you as made known in Christ Jesus.
19 ၁၉ ဝိညာဉ် တော်၏အရှိန်ကို မ ငြိမ်း စေကြနှင့် ။
Do not quench the Spirit;
20 ၂၀ ပရောဖက် ပြုခြင်းကို မထီမဲ့မြင် မ မှတ်ကြနှင့် ။
do not make light of preaching.
21 ၂၁ ခပ်သိမ်း သော အရာကိုစုံစမ်း ၍ ၊ ကောင်း သော အရာကို အမြဲ ကိုင်စွဲကြလော့ ။
Bring everything to the test; cling to what is good;
22 ၂၂ မကောင်း သောအမှုအမျိုးမျိုးရှိသမျှ ကို ရှောင် ကြလော့။
shun every form of evil.
23 ၂၃ ငြိမ်သက် ခြင်း၏အရှင်ဘုရားသခင် ကိုယ်တော် တိုင်လည်း၊ သင် တို့ကို အကုန်အစင် သန့်ရှင်း စေတော်မူပါစေသော။ ငါ တို့ သခင် ယေရှု ခရစ် ကြွလာ တော်မူသောအခါ ၊ သင် တို့၏ ကိုယ်ခန္ဓါ ၊ စိတ် ၊ ဝိညာဉ် အပေါင်း အပြစ်တင် ခွင့်နှင့် ကင်းလွတ်စေခြင်းငှာစောင့်မ တော်မူပါစေသော။
May God himself, the giver of peace, make you altogether holy; and may your spirits, souls, and bodies be kept altogether faultless until the coming of our Lord Jesus Christ.
24 ၂၄ သင် တို့ကိုခေါ် တော်မူသောသူ သည်သစ္စာ နှင့် ပြည့်စုံသည် ဖြစ်၍၊ ထိုသို့ပြု တော်မူလိမ့်မည်။
He who calls you will not fail you; he will complete his work.
25 ၂၅ ညီအစ်ကို တို့၊ ငါ တို့အဘို့ ဆုတောင်း ကြလော့။
Friends, pray for us.
26 ၂၆ ညီအစ်ကို အပေါင်း တို့ကို သန့်ရှင်း သောနမ်း ခြင်းနှင့် နှုတ်ဆက် ကြလော့။
Greet all the Lord’s followers with a sacred kiss.
27 ၂၇ ဤ စာ ကို သန့်ရှင်းသော ညီအစ်ကို အပေါင်း တို့အား ဘတ် စေခြင်းငှာ၊ သခင် ဘုရားကို တိုင်တည် ၍ ငါသည် သင် တို့ကို အဓိဋ္ဌာန် သစ္စာပေး၏။
I order you in the Lord’s name to have this letter read to all the brethren.
28 ၂၈ ငါ တို့သခင် ယေရှု ခရစ် ၏ ကျေးဇူး တော်သည် သင် တို့၌ ရှိစေသတည်း။ အာမင်။
May the blessing of our Lord Jesus Christ be with you.

< ၁ သက်သာလောနိတ် 5 >