< ၁ သက်သာလောနိတ် 2 >

1 ညီအစ်ကို တို့၊ ငါ တို့သည် သင် တို့အထဲ သို့ဝင် ခြင်းအမှုသည် အချည်းနှီး မ ဖြစ် ကြောင်း ကို သင်တို့သည် ကိုယ်တိုင် သိ ကြ၏။
Want gij weet zelven, broeders, onzen ingang tot u, dat die niet ijdel is geweest;
2 သင်တို့သိ ကြသည်နှင့်အညီ ၊ ငါ တို့သည် ဖိလိပ္ပိ မြို့၌ ဆင်းရဲ ခြင်းနှင့် ညှဉ်းဆဲ ခြင်းကို ခံပြီးမှ၊ ဘုရားသခင် ကို အမှီပြု ၍ ကြီးစွာ သော တိုက်လှန် ခြင်းနှင့်တကွ ၊ ဘုရားသခင် ၏ ဧဝံဂေလိ တရားကို သင် တို့အား ရဲရင့် စွာ ဟောပြော ကြ၏။
Maar, hoewel wij te voren geleden hadden, en ook ons smaadheid aangedaan was, gelijk gij weet, te Filippi, zo hebben wij nochtans vrijmoedigheid gebruikt in onzen God, om het Evangelie van God tot u te spreken in veel strijds.
3 ငါ တို့သည် မှားယွင်း ခြင်း၊ ညစ်ညူး ခြင်း၊ လှည့်ဖြား ခြင်းအားဖြင့် သင်တို့ကို တိုက်တွန်း သွေးဆောင်ကြသည်မ ဟုတ်။
Want onze vermaning is niet geweest uit verleiding, noch uit onreinigheid, noch met bedrog;
4 ဧဝံဂေလိ တရားကို စောင့် ထိုက်သောသူဟု ငါတို့ကို ဘုရားသခင် လက်ခံ တော်မူသည်နှင့်အညီ ၊ လူ ကို နှစ်သက် စေသကဲ့သို့ မ ဟုတ်၊ ငါ တို့စိတ် နှလုံးကို စစ်ကြော စုံစမ်းတော်မူသော ဘုရားသခင် ကို နှစ်သက်စေသကဲ့သို့ဟောပြော ကြ၏။
Maar, gelijk wij van God beproefd zijn geweest, dat ons het Evangelie zou toebetrouwd worden, alzo spreken wij, niet als mensen behagende, maar Gode, Die onze harten beproeft.
5 အဘယ်သို့ နည်းဟူမူကား၊ သင်တို့သိ ကြသည်နှင့်အညီ ၊ ငါတို့သည် ချော့မော့ သောစကား ကို တခါမျှ မ သုံး ၊ ဝှက်ထား သောလောဘ စိတ်အလျှင်းမ ရှိကြောင်းကို ဘုရားသခင် သည် ငါတို့သက်သေ ဖြစ်တော်မူ၏။
Want wij hebben nooit met pluimstrijkende woorden omgegaan, gelijk gij weet, noch met enig bedeksel van gierigheid; God is Getuige!
6 ထိုမှတစ်ပါး၊ ခရစ်တော် ၏တမန်တော် ဖြစ် ၍၊ လေး သောဝန်ကို တင်ပိုင်သော်လည်း၊ လူ ပေးသော ဘုန်း အသရေကို သင် တို့တွင် မ ရှာ ၊ အခြား သူတို့တွင် လည်း မ ရှာဘဲ၊
Noch zoekende eer uit mensen, noch van u, noch van anderen; hoewel wij u tot last konden zijn als Christus' apostelen;
7 သင်တို့တွင် ဖြည်းညှင်းစွာပြုကြ၏။ သင် တို့ကို ချစ်သောကြောင့်နို့ထိန်းသည် မိမိ သူငယ် ကို ကျွေးမွေးပြုစု သကဲ့သို့ ၊
Maar wij zijn vriendelijk geweest in het midden van u, gelijk als een voedster haar kinderen koestert;
8 ငါ တို့သည် သင် တို့ကို နှမြောစုံမက်ခြင်းနှင့်တကွ၊ ဘုရားသခင် ၏ ဧဝံဂေလိ တရားကိုမျှ မက၊ ကိုယ် အသက် ကို ပင်ပေး ချင်သော စေတနာ စိတ်ရှိကြ၏။
Alzo wij, tot u zeer genegen zijnde, hebben u gaarne willen mededelen niet alleen het Evangelie van God, maar ook onze eigen zielen, daarom dat gij ons lief geworden waart.
