< ၁ သက်သာလောနိတ် 1 >

1 ပေါလု ၊ သိလွာနု ၊ တိမောသေ တို့သည် ခမည်းတော် ဘုရား နှင့် သခင် ယေရှု ခရစ် ၌ တည်ရှိသော သက်သာလောနိတ် မြို့သား အသင်းတော် ကို ကြား လိုက်ပါ ၏။ သခင် ယေရှု ခရစ် နှင့် ငါတို့ အဘ တည်း ဟူသော ဘုရား သခင့် အထံ တော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါ စေ သော။
ပေါလု၊ သိလွာနု၊ တိမောသေတို့သည် ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ်၌ တည်ရှိသော သက်သာလောနိတ်မြို့သား အသင်းတော်ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
2 ငါ တို့အဘ တည်းဟူသောဘုရားသခင့် ရှေ့ တော်၌၊ သင် တို့သည် ယုံကြည် သောစိတ်နှင့် အကျင့် ကို ကျင့် ခြင်း၊ ချစ် သော စိတ်နှင့် ကြိုးစား အားထုတ်ခြင်း၊
ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့တော်၌၊ သင်တို့သည် ယုံကြည်သောစိတ်နှင့် အကျင့်ကို ကျင့်ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း၊
3 ငါ တို့သခင် ယေရှု ခရစ် ကို မြော်လင့် သော စိတ် နှင့် တည်ကြည် ခြင်းတို့ကို ငါ တို့သည် အစဉ်မပြတ် အောက်မေ့ လျက်၊ ဘုရား သခင် ချစ် တော်မူသော ညီအစ်ကို တို့၊ သင် တို့ခံရသော ရွေးကောက် တော်မူခြင်းကို သိ လျက်၊ သင် တို့အပေါင်း ကို အကြောင်း ပြုသဖြင့်၊
ငါတို့သခင်ယေရှုခရစ်ကို မြော်လင့်သောစိတ်နှင့် တည်ကြည်ခြင်းတို့ကို ငါတို့သည် အစဉ်မပြတ် အောက်မေ့လျက်၊ ဘုရားသခင်ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့ခံရသော ရွေးကောက်တော်မူခြင်းကို သိလျက်၊ သင်တို့အပေါင်းကို အကြောင်းပြုသဖြင့်၊
4 ဘုရားသခင် ၏ ကျေးဇူး တော်ကို ကာလအစဉ် ချီးမွမ်း၍၊ သင်တို့အဘို့ အလိုငှာ ဆုတောင်း ပဌနာပြု လျက် နေကြ၏။
ဘုရားသခင်၏ ကျေးဇူးတော်ကို ကာလအစဉ်ချီးမွမ်း၍၊ သင်တို့အဘို့ အလိုငှါ ဆုတောင်းပဌနာပြုလျက် နေကြ၏။
5 ငါတို့သည် သင် တို့နှင့်အတူ နေသောအခါ သင် တို့အတွက် အဘယ်သို့ သော သူဖြစ် သည်ကို သင်တို့သိ ကြသည်နှင့်အညီ ၊ ငါ တို့ဟောပြောသော ဧဝံဂေလိ တရားသည်၊ သင် တို့၌ စကား သက်သက် ဖြစ်သည် မ ဟုတ်။ တန်ခိုး နှင့်၎င်း ၊ သန့်ရှင်း သောဝိညာဉ် တော်နှင့် ၎င်း၊ ဝိစိကိစ္ဆာ မရှိဘဲ အမှန်သိခြင်းနှင့်၎င်း ပြည့်စုံ သော တရားဖြစ်၏။
ငါတို့သည် သင်တို့နှင့်အတူနေသောအခါ သင်တို့အတွက် အဘယ်သို့သော သူဖြစ်သည်ကို သင်တို့ သိကြသည်နှင့်အညီ၊ ငါတို့ဟောပြောသော ဧဝံဂေလိတရားသည်၊ သင်တို့၌ စကားသက်သက်ဖြစ်သည် မဟုတ်။ တန်ခိုးနှင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်း၊ ဝိစိကိစ္ဆာမရှိဘဲ အမှန်သိခြင်းနှင့်၎င်း ပြည့်စုံသော တရားဖြစ်၏။