9 ညီအစ်ကို တို့၊ ငါ တို့သည် ပင်ပန်း စွာလုပ်ဆောင် ၍ ကြိုးစားအားထုတ်ကြောင်း ကို သင်တို့မှတ်မိ ကြ၏။ သင် တို့တွင် တစ်ယောက် ကိုမျှ မ နှောင့်ရှက် ခြင်းငှာ၊ ငါတို့သည် နေ့ ညဉ့် လုပ်ဆောင် လျက်၊ ဘုရားသခင် ၏ ဧဝံဂေလိ တရားကို သင် တို့အား ဟောပြော ကြ၏။
Want gij gedenkt, broeders, onzen arbeid en moeite; want nacht en dag werkende, opdat wij niemand onder u zouden lastig zijn, hebben wij het Evangelie van God onder u gepredikt.
10 ၁၀ မိမိ နိုင်ငံ တော်နှင့် ဘုန်း တော်ထဲသို့ ၊ သင် တို့ကို ခေါ်သွင်း တော်မူသော ဘုရားသခင် နှင့် အထိုက်အလျောက် သင် တို့သည် ကျင့်ဆောင် စေခြင်းငှာ၊
Gij zijt getuigen, en God, hoe heilig, en rechtvaardig, en onberispelijk wij u, die gelooft, geweest zijn.
11 ၁၁ ဘ သည် မိမိ သား တို့ကို ပြုသကဲ့သို့ ငါတို့သည် သင် တို့ရှိသမျှ ကို အဘယ်သို့ တိုက်တွန်း သွေးဆောင်၍ မှာထားသည်ကို သင်တို့သိ ကြသည်နှင့်အညီ ၊ ယုံကြည် ခြင်းသို့ရောက်သော သင် တို့တွင် ငါတို့သည် အဘယ်သို့ သန့်ရှင်း ဖြောင့်မတ် လျက် ၊ အပြစ်တင် ခွင့်နှင့် ကင်းလွတ်လျက် နေ ကြသည်ကို သင် တို့သည် သက်သေ ဖြစ်ကြ၏။
Gelijk gij weet, hoe wij een iegelijk van u, als een vader zijn kinderen, vermaanden en vertroostten,
12 ၁၂ ဘုရားသခင် သည်လည်း သက်သေ ဖြစ်တော်မူ၏။
En betuigden, dat gij zoudt wandelen, waardiglijk Gode, Die u roept tot Zijn Koninkrijk en heerlijkheid.
13 ၁၃ ငါ တို့ဟောပြော သော ဘုရားသခင် ၏ နှုတ်ကပတ် တရားကို သင်တို့သည် ခံယူ ကြသောအခါ ၊ လူ ၏ နှုတ်ထွက်စကား ကို မခံမယူဘဲ၊ ဘုရားသခင် ၏ နှုတ်ကပတ် တော်အမှန် ဖြစ် သည်နှင့်အညီ ၊ ယုံကြည် ခြင်း သို့ရောက်သော သင် တို့အထဲ ၌ ပြုပြင်သော ဘုရားသခင် ၏ နှုတ်ကပတ်တရားကို ခံယူ ကြသည် အကြောင်း အရာကို ငါ တို့သည် အစဉ်မပြတ် ချီးမွမ်း ကြ၏။
Daarom danken wij ook God zonder ophouden, dat, als gij het Woord der prediking van God van ons ontvangen hebt, gij dat aangenomen hebt, niet als der mensen woord, maar (gelijk het waarlijk is) als Gods Woord, dat ook werkt in u, die gelooft.