6 သင် တို့သည် ကြီးစွာ သောဆင်းရဲ ခြင်းကို ခံရသော်လည်း၊ သန့်ရှင်း သော ဝိညာဉ် တော်နှင့်ဆိုင်သော ဝမ်းမြောက် ခြင်းနှင့်တကွ နှုတ်ကပတ် တရားတော်ကို ခံယူ ၍၊ ငါ တို့ကဲ့သို့သောသူ၊ သခင် ဘုရား ကဲ့သို့ သော သူဖြစ် ကြ၏။
သင်တို့သည် ကြီးစွာသောဆင်းရဲခြင်းကို ခံရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ဆိုင်သော ဝမ်းမြောက်ခြင်းနှင့်တကွ နှုတ်ကပတ်တရားတော်ကို ခံယူ၍၊ ငါတို့ကဲ့သို့သောသူ၊ သခင်ဘုရားကဲ့သို့သော သူဖြစ်ကြ၏။
7 သို့ဖြစ်၍ ၊ မာကေဒေါနိ ပြည်၊ အခါယ ပြည်၌ ယုံကြည် သော သူ အပေါင်း တို့အား သင် တို့သည် ပုံ သက်သေပေးသောသူ ဖြစ် ကြ၏။
သို့ဖြစ်၍၊ မာကေဒေါနိပြည်၊ အာခါယပြည်၌ ယုံကြည်သော သူအပေါင်းတို့အား သင်တို့သည် ပုံသက်သေပေးသောသူ ဖြစ်ကြ၏။
8 အဘယ်သို့ နည်းဟူမူကား၊ သင် တို့ထံက ၊ သခင် ဘုရား၏ နှုတ်ကပတ် တရားတော်အသံ သည်၊ မာကေဒေါနိ ပြည်၊ အခါယ ပြည်၌ ကျော်စောသည်သာမက ၊ ဘုရားသခင် ကို သင် တို့ ယုံကြည် ခြင်း၏ သိတင်းသည် အရပ်ရပ် တို့၌ နှံ့ပြား လေ၏။ သို့ဖြစ်၍ ငါ တို့သည် တစ်စုံတစ်ခု ကိုမျှ ပြော စရာအကြောင်း မ ရှိ ။
အဘယ်သို့နည်းဟူမူကား၊ သင်တို့ထံက၊ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်အသံသည်၊ မာကေ ဒေါနိပြည်၊ အခါယပြည်၌ ကျော်စောသည်သာမက၊ ဘုရားသခင်ကို သင်တို့ ယုံကြည်ခြင်း၏ သိတင်းသည် အရပ်ရပ်တို့၌ နှံ့ပြားလေ၏။ သို့ဖြစ်၍ ငါတို့သည် တစုံတခုကိုမျှ ပြောစရာအကြောင်းမရှိ။
9 ငါ တို့သည် သင် တို့အထဲ သို့ အဘယ်သို့ ဝင် ကြသည် အကြောင်း အရာကို သူတို့သည် ကိုယ်တိုင် ကြားပြော ကြ၏။ အသက် နှင့် ပြည့်စုံလျက် မှန် တော်မူသော ဘုရားသခင် ၏ အမှု တော်ကို သင်တို့သည် ဆောင်ခြင်းငှာ၎င်း ၊
ငါတို့သည် သင်တို့အထဲသို့ အဘယ်သို့ ဝင်ကြသည် အကြောင်းအရာကို သူတို့သည် ကိုယ်တိုင်ကြား ပြောကြ၏။ အသက်နှင့် ပြည့်စုံလျက် မှန်တော်မူသော ဘုရားသခင်၏ အမှုတော်ကို သင်တို့သည် ဆောင်ခြင်း ငှါ၎င်း၊
10 ၁၀ ရောက် လတံ့သော ဘေးဒဏ် မှ ငါ တို့ကို ကယ်နှုတ် သော သခင်ယေရှု တည်းဟူသောသေ ခြင်းမှ ဘုရားသခင်ထမြောက် စေတော်မူသောသား တော်သည် ကောင်းကင် ဘုံမှ ကြွလာတော်မူမည် အရာကို ငံ့လင့် ခြင်းငှာ၎င်း၊ ရုပ်တု ဆင်းတုတို့ကို ပစ်ပယ်၍၊ ဘုရားသခင့် အထံ တော်သို့ ပြောင်းလဲ ကြသည် အကြောင်းအရာ ကိုလည်း ကြားပြောကြ၏။
၁၀ရောက်လတံ့သော ဘေးဒဏ်မှ ငါတို့ကို ကယ်နှုတ်သော သခင်ယေရှုတည်းဟူသော သေခြင်းမှ ဘုရား သခင် ထမြောက်စေတော်မူသော သားတော်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည် အရာကို ငံ့လင့်ခြင်း ငှါ၎င်း၊ ရုပ်တုဆင်းတုတို့ကို ပစ်ပယ်၍၊ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲကြသည် အကြောင်းအရာ ကိုလည်း ကြားပြောကြ၏။

< ၁ သက်သာလောနိတ် 1 >