14 ၁၄ အဘယ်သို့နည်းဟူမူကား၊ ယုဒ ပြည်၌ ယေရှု ခရစ် ၏ဘာသာကို ခံယူသော ဘုရားသခင် ၏ သင်းဝင်သူ တို့သည် ယုဒ လူတို့လက်မှ ဆင်းရဲ ခံရသကဲ့သို့ ၊ ညီအစ်ကို တို့၊ သင် တို့သည် မိမိ တို့ အမျိုးသား ချင်းတို့ လက်မှ ထိုနည်းတူ ခံရသောအားဖြင့် ၊ ယုဒပြည်၌ရှိ သောတပည့်တော်ကဲ့သို့သောသူ ဖြစ် ကြ၏။
Want gij, broeders, zijt navolgers geworden der Gemeenten Gods, die in Judea zijn, in Christus Jezus; dewijl ook gij hetzelfde geleden hebt van uw eigen medeburgers, gelijk als zij van de Joden;
15 ၁၅ ယုဒလူတို့သည် သခင် ယေရှု မှစ၍ ပရောဖက် များကို အသေသတ် ကြပြီ။ ငါ တို့ကိုလည်း ညှဉ်းဆဲ ကြပြီ။ ဘုရားသခင် ၏ အလို တော် သို့မ လိုက်၊ ခပ်သိမ်း သောလူ တို့နှင့် ဆန့်ကျင်ဘက် ဖြစ်ကြ၏။
Welke ook gedood hebben den Heere Jezus, en hun eigen profeten; en ons hebben vervolgd, en Gode niet behagen, en alle mensen tegen zijn;
16 ၁၆ တစ်ပါး အမျိုးသားတို့သည် ကယ်တင် ခြင်းသို့ ရောက်စေခြင်းငှာ ငါ တို့သည် ဟောပြော ကြသည်ကို သူတို့ သည် ဆီးတား ၍၊ မိမိ တို့အပြစ် ကို အစဉ် ပြည့်စုံ စေကြ၏။ သူ တို့အပေါ် ၌အမျက် တော်သည် အကုန်အစင် ရောက် ရ၏။
En verhinderen ons te spreken tot de heidenen, dat zij zalig mochten worden; opdat zij te allen tijd hun zonden vervullen zouden. En de toorn is over hen gekomen tot het einde.
17 ၁၇ ညီအစ်ကို တို့၊ ငါ တို့သည် စိတ် နှလုံးအားဖြင့်မ ဟုတ်၊ ကိုယ်အားဖြင့်သာ သင်တို့နှင့် ခဏ ကွာ သည်ရှိသော်၊ သင် တို့မျက်နှာ ကိုမြင် ခြင်းငှာ၊ အလွန် လွမ်း သော စိတ်နှင့် သာ၍ ကြိုးစား အားထုတ်ကြ၏။
Maar wij, broeders, van u beroofd geweest zijnde voor een kleine wijle tijds, naar het aangezicht, niet naar het hart, hebben ons te overvloediger benaarstigd, om uw aangezicht te zien, met grote begeerte.
18 ၁၈ ထိုကြောင့် ၊ ငါ ပေါလု သည်သင် တို့ရှိရာ သို့ လာ ခြင်းငှာ၊ နှစ်ကြိမ် မြောက်အောင် အလိုရှိ သော်လည်း ၊ စာတန် သည် ဆီးတား လေ၏။
Daarom hebben wij tot u willen komen (immers ik Paulus) eenmaal en andermaal, maar de satanas heeft ons belet.
19 ၁၉ ငါ တို့မြော်လင့် ခြင်းအကြောင်း၊ ဝမ်းမြောက် ခြင်းအကြောင်း၊ ဝါကြွား ခြင်း၏ ဦးရစ် သရဖူကား၊ အဘယ်သို့ သောအကြောင်းအရာနည်း။ ငါ တို့သခင် ယေရှု ခရစ် ကြွလာ တော်မူသောအခါ၊ ရှေ့ တော်၌ သင် တို့သည် ထိုသို့သောအကြောင်း အရာ ဖြစ်ကြသည် မ ဟုတ်လော။
Want welke is onze hoop, of blijdschap, of kroon des roems? Zijt gij die ook niet voor onzen Heere Jezus Christus in Zijn toekomst?
20 ၂၀ သင် တို့သည် ငါ တို့၏ ဘုန်း အသရေ၊ ငါတို့၏ ဝမ်းမြောက် ခြင်းအကြောင်း ဖြစ် ကြသတည်း။
Want gij zijt onze heerlijkheid en blijdschap.

< ၁ သက်သာလောနိတ် 2 >